ဆောင်းပါးအတွေးအမြင်

စစ်အာဏာသိမ်းမှုအလွန် ချင်းပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေးအပေါ် သုံးသပ်​ချက်

စစ်အာဏာသိမ်းမှုအလွန် ချင်းပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေးအပေါ် သုံးသပ်ချက်

 Lakher | အတွေးအမြင်

လက်နက်ကိုင်တော်လှန်ရေးဆိုင်ရာ နောက်ခံသမိုင်းကြောင်း

မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးဟု ခေါ်တွင်သည့် လက်ရှိတော်လှန်ရေးသည် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ စတင်ခဲ့သည်။ လူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ၂၀၂၁ ခုနှစ်တွင် စစ်အစိုးရက အကြမ်းဖက်နည်းဖြင့် ဖြိုခွင်းပြီးနောက် ချင်းပြည်နယ် ကာကွယ်ရေးတပ်- မင်းတပ် (Chin Defense Force-Mindat) မှ ၂၀၂၁ ဧပြီလ နှောင်းပိုင်းလောက်တွင် မင်းတပ် နှင့် မတူပီကြား ကားလမ်းပေါ်တွင် စစ်တပ်ကားအမြောက်အမြားကို မီးရှုံးဖျက်ဆီးခဲ့သည်။

ထိုဗီဒီယိုဖိုင်များသည်များသည် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့ပြီး နိုင်ငံတဝှမ်းရှိ လူငယ်များအား စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်​​​​ကြရန် ကြီးမားသော ဆန္ဒ၊ ခွန်အားများ ဖြစ်ပေါ်စေခဲ့သည်။ တချိန်တည်းနီးပါးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင် အများစု ပါဝင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကော်မတီ (CRPH) ကို 2020 ခုနှစ် ရွေးကောက်တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။

CRPH သည် မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသော နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) ကို ဆန့်ကျင်သည့် တော်လှန်မည့် အစိုးရ တစ်ရပ်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ National Unity Government ကို ဖွဲ့စည်းခဲ့သည်။ NUG အစိုးရသည် လူငယ်များအား စစ်ကောင်စီမှ အကြမ်းနည်းသုံးကာ ဖမ်းဆီးခြင်း များ လုပ်လာပါက လက်နက်ကိုင်​ဆောင်ကာ ၎င်းတို့နှင့် ၎င်းတို့၏ လူမှုအတိုင်းအဝိုင်းများကို ခုခံကာကွယ်ပိုင်ခွင့် (Right to Self Defense) ကို ကြာညာ ပေးခဲ့သည်။ ဤသို့ဖြင့် လက်နက်ကိုင်လမ်းစဥ်တော်လှန်ရေးသည် နိုင်ငံတစ်ဝှမ်း တောမီးကဲ့သို့ပျံ့နှံ့ ခဲ့သည်။

ထို့သို့​ ဖြင့် G-Z လူငယ်များဖြင့် နိုင်ငံတစ်ဝှမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို တဖြည်းဖြည်းချင်း မြို့နယ်အလိုက်၊ ဒေသအလိုက်၊ လူမျိုးစုအလိုက် စသည်ဖြင့် သီးသီးဖွဲ့စည်းလာခဲ့ကြသည်။ သို့သော်လည်း ချင်းပြည်နယ်တွင် People Defense Force (PDF) သုံးရမလား Chinland Defense Force (CDF) ကို သုံးစွဲမလား ဆိုသည့် နာမည်အခေါ်ဝေါ်နဲ့ပတ်သက်ပြီး အငြင်းအခုံများ ဖြစ်ပွားခဲ့ ပြီး၊ နောက်ဆုံးချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ဟူသော အသုံးအနှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အစား အသုံးပြုခဲ့သည်။

ဒါဟာ မြန်မာနိုင်ငံတဝှမ်းက လက်နက် ကိုင်အဖွဲ့အစည်းတွေကြားမှာ ထူးခြားတဲ့အချက်တစ်ခု ဖြစ်ပါသည်။ အခြားကာကွယ်ရေးတပ်ဖွဲ့များသည် ၎င်းတို့၏ အဖွဲ့အစည်းအမည်များတွင် ၎င်းတို့၏ တိုင်းရင်းသား အမည်များကို မသုံးကြချေ။  

ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များသည် နေပြည်တော်ကို ခြိမ်းခြောက်ရန် လုံလောက်သော အင်အားမရှိသော်လည်း လက်ရှိ နွေဦးတော်လှန်ရေးတွင် ၎င်း၏ ဗျူဟာမြောက် မဟာမိတ်များ၊ ရဲရင့်သော လူငယ်များနှင့် ၎င်းတို့၏ ​တော်လှန်ရေးအပေါ်ပြတ်သားသော ဆုံးဖြတ်ချက်များ နှင့် ပ​ထဝီဝင်အနေအထားအရ အားသာချက်များကြောင့် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များကို အာရုံစိုက်လေ့လာဖို့အရေးကြီးလှသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် နိုင်ငံတကာ နယ်နိမိတ်များ ထိစပ်မှုရှိပြီး မီဇိုရမ်လူမျိုးများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူတို့သည် မီဇုန်ရမ် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှုများ ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့သည် မီဇိုရမ်ပြည်နယ်မှတဆင့် ပြင်ပကမ္ဘာသို့ အဆက်သွယ်လုပ်နိုင်သော အခွင့်လမ်းများရှိသည်။

စစ်အစိုးရက အင်တာနက်ချိတ်ဆက်မှုနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသော်လည်း ချင်းပြည်နယ်၏ အစိတ်အပိုင်းအများအပြားသည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များအတွက် ဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် ကြီးမားသောအကူအညီဖြစ်သည့် မီဇိုရမ်ပြည်နယ်မှ ဖုန်းနှင့်အင်တာနက် ချိတ်ဆက်မှုကို ရရှိနိုင်သည်။

ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များသည် ပြည်မဒေသနှင့် နှိုင်းယှဉ်ပါက အားသာချက်အများအပြားပိုင်ဆိုင်ထားသည်။ CDF များသည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုများစွာရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းတို့မှ PDF များနှင့် မဟာမိတ်ကောင်းရှိသည်။ အချို့သည် ချင်းအမျိုးသားတပ်ဦး (CNF) မှ စစ်ရေးလေ့ကျင့်မှုနှင့် လက်နက်များ ရရှိခဲ့သည်။

အခြားသူများမှာ ချင်းလက်နက်ကိုင်အဖွဲ့များထံမှ ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များ ရရှိခဲ့သည်။ စစ်ကိုင်း၊ မကွေးတို့၏ တော်လှန်ရေး အင်အားများသည် ချင်းလက်နက်ကိုင်အဖွဲ့များအပေါ် များစွာ မူတည်နေသည်။ ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကို အတွင်းကျကျ ပိုပြီး လေးလေးနက်နက် သိရှိနိုင်ရန် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များအကြောင်း ပိုပြီးလေ့လာသင့်ပါသည်။

ချင်းအမျိုးသားတပ်ဦး (CNF)/ချင်းအမျိုးသားတပ်မတော် (CNA)-

ချင်းပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော်ကို ပထမဆုံး ဆွေးနွေးခြင်းဖြင့်သာ ချင်းပြည်နယ်၏ လက်နက်ကိုင်အဖွဲ့အစည်းများအကြောင်းကို  ​ပိုပြီး ရှင်းလင်းနိုင်မည်ဖြစ်သည်။ CNF ၏သက်တမ်းသည် ယနေ့တွင် ၂၅ နှစ်ကျော်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ပထမဆုံးနှင့် အရှည်ကြာဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း ချင်းပြည်နယ်၏ လုံခြုံရေးနှင့် နိုင်ငံရေး ကဏ္ဍများကို များစွာပုံဖော်ခဲ့သည်။CNF သည် ချင်းလူမျိုးများ၏လူမှုဘဝအပေါ် တွင် ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်မျိုးလုံး သက်ရောက်မှုများစွာ ရှိပါခဲ့သည်။

CNF/CNA သည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များ (CDF) အားလုံးနီးပါးနှင့် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များ၏ မိခင်တပ်လည်း ဖြစ်ပါသည်။ ထို့ကြောင့်ယနေ့ CDFs များ၏ တိုက်ရည်ခိုက်ရည် နည်းပညာများသည် CNF/CNA ၏ စွမ်းဆောင်ရည်များကို သွယ်ဝိုက်အားဖြင့်ပြသနေသည်

Chinland Joint Defense Committee (CJDC) နှင့် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ-

Chinland Joint Defense Committee (CJDC) မဖွဲ့စည်းမီက Joint Military Council (JMC) ကို ဖွဲ့စည်းခဲ့သော်လည်း လအနည်းငယ်အကြာတွင် CJDC အဖြစ် ပြောင်းလဲခဲ့သည်။ CJDC members ဝင်များ –

(၁) Chin National Front (CNF)/Chin National Army (CNA)၊ (၂) Chin National Organization/Chin National Defense Force၊ (၃) Zomi Federal Uniom၊ /Zoland PDF, (၄) Chinland Defense Force-Hakha, (၅) Chinland Defense Force- Thangtlang, (၆) Chinland Defense Force-Tonzang, (၇) Chinland Defense Force-Matupi, (၈) Chin Defense Force-Mindat, (၉) Chinland Defense Force- Kanpalet, (၁၀) Chinland Defense Force- Paletwa, (၁၁) Chinland Defense Force- Mara, (၁၂) Chinland Defense Force- Lautu, (၁၃) Chinland Defense Force- Zophei, (၁၄) Chinland Defense Force၊ – Zotung, (၁၅) Chinland Defense Force- Senthang, (၁၆) Chinland Defence Force- Steelngoram, (၁၇) Chinland Defense Force- Kalay-Kabaw-Gangaw, (၁၈) Chinland Defense Force-Sayinin, (၁၉) Chinland Defense Force- Daii တို့ ဖြစ်ပါသည်။

မှတ်ချက်- CJDC အဖွဲ့ဝင်မဟုတ်သည့် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များမှာ Zomi Revolution Army (ZRA)၊ Maraland Defense Force (MDF)၊ CDF-Zanithram နှင့် Eagle Mountain Defense Force

ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များကို အမျိုးအစားခွဲခြင်း၊

(က) ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု မတိုင်မီ ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့များ- ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုမတိုင်မီ ချင်းပြည်နယ်တွင် လက်နက်ကိုင် သုံးဖွဲ့ ရှိခဲ့သည်။ ၎င်းတို့မှာ (၁) ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသား တပ်မတော် (CNA)၊ (၂)ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA) နှင့် (၃) မရာတပ်မတော် (MA)၊ MAသည် နောက်ပိုင်းတွင် Maraland ကာကွယ်ရေးတပ်ဖွဲ့ (MDF) တွင် ပေါင်းစည်းသွားခဲ့သည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) သည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင်လည်း လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ တွင် လှုပ်ရှားနေသော ဇုန်မီးတပ်ဖွဲ့ ကို ဇိုမီး တော်လှန်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လို့ ခေါ်ပြီး မဏိပူရမှာရှိတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRO) ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိသည်။

(ခ) မြို့နယ်အခြေစိုက်လက်နက်ကိုင်အဖွဲ့များ – CDF-ဟားခါး၊ CDF-ထန်တလန်၊ CDF-မတူပီ၊ CDF-ပလက်ဝ၊ CDF-မင်းတပ်၊ CDF-ကန်ပလက်၊ CDF-တွန်းဇံ။ (မှတ်ချက်- ဤမြို့နယ် အခြေစိုက် လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံရေး အိုင်ဒီဝေါ်လော်ဂျီ ပေါ်ရပ်တည်ခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့တွင် ရိုးရှင်းသော ရည်ရွယ်ချက် တစ်ခုမှာ စစ်အာဏာရှင်များကို ဖြုတ်ချပြီး နိုင်ငံရေးမှ ဖယ်ရှားပစ်ရန် ဖြစ်သည်။ ၎င်းတို့အများစုမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ-National Unity Govenment (NUG) ၏ ကွပ်ကဲမှုအောက်တွင် ရှိနေသည်။ ၎င်းတို့သည် NUG ကို ၎င်းတို့၏အစိုးရအဖြစ် အသိအမှတ်ပြုလက်ခံထားကြသည်။

(ဂ) အမျိုးသားရေး သို့မဟုတ် လူမျိုးစုအခြေပြု လက်နက်ကိုင်အဖွဲ့များ- CDF-Mara၊ CDF-Lautu၊ CDF-Zophei၊ CDF-Zotung၊ CDF-Senthang၊ CDF-Daai၊ CDF-Hlaungoram၊ CDF-Zanniatram၊ CDF-KKG၊ CNDF။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော်လည်း ရည်ရွယ်ချက် နှစ်ခု သို့ နှစ်ခုထက်ပိုပြီး ရှိကြသည်။ စစ်အစိုးရနှင့် ၎င်းတို့၏ နိုင်ငံရေး အစီအစဉ်များကို ဖြုတ်ချရန်၊ ၎င်းတို့အားလုံးသည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဦးဆောင်မှုနှင့် သြဇာအောက်တွင် အနည်းနှင့်အများ ဖြစ်ကြသည်။ ဥပမာအားဖြင့် CDF-Mara တွင် ရည်မှန်းချက်နှစ်ရပ်ရှိသည်- (၁) တိုင်းပြည်တွင် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန်နှင့် (၂) မာရ်အုပ်ချုပ်ရေးယူနစ် (ယနေ့တွင် မြို့နယ် ၃ ခုတွင် ခြားထားသော မာရ်လူမျိုးများကိုမြို့နယ်တစ်ခု အောက်တွင်ထားရှိနိုင်ရန်) တစ်ခုရရှိရန် ဖြစ်သည်။

ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ အဓိကစိန်ခေါ်မှုများမှာ-

(က) One Command and Control System မရှိခြင်း-

ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ ပထမဆုံးသော အဓိကစိန်ခေါ်မှုမှာ ကွပ်ကဲမှုစနစ် တစ်ခုတည်းမရှိခြင်း ဖြစ်သည်။ ချင်းပြည်နယ် ပူးတွဲကာကွယ်ရေး ကော်မတီ (CJDC) ရှိသော်လည်း ချင်းပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အားလုံးနီးပါးသည် ၎င်းင်း၏အဖွဲ့ဝင်များဖြစ်ပြီး ပဋိညာဉ်စာတမ်းများနှင့် မူဝါဒများကဲ့သို့ သဘောတူညီချက်များ ရှိသော်လည်း CJDC သည် ၎င်း၏အဖွဲ့ဝင်အားလုံးကို မထိန်းချုပ်နိုင်ပေ။ အဖွဲ့ဝင်အများအပြားသည် CJDC ၏ ပဋိဉာဉ်၊ စည်းမျဥ်း စည်းကမ်းများနှင့် မူဝါဒများကို မကြာခဏ ချိုးဖောက်လျက်ရှိသည်ကို တွေ့ရသည်။

Kerrenni National Defense Force (KNDF) ကဲ့သို့ ကွပ်ကဲမှု ကွင်းဆက်တစ်ခု (one Chain of Command) မရှိသော်လည်း၊ အားသာချက်အချို့ ရှိပါသည်။ ၎င်းအားသာချက်အချို့ကြောင့် CDF အဖွဲ့တစ်ခုစီကို လျှော့တွက်၍မရပါ။ အားသာချက်မှာ ရန်သူသည် အမိန့်ပေးသည့် ကွင်းဆက် (Chain of Command) ကို ဖြိုခွင်းရန် အခွင့်အလမ်း မတွေ့ရခြင်း ဖြစ်သည်။

ထို့အပြင် CJDC အဖွဲ့ဝင်များကြားတွင် သေးငယ်သော မဟာမိတ်အဖွဲ့များ သို့မဟုတ် အုပ်စုအဖွဲ့များစွာရှိသည်။ ဥပမာအားဖြင့်၊ ZZLMS ဟုခေါ်သော မဟာမိတ် အဖွဲ့သည် Zotung၊ Zophei၊ Lautu၊ Mara နှင့် Senthang-CDFs ဖြင့် ပေါင်းစပ်ထားသောမဟာမိတ် အဖွဲ့တစ်ခု ဖြစ်သည်။ စကစကို ဆန့်ကျင်တဲ့ စစ်ဆင်ရေး တစ်ခုခု လုပ်ရင် သူတို့ မဟာမိတ် တဖွဲ့ (သို့) တဖွဲ့ထက် ပိုပြီး အတူတိုက်ခိုက်လေ့ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် CNF/CNA သည် ဖလမ်းမြို့နယ်ရှိ ခလရ (၂၆၈) စစ်စခန်းဌာနချုပ်အား CDF-KKG နှင့် CDF-Hluangoram တို့နှင့်အတူ မကြာသေးမီက တိုက်ခိုက်ခဲ့သည်။

ဤနည်းအားဖြင့်၊ ၎င်းတို့သည် အလွန်အားကောင်းဆဲဖြစ်ပြီး အမိန့်ပေးသည့်ကွင်းဆက်တစ်ခု မရှိသော်လည်း ရန်သူကို အထိနာစေနိုင်သည်။ ဖျက်ဆီးနိုင်စွမ်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့တွင်မဆို ကွပ်ကဲမှုစနစ်နှင့် ထိန်းချုပ်မှုစနစ်တစ်ခုအောက်တွင် ရှိနေပါက အမြဲတမ်း ပိုကောင်းပါသည်။ ယင်းသည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များအတွက် အကြီးမားဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

(ခ) ငွေကြေးဆိုင်ရာ ပြဿနာများ။

ဒုတိယအကြီးဆုံးစိန်ခေါ်မှုမှာ မလုံလောက်သည့်ငွေကြေးအရင်းအမြစ် ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့သို့ ချင်းပြည်နယ်တွင် သဘာဝသယံဇာတ မရှိပါ။ ယင်းသည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များသည် အလွန်ခိုင်မာသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာစေရန် တားဆီးထားသည်။မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် ချင်းပြည်ပ ရွှေ့ပြောင်းနေထိုင်သူများသည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များအတွက် အဓိကဘဏ္ဍာငွေ အရင်းအမြစ်ဖြစ်လာသည်။ သို့သော်၊ ၎င်းသည်အလွန်အကန့်အသတ်ရှိဆဲဖြစ်သည်မှာ သိသာလှသည်။ ပိုမိုကောင်းမွန်သော ငွေကြေးထောက်ပံ့မှု ရရှိပါက ၎င်းတို့သည် ၎င်းတို့၏ လက်ရှိအခြေအနေထက် ပိုမိုအားကောင်းလာနိုင်သည်။

(ဂ) လက်နက်များ။

ဤသည်မှာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တိုင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များအတွက် လည်း ကြီးမားသောစိန်ခေါ်မှုဖြစ်သည်။ မောင်းပြန်​သေနတ်များ သို့မဟုတ် လက်လုပ်သေနတ်များ မကိုင်နိုင်သေးသော CDF အဖွဲ့ဝင်များစွာ ရှိပါသေးသည်။ လက်နက်မရှိခြင်းကို အကြောင်းပြကာ ၎င်းတို့ အား CDF အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သော လူငယ်များ ရှိသည်။ CDF များထံသို့ လက်နက်များ လုံလောက်စွာ ပံ့ပိုးပေးနိုင်ပါက CDF ကို ဝင်ရောက်ပူးပေါင်းကြမည့် လူငယ်အများအပြား ကျေးရွာတွင် ရှိကြသေးသည်။

(ဃ) လူ့စွမ်းအားအရင်းအမြစ်။

ချင်းလက်နက်ကိုင်အဖွဲ့အားလုံး လူ့စွမ်းအားအရင်းအမြစ် (Human Resource) လိုအပ်ချက် ရှိကြောင်း ဆိုလိုရင်း မဟုတ်ပါ။ အချို့သောအုပ်စုများဟာ ကောင်းမွန် သော လူ့စွမ်းအားအရင်းအမြစ်များ ရှိသော်လည်း အများအပြားမှာ ခိုင်မာသော လူ့စွမ်းအားအရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည် လိုအပ်နေသေးသည်။

ဤအခြေအနေတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုသည်မှာ ခေါင်းဆောင်မှု (Leadership)၊ စီမံခန့်ခွဲမှု (Management)၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းရေးဆွဲခြင်း စသည်တို့ကို ဆိုလိုသည်။ ထို့ထက်အရေးကြီးသည်မှာ ၎င်းတို့သည် CNF ကဲ့သို့ အဖိုးတန်သောအတွေ့အကြုံ များ လိုအပ်နေသေးသည်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ အတွက် HR သည် ဤ စိန်ခေါ်မှုတစ်ခု ဖြစ်နေသေးသည်။

နိဂုံး-

အင်တာဗျူးတစ်ခုတွင် CNF ခေါင်းဆောင်တစ်ဦးက ခုလို ဖြေကြားခဲ့ဖူးသည်။လွန်ခဲ့သည့် နှစ် ၃၀ အတွင်း CNF ၏ အကြီးကျယ်ဆုံး အောင်မြင်မှုများထဲမှ တစ်ခုသည် ၎င်းတို့၏ ရှင်သန်ရပ်တည်နိုင်မှုစွမ်းရည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ပေါ်ပေါက်ခဲ့ကြသော်လည်း နှစ်အနည်းငယ်အတွင်း ပျက်ဆီးခဲ့ပြီး ကြာရှည်မခံခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ ၂၀ ခန့်သည် ၎င်းတို့၏ ရည်မှန်းချက်များ ကိုအမှန်တကယ်အကောင်ထည်ဖော်နိုင်ကြမလား၊ ရေရှည် ရှင်သန်ရပ်တည်နိုင် ကြမလား ဆိုတာကတော့ စောင့်ကြည့်ရမည်သာဖြစ်သည်။

သို့မဟုတ် CDFs များဟာ တကယ်လို့ NUG ဟာ အားနည်းလာပြီးစစ်အာဏာရှင်တို့နှင့် မယှဉ်နိုင်သောအခါတွင် NUG နှင့်အတူ ပြိုလဲသွားမည်လား ဆိုတာကတော့ နှစ်မကြာခင်တွေ့ရမည့် ရလဒ် ဖြစ်ပါသည်။ ရှင်သန်ပြီး လိုလားတောင့်တသော အောင်ပွဲများရရှိရန်အတွက် အထက်ဖော်ပြပါ ၎င်းတို့၏ အားနည်းချက်များနှင့် စိန်ခေါ် မှုများကို သေချာစစ်ဆေးဖို့ လိုအပ်မည် ဖြစ်ပါသည်။

ချင်းပြည်နယ်တွင် အရှည်ကြာဆုံးနှင့် အတွေ့အကြုံအရှိဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းပြည်နယ်ရှိ ချင်းပြည်နယ်ရှိ အခြားသော လက်နက်ကိုင်အဖွဲ့အားလုံး၏ မိခင်ဖြစ်သည့် CNF သည် ချင်းလက်နက်ကိုင်အဖွဲ့အားလုံးကို စုစည်းရန် တာဝန်ရှိပြီး ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း ထမ်းဆောင်သင့် ပါသည်။

  • Lakher

An analysis of the armed Resistance in Chin State, Myanmar post 2021 Military coup.

  1. Lakher (pseudonym)

Background Information of armed resistance in Chin State

The so-called Spring Revolution in Myanmar originated in Mindat, Chin State, Myanmar, just after the peaceful protests by the public were cracked down with violent means by the junta in 2021. The Chin Defense Force-Mindat burned down many military vehicles on the road from Mindat to Matupi Township around late April 2021.

The videos went viral on social media across and beyond the country, which gave huge aspirations to the youths in the rest of the country to take arms against the junta. Almost simultaneously, the Committee of Representatives of Phythausu Hluttaw (CRPH) was formed by the 2020 elected members of parliament, mostly consisting of members from the National League of Democracy (NLD). The CRPH formed the National Unity Government as the parral government against the State Administrative Council (SAC) controlled by the junta.

The NUG government announced “the right to Self-Defense,” which gave a message to youths that they are allowed by their government to take arms to defend themselves and their communities. Gradually, the People’s Defense Force (PDF) was formed respectively across the country by the youths, so-called Generation Z. However, in Chin State, after some debates on whether to use the term People Defense Force (PDF) or Chinland Defense Force (CDF), the term “the Chinland Defense Force (CDF)” was adopted instead of the People Defense Force (PDF). I think this is one of the unique among armed groups across Myanmar. Other Defense Forces do not use their ethnic names in their organization names.

Even though the armed groups in the Chin state are not powerful enough to inflict threats to Naypyidaw, it is one of the important armed forces in the current Spring Revolution because of its strategic alliances, brave youths and their commitments, and geographical advantage. They shared international boundaries with India and Bangladesh. They had a good relationship with the Mizoram people. They had their moral support. Moreover, they had access to the outside world through Mizoram.

Even if the junta cut off the internet connection and phone lines, many parts of the Chin state could get phone and internet connections from Mizoram, which was a great help for communication and logistics for the armed groups in Chin State. These are only a few advantages that the armed groups in Chin State have compared to those from the mainland region.

There are many more that should be mentioned here. The CDFs have many alliances with PDFs from the Magwe Region and Sagaing Region, which receive much support from armed groups in Chin State. Some received military training and weapons from the Chin National Front (CNF); others got logistic support from the Chin armed groups. Therefore, it is worth to study about the armed groups in Chin State to get an in-depth insight into Myanmar’s Spring Revolution.

Chin National Front (CNF)/Chin National Army (CNA):

Armed Resistance in Chin State can only be discussed by first discussing the Chin National Front/Chin National Army, established in 1988. It is over 25 years old today. It is the first and longest-armed organization in Chin State post-independence of Burma. It has shaped the security and political aspects of the Chin State in the past three decades. It has had many impacts on the lives of the Chin People in both positive and negative ways. The CNF/CNA is the mother of almost all other Chinland Defense Forces (CDF) and some other People Defense Forces (PDF) from the Mainland of Burma, which emerged after the coup.

Chinland Joint Defense Committee (CJDC) and the Armed Groups in Chin State:

Before the Chinland Joint Defense Committee (CJDC) was established, the Joint Military Council (JMC) was formed but was changed into the CJDC after a few months. The Chinland Joint Defense Committee (CJDC) was formed on September 30, 2021, with the following members: (1) Chin National Front/Chin National Army,(2) Chin National Organization/ Chin National Defense Force, (3) Zomi Federal Union/Zoland PDF, (4) Chinland Defense Force-Hakha, (5) Chinland Defense Force- Thangtlang, (6) Chinland Defense Force-Tonzang, (7) Chinland Defense Force-Matupi, (8) Chin Defense Force-Mindat, (9) Chinland Defense Force- Kanpalet, (10) Chinland Defense Force- Paletwa, (11) Chinland Defense Force- Mara, (12) Chinland Defense Force- Lautu, (13) Chinland Defense Force- Zophei, (14) Chinland Defense Force- Zotung, (15) Chinland Defense Force- Senthang, (16) Chinland Defense Force- Hlaungoram,  (17) Chinland Defense Force- Kalay-Kabaw-Gangaw, (18) Chinland Defense Force-Sayinin, (19) Chinland Defense Force-Daii

Notes: The Armed Groups in Chin State which are not members of the CJDC are Zomi Revolution Army (ZRA), Maraland Defense Force, Chinland Defense Force- Zaniatram, and Mountain Eagle Defense Force (MEDF).

Categorization of the armed groups in Chin State:

  • The Armed Groups Existing pre the 2021 Military Coup: Three armed groups existed in the Chin State before the Military Coup 2021. They are (1) Chin National Front/ Chin National Army, Zomi Revolution Army (ZRA), and Mara Army (MA), which was later integrated into the Maraland Defense Force (MDF). The Zomi Revolution Army is also operating in Manipur State of India. The one operating in Burma is called The Eastern Command of the Zomi Revolutionary Army, and it is under the command and control of the Zomi Revolutionary Army’s headquarters in Manipur.
  • Township Based Armed Groups: CDF-Hakha, CDF-Thangtlang, CDF-Matupi, CDF-Paletwa, CDF-Mindat, CDF-Kanpalet, and CDF-Tonzang. (Note: These township-based Armed Groups are not ideologically driven, but they have one simple objective, i.e., to overthrow the military dictators and eliminate them from politics. They are mostly under the command and control of the National Unity Government (NUG), the revolutionary government of Myanmar. They recognize and accept the NUG as their government.
  • National or Tribalism-Based Armed Groups: CDF-Mara, CDF-Lautu, CDF-Zophei, CDF-Zotung, CDF-Senthang, CDF-Daai, CDF-Hlaungoram, CDF-Zanniatram, CDF-KKG, CNDF. They emerged after the coup but had dual objectives: to overthrow the junta and their political agendas. They all are more or less under the leadership and influence of the Chin National Front (CNF). For example, CDF-Mara has two objectives: (1) to end military rule in the country and (2) to have one Mara Administrative Unit (Today, Mara People are separated across three townships). They aim to bring all the Mara People in Chin State into one township or administrative unit.

The main challenges of Armed Groups in Chin State:

  • Lack of One Command and One Control System:

The first main challenge of the armed groups in Chin State will be the need for one command and control system. Though the Chin Land Joint Defense Committee (CJDC) exists, almost all the armed groups in Chin State are members of it and have agreements, like Charters and policies, but the CJDC cannot control all its members. Many members don’t comply with the Charter, rules, and policies of the CJDC often.

However, despite lacking one chain of command like the Kerrenni National Defense Force (KNDF), we can not underestimate each CDF group because of some advantages. The advantage is that the enemy could not find the opportunity to break down the chain of command. Any CDF group can attack any military camp at any time. It is difficult for the enemy to move ahead and get any spy information from the CDF to break down the logistic supply or chain of command—moreover, many small alliances or groups among the CJDC members. For example, an alliance group called the ZZLMS: Zotung, Zophei, Lautu, Mara, and Senthang-CDFs is an ally group.

If they have any operation against the junta, they often fight along with one or more than one of their allies. For instance, on August (12), 2023, the CNF/CNA recently attacked the kha-la-ya (268) military camp headquarters in Falam Township along with CDF-KKG and CDF-Hluangoram. In this way, they are still very powerful and can destroy the enemy even without one chain of command. However, in any armed force, it is always better if they can be under one command and control system. This remains one of the biggest challenges for the armed groups in Chin State.

  • Financial Problems:

 The second biggest challenge will be the limited financial resources. Unlike many other Ethnic armed groups in Myanmar, Chin State has no natural resources. This prevented the armed groups in Chin State from becoming a very strong-armed organization. For example, the CNF, for more than 30 years, had merely hundreds of troops until the Spring Revolution and their soldier strength increased by thousands. Nevertheless, today, the Chin foreign diasporas have become the main financial resource for the armed groups in Chin State. But, undoubtedly, it is still very, very limited. They can become much stronger than their present status if they receive better financial support.

  • Weapons:

 Of course, this is a challenge for every armed group in Myanmar, but a big challenge for the armed groups in the Chin State. There are still many CDF members who still need to get automatic guns or hand-made guns. This made them discouraged and quit being a member of the CDF. If sufficient arms can be provided to the CDFs, many more youths in the villages will be ready to join.

  • Human Resources:

 I do not intend to state that all Chin armed groups lack Human Resources. Only some groups have good human resources, but many still need strong human resources and development capacity. Human Resources in this context means leadership, management, HR management, developing rules and regulations, etc. More importantly, they still require valuable experiences like the CNF. Therefore, this kind of challenge will be heavy for the armed groups in Chin State.

Conclusion:

One of the CNF leaders once said in an interview that one of the CNF’s greatest achievements over the past 30 years was their ability to survive and exist. He said that many armed organizations were founded in Myanmar and other countries, but many collapsed in a few years and did not last long. Therefore, the question is whether or not about 20 armed groups can survive and achieve their goals. Or, they will collapse along with the National Unity Government (NUG) when they become weak and unable to compete with the military junta.

In order to survive and gain desirable victory, they will need to retrospect their weaknesses and challenges mentioned above, and willingness to develop measures and strategies with cooperation to overcome those challenges is essential. CNF, being the mother of all other armed groups in Chin State, the longest and the most experienced armed groups in Chin State, should take the responsibility and leadership role to bring all Chin armed groups together.

Related Articles

Back to top button