တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများ စုစည်းတင်ပြခြင်း

(No. 65, August 15, 2023)

၁။ နွေဦးတော်လှန်ရေးကို လမ်းလွဲသွားစေနိုင်တဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းကိုမှ လက်မခံဘူးလို့ PNFC ဥက္ကဌ ပြော
    August 14, 2023

နွေဦးတော်လှန်ရေးကို လမ်းလွဲသွားစေနိုင်တဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းကိုမှ လက်ခံလို့ မရဘူးလို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း က ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ လတ်တလော စစ်ကောင်စီအဖွဲ့ဝင်တွေ အပြောင်းအလဲ လုပ်နေတဲ့အပေါ်  စိတ်ဝင်စားနေလို့ မရဘဲ စနစ် တစ်ခုလုံး အပြောင်းအလဲ လုပ်သွားဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ ဦးခွန်မြင့်ထွန်း က “အုပ်ချုပ်မှု အပြောင်းအလဲ လုပ်ရုံလောက်နဲ့ပေါ့နော်။ ဒီအုပ်ချုပ်မှုပုံစံ အမျိုးမျိုးတွေကို လုပ်ပြီးတော့မှ ဒီစစ်အုပ်စုဘက်က သက်တမ်းတွေ ဆွဲဆန့်လာခဲ့တာ။ အဲတော့အခု ကျနော်တို့ လူထုတစ်ရပ်လုံး လိုလားတာက ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ကြရမယ်။ အဲဒါသည် အုပ်ချုပ်မှု အပြောင်း အလဲ ပုံစံ မဟုတ်ဘူး။ Region Change မဟုတ်ပါဘူး။ အဲဒါသည် ဘာလဲဆိုတော့ ကျနော်တို့ စနစ်တစ်ခုလုံးကို ပြောင်းလဲမယ့် System Change ဖြစ်တယ်။ အဲဒါကို ပေါ်လွင်စေချင်လို့ ကျနော်တို့ ပြောတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ရာနှုန်းပြည့် အုပ်ချုပ်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ကျင့်သုံးလာနိုင်ပြီး မိမိတို့ ဘက်က ဒီလမ်းစဉ်တွေ အပေါ် လက်ခံမသွားဖို့ လိုအပ်တယ်လို့ သူက သတိပေးပါတယ်။“ကျနော်တို့ကတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ အခါမှာ နိုင်ငံရေး နည်းနဲ့ကတော့ ဆွေးနွေးမှု တွေနဲ့ အဆုံးသတ်ကြရတာ ဖြစ်ပါတယ်။ သို့သော် ဒီနေ့ ဒီအချိန်အခါသည် ဒီလိုဆွေးနွေးမှုကို လုပ်ရတဲ့အချိန် မဟုတ်ဘူးလို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ဒီစစ်ကောင်စီနဲ့ ဒီကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ကြဖို့ ဆိုတဲ့ဟာက ကျနော်တို့ ဒီအချိန်မှာ စိတ်မဝင်စားဘူး။ ဒီအချိန်ဟာ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးရေးကို ဖိတ်ခေါ်နေရမယ့်အချိန်၊ ကမ်းလှမ်းနေရမယ့် အချိန်၊ ဆွေးနွေးနေရမယ့် အချိန် မဟုတ်ဘူး လို့ ကျနော်တို့ သတ်မှတ်ထားပါတယ်” လို့ သူက ရှင်းပြပါတယ်။ PNFC ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပတဲ့ ပအိုဝ်း အမျိုးသား ဖက်ဒရယ် ညီလာခံ အပြီးမှာ အာဏာရှင်စနစ် အမျိုးမျိုးကို တော်လှန်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ-NUCC မှာ ပါဝင် လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ဦးခွန်မြင့်ထွန်း ဟာ လက်ရှိ PNFC ရဲ့ ဥက္ကဌ ဖြစ်တဲ့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်-PNLO ရဲ့ ဒုဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်နေဆဲ ဖြစ်တယ် လို့ သိရပါတယ်။ https://www.facebook.c om/photo/?fbid=320867246966393&set=a.285900490463069

၂။  ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၉၆) တပ်ရင်းကို ချင်းတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ           စစ်ကောင်စီတပ်သား နှစ်ဦးဖမ်းမိပြီး လက်နက် ၆ လက်ရ
     August 14, 2023

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၉၆)တပ်ရင်းဌာနချုပ်အား ချင်းတော်လှန်ရေးတပ် များက ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၆)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)က သတင်းထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီ တပ်၏ ခလရ(၂၉၆)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာ ဌာနချုပ်စခန်းလုံခြုံရေး တပ်ခွဲစခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က သေဆုံးမှုစာရင်းကို မသိရသော်လည်း စစ်ကောင်စီတပ်သား(၂)ဦးကို အရှင်ဖမ်းမိကာ လက်နက်(၆)လက်ကို သိမ်း ဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ တိုက်ပွဲတွင် CDF ထန်တလန်မှ ရဲဘော်တစ်ဦးနှင့် CNF-Zophei မှ ရဲဘော်နှစ်ဦး ကျဆုံး ခဲ့ရပြီး သိမ်းပိုက်ရရှိခဲ့သည့်စခန်းအား စစ်ကောင်စီတပ်က (၃)ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲကာ ဟားခါး ဗျူဟာကုန်းမှ လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က Khuafoကျေးရွာနှင့် Loklung ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ Khuafoကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဓမ္မဆရာ၏ နေအိမ်တို့ပျက်စီးပြီး Loklung ကျေးရွာတွင် အနည်းဆုံးနေအိမ်(၄)လုံးပျက်စီးကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ(၃၀)ရက်နေ့ကလည်း Khuafoကျေးရွာကို စစ်ကောင်စီ တပ်က (၄)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား(၈)ဦးသေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်(၁၃) လုံး ပျက်စီးခဲ့ရသေးသည်။ https://www.facebook.com/photo/?fbid=682045140635473&set=p cb.682045840635403

၃။ မူဆယ်မြို့နယ် စယ်လန့်ရွာရှိ သမိုင်းဝင် ရှေးဟောင်းမြို့ရိုးကို TNLA က ဖျက်ဆီးတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်      လို့ SSPP ထုတ်ပြန်ကြေညာ
    August 14, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာရှိ ရှမ်းဧကရာဇ် စစ်ဆေခန်ဖ  လက်ထက်မှ လက်ရာဖြစ်တဲ့ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၇ ရက်မှာ ဘော်ဒိုဇာမြေထိုးစက်နဲ့ ဖြိုချခဲ့တဲ့အပေါ် ပြင်းထန် စွာ ဆန့်ကျင်ရှုတ်ချတယ်လို့ SSPP က ထုတ်ပြန်ကြေညာပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြည်ထောင်စုသားချင်း စုစည်းညီညွန်ရေး အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့အချိန်မှာ အချင်းချင်းသွေးကွဲစေတာမျိုး မလိုလားအပ်တဲ့ အပြုအမူမျိုး မလုပ်မိစေရန် အထူးသတိရထားရမယ်လို့ လက်ခံယုံကြည်တဲ့အတွက် TNLA ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင် ရှုတ်ချ တာ ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ချက်မှာပြောပါတယ်။ အခုလို သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ဖျက်လိုဖျက်ဆီး သဘောဆောင်တဲ့ လုပ်ဆောင်ချက်ဟာ လက်ခံနိုင်စရာမရှိတဲ့ ကျူးလွန်မှုဖြစ်တာကြောင့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့ အစည်းက ပြုလုပ်တာပဲဖြစ်ဖြစ် စာပေယဉ်ကျေးမှုနဲ့ ထုံထမ်းသမိုင်းစဉ်လာများ သက်ဝင်ယုံကြည်မှုများကို မထေမဲ့မြင်မျက်ကွယ် ပြုတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ SSPP ကပြောပါတယ်။

ဒါကြောင့် ရေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးခြင်းမပြုသင့်ဆိုတဲ့ စံတန်ဖိုးအရဖြစ်စေ လူမျိုးချင်း ယုံကြည်တန်ဖိုးထားလေးစားမှုအရဖြစ်စေ အခုလို TNLA ရဲ့ လုပ်ရပ်ကို လက်ခံနိုင်မှာမဟုတ်ဘူးလို့ SSPPက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ အဲ့ဒီလို ပြုလုပ်ခဲ့တဲ့အပေါ် ရဟန်းရှင်လူပြည်သူများ ကျေနပ်ကျေအေးမှု ရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်း များက ရှင်းလင်းပေးဖို့ တောင်းဆိုတယ်လို့လည်း SSPP က ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ မူဆယ်မြို့နယ် စယ်လန့် ကျေးရွာဟာ စစ်ကောင်စီ နဲ့ TNLA တို့ ယခုလအစမှာ တိုက်ပွားဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး ၁၃ ဦးဒဏ်ရာရရှိကာ စစ်ကောင်စီရဲ့ လက်နက်အများအပြားကိုလည်း TNLA က သိမ်းဆည်းရ မိခဲ့ပါတယ်။ https://www.facebook.com/photo?fbid=320 432663676518&set=pcb.320432723676512

၄။  ကလေးမြို့နယ်တွင် ဆေးခန်းလာပြသည့်သားအမိနှစ်ဦးကို စစ်တပ် သတ်ဖြတ်
      August 14, 2023

ကလေးမြို့တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် နေမကောင်း၍ ဆေးခန်းလာပြသည့် သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ အသက်(၅၀)အရွဘ် ဒေါ်ဟွေးအီယာန်နှင့်(၃၀)အရွယ် သားဖြစ်သူ ကိုစမြူအဲလ်တို့ကို ဩဂုတ် ၁၂ ရက်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့သွားကြောင်း မျက်မြင်သက်သေများကပြောသည်။ “သူ့အမေ နေမကောင်းလို့ သားဖြစ်သူက ကလေးမြို့ကို ဆေးခန်းပြဖို့သွားပို့တာ။ လမ်းမှ စစ်ကောင်စီတပ်နဲ့ တိုးပြီး သတ်ခံလိုက် ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ဒေသခံများက ဩဂုတ် ၁၂ ရက် ညနေပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသတ်ဖြတ်ခဲ့သူများမှာ ကလေးမြို့တောင်ပိုင်းရှိ ကျွန်းချောင်းကျေးရွာမှ ဖြစ်သည်ဟု ၎င်းဆွေမျိုးက အတည် ပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်ကို ကလေးမြို့ လှ ရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြားတွင် ဒေသခံကာကွယ်ရေးတပ်များက ဩဂုတ် ၁၁ရက်တွင် ဝင်ရောက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်များဘက်က တစ်ဦးကျဆုံးခဲ့သည်။ တိုက်ခိုက်မှု အပြီး စစ်ကောင်စီတပ်က ကျေးရွာဒေသခံ ၁၅ ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီးနောက် အထက်ပါသားမိနှစ်ဦးကို စက္ကန့် ရွာအဝင်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က စက္ကန့်ရွာကိုလည်း ဩဂုတ် ၁၂ ရက်က မီးရှို့ဖျက်ဆီးသွားကြောင်း လည်း ဒေသခံများက ပြောသည်။ https://www.facebook.com /photo/?fbid=630223895843073&set=pcb.63022401584 3061

၅။ ကဇူးရွာကစစ်ရှောင်တွေအတွက် ဆန်အိတ်သယ်လာတဲ့အမျိုးသား ဖမ်းဆီးခံလိုက်ရပြီးပြန်လည်လွတ်လာခြင်းမရှိ        သေး
    August 14, 2023

ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်တွေအတွက် ဆန်အိတ်သွားသယ်ရင်း စစ်တပ်ဖမ်းဆီးလိုက်တဲ့ ကဇူးရွာက စစ်ရှောင်အမျိုးသား ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ နေရပ်ပြန်စစ်ရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အတွက် အလှူရှင်တွေကလှူဒါန်းထားတဲ့ ဆန်အိတ် ၃၀ ကို ဝိုင်းမော်မြို့ကနေ ကဇူးရွာဘက်ကို သုံးဘီးနဲ့သယ်ယူလာချိန် ဩဂုတ်လ ၁၁ ရက်နေ့ ခလရ ၃၂၁ ရွှေညောင်ပင်စစ်တပ်မှ ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့ ကဇူးဒေသခံတစ်ဦးခုလိုပြောပါတယ်။“ဒို့နေရပ်ပြန်စစ်ရှောင်တွေ လုပ်ကိုင် စားသောက်လည်း ခက်ပြီး စားဝတ်နေရေးအခက်တွေ့နေတာကြောင့် အပြင်က အလှူရှင်တွေ လှူဒါန်းလိုက်တဲ့ ဆန်အိတ်တွေဖြစ်တယ်။ အဲ့ဒါကို ၃၂၁ စစ်တပ်တွေဖမ်းလိုက်ပြီး တပ်ရင်း ၅၈ က လာယူသွားတာ။ ဆန်အိတ်တွေရော၊ သုံးဘီးနဲ့ လူကိုလည်း တစ်ခါထဲ ဖမ်း ထားလိုက်တယ်။ ဖြစ်ဖြစ်ချင်း လိုက်တယ် ဒါပေမဲ့မလွတ်ပေးဘူး။ ခုထိ ကြိုးစားလိုက်နေတုန်းပဲ။” ဟုနေရပ်ပြန် ကဇူးဒေသခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ ကဇူးကျေးရွာကနေရပ်ပြန်စစ်ရှောင်အမျိုးသားဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ အဲ့ဒီညနေပိုင်းမှာပဲ ကျေးရွာ မှ သက်ဆိုင်ရာ လူကြီးတွေ သွားရောက်လိုက်လံဆွေးနွေးဖြေရှင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့တဲ့အပြင် လက်ရှိချိန်ထိ အဲဒီ အမျိုးသားကို ဝိုင်းမော်ရဲစခန်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် နေရပ်ပြန် ကစူးစစ်ရှောင်ပြည်သူ တွေအနေ နဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသားနဲ့အတူ ဆန်အိတ်များ ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားပေမဲ့ စစ်တပ်ကတော့ မြစ်ကြီးနား–ဗန်းမော်လမ်း စစ်ရေးအခြေအနေတင်းမာနေချိန် ဆန်သယ်ယူခွင့်မပေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သူကအခုလို ဆက်ပြောပါတယ်။ “ဒီဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ KIA တွေကိုသယ်ယူပေးတယ် ထင်နေတာလားမသိဘူး သူတို့က။ သူတို့က အခုချိန် တိုက်ပွဲအချိန်ဖြစ်တာကြောင့် ဆန်သယ်လို့မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ဆိုနေတာ။ သူတို့(စစ်တပ်)ဘက်က ဆန်သယ်ယူခွင့်မရကြောင်း ဘာမှ ထုတ်ပြန်စာတွေလည်း မထုတ်ထားဘူး။” ဟု သူကဆက်လက်ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကဇူးကျေးရွာက သက်ဆိုင်ရာဒေသခံတွေ လိုက်လံကြိုးစားနေဆဲဖြစ်တာကြောင့် ဒီနေ့ထိတော့ အဖြေမသိရှိရသေး ဘူးလို့ပြောပါတယ်။ https://burmese.kachinnews.com/ 2023/08/14/ld1-49/

၆။  ဖလမ်းမြို့စကစ စခန်းကို CNACDF-Hualngoram နဲ့ CDF-KKG ပူးပေါင်းတပ်တိုက်ခိုက်၊ စကစ               တပ်သား ၆ ဦး သေဆုံး
     August 14, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့အ‌ခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၈) တပ်ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hualngoram နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး လက်နက် တွေသိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။ နံနက်အစောပိုင်း ၁ နာရီ၀န်းကျင်တွင် CNA၊ CDF-Hualngoram နဲ့ CDF-KKG တပ်ဖွဲ့ ၀င်တွေက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၂ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ၂ နာရီခွဲကြာဖြစ်ပွားသော တိုက်ပွဲ တွင် စစ်ကောင်စီဖက်က စစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါ တယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖက်တွင် CDF-KKG ရဲဘော်တစ်ဦး အသက်ပေးကျဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ MA3 ၄လက်၊ ၆၀ မမ ၃လက်၊ စက်သေနက် ၂ လက်၊ RPG လောင်ချာ ၂ ခုနဲ့ ပွိုင့်-၅ စက်သေနက် ကျည်များကို CNA၊ CDF-Hualngoram နဲ့ CDF-KKG တပ်ဖွဲ့၀င်တွေက သိမ်းဆည်းခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွင် ဖလမ်းမြို့ စစ်ကောင်စီတပ်က ကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်သည့်အပြင် ဖလမ်းနဲ့ ၂၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ရမ်ထလိုကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၇ ဦး ဒဏ်ရာရရှိကြပြီး လူနေအိမ် ၂ လုံးနဲ့ ရမ်ထလိုနှစ်ခြင်းဘု‌ရားကျောင်း ပျက်စီးသွားပါတယ်။ https://www.facebook.com /photo/?fbid=814629580669664&set =pcb.814629700669652

၇။ ငွေတောင်ရွာသစ်နား တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ
    August 14, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား သဲတောင်အနီး ငွေတောင် ရွာသစ် မှာ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကြား သြဂုတ်လ ၂ ရက်ကစ တိုက်ပွဲတွေဆက်တိုက် ပြင်းထန်နေပြီး လေကြောင်းကနေ ဗုံးကြဲ တာတွေ ပြုလုပ်နေတယ်လို့ မြေပြင် ရဲဘော်တဦးက ပြောပါတယ်။ “လေယာဥ်နဲ့လဲ ကြဲတယ်။ ညတိုင်းလာကြဲတယ်လေ၊ နေ့ရော။ မနေ့ညကလည်း ကြဲတယ်။တိုက်ပွဲရဲ့ ဧရိယာမှာပဲ လာကြဲတယ်လေ။တိုက်ပွဲက မပြီးသေးဘူး။ အသေးစိတ်ကတော့ ကျွန်တော်တို့ပြောလို့အဆင်မပြေဘူးလေနော့။”လို့ သူက ပြောပါတယ်။ သြဂုတ်လ ၉ ရက်လောက်မှ ရာသီဥတုသာယာလာ တာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကို အဓိက အားထားပြီး ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ငွေတောင်ရွာသစ်နားကို ဒီးမော့ဆိုဘက်က စစ်ကြောင်းတကြောင်း၊ ဖရူဆိုဘက်က စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်းတွေထိုးနေကာ စစ်ကြောင်းတကြောင်းမှာ စစ်သား အယောက် ၂၀၀ ကျော် ပါတယ်လို့ သိရပါတယ်။ နှစ်ဖက် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်က အထိခိုက်အကျဆုံးများပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပေ မယ့် အတိအကျကို ပြောပြဖို့ ခက်သေးတယ်လို့ ပြောပါတယ်။ ကရင်နီပြည်နည်ရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန် နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကို အဓိကထား တိုက်ခိုက်နေပါတယ်။ စစ်တပ် အာဏာ သိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၇၂ ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီ အင်အားစု PKPF က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.faceb ook.com/photo?fbid=32044897 0341554&set=pcb.320449007008217

၈။  သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ စစ်ကောင်စီတရားစွဲ
     August 14, 2023

အကြမ်းမဖက် လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး ရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တယ်လို့ သိရပါ တယ်။ ကိုမင်းလွင်ဦးရဲ့ဖခင် ဦးအောင်ဖေ ဟာ အသက် ၆၅ နှစ်အရွယ်ရှိပြီး လောင်းလုံးမြို့နယ်တရားရုံးက တရားစွဲဆိုလိုက်တာ ပါ။ “မနေ့က လာတွေ့ဖို့အကြောင်းကြားလာလို့ သွားတွေ့ကြတယ်တဲ့။ သူတို့က တရားစွဲတဲ့အချိန် တွေ့ခွင့်ပေးမယ် ပြောထား တာရှိတယ်။ ဒီတော့ မနေ့ကတရားစွဲတာဖြစ်နိုင်ပါတယ်” လို့ ကိုမင်းလွင်ဦး က ပြောပါတယ်။ ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာကနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်က အိမ်ကိုမွှေ နှောက်ရှာဖွေကာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ သပိတ်င်္အကျီတွေ့တယ်လို့ဆိုကာ ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။

ကိုမင်းလွင်ဦး ကတော့ အဲဒီပစ္စည်းတွေဟာ သူ့ရဲ့ဖခင်နဲ့ မဆိုင်တဲ့ပစ္စည်းတွေသာဖြစ်လို့ သက်သက်မဲ့စွပ်စွဲဖမ်းဆီးပြီး မတရားပုဒ်မတပ်တရားစွဲတာသာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်ကအသက်မပြည့်သေးတဲ့ကလေးလည်း မဟုတ်ဘူး။ ကိုယ် ယုံကြည်ရာကိုယ်လုပ်နေတဲ့အချိန်မှာ မိဘနဲ့ဘာမှမဆိုင်ဘူး။ သားသမီးမရရင် မိဘကိုရန်ရှာတာကတော့ သူတို့လုပ်နေကျပေါ့။ ကိုယ့်ကြောင့်ကိုယ့်အဖေကခံရတာဆိုတော့ စိတ်တော့မကောင်းဘူး” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။  ကိုမင်းလွင်ဦး ရဲ့ အဖေ ဟာ ကျန်းမာရေးမကောင်းသူတစ်ယောက်​ဖြစ်ပြီး ဖမ်းဆီးခံရချိန်ကစလို့ ၂ လနီးပါးကြာတဲ့အထိ မိသားစုဝင်‌တွေနဲ့ တွေ့ခွင့်မပေး ခဲ့ဘဲ မနေ့ကမှပထမဆုံးအကြိမ်တွေ့ခွင့်ရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ကိုလောင်းလုံးမြို့မရဲစခန်းအချုပ်မှာ ဆက် လက် ဖမ်းဆီးထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ် နိုဝင်ဘာလမှာလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဌဖြစ်သူ မသီရိမိုးရဲ့အမေကို စစ်ကောင်စီတပ်ကဖမ်းဆီးကာ ၅၀၅ (က) နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။  https://www.facebook.com/photo/?fbid=319 047837179639&set=a.196212682796489

၉။  လားရှိုးမြို့မှာစစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ လေးရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲ
     August 14, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့တွေကြား လေးရက်ဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့  TNLA သတင်းပြန်ကြားရေးတာဝန်ခံအမျိုးသမီး တဦးက ပြောပါတယ်။“အဓိကတော့ထိုးစစ်ပေါ့နော်။ တအာင်းတပ်တွေရှိတဲ့နေရာကို သူတို့လေယာဉ်ပစ်ခတ်တာတို့၊နောက်ပြီးခြေလျင် တပ်ရင်းတွေသုံးပြီး လက်နက်ကြီးပစ်ကူနဲ့ တိုက်ခိုက်တာတွေရှိတယ်။ မနေ့ကလည်း လားရှိုးမြို့ ဟိုလောက်ရွာနားမှာ တိုက်ပွဲ တွေဖြစ်ခဲ့သေးတယ်။ ညနေ လေးနာရီခွဲလောက်မှာ စဖြစ်တာပေါ့နော်။ လားရှိုးမှာတော့ တိုက်ပွဲတွေဆက်တိုက်ပြန်ဖြစ်နေ တယ်”လို့ သူကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၉ ရက်မှာ လားရှိုးမြို့အနီးက TNLA စခန်းတခုကို လေကြောင်းပစ်ကူနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကနေ နှစ်ဖက်တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာလို့လည်း အဲဒီပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ သြဂုတ်လ ၁၁ ရက် ညနေပိုင်းကလည်း TNLA တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စန်းကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ စကခ(၁၆၊ ခလရ-၆၈၊ ရမခ၊ခလရ-၁၇)စုစုပေါင်းအင်အား ခြောက်ဆယ် လောက်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သြဂုတ်လ ၁၂ ရက် ညနေပိုင်းက လားရှိုးမြို့နယ်TNLA  တပ်မဟာ (၆) စစ်ဒေသ၊ ဟိုလောက်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖက်က လေကြောင်းကတဆင့် ပစ်ကူပေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သူကဆိုပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှာ အကျအဆုံးတွေရှိခဲ့တယ်လို့ TNLA က ထုတ်ဖော်ပြောဆိုထားပေမယ့် အရေအတွက်တိတိကျကျကိုတော့ မသိရသေးဘူးလို့လည်း  ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းအများအပြားကိုလည်း TNLA တပ်ဖွဲ့ ကသိမ်းဆည်းရမိတာတွေရှိပြီးသူတို့ဘက်က ထိခိုက် ကျဆုံးတာမရှိခဲ့ဘူးလို့ TNLA သတင်းပြန်ကြားရေးက တာဝန်ခံအမျိုးသမီးကဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေကြား ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲ ပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ (TNLA) ကထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာနေရာအနီးကို စစ်ကူ အင်အား အများအပြားပို့ဆောင်နေပြီး အင်အားတိုးချဲ့တာတွေလုပ် ဆောင်နေတာကြောင့် နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ် တယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ https://www.facebook.com/photo?fbid=686783800161367&set=pcb.68678440 6827973

၁၀။ အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့  KNU ဥက္ကဌပြော
     August 14, 2023

အာဏာရှင်စနစ်ရဲ့ လမ်းစဉ်နဲ့ လုပ်ငန်းအားလုံး အဆုံးသတ်ရေးအတွက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက် နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မည်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့  ၇၃ နှစ်မြောက် “ကရင့်အမျိုးသား အာဇာနည်နေ့” မိန့်ခွန်းမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြပြီး စစ်အုပ်စုဟာ မဟာလူမျိုးကြီး ဝါဒကို အသုံးချကာ အာဏာရှင်စနစ်ကို တည်ဆောက်ပြီး ကိုယ်ကျိုးရှာနေကြောင်း၊ အာဏာရှင်စနစ်အပြင် အာဏာရှင်စနစ်ရဲ့ လမ်းစဉ် နဲ့ အုပ်ချုပ်ရေး လုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့လက်တွဲ လုပ်ဆောင် ကြရ မည် ဖြစ်ကြောင်း KNU ဥက္ကဌပဒိုစောကွယ်ထူးဝင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှစကာ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲပြီး နိုင်ငံရဲ့ အာဏာကို အတင်းအဓမ္မ ရယူကာ စစ် အုပ်ချုပ်ရေးစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးနေကြောင်း၊ အာဏာရှင်အုပ်စုသည် စစ်တပ်ကို အသုံးချ ပြီး ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ဆန္ဒကို ဆန့်ကျင်ကာ ဖိနှိပ်အုပ်ချုပ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နိုင်ငံရဲ့ အာဏာကို နောက် ထပ်တစ်ဖန် အတင်းအဓမ္မ ရယူခဲ့ရာ ပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိသဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်လျက်ရှိပြီး လက်နက်ကိုင်တော်လှန်ရတဲ့ အဆင့်သို့ရောက်ရှိခဲ့ရာ အာဏာရှင်အုပ်စုမှလည်း စစ်တပ်ကိုအသုံးချကာ စစ်ရေးအရအကြမ်းဖက် တဲ့ နည်းလမ်းများကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ စစ်ရေးဖြင့် အကြမ်းဖက်မှု ဟာ မြန်မာလူမျိုးအမားစုနေထိုင်တဲ့နေရာ၊ ဒေသများသို့ပင် ပြန့်နှံ့သက် ရောက်လျက်ရှိပြီး စစ်အုပ်စုမှ လက်နက်ကြီးများ၊ အမြောက်ကြီးများအပြင် တိုက်လေယာဉ်များပါ အသုံးပြုတိုက်ခိုက်နေပေမယ့်လည်း တိုင်းရင်သားပြည်သူလူထုနေအဖြင့် အညံ့ မခံပဲ အာဏာရှင်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်နည်းလမ်း စတဲ့နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်နေကြောင်း ဆိုထားပါတယ်။ အစုအဖွဲ့အားလုံးကိုစုစည်းပြီး စစ်တပ်ရဲ့ ကံကြမ္မာဟာ လူထုလက်ထဲကို ပြန်လည်ရောက်ရှိတဲ့အထိ ဆောင်ရွက် ရမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။ https://youtu.be/OJRcPTX0-jw

၁၁။  မြစ်ကြီးနား အမှတ် (၃) ရဲစခန်းပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးသည်ဟုဆို
      August 14, 2023

မြစ်ကြီးနာမြို့နယ် နောင်နန်းအုပ်စုရှိ အမှတ် (၃) ပ.လ.န ရဲစခန်း ယမန့်နေ့ည ၉ နာရီခန့်ကပစ်ခတ်ခံရပြီး ရဲတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ် ကာ သေနတ်သံ ရှစ်ချက်ခန့် ကြားခဲ့ရသည်ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။“ဆိုင်ကယ်နဲ့ပစ်ပြီး ထွက်ပြေးသွားတယ်တဲ့။ ရဲတစ်ယောက်က သေပြီး တစ်ယောက်က ထိခိုက်ဒဏ်ရာရတယ်လို့ကြားရတယ်” ဟုပြောသည်။ ပစ်ခတ်သံကြားရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန်ခိန်ရပ်ကွက်နှင့် ရွှေစက်ရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သူကပြောသည်။

ယမန်နေ့ညက ပ.လ.န နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ ကြောင်း PDF များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။“ရဲစခန်းကိုသွားပစ်တာ ရဲနှစ်ယောက်သေတာ သေချာ တယ်။ ဗုံးနဲ့မဟုတ်တာကြောင့် အသံကသိပ်မကြားရဘူး” ဟုပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ညကလည်း အဆိုပါ အမှတ် (၃) ပ.လ.န ရဲစခန်းတွင် ဗုံးသံကျယ်လောင်စွာကြားရပြီး သေနတ်သံပစ်ခတ်သံလည်း ၁၅ မိနစ်ခန့်ကြားခဲ့ရကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=609646778029661&set=a.53 5867405407599

၁၂။  ကင်းပွန်းချောင်းရဲစခန်း Drone ဖြင့်တိုက်ခိုက်ခံရ ၊ ရဲစခန်းမှလက်နက်ကြီး ပစ်ခတ်မှုကြောင့်အရပ်သား(၁)ဦး        ထိခိုက်
      August 14, 2023

ဩဂုတ်လ ၁၃ ရက်နေ့ နေ့လည် မွန်းလွဲ ၂ နာရီခန့်တွင်ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ Drone ဖြင့် (၂)ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကို ကရင့်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၃) ၊ သူရိယစစ်ကြောင်း Drone Squadron နှင့် သထုံပြည်သူ့ကာကွယ်ရေး ‌တော်လှန် ရေးအင်အားစု-TPDF Drone Unit ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။ “အရပ်သားပြည်သူ တွေနေထိုင်တဲ့ကျေးရွာတွေဘက်ကို ကင်မွန်းချောင်းရဲစခန်းကနေ လက်နက်ကြီးတွေနဲ့ ခဏခဏ ရမ်းပစ်နေလို့ သွားပြီး ပစ်ခတ် ရတာ”လို့ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကင်မွန်း ချောင်း ရဲစခန်းတွင်းမှ ထိခိုက်သေဆုံးမှု စရင်းကို အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပစ်ခတ်ခံရပြီးနောက် ရဲစခန်း‌မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် (၅) မိနစ်ခန့်ပြန်လည် ပစ်ခတ်ခဲ့သလို လက်နက်ကြီဖြင့်လည်း (၄) ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာတွေ ရှိတယ်လို့ သိရပါ တယ်။ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့သော  လက်နက်ကြီး တစ်လုံးမှာ ရောင်ခြည်ဦးရပ်ကွက်၊ ၃ လမ်း၊ ‘အောင်’ မုန့်တီဖို နားကို ကျရောက်ခဲ့ပြီး အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးအား ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ “ထိတဲ့အသံကြားလိုက်တယ်။ ဘယ်သူလဲတော့မသိဘူး၊ ဆေးရုံကားလာတာ တွေ့လိုက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကျိုက်ထိုမြို့နယ်၊ ကင်မွန်း ချောင်းရဲစခန်းဟာ ‌ကျေးရွာတွေဆီမကြာခဏ လက်နက်ကြီးတွေနှင့် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်တာလည်း မကြာခဏခံနေရပါတယ်။ https://www.facebook.com/photo/?fbid=642135914 688229&set=a.606834898218331

၁၃။  ဖားကန့်မှာ တပ်စခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ
      August 14, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် က ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ ဆယ်ဇင်းရွာ သံယောဇဉ် ကြိုးတံတားထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ပူးပေါင်းစစ်ဆေးရေး ဂိတ်စခန်းကို သြဂုတ်လ ၈ ရက်မှာ KIA က သိမ်းယူခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ အင်အား ငါးဆယ် နီးပါးနဲ့ ဆယ်ဇင်းရွာဘက်ကို သြဂုတ်လ ၁၁ ရက်ကစလို့ ပြန်လည် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လက်ရှိမှာ ဆယ်ဇင်းရွာက အရပ်သားတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ KIA က ပြောပါတယ်။ အာဏာသိမ်းပြီး ချိန်ကစလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲနှစ်ထောင်နီးပါး ဖြစ်ပွားခဲ့တယ် လို့ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင်လကုန်ပိုင်းမှာ ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သောင်း ခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ https://www.facebook.com/ photo/?fbid=684387373722668&set=a.583 637430464330

၁၄။ လက်ခတ်တောင်ပြန်ရဖို့ စစ်ကောင်စီ ၁၀ ကြိမ်ထိုးစစ်ဆင်၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး
      August 14. 2023

အင်အားအလုံးအရင်းနဲ့ထိုးစစ်လာတာဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေဟာ အကျအဆုံးများစွာနဲ့ ပြန်လည် ဆုတ်ခွာခဲ့ ကြရပြီး အခုထိတောင်ခြေကို မကပ်နိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က ပြောပါတယ်။ ထိုင်း-ကရင်နယ်စပ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကို KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာ တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ်ထိုးစစ်ပြန်ဆင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ် ဆင်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က အခုလိုပြောပါတယ်။ “လက်ခတ်တောင်ကို ကျွန်တော်တို့သိမ်းယူပြီးတဲ့နောက်ပိုင်းပေါ့နော် ။ အင်အားအလုံးအရင်းနဲ့ ပြန်ပြီးထိုးစစ်ဆင် လာတာက ၁၀ ကြိမ်ရှိပြီ ။ ဒါပေမယ့် သူတို့က အကျအဆုံးများစွာနဲ့ပဲ ပြန်လည်းဆုတ်ခွာနေရပြီး အခုချိန်ထိတော့ တောင်ခြေကို သူတို့မကပ်နိုင် သေးဘူးပေါ့ ”  လက်ခတ်တောင်ကိုပြန်ရဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းအထိ တပြိုင်နက်တည်း ထိုးစစ်ဆင်တာ တွေပြုလုပ်ခဲ့တာမျိုးရှိပြီး စုစုပေါင်း အင်အားကတော့ ခန့်မှန်း ၆၀၀ လောက်ရှိတယ်လို့ ဗိုလ်ဒါဘောကပြောပါ တယ်။

ထိုးစစ်တွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံးသလို ၃၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အပြင် လက်နက်ခဲယမ်းတချို့ကိုလည်း ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ က ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ် နဲ့ တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့ဟာ 60 mm ကွန်မန်ဒို စိန် ပြောင်း (၁) လက် ၊ 60mm ကျည် (၅) လုံး ၊ MA-2 (၁) လက် ၊ ကျည်ဘောက် (၅) ဘောက် ၊ MA-2 ကျည် (၁၅၀) တောင့်တို့ နဲ့ အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ လက်ခတ်တောင်ကိုပြန်ရဖို့ စစ်ကောင်စီ တပ်တွေ အပြင် BGF တပ်တွေကိုလည်း အင်အားအလုံးအရင်း ဖြည့်တင်း ထားတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် ထိုးစစ်တွေအတွင်း BGF တပ်တွေ ထဲထဲဝင်ဝင်ပါလာတာမျိုးမရှိ ဘူး လို့ ဗိုလ်ဒါဘော ကပြောပါတယ်။ ” BGF တွေကတော့ ပုံမှန်အတိုင်းပဲပေါ့။ နယ်ခြားစောင့်တပ်ဆိုတော့ နယ်စပ်မှာဖြစ်နေတဲ့ စစ်ဆင်ရေးဆိုတော့ သူ တို့ပါဝင်မှုတွေရှိတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်နဲ့ ပေါ်ပေါ်တင်တင်ကြီးတော့ တက်လာတာမျိုးမရှိဘူး။ အဓိက စစ်ကောင်စတက်တယ်။ သူတို့က နောက်ဆုံးနားက နေပြီးတော့ လက်နက်ကြီးကူပစ်ပေးတာတို့၊ လမ်းပြတာတို့ လောက်တော့ တွေ့ရတယ် ” လို့ သူကပြောပါတယ်။ ထိုးစစ်တွေ အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အချက်ရေ ၇၀၀ ကျော်အထိပစ်ခတ်ခဲ့ပြီး ပူးပေါင်း တပ်ဘက်က ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ bhttps://www.facebook.com/photo/?fbid=66128856 6035108&se t=a.583749337122365

၁၅။ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဝဇွမ်းတောရွာက နေအိမ်အချို့ကို မီးရှို့၊ ဒေသခံ ၂၀          ကျော် ကို လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးသွား
     August 14, 2023

ရေဖြူမြို့နယ်၊ ဝဇွမ်းတောရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်နဲ့တဲအချို့ကို မီးရှိူ့ဖျက် ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ သူတို့ဝဇွမ်းတောရွာထဲကိုရောက်နေတဲ့ အခုလ ၁၁ ရက်နေ့နဲ့ မနေ့ကနှစ်ရက်အတွင်းမှာ အိမ်နှစ်ဆောင်နဲ့ တဲတစ်ဆောင်တို့ကို မီးရှို့ခဲ့တာပါ။ မီးရှို့ခံရတဲ့ အိမ်တွေက နှစ်ထပ်အိမ်ကြီး တစ်ဆောင်နဲ့ စျေးဆိုင်ရောင်းနေတဲ့အိမ်တစ်ဆောင်ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ မနေ့ကည ၈ နာရီ လောက်မှာလည်း ဝဇွမ်းတောရွာအနီးက တောထဲမှာစစ်ဘေးရှောင်သူတွေကို ရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်က လက်နက် ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ ပါဘူး။ ဒီကနေ့နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ဝဇွမ်းတောရွာနဲ့ ဧကနိရွာတွေကနေ ပြန်လည်ထွက်ခွာသွား တယ်လို့ သိရပါတယ်။

သူတို့ထွက်ခွာသွားချိန်မှာ ဖမ်းဆီးထားတဲ့ဒေသခံ အမျိုသား၊ အမျိုးသမီး ၃၀ ကျော်ထဲက ၄ ဦးခန့်ကိုပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံကဆိုပါတယ်။ “အခုညနေပိုင်းဝဇွမ်းတောနဲ့ ဧကနိ ဖက်မှာတော့မရှိတော့ဘူးဗျ။ ဒေသခံ ၂၀ ကျော်လောက်ကတော့ဆက်ဖမ်းခေါ်သွားတုန်းပဲ” လို့​​ ဒေသခံအမျိုးသား နောက်ထပ် တစ်ဦးက ပြောပါတယ်။ သူတို့ဟာ ဝဇွမ်းတောရွာအပြင် သူတို့ဝင်လာတဲ့လမ်းတလျှောက်ကရွာတွေမှာ ရွှေ၊ ငွေ၊ တန်ဖိုးကြီး ပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ ဆန်တွေကိုခိုးယူခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကိုတော့ ချောဆွဲထားတဲ့ဒေသခံကားတစ်စီးနဲ့ သယ်ယူနေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခုလ ရက်နေ့ကစလို့ နဘုလယ်ဒေသနဲ့ အနီးအနား ကရွာ တွေကို စစ်ကြောင်း ထိုးနေတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့ပြီး ကျေးရွာ ၈ ခုလောက်ကဒေသခံတွေ စစ်ဘေး ရှောင်နေရပါတယ်။ https://www.facebook.com/photo?fbid=318 677220550034&set=a.196212682796489

၁၆။ ရှမ်းတောင်ရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို စစ်ကောင်စီအတွက် အရန်အင်အားဖွဲ့စည်းဖို့အမိန့်ထုတ်
     August 14, 2023

ရှမ်းတောင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို စစ်ကောင်စီအတွက် အရန်အင်အား ဖွဲ့စည်းဖို့ အမိန့် ထုတ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သူ့စစ်အရန်အင်အား တပ်ရင်း ဖွဲ့စည်းဖို့၊ အင်အားအခြေအနေပေါ်မူတည်ပြီး အရေးကြုံရင် အရန်အဖြစ် ပါဝင်ဖို့ဆိုပြီး ရှမ်းပြည်နယ်ရဲ့ လုံခြုံ ရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းရဲ့ လက်မှတ်နဲ့ ဩဂုတ် ၉ ရက်မှာ အမိန့်ထုတ်ထားပါတယ်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်းမှာရှိတဲ့ တောင်ကြီး၊ ကလောခရိုင်၊ ပအိုဝ်းနဲ့ ဓနုဒေသမှာရှိတဲ့ ခရိုင်နဲ့မြို့နယ်အလိုက် ရဲတပ်ဖွဲ့ကလွဲပြီး ဝန်ထမ်းတွေရဲ့ စာရင်းကို ဩဂုတ် ၁၇ ရက် နောက်ဆုံးထားပြီး ပို့ပေးရမယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့နယ်မှာ ဝန်ထမ်းတွေရဲ့ စာရင်းတွေကို ဒီရက်ပိုင်းကစကာ ကောက်ခံနေပြီး ကျန်မာရေးနဲ့ ပညာရေးဝန်ထမ်း တွေလည်း ပါဝင်တယ်လို့ ဆီဆိုင်မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “အခုစာရင်းစ ကောက်နေပြီလို့ ကြားရတယ်။ သူတို့က ကောက်ပြီးတော့ စစ်ကောင်စီရဲ့ အရန်အင်အားအနေနဲ့ ဖွဲ့မယ်။ ပြည်သူ့စစ်တွေရဲ့ အရန် အင်အားအနေနဲ့ဖွဲ့မယ်။ ပြီးရင်တော့ အဲဝန်ထမ်းတွေကို သူတို့ခိုင်းစားမယ်ပေါ့” ရှမ်းတောင်မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကို ကရင်နီပြည်မှာ အင်းအားတွေ ပို့ပေးနေရတာကြောင့် ရှမ်းတောင်မှာ စစ်အင်အား ထပ်ဖြည့်ဖို့ လိုအပ်နေပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပြည်သူ့စစ်လုပ်ဖို့ အမိန့်ထုတ်တာ ဖြစ်နိုင်တယ်လို့ အထက်ပါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ဆက်ပြောပါ တယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ စစ်မျက်နှာ ဖွင့်နေရပြီး CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု)မှာပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်လည်း ရှိနေတာကြောင့် အင်အားတွေ လျော့နည်းလာပြီး ဒေသခံတွေကို ပျူစောထီး သင်တန်း ပေးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ဇနီးတွေကို စစ်သင်တန်းတွေပေးတာ လုပ်လာနေပါတယ်။ https://www.face book.com/photo?fbid=617410310566237&se t=pcb.617410453899556

၁၇။  SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်
      August 14, 2023

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက် ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားပြီး နောက် ပိုင်း စစ်ကောင်စီဖက်မှ ပြည်သူ့စစ် တပ်သားခေါ်ယူပြီး စစ်အင်အား ဖြည့်တင်းနေပြီး၊ SSPP ဘက်ကလည်း စစ်အင်အားဖြည့် တင်းနေကြောင်း မိုင်းကိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။“အခုလည်း နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေတုန်းပဲ။ လဲချားမြို့ နယ်ထဲကို စစ်အင်အား ဖြည့်နေတုန်းပါ။ သီပေါဖက်မှာလည်း စစ်ကောင်စီတွေ အင်အားဖြည့်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ အဲ့ကြောင့် သူတို့ စစ်ရေးအရ ညမထွက်ရ အမိန့်ထုတ်တာ။ မိုင်းကိုင် နဲ့ လဲချားမြို့ကတော့ တမြို့လုံးပဲ ညမထွက်ဖို့ တားမြစ်ထား တယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပြိုင်အဆိုင် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းကြောင့် တစ်နေ့လုပ်တစ်နေ့စား ပြည်သူများ အတွက် အခက်ခဲ ဖြစ်နေကြောင်း မိုင်းကိုင်ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။ “သူတို့ ရွာထဲကိုဝင်လာကတည်းက ကုန်သွယ်ရေး၊ အရောင်းအဝယ်တွေ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ကစပြီး ကျနော်တို့လည်း ကိုယ့်ကိုယ်လုံခြုံမှုမရှိတော့သလို ခံစားရတယ်။ အသွားအလာ စိတ်မချရဘူး။ အဲ့ခုက ပိုဆိုးတာပေါ့ ဒီလိုထပ်လုပ်လိုက်တော့ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ အခြေခံ အလုပ်သမားတွေ၊ နေ့စားအလုပ်သမားတွေအတွက် ခက်ခဲတာပေါ့ “ ၎င်း ဒေသခံတစ်ဦးက ပြောသည်။ အလားတူ တိုက်ပွဲဖြစ်ပွားခဲ့သည့် လဲချားမြို့နယ်အတွင်း ပြည်သူများကလည်း ညမထွက်ရ အမိန့်ထုတ်ပြန် ထားခြင်းကြောင့် အချိန်မတော် အရေးကြီး ကိစ္စများသွားလာရပါက ပစ်ခတ်ခံရမည်ကို စိုးရိမ်နေကြောင်း၊ လုံခြုံရေးအတွက် စိတ်ပူနေရကြောင်း လဲချားဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ https://burmese.sha nnews.org/archives/36232

၁၈။ ဒေါ့ဖုန်းယန်ကျေးရွာ တိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူတွေ သွားလာရေးကန့်သတ်ခံထားရပြီး        စစ်ရှောင်အကူအညီလိုအပ်နေ
     August 15, 2023

မြစ်ကြီးနား – ဗန်းမော်လမ်မကြီးတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေခဲ့တာကြောင့် ဒေါ့ဖုန်းယန်မှာ ထွက်ပြေးတိမ်း ရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ချင်ပေမယ့် သွား လာရေးကန့်သတ်ခံရထားရတယ်လို့သိရပါတယ်။ ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ ဒင်ဂါ၊ နောင်ဝမ့်၊ ခလားနဲ့ တိန်ဂျန် စတဲ့ ကျေးရွာ နေ စစ်ရှောင်ပြည်သူများက နေရပ်စွန့်ခွာထားတဲ့ ဒေသမှာ တောင်ယာ လုပ်ငန်းများသွားရောက်လုပ်ကိုင်ဖို့ လက်နက်ကိုင် ၂ ဖွဲ့ ဘက်ကနေ သွားလာခွင့် ပိတ်ဆို့ထားတယ်လို့ စစ်ရှောင်တွေကို ကူညီပေးတဲ့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။“အခုသူတို့ရဲ့အခက်အခဲက ရွာမှာသူတို့လုပ်ထားတဲ့ တောင်ယာလုပ်ငန်းတွေကို သွား ရောက် လုပ်ကိုင်ချင်ကြတယ်။ အမှန်တော့ ဒီစစ်ရှောင်တွေက ဗန်မော်ဘက်ကိုရှောင်လို့ရတာဟုတ်တယ်။ ဒါပေမယ့် သူတို့လုပ်ထားတဲ့ တောင်ယာလုပ်ငန်းတွေကို ပြန်ကြည့်ချင်ကြလို့ ဒေါ့ဖုန်းယန်မှာပဲ နေနေကြတာတယ်။ စစ်တပ်ကနေ ဂိတ်တားထားတာမျိုးတော့မရှိဘူး။ ဒါပေမယ့် မလို အပ်ပဲနဲ့ မသွားဖို့ ၂ ဖက်စစ်တပ်ကပြောထားတာဟုတ်တယ်” အဲဒီစစ်ရှောင်တွေဟာ တောင်ယာလုပ်ငန်း သွားရောက်လုပ်ကိုင် တာမဟုတ်ပဲ စွန့်ခွာထားတဲ့ နေအိမ်နဲ့ အိမ်မွေးတိရိစ္ဆာန်များကို သွားရောက်ကြည့်ရှု့လိုသူများအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးကနေတဆင့်အကြောင်း ကြားပြောဆိုထားရမှာဖြစ်ပြီးတော့ ပြန်ခွင့်ရသူများကလည်း သတ်မှတ်ထားတဲ့အချိန်မှာ စစ်ရှောင် စခန်းနေရာကို ပြန်ရောက်ရမယ် ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ကျေးရွာ ၄ ထဲက ဒင်ဂါနဲ့ခလား ကျေးရွာ ၂ ခုဟာ  ကျေးရွာထဲကိုဝင်ခွင့်မရှိတဲ့အပြင် သွားလာခွင့်ပါ ပိတ်ဆို့ထား တဲ့အတွက် စစ်ရှောင်များနေရပ်ပြန်ပြီး လယ်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ဖို့ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါ တယ်။ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေဟာ သူတို့ရဲ့စားဝတ်နေရေးအတွက် နှစ်စဉ်တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင် ကြပြီး တိုက်ပွဲကြောင့် စွန်ခွာထားခဲ့ရတဲ့ တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်မရတော့ တဲ့အတွက် လာမယ့်နှစ်တွေမှာ အစားအသောက်ပိုမိုကြပ်တည်းလာနိုင်တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ လက်ရှိ စစ်ရှောင်များ ရင်ဆိုင်နေရတဲ့ စစ်ရှောင် အခက်အခဲနဲ့ တောင်ယာလုပ်ငန်းများ သွားရောက် လုပ်ကိုင်ခွင့်မရတဲ့အတွက် နေရပ်ပြန်ပြီး မူလအတိုင်း သွားရောက်လုပ်ကိုင် စားသောက်ချင်နေကြပေမယ့် တစ်ဖက်မှာ သွားလာခွင့်အပြင် စစ်ရေးတင်းမာမှုဆက်လက် ဖြစ်ပွားနေသေးတဲ့အတွက် နေရပ် ပြန်ဖို့ ခက်ခဲနေသေးတယ်လို့ သူကဆက်ပြောပါတယ်။ မြစ်ကြီးနား– ဗန်မော်ကားလမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းကနေ စစ်ကောင်စီတပ်က နမ်ဆန်ဘက်ကို ဦးတည်ပြီးတော့ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက် လာတဲ့အတွက် တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/08/15/yl1-99/

၁၉။ ထိုင်းက ယာယီလက်ခံထားတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြ
     August 15, 2023

စစ်ကောင်စီရဲ့ လေကြောင်းတိုက်တိုက်မှုခံရပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ် ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။ အဆိုပါ စစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံခွင့်ပေးထားတာဖြစ်ပြီး လက်ရှိ အချင်းချင်းကြား ပြောဆိုနေတဲ့ ကောလဟာလသတင်းအရ ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းကို ပြန်ပို့ခံရမှာကို စိုးရိမ်နေကြ တာပါ။ “အခု ဒီမှာရောက်ရှိတာ သူတို့ပြောတယ်။ ကျမတို့ကို (နေရပ်ကို) ပြန်တက်ခိုင်းတော့မယ်။ ဒီမှာနေတာ သူတို့လက်မခံ ဘူးပေါ့။ ကျမတို့က မပြန်တော့ဘူး ဒီမှာဘဲနေတော့မယ်။ ဒီမှာနေရာ စီစဉ်ထားပေးတယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဝီမယ်က ပြောပါတယ်။ အဆိုပါ ကရင်နီစစ်ဘေးရှောင်စခန်းဟာ ထိုင်းနိုင်ငံထဲကို ရောက်ရှိလာတာ ၁ လ ကျော်လာပြီဖြစ်ပြီး လက်ရှိမှာ ထိုင်းအာဏာပိုင်တွေ နေထိုင်ခွင့်ပေးထားတဲ့နေရာတွေမှာပဲ မိုးကာတဲလေးတွေနဲ့ နေထိုင်ကြရတာဖြစ်ပါတယ်။ ယခင် နေထိုင်ခဲ့တဲ့ စစ်ရှောင်စခန်းအနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်ဗုံးကျဲမှုတွေ ပြုလုပ်နေဆဲဖြစ်တာ ကြောင့် စစ်ရှောင်တွေဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြတာပါ။

“ကိုယ့်အနေနဲ့ဆိုရင်တော့ မပြန်ချင်တော့ဘူးပေါ့နော်။ မပြန်ချင်တော့ဘူးဆိုတာထက် UN ရသည်ဖြစ်စေ မရသည် ဖြစ်စေ နိုင်ငံခြားရောက်သွားနိုင်တာဖြစ်ဖြစ် မရောက်သွားနိုင်တာဖြစ်ဖြစ် အဓိက ကိုယ်လိုချင်တာက အဲ့ဒီ လုံခြုံတဲ့ နေရာ တစ်နေရာကိုပဲ မျှော်မှန်းချင်တာပေါ့နော်။ ဒါပေမဲ့ ပြန်ရမယ်ဆိုရင်တော့ ကိုယ်တော့ မပြန်ချင်တော့ဘူးပေါ့နော်။”လို့ အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးက ဆိုပါတယ်။ ကရင်နီစစ်ရှောင်တွေကို လက်ရှိ ယာယီစခန်းကနေ အပြင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားပြီး အစားအသောက်ကိုတော့ အလှူရှင်တွေကနေ စုပေါင်းချက်ပြုတ် ကျွေးမွေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ရှောင်တွေကို နေရပ်ပြန်ပို့ရေး၊ မပို့ရေးကို ထိုင်းအာဏာပိုင်တွေဘက်က ဘားမှပြောဆိုလာတာမရှိသေးဘူးလို့ စခန်း အုပ်ချုပ်ရေး ဥက္ကဌဖြစ်တဲ့ နော်မူသောက ပြောပါတယ်။ လက်ရှိ ဒေါနိုးကူး စစ်ရှောင်စခန်းကနေထိုင်းနိုင်ငံထဲခိုလှုံလာတဲ့ စစ်ဘေး ရှောင်ဦးရေဟာ ကောက်ယူထားတဲ့ စာရင်းအရ ၃၈၈၆ ဦး ရှိနေတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org /%e1%80%91%e1%80%ad%e1%80% af%e1%80%84%e1%80%ba%e1%80

၂၀။ အပစ်ရပ်ကတိမတည်တဲ့စစ်တပ်ရဲ့ ကုန်စည်သယ်ခွင့်ကန့်သတ်မှုကြောင့် ပလက်၀မှာကုန်ဈေးနှုန်းတွေမြှင့်တက်နေ
     August 14, 2023

အပစ်ရပ်ကတိတွေကို ချိုးဖောက်ပြီး ကုန်စည်၊ဆေး ဝါးသယ်ယူခွင့်တွေ ကန့်သတ်နေတဲ့ စစ်ကောင်စီတ ပ်ရဲ့လုပ်ရပ် ကြောင့် ချင်းပြည်၊ပလက်၀မှာ ဓါတ်ဆီနဲ့အခြေခံစာနပ်ရိက္ခာတွေ ဈေးအဆမတန်မြှင့်တက် နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ အပြစ်မဲ့အရပ်သားတွေကို လွှတ်ပေးဖို့၊ကုန်စည်၊ဆေး ဝါးသယ် ယူခွင့်တွေပေးဖို့၊ ပိတ်ထားတဲ့လမ်းတွေ ပြန်ဖွင့်ဖို့စတဲ့ ကတိတွေနဲ့ ၂၀၂၂ ခုနှစ်၊နို၀င်ဘာလ ၂၆ ရက်နေ့မှာ အလွှတ်သဘော အပစ် ရပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ စစ်ကော င်စီတပ်ဟာ ဆေးဝါး၊အိမ်ဆောက်ပစ္စည်း၊ဓါတ်ဆီနဲ့ဆန်တို့ကို သယ်ယူခွင့်ကန့်သတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ “ကျောက်တော်ကနေ ဒီကိုဆေးတွေယူလို့မရဘူး။ ဆန် တွေ ဆီတွေဆိုရင်လည်း ကိုယ့်ဟာကိုယ်၀ယ်ချင်တိုင်း၀ယ်လို့မရဘူး။ လမ်းမှာ စစ်သားတွေကမယူရဘူး။အဲလိုဆိုတော့ အကုန် ဈေးတက်တာပေါ့။ အပစ်မရပ်ခင်ကလည်း ဈေးတက်တယ်။အခုလည်း တက်တယ်။”လို့ ပလက်၀ဒေသခံတစ်ဦးက ပြောပါ တယ်။ တဆင့်ပြန်ရောင်းတဲ့ ဆိုင်ရှင်တွေတောင် ဆန်တွေကို လိုသလောက် ၀ယ်ယူလို့မရဘဲစစ်တပ်ကကန့်သ တ်ထားတဲ့ ပမာဏအတိုင်းပဲ ၀ယ်ယူနေကြရတယ်လို့လည်း ဆိုကြပါတယ်။

ပလက်၀မှာ ဓါတ်ဆီတစ်လီတာကို ကျပ် ၇၀၀၀ ကျော်၊ ဆန်တစ်အိတ်ကို တစ်သိန်း၀န်းကျင်၊ တစ်သိန်းခွဲထိ ပေး၀ယ် နေကြရတယ်လို့ ဆိုကြပါတယ်။ “​တခါတလေဓါတ်ဆီတွေ ရှာမရဘူး။ စစ်တပ်က ကန့်သတ်ထားတော့ နည်းနည်းရှားလာရင် ဆိုင်ရှင်တွေကလည်း ဈေးတင်လိုက်ရော။”လို့ နောက်ထပ်ပလ က်၀ဒေသခံတစ်ဦးက ပြောပါတယ်။ ပလက်၀ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ တခြားကုန်ပစွည်းတွေအတွက် ရခိုင်ပြည်၊ ကျောက်တော်မြို့ကို အားကိုးနေကြရတာဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်တော်နဲ့ ပလက်၀ကို စစ်ကောင်စီက တစ်ပတ်မှာ နှစ်ကြိမ် သင်္ဘောပြေးဆွဲပေးနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ တကျော့ ပြန်တိုက် ပွဲကာလနဲ့အရင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ တိုက်ပွဲကာလတွေမှာအဲဒီ ကျောက်တော် – ပလက်၀ရေလမ်းကြောင်းနဲ့ကုန်းလ မ်းတွေကို စစ်ကောင်စီတပ်က ကာလရှည်ကြာ ပိတ်ထားခဲ့ပါတယ်။ https://www .facebook.com/photo/?fbid=6213407701 34946&set=a.583120797290277

၂၁။ ရခိုင်တွင် ရေကြီးမှုကြောင့် လူ ၆ ဦးသေ၊ လယ်ဧက ၇၀,၀၀၀ ကျော် ပျက်စီး
     August 15, 2023

ရခိုင်ပြည်နယ်မှာ ဇူလိုင် ၃၁ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံ ဖြစ်ပွားမှုတွေကြောင့် မြို့နယ် ၃ ခုက ပြည်သူ ၆ ဦး သေဆုံးခဲ့ကာ ရေလွှမ်းမိုးခဲ့တဲ့ မြို့နယ်တွေက လယ်ဧက ၇၀,၀၀၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ ရက္ခိုင့် တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့က ကျေးရွာအများစုမှာ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ရေ ၁၀ ပေကနေ ၁၅ ပေအထိ အမြင့်ဆုံး မြင့်တက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရေလွှမ်းမိုးမှုကြောင့် မြို့နယ် ၇ ခုက ကျေးရွာပေါင်း ၃၉၀ ကနေ လူနေအိမ်ပေါင်း ၂၈,၀၇၂ အိမ် ရေနစ်မြုပ်ခဲ့ပြီး လူ ၆ ဦးသေဆုံးကာ လယ်ဧက ၇၀,၅၃၇ ဒသမ ၃၄ ဧက ပျက်စီးခဲ့ပြီး ရေကန်ပေါင်း ၈၅ ကန်ခန့် ပျက်စီးခဲ့ တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေကြီးမှုကြောင့် လယ်ယာတွေ ပျက်စီးသွားတဲ့အတွက် မျိုးစပါးလိုအပ်ချက် အရေးတကြီး ရှိနေတယ်လို့ မင်းပြားမြို့ နယ် မင်းဖူးကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်လှက ပြောပါတယ်။“ရေကြီးမှုကြောင့် လယ်တွေက ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ ပြန်စိုက်ဖို့ကလည်း မျိုးစပါးက ရှာမရလောက်အောင် ခက်ခဲနေကြတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အကူအညီတွေ ပေးစေချင်တယ်။” ရေနစ်မြုပ်မှုနဲ့ မိုခါမုန်တိုင်းဒဏ်ကိုပါ ခံစားခဲ့ရတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ရရှိရေး အရေးတကြီးလိုအပ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ အခုလို ရေဘေး၊ လေဘေးသင့် ပြည်သူတွေအတွက် အရေးတကြီး လိုအပ်ချက်ရှိနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းတွေ၊ မျိုးစပါးတွေ၊ လယ်ယာသုံးနဲ့ ရေလုပ်ငန်းသုံးပစ္စည်းတွေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် တခြား အရေးပေါ်ပစ္စည်းတွေကို ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းကို အရေးပေါ်အကူအညီတွေ ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ https://burmese.dvb.no/post/ 609901

၂၂။  ကရင်နီဒေသမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းတက်လို့ ထောက်ပို့တွေအတွက် အခက်အခဲဖြစ်နေ
     August 14, 2023

ကယား(ကရင်နီပြည်)မှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းထပ်တက်လာတာကြောင့် ထောက်ပို့တွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီရဲ့ ဆင်ဖြူတော်မွေးနေ့ အထိန်းအမှတ်အဖြစ် ၂၀,၀၀၀ ကျပ်တန် ထုတ်ဝေပြီးတဲ့နောက်မှာ အခုလို ဈေးတက်လာတာလို့ ထောက်ပို့ အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“၂၀,၀၀၀ တန် ထုတ်တာက စတာပဲ။ တိတိ ကျကျ ပြောရရင်တော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က စတာပေါ့။ ကုန်ဈေးနှုန်းတက်တော့ ထောက်ပံ့ရတာ ပိုခက်ခဲလာတယ်။ ဥပမာ အရင်က ပစ္စည်းတစ်ခုကို ၁၀,၀၀၀ ဆိုရင် အခု ၂၀,၀၀၀ ကျော်သွားပြီ။ ထောက်ပံ့ရတဲ့ ပစ္စည်း အရေအတွက် လျော့သွားတာပေါ့” လို့ သူက ပြောပါတယ်။ ဩဂုတ်လ ဒုတိယအပတ်အတွင်း ထောက်ပို့အဖွဲ့တွေ အဓိက ဈေးဝယ်ကျတဲ့ လွိုင်ကော်မြို့ထဲမှာ စားအုန်းဆီ တစ်ပိဿာကို အရင်က ၈,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျော်အထိ မြင့်တက်လာပြီး ဆန်ကလည်း ၁၀၀,၀၀၀ (ကျပ်) ဝန်းကျင်ကနေ ၁၅၀,၀၀၀ ကျပ် နီးပါးအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓါတ်ဆီဈေးကလည်း ၂,၄၀၀ ကျပ် ဝန်းကျင်ကနေ ၂,၈၀၀ – ၃,၀၀၀ ကျပ်အထိ မြင့်တက်လာတာကြောင့် ထောက်ပို့အဖွဲ့တွေအတွက် သွားရေးလာရေးကအစ ခက်ခဲလာတယ်လို့လည်း သိရပါတယ်။ “ဒီနောက်ပိုင်း စစ်ဘေးရှောင် စခန်းတွေသွားရင် လမ်းကြောင်းက သေချာဆွဲရတယ်။ လမ်းကြောင်းတစ်ခုနဲ့ နေရာ ၅ ခုလောက် ရောက်အောင်ပေါ့။ ခါတိုင်းလို တစ်နေရာစီ သွားနေရင် ရတဲ့ Fund (ရန်ပုံငွေ)နဲ့က ဘယ်လိုမှ မကာမိဘူး။ ရသလောက် ချင့်ချိန်ပြီး ဝယ်နေရတော့ စစ်ရှောင်တွေ နား အပြည့်မရောက်နိုင်တော့ဘူး” လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းကစပြီး ဒီနေ့ဒီချိန် အထိ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာပေမယ့် လုပ်ခလစာဟာ တိုးလာတာမျိုး မရှိတာကြောင့်  အခြေခံလူတန်းစား တွေဟာ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။ https://www.facebo ok.com/photo/?fbid=320757853643999&s et=a.285900490463069

၂၃။  ကျုံဒိုးတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ
     August 14, 2023

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် ပစ္စည်းများလည်း ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU)က  ထုတ်ပြန်လာသည်။ စစ်ကောင်စီတပ် ခမရ ၅၄၅ က ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့  နံနက်ပိုင်းတွင် ကျုံဒိုးမြို့ နယ်၊ ကရင်ကျောက်ဖျာရွာကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်းမှာ ညာဖက်လက်တဖက်လုံး ကြေမွ ပြင်းထန်ဒဏ်ရာရပြီး အသက် ၆၉ နှစ်အရွယ် ဦးတလက်မမှာ ဘယ်ဖက် ပုခုံးစွန်း ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကရင်ကျောက် ဖျာရွာနေ အသက် ၆၅ နှစ်အရွယ် ဒေါ်မယ်ကြည် ၏ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဦးညိမ်၏ လယ်ထွန်စက် ၁ စီးလည်း ကျည်စထိမှန်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://www.fa cebook.com/photo/?fbid=682691880570669&set=a.60 0722605434264

၂၄။  စစ်ကောင်စီ လက်အောက်ခံ မူဆယ်မြို့မ ပြည်သူ့စစ်က ဒေသခံ ၄ ဦးကို ဖမ်းဆီးနှိပ်စက်လို့ တစ်ဦး သေဆုံး
      August 14, 2023

တအာင်းအမျိုးသား လွတ်‌မြောက်ရေး တပ်မတော်-TNLA တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ TNLA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့မ ပြည်သူ့စစ်က ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ မြို့မပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ ကျန်ဒေသခံ ၃ ဦးကိုတော့ နှိပ်စက် ထားတဲ့ ဒဏ်ရာတွေနဲ့ အမှိုက်ပုံမှာစွန့်ပစ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြို့မ ပြည်သူ့စစ် က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကတော့ နမ့်ကတ်အုပ်စု၊ မိုင်းဆက်ရွာ ဒေသခံ ဦးအိုက်မြင့် ၃၆ နှစ်၊ မန်ကန်ဒေသခံ လုမ်မြတ်အောင် ၂၂ နှစ်၊ ရီအောင်ဝင်း ၂၄ နှစ်နဲ့ အိုက်မောင်ဦး ၁၇ နှစ်တို့ ဖြစ်ပါတယ်။  ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ၄ ဦးရဲ့ မျက်နှာကို အဝတ်နဲ့ စွပ်ထားပြီး အစာမကျွေးဘဲ ၂ ရက်တိုင်တိုင် ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ အတွက် မန်ကန်ရွာခံ ရီအောင်ဝင်း အသက် ၂၄ နှစ်ဟာ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မြို့မပြည်သူ့စစ်တွေ ဘယ်လို လုပ်လိုက်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ TNLA က ပြောပါတယ်။  ကျန်တဲ့ ၃ ဦးကိုတော့ စစ်ကောင်စီ လက်အောက်ခံ မြို့မပြည်သူ့စစ်က မျက်နှာကို အဝတ်နဲ့စည်းပြီး မန်မိုင်ရွာ အနီးရှိ အမှိုက်ပုံမှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဒေသခံတွေကို TNLA တပ်သားတွေလို့ စွပ်စွဲပြီး ဆိုင်းခေါင်ရွာမှာ မြို့မ ပြည်သူစစ်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာသာမက တိုက်ပွဲ ဖြစ်ပွားမှု မရှိတဲ့ နေရာတွေမှာပါ ဒေသခံ ပြည်သူလူထုကို အတင်းအဓမ္မ ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ပြောပါတယ်။ https://www facebook.com/photo/?fbid=32081536697 1581&set=pcb.320815416971576

၂၅။  စစ်တွေကမ်းခြေအနီးက စားသောက်ဆိုင် ၁၀ ကျော်ကို နှစ်ပတ်အတွင်း ဖယ်ရှားခိုင်း
      August 14, 2023

ရခိုင်ပြည်၊ စစ်တွေမြို့ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင် ၁၆ ဆိုင်ကို ဩဂုတ်လ ၂၆ ရက်နေ့မှာ နေရာ မှ အပြီးသတ်ဖယ်ရှားပေးရန် မြို့နယ်စည်ပင်က အကြောင်းကြားထားကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။  စားသောက် ဆိုင်ပိုင်ရှင် ၁၆ ဦးကို ဩဂုတ်လ ၁၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး နောက်တစ်နေ့တွင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။“ဒီကမ်းခြေကဆိုင်ရှင်တွေနဲ့ စည်ပင်လူကြီးက ဆွေးနွေးတိုင်ပင်ဖို့ဆိုပြီး ခေါင်းစဉ်ပါ တယ်။ အစည်းအဝေးကို တက်ရောက်တဲ့အချိန်မှာကျတော့ ဒီနှစ်ပတ်ကြာရင်တဲ့ ဒီနယ်မြေကနေ အကုန်လုံး ဖျက်သိမ်းပြီးတော့ ပြန်ရမယ်လို့ပြောတယ်” စားသောက်ဆိုင်ပိုင်ရှင် ဦးဘိုဘိုနိုင်က ပြောသည်။ စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင်များမှာ ကျူးကျော်များဖြစ်ပြီး ဆိုင်ခန်းအသစ်များကိုလည်း ခွင့်မပြုချက်မရှိဘဲ အခိုင် အမာ တိုးချဲ့ဆောက်လုပ်ထားသဖြင့် ဥပဒေနှင့် အညီဖယ်ရှားခြင်းဖြစ်ကြောင်း အကြောင်းအကြားစာတွင် ဖော်ပြထား သည်။ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိပါက စက်ယန္တရားများဖြင့် လာရောက်ဖြိုဖျက်မည့်အပြင် အရေးယူသွားမည်ဟုလည်း မြို့နယ်စည်ပင်က ပြောဆိုကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

“မထွက်သွားပေးလို့ရှိရင် စက်ကြီးယန္တရားကြီးတွေနဲ့ ဖြိုခွဲမယ်ပေါ့ ကျမတို့ကို အဲလိုမျိုးပြောပါတယ်။ ဒါဟာ ရုံးကနေ ပြောရမယ့်စကား မဟုတ်ပါဘူး။ ကျမတို့က အဲ့လောက်ထိလည်း သူတို့အပေါ်မှာ လုပ်ထားတာ မရှိပါဘူး။ ဒါဟာ မရှိဆင်းရဲသား တွေအကုန်လုံး လုပ်ကိုင်စားသောက်နေကြတာပါ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတာပါ” ဟု Global Restaurant ပိုင်ရှင် ဒေါ်မေဇူသင်းက ပြောသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ပြည်နယ် ဒုညွှန်ကြားရေးမှူး ဦးကျော်မိုး က ယင်းဆိုင်ခန်းများမှာ မြို့အင်္ဂါရပ်နှင့် မညီညွတ်သည့်အတွက် စည်ပင်သာယာရေးဥပဒေနှင့်အညီ လုပ် ဆောင်ရခြင်းဖြစ်ကြောင်း ပြောသည်။“ဒီမြို့ပေါ်မှာ ကျူးကျော်တွေက လမ်းပေါ်တွေမှာ အိမ်တွေဆောက်၊ တဲတွေဆောက်၊ လူတွေနေ၊ အဲဒါမျိုးတွေ အများကြီးဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကတော့ မြို့သန့်ရှင်းသာယာလှပရေးနဲ့ ကျနော်တို့ရဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေဖြစ်တဲ့ အဲဒါလေးတွေကို ကျနော်တို့ အဓိက အကောင်အထည်ဖော်တာပါ” ဟု ဦးကျော်မိုးက ပြောသည်။“ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက်က ကျမတို့ကို ဆိုင်ခန်းတွေကို မဲနှိပ်ပြီးတော့ အပေါ်တစ်နေရာ၊ အောက်တစ်နေရာ နေရာချပေးခဲ့တာ”ဟု စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ခင်လှရီက ပြောသည်။ https://www.facebook.com/ photo?fbid=681325784041021&set=a .643209801185953

၂၆။ ကိုယ်ထူကိုယ်ထ ကန်ကလို့ကျေးရွာစာသင်ကျောင်းမှာ ကလေးတွေလုံခြုံစွာပညာသင်ကြားနိုင်ဖို့အခက်အခဲကြုံနေရ
     August 14, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စု၊ ကန်ကလို့ကျေးရွာမှာ ကျေးရွာနေကလေးငယ် တွေအပါအဝင် စစ်ဘေးရှောင်ကလေးငယ်တွေပညာသင်ကြားနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထကျောင်းဖွင့်လှစ်ပြီး ပညာသင်ကြား ပေးနေတယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စာသင်ကျောင်းရဲ့မိုးကာတွေပေါက်ပြဲပြီး စာသင်ခန်းအတွင်း မိုးရေတွေ စိမ့်ဝင်ကာရေဝပ်နေတဲ့အတွက် ကလေးငယ်တွေအနေနဲ့ပညာသင်ကြားရေးမှာ အခက်ကြုံနေကြရသလို မိုးတွင်း ကာလမှာ အမိုးအကာလုံခြုံမှုမရှိလို့ ကလေးတွေရဲ့ကျန်းမာရေးအတွက်လည်း စိုးရိမ်နေရတယ်လို့ဆိုပါတယ်။ ကန်ကလို့ကျောင်း ကို အလယ်တန်းအဆင့်အထိ ကိုယ်ထူကိုယ်ထကျောင်းအ‌နေနဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ/သားဦးရေ (၇၀) ကျော်ရှိကာ ဆရာ/ ဆရာမ (၈)ဦးနဲ့ ပညာသင်ကြားပေးနေတယ်လို့သိရပါတယ်။ https://www.facebook.com/photo?fbid=74683760078663 4&set=pcb.746821594121568

၂၇။ အရှေ့မော်တုံးက ရွာသားနေအိမ်တွေမှာ  စစ်ကောင်စီတပ်သားတွေ တပ်စွဲနေ၊ ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထား
     August 14, 2023

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံးကျေးရွာအုပ်စုက နေအိမ်တွေမှာ စစ်ကောင်စီတပ်သားတွေတပ်စွဲနေထိုင်နေပြီး အရပ် သားတွေကို ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာ ခြေလျင်စစ်ကြောင်းထိုးဝင်လာ တဲ့ စစ်ကောင်စီတပ်သားတွေဟာ အရှေ့မော်တုံးရွာက အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့ပြီး လေးဦးကို မနေ့ညက ပြန်လွတ်ပေးခဲ့ ပါတယ်။ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာတော့ အနောက်စုလို့ခေါ်တဲ့ ရပ်ကွက်က အသက် ၄၀ ကျော်အရွယ် ကိုဇော်မင်းဦး ကို သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်က ဝင်ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။“သူကအရပ်ထဲ ခရီးသည်တင်ကားတွေ၊ လူနာတင် ကားတွေမှာ အငှားယာဥ်မောင်းလုပ်ရင်း အသက်မွေးဝမ်းကျောင်းလုပ်နေတာ။တော်တော်ကြာပြီ။ ဟိုးအရင့် အရင်ကတည်းက။ ဘာကြောင့်ဝင်ဖမ်းသွားလဲ မသိရဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။လက်ရှိအဖမ်းခံထားရဆဲဖြစ်တဲ့ အမျိုးသား နှစ်ဦးစလုံးကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာကို မသိရသေးပါဘူး။

စစ်ကောင်စီတပ်သား ၈၀ ‌ခန့်ကတော့ မော်တုံးရွာမရွာ၊ ဘန်းလမွတ်၊ ထုံနွယ်နဲ့ အန္တာပြင်ရွာတွေက လူနေအိမ်တွေမှာ မနေ့ကတည်းဝင်ရောက်တပ်စွဲနေထိုင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့ မနက်ကတည်းက မြိတ်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီတပ်ကား ၁၀ စီးကလည်း တနင်္သာရီမြို့ဘက်ကို ဆင်းသွားပြီး ဒီကနေ့မှာတော့ အောက်ကင်းရွာအခြေစိုက် (၅၅၇) တပ်ရင်းထဲမှာ ရှိနေတယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီတပ်က လှုပ်ရှားမှုတွေရှိနေတဲ့အပေါ် တော်လှန် ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ “လက်ရှိတနင်္သာရီတိုင်းမှာ တိုင်းမှူးအပြောင်းအရွှေ့တွေရှိထားတော့ အသစ်ပြောင်းလာတဲ့သူတွေက ပထမဆုံး ခြေလှမ်းစလှမ်းတာလို့ မြင်တယ်။”လို့ ခန့်မှန်းပြောဆိုပါတယ်။ ဒေသခံတွေက အရှေ့စုလမ်းဆုံလို့ခေါ်တဲ့နေရာမှာလည်း စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်တာ၊ အရပ်သားဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးထားတာတွေ ရှိနေတယ်လို့ သိရပါ တယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်နေတဲ့နေရာဟာ မော်တုံးရွာအရှေ့ကမ်းမှာဖြစ်ပေမဲ့ တိုက်ပွဲဖြစ်ရင် ချောင်းတစ်ခုခြား နေတဲ့ မော်တုံးအနောက်ကမ်းရွာကိုပါ ပစ်ခတ်တိုက်ခိုက်လေ့ရှိတာကြောင့်  အနောက်မော်တုံး‌ကျေးရွာအုပ်စုက ဒေသခံအများစု လည်း စစ်ဘေးရှောင်ပြေးနေကြရတယ်လို့ သိရပါတယ်။ https://ww w.facebook.com/photo?fbid=318738093877280&se t=a.196212679463156

၂၈။  တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်မှာ အခုတပတ်အတွင်း တကျော့ပြန်မိုးကြီးနိုင်
     August 14, 2023

တနင်္သာရီတိုင်းမှာ နောက်နှစ်ရက်ကစပြီး တစ်ပတ်အတွင်း တကျော့ပြန်မိုးကြီးနိုင်တယ်လို့ NUG ရဲ့ မိုးလေဝသက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အခုလာမယ့် ၁၆ ရက်ကစပြီး ၂၀ ရက်အထိ တနင်္သာရီတိုင်းအပါအဝင်၊ မွန်ပြည် နယ်နဲ့ ပဲခူးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးချက်မှာ အထူးဖော်ပြထားတာပါ။ မိုးများခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကို အထူးသတိထားပြီး ပြင်ဆင်နေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါ တယ်။ မိုးလယ်ကာလဖြစ်တဲ့ သြဂုတ်လ ပထမပတ်အတွင်း တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၈ လက်မကျော်ထိရောက် ခဲ့ပြီး တစ်ပတ်လောက်ထိ မြို့နယ်အတွင်းရေကြီးရေလျှံတာတွေဖြစ်ကာ အိမ်ထောင်စုအချို့ ရေဘေးသင့်ခဲ့ပါတယ်။ အဲဒီကာလ အတွင်း အရပ်သားတတစ်ဦးလည်း ရေနစ်သေဆုံးခဲ့ပါတယ်။

တနိုင်ငံလုံးမှာလည်း သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ချင်းတွင်းမြစ်ရေတို့မှာ စိုးရိမ်ရေအမှတ်အထက်ရောက်နေပြီး ပဲခူးတိုင်း၊ ဘားအံ့နဲ့ ဘီလင်းမြို့တို့မှာ ရေကြီးရေလျှံကာ ဒေသခံ ထောင်ချီပြီး ရေဘေးအန္တရာယ် ရင်ဆိုင်နေရပါတယ်။  အခုရက် သတ္တပတ်မှာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာလည်း နောက် တစ်ကြိမ်ထပ်မံ မိုးသည်းထန်နိုင်တာကို သတိပြုဖို့လိုတယ်လို့ NUGရဲ့ မိုးလေဝသသတင်းတွေကို ထုတ်ပြန်နေတဲ့ လူသားခြင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ https://www.facebook.com/pho to/?fbid=319213317163091&set=a.196212682796489

၂၉။  ဖားကန့် ကျောက်စိမ်းလုပ်ကွက်မြေပြိုမှု ရုပ်အလောင်းကိုးလောင်း ပြန်တွေ့
      August 15, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာမြေပြိုမှုဖြစ်ပြီး ပျောက်ဆုံး နေသူတွေထဲက ကိုးဦးရဲ့ရုပ်အလောင်းတွေကို သြဂုတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီမှာ ပြန်လည်တွေ့ရှိထားပြီလို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်မှာ ‌ပေ ၃၀၀ အမြင့်ရှိတဲ့ မြေစာပုံနဲ့ ချောက်ကမ်းပါး ပြိုကျပြီး ကျောက်စိမ်းတူဖော်သူ ၃၆ ဦး ပျောက်ဆုံး သွားခဲ့တာပါ။ ဒီနေ့ နေ့လယ်အထိ ရုပ်အလောင်း ကိုးလောင်းတွေ့ရှိထားပြီး ရှာဖွေရေးတွေ ဆက်လုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။ “အခု ၁၂ နာရီထိ ၉ လောင်းတွေ့ပြီ။ ဒီနေ့က ရာသီဥတုက ပိုဆိုးတယ်။ မိုးကရွာ၊ မြေကပြိုဖြစ် နေတာ။ အခု အလောင်းတွေက ပေါ်လာတော့ ကျွန်တော်တို့လည်း ကယ်ဆယ်ရေးတွေလုပ်နေတယ်” ပျောက်ဆုံးနေသူတွေကို သြဂုတ်လ ၁၄ ရက်နေ့ကတည်းက စတင်ရှာဖွေခဲ့တာပါ။

မြေပြိုတဲ့နေရာမှာရောက်ရှိနေတဲ့ ဒေသခံတစ်ဦးကလည်း ပြန်လည်တွေ့ရှိတဲ့ ရုပ်အလောင်းတချို့ဟာ ဘယ်သူဘယ်ဝါ မသိလောက်အောင် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ဖားကန့် မြို့နယ်၊ မက်လင်ဂျောင်ရွာမှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမကုမ္ပဏီတို့ရဲ့ ကျောက်တူးဖော်ရေးလုပ်ကွက်မှာ မြေပြိုမှု ကြောင့် ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူးသမား ၈၀ နီးပါး သေဆုံးခဲ့ရပါတယ်။ https://www.rfa.org/b urmese/news/hpakant-landslide-08152023022740.html

၃၀။ ရွာသစ်မြို့ခံတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထမ်းဆောင်ဖို့ စာရင်းကောက်ယူ
      August 15, 2023

ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့မှာ ပိတ်မိနေတဲ့ ဒေသခံတွေထဲက အသက် ၁၇ ကနေ ၅၅ နှစ် ကြားရှိသူတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထမ်းဆောင်ဖို့ဆိုပြီး စာရင်းတွေ ကောက်ယူသွားခဲ့တယ်လို့ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ နီးစပ်သူ တွေဆီကနေသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံတွေစုပေါင်းနေထိုင်ကြတဲ့ ဘုန်းကြီး ကျောင်းမှာလာရောက် စာရင်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။ “ရွာသစ်မှာ အသက် ၁၇ – ၁၈ ကနေ ၅၅ အထိ ယောင်္ကျား လေး မှန်သမျှ ပြည်သူ့စစ် (ပျူစောထီး) လုပ်ခိုင်းနေပါတယ်။ ပြည်သူ့စစ်လုပ်မယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ် ပတ်လောက်က ပြောတယ်။ ခုတော့ ထပ်ပြောလာတာတော့ မရှိတော့ဘူး။ နေ့တိုင်းတော့ လူဦးရေ အတိုးအလျော့စစ်တယ်။ အသက် အပိုင်းအခြားအလိုက် စာရင်းကောက်တယ်။ ကိုယ့်ဒေသကို ကာကွယ်ရမယ် ဆိုပြီး အသက် ၁၇ ကနေ ၅၅ အထိ။ ယောင်္ကျားလေး၊ မိန်းကလေးလည်း ပါတယ် ပြောတယ်။ စာရင်းလာကောက်သွားတာ။” လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေသူတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ လည်းသိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဘယ်ကို ဖမ်းဆီးသွားမှန်း မသိအောင် မျက်နှာကို အဝတ်စစည်းပြီး ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လာသူ တချို့ရှိပေမယ့်ပြန်မလွှတ်လာသေးသူလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါ တယ်။ ရွာသစ်မြို့တွင်းမှာ ပိတ်မိနေသူတွေဟာ ဘုန်ကြီးကျောင်း လေးကျောင်းမှာ နေထိုင်ကြတာဖြစ်ပြီး တစ်ကျောင်းနဲ့ တစ်ကျောင်းရဲ့ အဖြစ်အပျက်တွေ၊ ကြုံတွေ့ရတာတွေကိုလည်း မသိရှိရဘူးလို့ ဒေသခံတွေနဲ့ နီးစပ်သူတွေက ပြောဆိုကြပါ တယ်။“နှိပ်စက်တာကတော့ တချို့ဆို လမ်း‌တောင်မလျှောက်နိုင်အောင် နှိပ်စက်ထားတယ်။ တော်တော်ကိုဆိုးဆိုးရွားရွား နှိပ်စက်တယ်။ ခေါ်ဆောင်သွားခံရတဲ့လူတွေဆို ထမင်းမစားရ၊ ရေမသောက်ရ နေ့ခင်းဆို နေပူထဲကြိုးတုတ်ထားတယ်။ ညကျ ဗုံးခိုကျင်းထဲ ထည့်ထားခံရတယ်။ ဘယ်နေရာ ခေါ်ဆောင်သွားလည်း မသိရအောင် မျက်လုံးကို အ၀တ်နဲ့ အုပ်ထားတယ်။” လို့ ရွာသစ်ဒေသခံတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့ကတော့ စစ်တပ်လုပ်ခိုင်းတာကတော့ လုပ်ခိုင်းမှာဘဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် စစ်တပ်အခြေအနေက အခြေအနေ မကောင်းတော့ဘူးလေ။ အဲ့တော့ လုပ်နိုင်တာပေါ့လေ။ ဒါပေမယ့် ဒီအခြေအနေကတော့ ကျနော်တို့ ဘာမှ(သတင်း) မရဘူးတော့ မပြောတတ်ဘူးပေါ့။ အဲ့ဒီရွာသစ်အခြေအနေက။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင် က ပြောပါတယ်။ လတ်တလောမှာတော့ ရွာသစ်အနီးမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးပေမယ့် အချိန်မရွေး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာတယ်လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။ https://www.kantarawaddytimes.org/% e1%80%9b%e1%80 %bd%e1%80%ac%e1%80%9e%e1%80%85%e1%80

၃၁။ ထားဝယ်ထောင်မှူးအပါအဝင် ရာထူးကြီးထောင်ဝန်ထမ်းအများအပြား ချုပ်နှောင် စစ်ဆေးခံနေရ
     August 15, 2023

ထားဝယ်အကျဉ်းထောင်က ဒုထောင်မှူးနေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေဖမ်းမိပြီးနောက် ထောင်မှူး၊ ဒုထောင်မှူး အပါအဝင် ရာထူးကြီးပိုင်းဝန်ထမ်းအများအပြားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ထားဝယ်အကျဥ်းထောင်က ဒုထောင်မှူး(ထောင်ပိုင်လေး) ဦးသူရိန်ထွန်းရဲ့ထောင်ဝင်းထဲကနေအိမ်ကို စစ်ကောင်စီတပ်က အလစ်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန် သူ့ရဲ့နေအိမ်အခန်းထဲမှာ WY ဆေးပြား၊ ICE နဲ့ ဆေးခြောက်တွေအပြင် မိုဘိုင်းဖုန်းအများအပြားကို ဖမ်းမိခဲ့တာလို့ သိရပါတယ်။ “တခြားဝန်ထမ်းအိမ်ရာတွေကို အရင်ရက်တွေ ကတည်းက တစ်ခေါက်စစ်သေးတယ်။ မနေ့ကတော့ ပါဆယ်လက်ခံတဲ့နေရာနဲ့ ကပ်နေတဲ့ ဒုထောင်ပိုင်အိမ်ကို ဝင်တာ။ မိတာက မနည်းမနောပဲ” လို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီနောက် ထောင်မှူးဟောင်း ဦးအောင်နိုင်ဖေနဲ့ ဒုတိယထောင်မှူး ဦးသူရိန်ထွန်းအပါအဝင် ထားဝယ်ထောင်က ရာထူး အကြီးပိုင်းက အမျိုသားဝန်ထမ်းအယောက် ၂၀ လောက်ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ဆေးခံနေရတဲ့ ထောင်မှူး ကတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ရာထူးကအနားပေးလိုက်တဲ့ ထောင်မှူးဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ “အပြင်ကိုပေးမထွက်ဘဲ ထောင်ဘူးထဲမှာချုပ်ထားပြီး စစ်နေတာ။ အကြီးပိုင်း ဝန်ထမ်းအများစုပါတယ်။ ပြီးတော့ စစ်ဆေးရေးတာဝန်ကျသူ အကုန်ပါတယ်” လို့ ထောင်နဲ့နီးစပ်သူ က ပြောပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တွေမှာတော့ ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့နေအိမ်ကို ဝင်ရောက်ဖမ်းဆီးချိန် နေအိမ်အတွင်းက WY ဆေးပြား၊ ICE၊ ဆေးခြောက် အပြင် ခလုတ်ဖုန်း ဖုန်းမျိုးစုံ ၄၉ လုံး၊ Touch Screen ဖုန်း ၃၀ လုံး၊ ဖုန်းနဲ့ စပ်ဆက်ပစ္စည်းအများအပြားနဲ့ မူးယစ်ဆေးဝါး သုံးစွဲ ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေသိမ်းမိတယ်လို့ ရေးသားထားပါတယ်။ https://www.facebook.com/photo/?fbid=319607 043790385&set=a.196212682 796489

၃၂။  စစ်ကောင်စီဝန်ထမ်းများ CDM လုပ်ရန်သတိပေးချက် သတ်မှတ်ကာလမကုန်သေး၍ အရေးယူမှုမရှိသေး ခြင်း          ဖြစ်ဟု TNLA ပြော
      August 14, 2023

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ရန် တအာင်းတပ်မတော် (TNLA)က တရားဝင်ကြေညာချက်ထုတ်ပြန်ထားရာ သတ်မှတ်ကာလ မကုန်သေး၍ အရေးယူမှုအပိုင်းမရှိသေးခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က ပြောသည်။ ယခုနှစ်ဆန်းပိုင်းတွင် TNLA ၏ အုပ်ချုပ် ရေးဌာနက ထုတ်ပြန်ခဲ့သည့်ကြေညာချက်၌ Non CDM များ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေး ယူမည်ဟု အသိပေးထားခြင်းဖြစ်သည်။ “ကျနောတို့ အုပ်ချုပ်ရေးပိုင်းက အောက် ခြေကို ညွှန်ကြားတဲ့စာပေါ့။ ဒီဟာကလည်း ၈ လပိုင်း နောက်ဆုံးထားပြီးမှ သတိပေးထားတာပေါ့။ သတ်မှတ်ကာလလည်း မကုန်သေးတော့ ဘာမှ အရေးယူတာမျိုးတော့ မရှိ သေးပါဘူး”ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ဩဂုတ် ၁၄ ရက်တွင်ပြောကြားသည်။ ထို့ကြောင့် TNLAက စစ်ကောင်စီဝန်ထမ်း များ CDM ပြုလုပ်ရန် သတ်မှတ်ထားသည့်အချိန်မှာ နှစ်ပတ်ကျော်သာ ကျန်တော့သည်။

ထိုသတိပေးကြေညာချက်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသရှိ မြို့နယ်အများစု အပါအဝင် မြို့နယ် ၉ ခု၌ အကျုံးဝင် သည်ဟု TNLA သတင်းပြန်ကြားရေးဌာနမှူးက ယခုနှစ်ဆန်းပိုင်းကရှင်းပြထားသည်။ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်များပါဝင်သည်ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောကြားထား သည်။ “ဒါပေမဲ့ ကျောက်မဲ ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ် တချို့ဟာတော့ ကျနော်တို့ ထိန်းချုပ်မှု၊ လှုပ်ရှားမှု အကုန်လုံးတော့ မရှိဘူး”ဟု ၎င်းက ပြောပြောကြားထားသည်။ စစ်ကောင်စီ အုပ်ချုပ်ရေးကို လက်မခံကြောင်း TNLA က တရား ဝင်ကြေညာချက် ထုတ်ပြန် ဆောင်ရွက်ခြင်းဖြစ်ရာ စစ်ရေးအရ တုံ့ပြန်လာနိုင်ခြင်းနှင့်ပတ်သက်ပြီး TNLA ၏ သဘော ထားကို မေးမြန်းရာ TNLA အနေဖြင့် ယခင်ကတည်းက ခုခံစစ်အနေဖြင့် ပြင်ဆင်ထားသည်ဟု ကြေညာချက် ထုတ်ပြန်စဉ်က ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။ https://www.facebook.com/photo/?fbid=630642395 801223&set=a.559396186259178

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button