သတင်း

အကြမ်းဖက် စကစ စစ်ယာဉ်တန်းအား ကလေး-PDF မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ သေ

#ဓါတ်ပုံ-PDF (Kalay)

ဖက်ဒရယ်ဂျာနယ် (၅-​အောက်တိုဘာ)

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်  မိုင်းရှာဖွေသည့် စစ်ကား ၁၀ စီးပါ ယာဉ်တန်းအား  ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့  PDF (Kalay) မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ကလေး- PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်က စစ်ကောင်စီတပ်သားများသည် ကလေးမြို့ဘက်မှ တောင်ပိုင်းဘက်သို့ မောင်းနှင်လာပြီး ပန်းမွန်ချောင်း တံတားအကျော်တွင် ခေတ္တရပ်တန့်ကာ မိုင်းရှာဖွေရှင်းလင်းရန် ကားပေါ်မှဆင်းလာစဉ် PDF(Kalay) မှ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းပစ်ခတ်မှုတွင် PDF (Kalay)တပ်ဖွဲ့၀င်များ အထိ အခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည် ။

 

 

Related Articles

Back to top button