ဘီးလင်းရှိ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၅ ရက်၊ ၂၀၂၃။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေသံလွင်တိုးဂိတ် အဟောင်း အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
အဆိုပါစစ် စစ်ဆေးရေးဂိတ်ကို သြဂုတ် ၂၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်တွင် KNLA၊ တောကျီး ကန်း စစ်ကြောင်း၊ ဘီးလင်း(ပကဖ) ဒရုန်းတပ်ဖွဲ့နှင့် PDF တပ်ဖွဲ့တို့မှ ပူးပေါင်း ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့ရဲ့ ပစ်ခတ်လိုက်တဲ့ ဗုံးသီးတစ်လုံးဟာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ထဲကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သားအမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။
ထိုထိခိုက် ဒဏ်ရာရသူများကို ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒရုန်းလမ်းကြောင်းကို လက်နက်ကြီး၊ လက် နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ခြင်းကြောင့် PDF ရဲဘော်တစ်ဦးမှာ အနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့ပြနဲ့ နီးစပ်တဲ့ ဒေသခံများကိုလည်း ” တိုက်ပွဲ ဖြစ်နိုင်ချေရှိတဲ့ ကျေးရွာတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားတာ ရိက္ခာ အသင့်အတင့်စုဆောင်း ထားတာမျိုးလေးတွေ ပြင်ထားဖို့တော့လိုမယ် “လို့ သထုံခရိုင်အတွင်းမှ တော်လှန်ရေး လှုပ်ရှားသူ တစ်ဦးမှ အသိပေးပြောကြားပါတယ်။
ထိုစစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ခရီး သွားကား ရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည်သွား လာနိုင်တယ်လို့ သိရပါတယ်။