ထိုင်းနိုင်ငံထဲ တိမ်းရှောင်ခဲ့တဲ့ မယ်စဲ့စစ်ဘေးရှောင် ပြည်သူတချို့ နေရပ်ပြန်
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၅၊ ၂၀၂၃။
ထိုင်း-ကရင်နီ နယ်စပ် မယ်စဲ့မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ( ၁၃ )ရက်နေ့မှ စပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်းမှုများကြောင့် ဒေသခံ ပြည်သူ (၄၀၀၀)ကျော်လောက်ဟာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။
အခုတော့ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ မယ်စဲ့ပြည်သူများဟာ အခုရပ်ပိုင်းတွေမှာ နေရပ်သို့ တစ်သုတ်ပြီး တသုတ် ပြန်သွားကြတယ်လို့ သိရပါတယ်။
မယ်စဲ့ စစ်ဘေးရှောင်ပြည်သူတွေတွေ နေရပ်ပြန်နေကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီ လူ့အခွင့်ရေးဒါရိုက်တာ ကိုဗညားပြောပြတာက ” ပြီးတဲ့တပတ် လောက် ကနေစပြီး (၆၀၀)ကျော် လောက် စပြန်ကြတယ်၊ ကျနော်ထင်တယ် အခုဆို ပြန်ကြတာ တတိယအသုတ်ထိပြီးပြီးလို့ထင်တယ်၊ ပြန်ကြ တဲ့လူဦးရေတော့ အတိကျတော့ မသိနိုင်သေးဘူး၊ အဓိက ပြန်ကြတာက စစ်ရှောင်တွေက ပြန်ချင်စိတ် ရှိတာလည်းပါတယ် တဖက်မှာလည်း ထိုင်းအာဏာပိုင်တွေက နေရပ်ကို ပြန်ခိုင်း စေချင်တာ လည်း ပါတာပေါ့”
လက်ရှိ မယ်စဲ့မြို့နယ်တွင် စစ်ရေးအခြေအနေဟာ နှစ်ဖက် တင်းမာမှု ဆက်ရှိပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့မှ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွား နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – KNWO (ပုံဟောင်း)