သတင်း

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၁၃ – ၂၀၂၂

ယနေ့မတ်လ (၁၃)ရက်နေ့ ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ အကျဉ်းချုပ်ကောက်နုတ် တင်ပြခြင်း

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများက အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံများကို ၎င်း၏ သက်စေ့ အရေအတွက်အတိုင်း ပြုလုပ် ပြီး ကျိန်စာတိုက်ကာ မီးလောင်တိုက်သွင်းခြင်းအဖြစ် ယနေ့ မတ်လ(၁၃)ရက်နေ့တွင် လုပ်ဆောင် ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ၃၉၉ ရက်မြောက်အဖြစ် ဆန္ဒပြကြသည်။ သပိတ်စစ်ကြောင်း လှည့်လည်ရန် လူစုနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များ အရပ်ဝတ်ဖြင့် အနီးဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် အမြန် လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ တော်လှန်လူငယ်များသည် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၄)နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် “ဖုန်းမော်ကျဆုံး မတ်လ ၁၃၊ တော်လှန်သောနေ့ ငါတို့ မမေ့” ဆိုတဲ့ ကြွေးကြော်သံဖြင့် မတ်လ ၁၃ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထားဝယ်အကျဥ်းထောင်အတွင်း မတရား အကျဥ်းချခံထားရတဲ့ ထောင် တွင်းရဲဘော်တွေရဲ့ တိုက်ပွဲခေါ်သံဖြစ်သည့် “အဖမ်းခံရတဲ့ ညီအစ်ကိုတွေကို၊ ငါတို့ချွေးနဲ့ ပြန်ကယ် စို့”ဟု ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ကံပေါက် ဒေသတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ကိုဖုန်းမော် ကျဆုံးခဲ့သည့် ၃၄ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အဆိုပါ ရွာကို ယာယီ လက်လွှတ်ခဲ့ရကြောင်း ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၁ က ထုတ်ပြန် သည်။ စစ်ကောင်စီသည် လက်နက်ကြီး၊ လေယာဉ်တို့ အသုံးပြုကာ ယမန်နေ့ မတ်လ ၁၂ ရက်နှင့် ယနေ့ ၁၃ ရက် မနက်ပိုင်းတွင် ဒေါငံခါးကျေးရွာရှိ နေအိမ်များကို မီးရှို့နေကြောင်းလည်း သိရသည်။ KNDF က “နန်းမယ်ခုံမြို့ကို ယာယီ ဆုံးရှုံးရပြီးနောက် မတ် ၁၃ ရက်မှာ ကျနော်တို့ ဒေါငံခါးကို ထပ်မံ ဆုံးရှုံးလိုက်ရပါတယ်။ စစ်ကောင်စီ ဘက်မှ အကြိမ်ပေါင်း မြောက်များစွာ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ဗုံးကြဲ ပစ်ခတ်ခဲ့ သောကြောင့် နောက်ထပ်သော စစ်ရေးအရ အေရးပါလွေသာ ဒေါငံခါးကို ကျနော်တို့ ယာယီ လက် လွှတ်ပေးခဲ့ရပါတယ်” ဟု ဆိုထားသည်။

 

  • ရန်ကုန်မြို့ရှိ ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့ (မတ်လ ၁၃) နံနက်ပိုင်း၌ ကျောင်းသားလူငယ် များက ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄)နှစ်ပြည့်နှစ်ပတ်လည်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားချိတ်ဆွဲ ဆန္ဒပြခဲ့သည်။ ကျောင်းသားလူငယ်များသည် အာဏာရှင်စနစ်ကို ဤတော်လှန်ရေးတွင် အပြီးသတ်ဖျက်ဆီးဖြိုချပစ်ရမည် ဟူသော စိတ်ဓာတ်ဖြင့် နိုင်ငံတဝှမ်းရှိ ကျောင်းသားသမဂ္ဂများမှ ဟစ်ကြွေးကိုင်စွဲလျက်ရှိသော “သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့” ရေးသားထားသည့် ပိတ်စအား ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။

 

  • အထက(၁)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၆) ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ “အမိမြေက တလက်မမှမခွာဘဲ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာသားပါ ဘန်နာအား မတ်လ ၁၃ ရက်နေ့၌ ရွှေပြည်သာမြို့နယ် တွင် ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။

 

  • မန္တလေးတွင် စစ်အာဏာရှင် ဖြုတ်ချရေး “လွတ်လပ် တရားမျှတမှု မရသရွေ့ သူရဲကောင်း ဝိဉာဉ် တွေဟာ မသေ” ဆိုသော ပိုစတာချိတ်ကို ယနေ့ ချိတ်ဆွဲသည်။ မတ်လ (၁၃)ရက်နေ့ ဖုန်းမော် နေ့(ခေါ်) မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ ၃၄နှစ်ပြည့်မြှောက်မှု အတွက် ဘန်နာခေါင်းစည်း ချိတ်ဆွဲခြင်း အဖြစ် မန္တလေးသပိတ်အင်အားစုက “လွတ်လပ်တရားမျှတမှု မရသရွေ့ သူရဲကောင်း ဝိဉာဉ်တွေဟာ မသေ”စာတန်းပါ ခေါင်းစည်းပိတ်စကို မန္တလေးမြို့ သိပ္ပံလမ်းမကြီးပေါ်တွင် ချိတ်ဆွဲ ခြင်းဖြစ်သည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် ကိုဖုန်းမော်ကျဆုံးခြင်း (၃၄)နှစ်မြောက် အထိမ်းမှတ်နေ့ကို အောင်မြေသာစံမြို့နယ်တွင် မျက်နှာချင်းဆိုင်ကျောင်းနှစ်ကျောင်းဖြစ်သော အ.ထ.က(၈)နှင့် အ.ထ.က(၁၁) အရှေ့ ၈၂ လမ်းပေါ်၌ မန္တလေးခရိုင်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် မဟာအောင်မြေမြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့မှ အလေးပြုဦးညွတ်၍ ကြွေးကြော်ဆန္ဒ ပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ကရင်နီပြည်နယ်ကို နယ်မြေစိုးမိုးမှု ရရှိရန် အကြမ်းဖက်စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဦးစီးကွပ်ကဲ၍ စစ်ဆင်ရေးကို ဆောင်ရွက်နေပြီး မြေပြင်စိုးမိုးမှု ရရှိရန်အတွက် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဝေဟင်မှ လေကြောင်းတိုက်ခိုက်ခြင်းများအပြင် ယခုနောက်ဆုံး အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များပါ အသုံးပြုခွင့်ပြုခဲ့ကြောင်း၊ အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) ပစ်ကား ၃ စီးထက်မနည်း ကရင်နီပြည်နယ်သို့ ရောက်ရှိပြီး ပစ်ခတ်ထိုးစစ်ဆင်နေကြောင်း တပ်ဘက် သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။ ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်တပ်က အတွဲလိုက်ဒုံး Multiple Rocket Launcher System (MRLS) များအသုံးပြုလျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက် တောင်ထိပ်ပေါ်က စစ်ကောင်စီ တပ်စခန်းနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီနေ့ မတ် ၁၃ ရက် မနက် ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။ လက်နက်ကြီး သံလည်း အနည်းငယ် ကြားရတယ်လို့သိရတယ်။ တိုက်ပွဲဟာ နာရီဝက်နီးပါး ကြာမြင့်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းသိရသည်။

 

  • ချင်းပြည်နယ်၊ မတူပီမြို့ရှိ CDF- မတူပီတပ်ရင်း ၂ ၏ ထိန်းချုပ်နယ်မြေ ဖြစ်သည့် စင်းတလန်ဒေသ တွင် တား မြစ်မိန့် ၆ ချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် စင်းတလန် ဒေသအတွင်း မတ်လ ၁၂ ရက်မှစတင်၍ CDM မဟုတ်သည့် စစ်ကောင်စီ ဝန်ထမ်းများအား ဖြတ်သန်း သွားလာခွင့်မပြုရန်ဆိုသည့်အချက် အပါအဝင် နယ်မြေအတွင်း ငါးမိုင်းခွဲခြင်း၊ အမဲလိုက် ခြင်းများ မပြုလုပ်ရန်၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားခြင်း မပြုရန် တားမြစ်ချက်များကို ထုတ်ပြန်လိုက်သည်။

 

  • လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် – ဒီးမော့ဆို လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၉) က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီ များ အသုံးပြုနေ၍ ပိတ်ပင်ခြင်းဖြစ်ပြီး ပြည်သူများ သွားလာခြင်း မပြုကြရန် အသိပေးကြောင်း ဖော်ပြထားသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် R.F အဖွဲ့က “ဖုန်းမော်ကျဆုံး မတ်လ ၁၃၊ တော်လှန်သောနေ့ ငါတို့မမေ့” အောက် မေ့ဖွယ် အခမ်းအနားကို ကျင်းပပြီး “စစ်အာဏာရှင် ချေ မှုန်းရေးဆန္ဒ ထုတ်ဖော်” စာသားဖြင့် ဗိုလ်ချုပ်လမ်းပေါ်ထိ ချီတက် သပိတ်မှောက်ခဲ့ကြသည်၊၊

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် – ဆားလင်းကြီးရွာပေါင်းစုံ သပိတ်၏ (၃၆၈)ရက်မြောက်အဖြစ် ယနေ့ မတ်လ(၁၃) ရက်နေ့တွင်”အဆောင်အဦးကိုသာ ဖြိုလို့ရချင်ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို ဖြိုလို့ရမှာမဟုတ်ဘူး”စာသားကို ကိုင်ဆောင်ကာ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ ပူးပေါင်းဝန်းရံပြီး ဒေသခံပြည်သူများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ဒါ့အပြင် အခြားသော ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင်လည်း ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးတွင် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး “လက်ပံတောင်း သွေးတွေ ရဲရဲနီ စည်းလုံးမှုနဲ့ ရှေ့ဆက်မည်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်တွင် ဒေသခံပြည်သူများ ဦးဆောင်သည့် ၅/အရာတော် သပိတ်စစ်ကြောင်း “အမှောင်ထု ထဲက ရုန်းထွက်ဖို့ ၅/ တွေနဲ့အတူ တော်လှန်စို့” စာတန်း ကိုင်ဆောင်ကာ ယနေ့ မတ်လ ၁၃ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်တွင် ကျေးရွာ ၃ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ၈၈၈၈ အရေးတော်ပုံ စတင်ဖြစ်တည်ရာ အင်းစိန် RIT ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကြို့ပင်ကောက် မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထကကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ “အမိမြေက တလက်မမှမခွာဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာသားပါ ဘန်နာအား မတ်လ ၁၃ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့သည်။

 

  • ဒီးမော့ဆိုမြို့နယ် ကုန်းသာ​ကျေးရွာတွင် သုံးရက်ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ (မတ်လ ၁၃) ထုတ်ပြန်သည်။ မတ်လ ၁၀ရက် မှ ၁၂ရက်အထိ ကုန်းသာ​ကျေးရွာ၌ အလယ်ပိုင်းတိုင်း အထူး စစ်ဆင်ရေးတပ် ၊ ဒီးမော့ဆို PDF ၊ ဖယ်ခုံ PDF ၊ အလယ်ပိုင်းတိုင်း နေပြည်တော်တပ်ရင်း ၊ မိုးဗြဲ PDF ၊ လွိုင်ကော် PDF၊ KGZ PDF ၊ KNDF ညီနောင်မဟာမိတ်အဖွဲ့များနှင့်အကြမ်းဖက် စစ်ကောင်စီ တပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

  • အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လက်နက် တပ်ဆင်ရေးအတွက် အခုအချိန်အထိ အမေရိကန် ဒေါ်လာ သန်း ၃၀ ရရှိထားတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အွန်လိုင်းကနေ ပြုလုပ်တဲ့ ရန်ပုံငွေ ရှာဖွေပွဲမှာ ဦးရည်မွန်က ထုတ်ဖော်ပြောကြားသွားတာပါ။

 

  • သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရပ်ကွက် (၃) တွင် သားဖြစ်သူက ဆိုင်ကယ်မဝယ်ပေးသည့် မိဘ ၂ ပါးကို မူးယစ်ဆေးသုံးစွဲပြီး သတ်လိုက်ကြောင်းသိရသည်။ မိဘ (၂)ပါးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားသည် အသက် (၂၆)နှစ် အရွယ်တာရှိပြီး မည်သည့်ရက်တွင်သတ်ခံရသည်ကို မသိရကြောင်း၊ ရဲများမှ အကြောင်းကြားလာသည့် အတွက် ပင်လုံမြို့ ဖြူစင်နှလုံးသား ပရဟိတ အဖွဲ့က ယမန်နေ့ (မတ် ၁၂)ရက်တွင် အလောင်းသွားသယ်ခဲ့ကြောင်း ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက SHAN News သတင်းဌာနကို ပြောဆိုထားသည်ဟုသိရသည်။

 

  • စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ချင်းပြည်နယ် ပဝက်ဝမြို့နယ် CDF မှ တပ်ဖွဲ့ဝင် ဆလိုင်း ယေရှဲ ဟာ ယမန်နေ့ မတ်လ ၁၂ ရက် ရှေ့တန်းတိုက်ပွဲမှာ ကျဆုံးခဲ့ကြောင်း Chinlan Defense Force – Paletwa က ထုတ်ပြန်ထားသည်။

 

  • “စစ်ရှောင်တွေ အနေနဲ့ စားဝတ်နေရေး ပြဿနာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေလည်း ခံစားနေကြရတယ်။ ကျနော်တို့ကအစ ညပိုင်း လေယာဉ်ဝဲ ပြီဆိုရင် အိပ်လို့ မရတော့ဘူး။ အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲနေတော့ အားလုံးက စိုးရိမ်ထိတ်လန့်မှု တွေနဲ့ နေရတဲ့ဘဝတွေ ဖြစ်နေတယ်။ အချို့နေရာတွေဆိုရင် တညလုံးနီးပါး ဗုံးခိုကျင်းတွေထဲမှာ ဝင်အိပ်ကြရတော့ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်” အပြည့်အစုံကို Website တွင် ဖတ်ရန် https://bit.ly/3tXD9t8

 

  • မတ်လ ၁၀ ရက်နေ့မှ စ၍ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒုက္ခသည် စခန်းများတွင် နေထိုင်လျှက် ရှိသော မှတ်ပုံတင် ကိုင်ဆောင်သူများ၏ စာရင်းများကို စခန်း စီမံ ခန့်ခွဲရေး အဖွဲ့မှ တစ်ဆင့် နီးစပ်ရာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကောက်ခံ လျှက် ရှိသည် ။ ထိုသို့ ကောက်ခံ နေခြင်းမှာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ ရွေးကောက်ပွဲအတွက် စာရင်းပြုစုရန် ကောက်ခံခိုင်းခြင်း ဖြစ်သည်ဟု စခန်းစီမံ ခန့်ခွဲရေး အဖွဲ့မှ တစ်ဆင့် သိရသည် ။

 

  • စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းဖြစ် ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ် သားများနှင့် ပျူစောထီးအဖွဲ့ဝင် ၉၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ZERO ပြောက်ကျား တပ်ဖွဲ့က ယနေ့(မတ် ၁၃)ထုတ်ပြန်သည်။

 

  • ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကနီ PDF တပ်ရင်း (၂) ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ အထူးမွမ်းမံသင်တန်းကာလအတွင်း လေ့ကျင့်ရေးမှတ်တမ်းဓာတ်ပုံတွေကို ဒီကနေ့ ထုတ်ပြန်ဖော်ပြပါ တယ်။

 

  • မတ်လ ၁၃ ရက်နေ့တွင် ပုလောမြို့မြို့နယ်ခန်းမထဲတွင် ရှိသော ထွေအုပ်ရုံး၌ ညနေ၃နာရီ အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း ပုလော ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပုလောဒေသခံကာကွယ် ရေးတပ်ဖွဲ့ PRDF ပူးပေါင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ ယင်းဖောက်ခွဲမှုကို ယနေ့နေ့လည် ၃ နာရီခန့်က PDF နှင့် PRDF ပူးပေါင်းတပ်ဖွဲ့တို့ မိုင်း၂လုံး ဖောက်ခွဲခဲ့ပြီး ယနေ့ရုံးဆင်း နေရသူများထိခိုက်ဒဏ်ရာရကာ ရုံးအတွင်းပစ္စည်းနှင့်အဆောက်အဦးမှာလဲ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

 

  • ရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ ၅ လကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးသလို အခြေခံ စားသောက်ကုန် ခက်ခဲမှုနဲ့ ကြုံတွေ့နေရကြောင်းသိရပါတယ်။

 

  • ဒီနေ့မှာ ကျရောက်တဲ့ ၄၉၅ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ဗန်းမောက်မြို့နယ်မှာ ပြုလုပ် ကျင်းပခဲ့ တယ်လို့ သိရပါတယ်။ ဒီပွဲကို ဒေသခံပြည်သူတွေနဲ့ ရှမ်းနီလူငယ်အဖွဲ့ချုပ်တို့က ပူးပေါင်းကျင်းပတာ ဖြစ်ပြီး ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးအခက်အခဲတွေကြောင့် ပွဲတော်ကို စည်စည်ကားကား မကျင်းပ နိုင်ပေမယ့် အကျဉ်းချုံ့ပြီးကျင်းပရတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်အားနဲ့ နိုင်ငံ ၊ မြို့ပြ တည်ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊ မြန်မာ သက္ကရာဇ် ( ၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ လည်းဖြစ်ပါတယ်။

 

  • ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးရှောင်ကျောင်းသသားများကို အခမဲ့ပညာသင်ကြားပေးနေသည့် ဘူးသီးတောင်မြို့နယ်၊ သီရိမင်္ဂလာရွာမဘုန်းတော်ကြီး ပညာဒါနကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ စားရေးသောက်ရေးအခက်အခဲဖြစ်နေကြသည်။ အဆိုပါကျောင်းတွင် ဆယ်တန်းကျောင်းသား ၂၅ ဦး၊ ကိုးတန်းကျောင်းသား ၂၅ ဦးရှိပြီး တခြားအတန်းတက်နေသော ကျောင်းသား ကျောင်းသူများအပါအဝင် စုစုပေါင်း ၇၂ ဦးရှိကြောင်းသိရသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button