တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

KNLA တပ်ရင်း (၁) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား (၃) ရက်ဆက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ ၂၀ ဦးသေ၊ ၇ ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

ဓါတ်ပုံ-ကေအဲန်ယူ

ဖက်ဒရယ်ဂျာနယ် (ဖေဖော်ဝါရီ / ၂၅)

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညနေပိုင်းက လက်နက်ခဲယမ်းနှင့်ရိက္ခာများ တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဥ်တန်းကို KNU-သထုံခရိုင်၊ တပ်မဟာ ၁ ၊ KNLA တပ်ရင်း ၁ တပ်ဖွဲ့များမှ သထုံခရိုင်-ဖားအံမြို့နယ်၊ ဝါးဘိုးတော-ကမမောင်း လမ်းမတစ်လျှောက် (၄) ကြိမ်မိုင်းဆွဲ တိုက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့မှု (၄)ကြိမ် အနက် (၃)ကြိမ်မှာ ထိခိုက်သေဆုံးမှုမသိရပဲ ညနေ ၇ နာရီဝန်းကျင်တွင်ပြန်ပြီး ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ တပ်ခွဲမှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် (၃)ဦးသေဆုံးခဲ့ပြီး ကား(၂)စီး ပျက်စီးသည်ဟု မြေပြင်သတင်းပေးပို့မှုအရသိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း KNLA တပ်ရင်း ၁ တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု (၅) ကြိမ်ထက်မနည်းရှိပြီး စစ်ကောင်စီဖက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦး အပါအဝင် (၁၀)ဦးသေဆုံးကာ၊ ကား ၄ စင်းပျက်စီး၊ စစ်ကောင်စီတပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း ထိတွေ့မှု  ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၇) ဦးသေဆုံးကာ (၁)ဦးဒဏ်ရာရရှိပြီး ကား ၁ စင်း ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါသည်။

ဖေဖော်ဝါရီလ ၂၃ – ၂၄ ရက်နှင့် ၂၅ ရက်နေ့ (၃)ရက်အတွင်း KNLA တပ်ရင်း ၁ တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များအကြား မိုင်းဆွဲတိုက်ခိုက်မှု၊ ထိတွေ့ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေ၊ ၈ ဦးဒဏ်ရာရ၊ စစ်ကောင်စီ ကား ၇ စီး ပျက်စီးခဲ့ သွားကာ ယင်းတိုက်ပွဲများအတွင်း KNLA ဖက်မထိခိုက်မှုမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Related Articles

Back to top button