
ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာလေ့လာခြင်း အပိုင်း (၈)
မိတ်ဆက် - ဒီတပတ်မှာတော့ ဖက်ဒရယ် လစ်ဇင် ပညာရပ်ဆိုင်ရာ အကြောင်းအရာများထဲက
၁) ဘဏ္ဍာရေး ဖက်ဒရယ်လစ်ဇင် အကြောင်းကို ကြည့်ရှုနားဆင်ရမှာပါ။
အခုအစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ နဲ့ တိုင်းရင်းသား လူမျိုး များရေးရာ စင်တာ (ENAC) တို့က ပူးပေါင်းပြီး ဖက်ဒရယ် ရေးရာ အသိပညာများကို လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး တည်ဆောက် နိုင်ရေးမှာ အထောက်အပံ့ ဖြစ် စေဖို့ မျှော်ရည်ကာ အခုအစီအစဉ်ကို ပူးပေါင်း တင်ဆက်ခြင်း ဖြစ်ပါတယ်။
အခု တင်ဆက်ပေးနေတဲ့ ဖက်ဒရယ်ပညာရပ် ဆိုင်ရာ များကို ကဏ္ဍအလိုက်၊ အပိုင်းလိုက် တင်ဆက်ထားပါတယ်။
အခုအစီအစဉ်ကို အပတ်စဉ် သောကြာနေ့ ညနေ ပိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ် ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ် လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။
——-
ဖက်ဒရယ်လစ်ဇင် ပညာရပ် သင်ခန်းစာနှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာ ရှိပါက ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ အီးမေးလ် လိပ်စာ [email protected] / Federal Journal Facebook Messenger တို့မှာ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

