သတင်း

NCA ဆိုတာ မရှိတော့ပါဘူးလို့ KNU ပြော

NCA ဆိုတာ မရှိတော့ပါဘူးလို့ KNU ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၁၁ ရက်၊ ၂၀၂၃။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး၊ NCA ဆိုတာ မရှိတော့ပါဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက မနေ့က ဩဂုတ် ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ အွန်လှိုင်းသတင်းစာ ရှင်းလင်းပွဲကနေ တဆင့်ပြောလိုက်ပါတယ်။

“စစ်ကောင်စီက မကြာခဏ ညွှန်းဆို သုံးစွဲနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ဆိုတာ မရှိတော့ပါဘူး။ KNU အနေနဲ့ လိုက်နာစရာအကြောင်းလည်း မရှိတော့ဘူး။ ဘာကြောင့်လဲဆိုရင် NCA ရဲ့ အခန်း (၁) မှာ ပါတဲ့ အဓိကအချက် နှလုံးသားကို စစ်တပ်က နင်းချေဖျက်ဆီးခဲ့လို့ပါ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဖက်ဒရယ်စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ တည် ဆောက် ပေးထားတယ်ဆိုတဲ့ ပြောဆိုမှုအပေါ် “၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ ဖက်ဒရယ်ဆိုတာကတော့ ကေအဲန်ယူအပါအဝင် ဗမာပြည်မှာ ရှိတဲ့သူတွေ မလိုလားဘူး ဆိုတာကိုတော့ လက်တွေ့ ၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်သိမ်းရေး တောင်းဆိုပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံအသစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆိုနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြတာ”လို့ ပြောပါတယ်။

Related Articles

Back to top button