သတင်း

SSPP/SSA၊ CNF နှင့် KIO တို့၏သဝဏ်လွှာ

ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေးအချိန်၌ စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ချေမှုန်းကာ၊ အကောင်အထည်ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ကြသော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ SSPP/SSA၊ CNF နှင့် KIO တို့က ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဒါ့အပြင် ပင်လုံစာချုပ်ဟာ ကိုလိုနီကာလတလျှောက်လုံး သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများဖြင့် တသီးတခြားစီရှိခဲ့ကြသော ကိုလိုနီနယ်မြေများက သီးခြားလွတ်လပ်ရေးရယူခြင်းမပြုဘဲ အတူတကွ လွတ်လပ်ရေးရယူကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ အပြည့်အဝရှိသည့် ပြည်ထောင်စုနိုင်ငံတော်ကို အတူတကွ ထူထောင်ကြရန် ပဋိညာဉ်ပြုခဲ့ကြသော စာချုပ်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားမှတဆင့် တန်းတူ၊ ရည်တူ ပူးပေါင်းသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး ဝိုင်းဝန်းထူထောင်နိုင်ပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ဆန္ဒပြုကြောင်းလည်း ပြောထားပါတယ်။

Related Articles

Back to top button