တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 63, August 8, 2023)

၁။ စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲကြား စစ်ကောင်စီဘက် ၁၀ ဦး ထက်မနည်း သေဆုံး
    August 7, 2023

လဲချားမြို့နယ် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား (သြဂုတ် ၆) ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း SSPP မှ ထုတ်ပြန်လိုက် သည်။ သြဂုတ် ၆ ရက် နံနက် ၆ နာရီကျော် မှ ညနေ ၃ နာရီဝန်းကျင်ထိ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၀) ဦး ထက်မနည်း သေဆုံးပြီး တပ်သားအချို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး SSPP ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ စစ်သား ၂ ဉီး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံးယာဉ်တစ်စီးပါ သိမ်းဆည်းရမိခဲ့သည်။

လက်ရှိ အခြေအနေအရ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပင်လုံ – လဲချား – မိုင်းနောင် နှင့် လဲချားမြို့ နယ်ထဲက နမ့်တိန်းတံတား အဝင်တွေမှာ သွားလာခွင့် ပိတ်ပင်ထားပြီး စစ်ရေးနှစ်ဖက် တင်းမာနေဆဲဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။“အခုထိတော့ လမ်းတွေပိတ်ထားတုန်း။ စစ်ရေးကတော့ ဒီနေ့ငြိမ်နေပေမယ့် ဘယ်အချိန်ပြန်ဖြစ်မှာလဲဆို တာမသိရသေးဘူး။ တင်းမာနေဆဲပါ”ဟု လဲချားဒေသခံ တစ်ဦးကပြောသည်။ တိုက်ပွဲကြောင့် လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု တိုက်ပွဲနှင့်နီးသည့် နောင်ကျန်ကျေးရွာ(ဝၢၼ်ႈၼွင်ၵႅၼ်) နမ့်ပေါက်ကျေးရွာ (ဝၢၼ်ႈၼမ်ႉပွၵ်ႉ) နမ့်လုတ်းကျေးရွာ (ဝၢၼ်ႈၼမ်ႉလုၵ်း) မှ ဒေသခံများသည် ဟိုင်းဆိုင်ကျေးရွာ(ဝၢၼ်ႈႁၢႆးသႅင်) ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ မတ်လန်းကျေးရွာ (ဝၢၼ်ႈမၢၵ်ႇလၢင်း) ဒေသခံများသည် လဲချားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ယခုအချိန်ထိ ၎င်းဒေသအတွင်းတွင် နှစ်ဖက် စစ်ရေး တင်းမာလျက်ရှိပြီး တိုက်ပွဲထပ်ဖြစ်နိုင်ချေရှိကြောင်းလည်း SSPP က ထုတ်ပြန်ထားသည်။ https://burm ese.shannews.org/a rchives/36129

၂။ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲမှာ တပ်ပေါင်းစုမှ နှစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ
    August 8, 2023

ကရင်နီပြည် ဖားဆောင်းမြို့နယ် ကျောက်စုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်း စုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်တပ်ပေါင်းစုထဲက ကလလတ ရဲ့ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်က စစ်ကောင်စီတပ်ရဲ့  လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး ဩဂုတ်လ  ၆ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ သွားချိန်မှာတော့ သေဆုံးနေတဲ့ အလောင်းတွေကို စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းသွားခဲ့တာ တွေ့ရတယ်လို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။ “လက်နက်ခဲယမ်းတွေ သိမ်းရတာပေါ့။ သိမ်းရတော့ နောက်တစ်ရက် သွားရှင်းတော့ အလောင်းတွေ မတွေ့တော့ဘူး။ အကုန်လုံး ပြန်သယ်ပြီ။ ရန်သူကတော့ ခမရ ၅၀၈ နဲ့ ၅၁၂ ပေါ့။ အဲ့ဒါက တပ်မ ၅၅ လက် အောက်ခံ တပ်ရင်းတွေ။ သူတို့ အမှတ်တံဆိပ်တွေ ရထားတော့ သိတယ်လေနော။ KA ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဒါပေမယ့် ကလလတ က နှစ်ယောက်ကျတယ်။ ငါးယောက် ဒဏ်ရာရတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ အဲ့ဒါတော့ မှန်ပါတယ်။” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့တပ်ပေါင်းစုတပ်ဖွဲ့တွေ ပါဝင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အဆမတန် ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးတပ်ပေါင်းစု ဘက်မှ နောက်ဆုတ်ခဲ့ရပေမယ့် လက်ရှိမှာတော့ နေရာပြန်လည်ရရှိဖို့ ကြိုးစားနေတယ်လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲကတော့ ဖြစ်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒါပေမယ့် တပ်ပေါင်းစုမှာ ကလလတ နယ်ခြားက ကျတယ်လို့လည်း သိရတယ်။ လေယာဉ်ခြောက်ကြိမ်လောက် လာကြဲသွားတာပေါ့။ ကျနော်တို့တွေ နေရာနည်းနည်းတော့ ဆုတ်ပေးလိုက်ရတယ်ပေါ့နော။ ဒါပေမယ့် တောက်လျှောက်တော့ ကာထားတယ်ပေါ့။ အဲ့ဒါတွေကတော့ ရှိတယ်။ သူတို့ကတော့ အလုံးအရင်းနဲ့ လေယာဉ်နဲ့ဘဲ တနေကုန်ဝဲပြီးတော့မှ ခြောက်ကြိမ်လောက် ကြဲသွားတဲ့ အနေအထားမှာ ရှိတာပေါ့။ လေယာဉ်နဲ့ကြဲတာတော့ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ တခြား လက်နက်ကြီး ပစ်တဲ့အချိန် မှာ ထိခိုက်မှု အနည်းငယ်ရှိတယ်။” လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   https://www.kantarawa ddytimes.org/%e1%80%96%e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%8

၃။  ဖားကန့်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
     August 7, 2023

ကချင်ပြည်၊ ဖားကန့်မြို့နယ် ကသိုဏ်းတောင် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ဒီကနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံကပြောပါ တယ်။ ဩဂုတ် ၇ ရက်နံနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ နာရီကျော်အကြာမှာ စခန်းကိုသိမ်းနိုင်ခဲ့တာဖြစ်ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်း သိမ်းပိုက် နိုင်တာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က စစ်ကောင်စီစခန်း ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အတည်ပြု ဖြေကြားပါတယ်။

“ဒီမနက် ၅ နာရီ ဝန်းကျင်ကတည်းက ဒီဖားကန့် ကျနော်တို့ ကချင်အခေါ်နဲ့ကတော့ ကဆင့်ဘွမ်လို့ခေါ်တယ် ကသိုဏ်းတောင် စကစ တပ်စခန်းတွေကို ကျနော်တို့ တပ်မဟာ(၉) လက်အောက်ခံတပ်ရင်း(၆) စုပေါင်း အဖွဲ့တွေလာပြီးမှ ဝင်စီးတဲ့ တိုက်ပွဲရှိပါတယ်။ အခုထက်ထိတော့ စကစတွေထိုင်နေတဲ့ စခန်းတွေ အကုန်လုံး သိမ်းနိုင်ပြီးတော့ ကျနော်တို့ အဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ အခုထိ ထိုင်နေတယ်ဆိုတဲ့ သတင်းရပါတယ်ဗျ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ပါတယ်။ KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ  မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေ ပြီး အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအချို့ကို KIA က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပါတယ်။ https://www.facebook.com/photo/?fbid=632392735653296&set=p cb.632392845653285

၄။   ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဌာန ၇ ခု ဖွဲ့စည်း အုပ်ချုပ်မယ်
     August 7, 2023

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC အနေနဲ့  ပြည်သူ့အကျိုး ဆောင်ရွက်ဖို့ အတွက် ဌာန ၇ ခု ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရား အကောင်အထည် ဖော်နေတယ်လို့ IEC က ကြေညာလိုက်ပါတယ်။“ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူထံ တင်ပြ အစီရင်ခံခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ကြေညာရာမှာ ပြည်သူ လူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အနည်းဆုံး အထောက်အကူပြု ဌာန ၁၂ ခု စုဖွဲ့ဆောင်ရွက်ဖို့ စီစဉ်ထားရာမှ ဦးစားပေး ဌာန ၇ ခု စတင် ဖွဲ့စည်း ဆောင် ရွက်နေပြီလို့ IEC က ပြောပါတယ်။ လတ်တလော ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေး ဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် အခွန်ဌာန ဆိုပြီး ဌာန ၇ ခုကို ဦးစားပေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

“ဦးစားပေး ဌာနများကို ဆောင်ရွက်နေစဉ် တချိန်တည်းမှာပဲ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ဖို့ စီစဉ်နေပါတယ်”  လို့ IEC တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေး အားလုံး ပညာ သင်ခွင့်ရရှိရေး၊ ပြည်သူများ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရေး၊ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒေသခံ ပြည်သူ တွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ လူ့အသုံးအဆောင် ပစ္စည်းများရရှိနိုင်ရေးစတာတွေဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့ဘဝ လုံခြုံမှုအတွက် ပြည်ထဲရေးဌာနအောက်မှာရှိတဲ့ ကရင်နီ ပြည်ရဲ- KSP ကို စနစ်တကျ စုဖွဲ့ခြင်း၊ တရားစီရင်ရေးစနစ်နဲ့ တရားရုံးများ တည်ထောင်ခြင်း၊ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ပြည်နယ်ဆိုတဲ့ အထွေထွေ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး ကရင်နီ အထွေထွေအုပ်ချုပ်ရေးဌာနကို (Department of General Administration-Karenni–DGAK) ဖွဲ့စည်းဆောင် ရွက်ခြင်း စတာတွေကို ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်မှုနဲ့ သက်ဆိုင်ရာ ဌာန အသီးသီးက အားသွန်ကြိုးပမ်း အကောင်အထည်ဖော်နေတယ်လို့ IEC တာဝန်ရှိသူက ပြောပါ တယ်။ IEC အနေနဲ့ အခုလို အကောင် အထည်ဖော်ရာမှာ ပညာရေး၊ ကျန်းမာရေး၊ အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်၊ အလှူရှင်နဲ့ တော်လှန်ရေး အင်အားစု တွေအပြင် KSCC၊ NUG တို့နဲ့ ပုံမှန်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။  https://www.facebook.com/ph oto/?fbid=317205423999242&set=a.285900490463069

၅။  စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ကို ရှင်းထုတ်မည်ဟု  KNU ပြောခွင့်ရပုဂ္ဂိုလ် ဆို
    August 7, 2023

စစ်အာဏာရှင်များနှင့် မည်သည့်အာဏာရှင်စနစ်မဆို တိုင်းပြည်က အပြီးတိုင် ရှင်းထုတ်ရမည်ဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာနတာဝန်ခံနှင့် ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သော ပဒိုစောတောနီးက ကရင်အမျိုးသား မီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC၏ ထုတ်ပြန်ကြေညာချက်သည် ၎င်းတို့၏ ရပ်တည် ချက်အခိုင်အမာဖြစ် ကြောင်းလည်း ဆိုသည်။  ၎င်းက ဆက်လက်၍ “ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကိုဖြောင့်ဖြောင့်မတ်မတ် တည့်တည့်မတ်မတ်ပဲ ကျနော်တို့ ချီတက်သွားမယ်။ ကျနော်တို့မှာ မဟာဗျူဟာရှိတယ်။ အဲဒါကြောင့်မို့လို့ တချို့ဒေသတွေမှာ တမျိုးမြင်နေရမယ်၊ တချို့ဒေသတွေမှာတော့ ပုံစံတမျိုးနဲ့ တွေ့မြင်နေရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ မဟာဗျူဟာအရကတော့ ရှင်းတယ်။ စစ်အာဏာရှင်တွေနဲ့ ဘယ်အာဏာရှင်စနစ်မဆို ကျနော်တို့တိုင်းပြည်က လုံး၀ရှင်းထုတ်ရမယ်” ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် လက်နက်ကိုင်တော်လှန်ရေးသည် အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ၊ စစ်အာဏာ သိမ်းအလေ့ အထနှင့် စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ်ချုပ်ငြိမ်းရေး၊ အစိုးရစီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာပြီး ပြည်ပရန် ကာကွယ်ရေး တာဝန်ထမ်းရွက်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်ရေးတို့ ပါဝင်သည်။ ထို့ပြင်  မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ပါဝင်မှုအခန်းကဏ္ဍနှင့် အာဏာသိမ်း အလေ့အထ လုံးဝ အဆုံးသတ် ချုပ်ငြိမ်းစေရေးကို မဟာမိတ်တပ်ပေါင်းစုအဖွဲ့များအနေဖြင့် အခိုင် အမာကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လူမျိုး သုဉ်း သတ်ဖြတ်မှုများ ကျူးလွန်နေသော လက်ရှိစစ်တပ်နေရာတွင် တိုင်းရင်းသားလူမျိုးများ တန်းတူပါဝင်သော ဖက်ဒရယ် ပြည်ထောင်စုတပ်ကို ပြောင်းလဲဖွဲ့စည်းတည်ထောင်သွားမည်ဟု ဆိုထားသေးသည်။ ပဒိုစောတောနီးက “ကျနော်တို့ရဲ့ဖြတ်သန်း မှု အတွေ့အကြုံအရ ကျနော်တို့ဟာ  နိုင်ငံရေးနဲ့ပတ်သက်ပြီးဒီလိုမျိုး အခက်အခဲ အကျပ်အတည်းတွေ တွေ့ကြုံလာရပြီ၊ အထူး သဖြင့် စစ်အုပ်စုဘက်က အဲဒါမျိုးဆို သူတို့ အမြဲတမ်း မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းကို ပြန်ပြန်ပြီးတော့ ဖွင့်နေကြတယ်။ ဆိုလို တာက အထူးသဖြင့်  ကျနော်တို့ တွေ့မြင်နေရတာက နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ လိုရင်လိုသလို ဖမ်းဆီးထားပြီးတော့ သူတို့ ကြိုက်တဲ့အချိန်မှာ သူတို့ ကစားနေကြတဲ့ အကွက်တွေပေါ့နော်။ ဒီအကွက်တွေက မနေ့တနေ့က ပေါ်လာတဲ့ ကိစ္စတွေ မဟုတ်ဘူး” ဟု ပြောဆိုသည်။ https://www.facebook.com/photo?fbid=678634220976435&set=a.6007226 05434264

၆။  ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်းကြောင်း ကြေညာ
    August 7, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ချင်းအမျိုးသားကောင်စီ(မင်းတပ်)ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ နိုင်ငံရေးမူဝါဒ လုပ်ငန်းစဥ်များကို ရေးဆွဲချမှတ် ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရ သည်။“အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ပေါ့နော် ဘယ်သူတွေ ဘယ်လိုပါဝင်တယ်ဆိုတာ နောက်ထပ်စာထုတ်ပြန်ဖို့ရှိပါတယ်။ အချိုး အစားဘယ်လိုမျိုးနဲ့ ဘယ်သူတွေဘယ်လို ပါဝင်ကြတယ်။ အဓိကကတော့ မြေပြင်က ပအဖ ပါတယ်။ ကာကွယ်ရေးပေါ့နော် CDF (မင်းတပ်) ပါတယ်။ CDM အစုအဖွဲ့ပါတယ်။ ပြီးတော့ ပြည်ပရောက် တော်လှန်ရေး အစုအဖွဲ့တွေပါတယ်။ အဲ့ဒါတွေကပေါ့နော် တော်လှန်ရေးပိုင်းရော၊ အုပ်ချုပ်ရေးပိုင်းရော၊ တော်လှန်ရေးကို နိုင်ငံရေးလမ်းစဥ်ချမှတ်ဖို့ NUG နဲ့ဖြစ်ဖြစ်၊ ပြည်နယ်အရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ မဟာမိတ်အရေးမှာပေါ့နော် ဆွေးနွေးဖို့အတွက် ဖွဲ့စည်းတာဖြစ်ပါတယ်”ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က ပြောသည်။

မင်းတပ်မြို့နယ်တွင် စစ်အာဏာရှင်တော်လှန်ရေးခရီးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်လာသည့်နည်းတူ အနာဂတ်တွင် ချင်းလူမျိုးများ နိုင်ငံရေးလမ်းစဥ်ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေးနှင့် အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမည့် မူဝါဒလမ်းစဥ်များ ချမှတ်အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရန် နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ခုကို လိုအပ်လာသည့်အတွက် ယခုလိုချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟုသိရသည်။ ချင်းအမျိုးသားကောင်စီ(မင်းတပ်)သည် မင်းတပ်မြို့နယ်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး တတ်သိပညာ ရှင်များ၊ ပြည်ပရောက်နှင့် အရပ်သားများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုဖြင့် သွားမည့် အဖွဲ့အစည်းဖြစ်သည်ဟု စုံစမ်းသိရှိ ရသည်။ https://www.facebook.com/photo/?fbid=845312293624827 &set=pcb.845312740291449

၇။  ကရင်နီ-ထိုင်းနယ်စပ် မယ်စဲ့ တိုက်ပွဲမှာ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ရဲဘော်တစ်ဦး ကျဆုံး
     August 7, 2023

ကရင်နီပြည် မယ်စဲ့မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU)ရဲ့ ကွန်မန်ဒို တပ်ခွဲ ၁ က တပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ အဖွဲ့ပြန်ကြားရေး တာဝန်ရှိသူ ကိုလင်းလင်း က ပြောပါတယ်။“လက်နက်ငယ် ထိတယ်လို့ ကျနော်တို့ ယူဆလို့ ရတာပေါ့နော်။ လက်နက်ငယ်က တစ်ချက်ပဲ တွေ့တယ်ပေါ့။ တစ်ချက်က နှလုံးကို မှန်သွားတာပေါ့” အဲဒီ တပ်သားဟာ ဇူလိုင် ၃၁ ရက် မနက် ၂ နာရီက ဖြစ်ပွားခဲ့တဲ့ သံလွင်အရှေ့ဘက်ခြမ်း မယ်စဲ့မြို့နယ် ကျောက်ဆူး တောင်ကြား တိုက်ပွဲတစ်နေရာမှာ လက်နက်ငယ် ထိမှန်ခဲ့တာဖြစ်ပြီး ဆေးကုသမှု ခံယူနေတုန်း ညနေပိုင်းလောက် မှာ ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ ကျဆုံးသူဟာ အသက် (၂၀)ကျော်အရွယ် ရဲဘော် မောင်လောရင်းဖြစ်ပြီး KRU တပ်ထဲ ရောက်တာ ၅ လခန့် ကြာပြီလို့ သိရပါတယ်။

“ဆေး လိုအပ်ချက်ကတော့ ရှိတာပေါ့လေ။ ဘာကြောင့်လဲဆို သူကျဆုံးတာက ဆေးဝါး မပြည့်စုံတာလည်းပါတယ်ပေါ့နော်။ မြေပြင်ကုသမှု အပိုင်းကတော့ တာဝန်ရှိတဲ့ လူတွေကတော့ တတ်နိုင်သလောက် ကုသပေးသွားတာပေါ့။ နောက် ဆုံး သူထိတဲ့နေရာက နှလုံးဖြစ်နေတာကလည်း တစ်ကြောင်းပေါ့။ အဲဒါကြောင့် အသက်ပေးလိုက်ရတယ်ပေါ့” လို့ ကိုမင်းမင်းက ဆက်ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ KRU, ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ KNLPF)၊ ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF)တို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ဒီမာဘောလခဲ၊ ဖားဆောင်း PDF၊ အလယ်ပိုင်းတိုင်း (၁၁၀၆)တို့လည်း ပူးပေါင်း တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ KRU တပ်ပေါင်းစုဟာ ကွန်မန်ဒို၊ KDF (ကရင်နီ ဒီမိုကရက်တစ်တပ်ဦး), Fight For Justice-JPDF, GZ-21-PDF (Loi Kaw), Southern Shan Local Revolution Union (SSLRU), Federal Democracy Brotherhood Force (FDBF), Medic Unit- Demoso (ဆေး တပ်ဖွဲ့)စတဲ့အဖွဲ့တွေနဲ့ ဖွဲ့စည်းထားပြီး ဒီးမော့ဆိုမြိုနယ် ကုန်းသာကျေးရွာတစ်လျှောက် နယ်မြေစိုးမိုးမှု ရယူပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=6131662409 90644&set=pcb.613166357657299

၈။  ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
     August 7, 2023

ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ် လပ်ရေးတပ်မတော်  KIA ဘက်က ဒီမနက် ၆ နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောဆိုပါတယ်။ နမ့်မော်နဲ့ကသိုဏ်း စစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင် နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြော ပါတယ်။“ဒီမနက် စခန်း ၂ ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNA စခန်းရော သိမ်းလိုက် တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရ မိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။

လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြု လာနိုင် သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ခုလိုပြောပါတယ်။ https://burmese.kachinnews.com/2023/08/07/zm2-16/

၉။  ကျောက်မဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး စည်ပင်အရာရှိအပါအဝင် လူနှစ်ဦးထိခိုက်သေဆုံး
     August 7, 2023

ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက်(၁)မှာ ဗုံးပေါက်ကွဲမှာဖြစ်ပြီး လူနှစ်ဦး ထိခိုက်သေဆုံးသွားခဲ့တယ်လို့ ဒေသခံ မျိုးသားတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုဟာ သြဂုတ်လ ၆ ရက် နေ့လည် ၁၂ နာရီဝန်းကျင်ဖြစ်ပြီး စည်ပင်အရာရှိ တစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရလို့ ဆိုပါတယ်။ ဒေသခံအမျိုးသားတစ်ဦးက “ကွက်သစ်ရုံးမှာ အစက သေနတ်သံကြား ရတယ်။ နောက်မှ ဗုံးပေါက်သံ ကြားတယ်။ စည်ပင် ဦးစီးမှူးလား မသိဘူး။ သေတယ်လို့ ​ကြားတယ်။ အဲမှာ နှစ်ယောက်တောင် သေတယ်လို့ ပြောတယ်။ ထိခိုက်ဒဏ်ရာရသူ သုံးယောက်လို့ ကြားတယ်။ ဘယ်နှစ်ယောက်ရှိလဲဆိုတာ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွါးပြီးနောက် ကျောက်မဲမြို့ ဂိတ်အဝင် အထွက်မှာ စစ်ကောင်စီတပ်တွေက အကုန်ပိတ်ထားပြီး ဘယ်သူမှ ဖြတ်သန်းခွင့်မပေးဘူးလို့ သူက ပြောပါတယ်။

“ဗုံးပေါက်ကွဲတဲ့ နေရာမှာ စစ်တပ်တွေ အပြည့်ဘဲ။ အခု လမ်းတွေဂိတ်အဝင် အထွက်မှာ အကုန်ပိတ်ထားတယ်။ စစ်တပ် တွေရော ရဲ တွေရော အကုန်စောင့်ထားတယ်။ ဘယ်သူမှ သွားလာလို့ မရဘူး” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားက စည်ပင်ဦးစည်မှူးဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အလားတူ ဒီနေ့မနက်ပိုင်း ၁၀ နာရီမှာ လားရှိုးမြို့ရှိ Sunny Hotle မှာ ဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ https://www.facebook.com/photo/?fbid=613156950991573&set =pcb.613158477658087

၁၀။ ကလေးမြို့အကျဉ်းထောင်တွင် CNDF ရဲဘော်တစ်ဦးကျဆုံး၊ ဇာတိမြို့၌သဂြိုလ်ခွင့်မရ
      August 7, 2023

ကလေးမြို့အကျဉ်းထောင်တွင် ထောင်ချခံရတဲ့ CNDF ရဲဘော် Salai Van Biak Him ဟာ ဩဂုတ် ၆ ရက်မနက် ပိုင်းတွင် ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကျဆုံးတယ်လို့သတင်းရရှိပါတယ်။ မနှစ်တုန်းက အကျဉ်းထောင်တွင်း ပစ်ခတ်မှုမှာကျဆုံးသွား တဲ့ ဗန်ဒိမ်း နဲ့အတူတူ ၂၀၂၁ ခုနှစ် ဇွန်လတွင် ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ပါတယ်။ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းက “သူက နှလုံးရောဂါအခံရှိတယ်လို့ကြားတယ်။ မနေ့ မနက် ၁၀ နာရီလောက်မှာ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ရောက်လာပြီးတော့ နာရီဝက်လောက်ကြာတော့ ဆုံးသွားတယ်။ သူများတွေကြားကောင်းအောင် သေခါနီးမှာ ဆေးရုံကိုပို့လာ တာပဲ။ ထောင်ထဲမှာ ကောင်းကောင်းဆေးကုသခွင့် တောင်ရမှာမဟုတ်ဘူး။ ပြီးတော့ အလောင်းကိုလည်း ဇာတိဖလမ်းမြို့မှာ သယ်ယူခွင့်မပြုဘဲ ကလေးမြို့မှာပဲ ဒီနေ့သဂြိုလ်ကြတယ်”လို့ပြောပါတယ်။ လက်ရှိ CNO/CNDF အဖွဲ့ဝင် ၁၄ ဦးဟာ စစ်ကောင်စီ ရဲ့ ဖမ်းဆီးထောင်ချခံရလျက်ရှိပြီး ထောင်ထဲမှာ ၂ ဦးကျဆုံးခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=634365022128001&set=a.60325474 8572362

၁၁။  ရခိုင် မြို့နယ်အချို့မှ ကျေးရွာပေါင်း ၇၀ ကျော်မှာ ရေကြီးရေလျှံဖြစ်၊ အသေအပျောက်ရှိ
      August 7, 2023

ရခိုင်ပြည် မြောက်ပိုင်းက မြို့နယ်အချို့နှင့် တောင်ပိုင်းက မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။ မြောက်ပိုင်းဒေသကများဖြစ်သော မြောက်ဦး၊ မင်းပြား၊ ကျောက် တော်၊ မောင်တောမြို့နယ်က ကျေးရွာများနှင့် တောင်ပိုင်းဒေသကများဖြစ်သော တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်တို့က ကျေးရွာများတွင် ရေကြီးနေခြင်းဖြစ်သည်။ အဆိုပါ မြို့နယ်များမှ ကျေးရွာပေါင်း ၇၀ ကျော်မှာ ရေကြီးရေလျှံဖြစ်နေပြီး မင်းပြား မြို့နယ်တွင် လူအသေအပျောက်ရှိကြောင်း ဒေသခံများကပြောသည်။ မြောက်ဦးနှင့် မင်းပြားမြို့နယ်သို့ စီးဆင်းလျှက် ရှိနေသည့် လေးမြို့မြစ်မှာ ဒေသအခေါ် အညာရေပေါက်မှုကြောင့် မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှာ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံဖြစ်ပေါ်နေသည်။ စစ်တွေ ကုလားတန်မြစ်ကြောင်းနှင့် ဆက်စပ် သွယ်တန်းလျှက်ရှိသည့် မြောက်ဦးမြို့နယ်က ချောင်းငယ်များတွင်လည်း ကုလားတန်မြစ်ရေမြင့်တက်လာခြင်းကြောင့် ရေလျှံ နေပြီး ယင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများမှာ ရေနစ်မြှုပ်နေကြသည်။

မင်းပြားမြို့နယ် သာစည်ကျေးရွာတွင် ရေကြီးမှုကြောင့် ပြင်ယောင်းကျေးရွာမှ လာသော ဒေသခံနှစ်ဦးသေဆုံးသွား ကြောင်း သာစည်ကျေးရွာအနီးရှိ ရွှေကျင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ “ပြင်ယောင်းကလာတဲ့ ဒေသခံတွေလို့ ပြော တယ်။ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလို့ သိရတယ်။ မနေ့က ရေနစ်လို့ သေဆုံးသွားတယ်လို့ သိရတယ်” ဟုပြောသည်။ မင်းပြားမြို့နယ် လေးမြို့မြစ်တစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း တောင်ကျရေခေါ် အညာရေပေါက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး အသေအပျောက်မရှိဟု ဒေသခံများက ပြောသည်။ ထို့အပြင် ရွှေကျင်၊ မင်းဖူး၊ ကုလားမတောင်၊ ပုလဲတောင်၊ သာစည်၊ ပြင်ယောင်း စသည့်ကျေးရွာများတွင် ရေကြီးနေခြင်းဖြစ်သည်။ ကျောက်တော်မြို့နယ်တွင်လည်း ကုလား တန်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော် ရေကြီးမှုဒဏ်ခံနေကြရသည်။ “သရီချောင်း ရေကြီးလို့ ကျေးရွာအချို့က ဒေသခံတွေဟာ ကုန်မြင့်တွေကို ရွှေ့ပြောင်းနေရပါတယ်။ မဟာမုနိဘုရားနဲ့ သိပ်မဝေး တဲ့ ညောင်ချောင်းစစ်ရှောင်စခန်းမှာ ရေကြီးနေလို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရပါတယ်။ နောက် ကျောက်တော် မြို့အနီး ကုလားတန်မြစ်တစ်လျှောက်က ကျေးရွာ ၁၀ ကျော်လောက်မှာ ရေကြီးနေတယ်လို့ ပြောပါတယ်”ဟု ပြောသည်။ https://www.facebook.com/photo?fbid=72147732 3325030&set=pcb.721478066658289

၁၂။  CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်
     August 7, 2023

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင် ၂၀၀ လက်နက်ချကာ အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းသည်ဆိုသော သတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။“ရန်ကြီးအောင်”အမည်ရှိ တယ်လီဂရမ် ချန်နယ် က ဩဂုတ်လ ၄ ရက်နေ့တွင် ပုံသုံးပုံဖြင့် “မြန်မာတပ် မတော်ကို အပြုတ်တိုက်မယ်ဆိုတဲ့ Cdf ချင်းပလုံးပဒက် အင်အား 200 ခန့် အိန္ဒိယနိုင်ငံသို့ လက်နက် အပ်နှံပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းသွားပါကြောင်း သတင်းရရှိပါသည်” ဟု (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဖြန့်ဝေခဲ့သည်။ ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရုပ်ကိုးခုတွင် ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူ ၆,၀၀၀ ကျော်ရှိ သည်။ အလားတူပင် ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေမှုများလည်း ရှိနေသည်။ အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါ ဖြန့်ဝေမှုတွင်ပါဝင်သည့် ဓာတ်ပုံနှင့် အကြောင်း အရာများအား အချက် အလက်စစ်ဆေးခဲ့သည်။ ဓာတ်ပုံများထဲမှ တတိယပုံသည် ၂၀၂၂ ခုနှစ်ကတည်းကရှိနေခဲ့သည့် ပုံဟောင်းဖြစ်သည်။ “Titus Tang” အမည်ရှိ YouTube အသုံးပြုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့တွင် ချင်းဘာသာစကားဖြင့် တင်ဆက်ထားသည့် ဗီဒီယိုဖိုင်၌ပါဝင်သည့် ဓာတ်ပုံဖြစ်သည်။

CDF တပ်ဖွဲ့ဝင်များ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သက်၍ အိန္ဒိယသတင်းဌာနများဖြစ်သည့် India Today ၊ NDTV ၊ The Indian Express ၊ The Economic Times တို့တွင် ရှာဖွေခဲ့ရာ၌ သတင်းတုက ဖော်ပြထားသည့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည်ဟူသည့် အကြောင်းအရာကို မတွေ့ရချေ။ အလားတူပင် မြန်မာသတင်း ဌာနများ၌လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သတင်းဖော်ပြမှု မရှိပေ။ ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် Chinland Joint Defense Committee (CJDC) တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကို အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့သည်။ ၎င်းမှ “မကြားမိပါဘူး။ တကယ်လို့ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ ကြားသင့်ပါတယ်။ မသိလိုက်ဘူး နော်။ တစ်ဖက်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့သူ မရှိသေးဘူး” ဟု ပြောသည်။   ထို့ကြောင့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့်  လက်နက်ချကာ နိုင်ငံရေးခိုလှုံခွင့် အိန္ဒိယနိုင်ငံကိုတောင်းသည်ဆို သောသတင်းမှာ အမှန်တကယ်မရှိ သည့်အကြောင်း အရာကို လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းအမှားသာဖြစ်သည်။ http://www.mizzimaburmese.c om/article/131766

၁၃။  ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
      August 7, 2023

ကရင်နီပြည်နယ်၊ ဒီး‌မော့ဆိုကနေ ဖရူဆိုမြို့နယ်ဘက်ကို ဩဂုတ်လ ၂ ရက်က စတင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒီကနေ့ အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့- KNDF (ဒီးမော့ဆို) တပ်ဖွဲ့၀င် တစ်ဦးက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်ကနေ ဖရူဆိုမြို့နယ်ဘက်ကို ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက အင်အား ၂၀၀ ကျော်၊ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ် လို့ ဆိုပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်တဲ့နေ့ကစပြီး လက်ရှိအချိန်ထိ ဒီးမော့ဆို-ဖရူဆို လမ်းမကြီး၊ ဒေါညင်းခူ-ထီး‌ပေါ့ဆို လမ်းပိုင်း တစ်နေရာမှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သာမက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဘက်ကလည်း ထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေဖို့များတယ်။ စစ်ကောင်စီဘက်လည်း တပ်ဖြန့်ပြီး ထိုးနေတာ ဆိုတော့ ပြည်သူတွေ တော့အရေးပေါ် ရှောင်နေရတယ်။ အဲ့နားက တဲတွေက ပြည်သူတွေပေါ့” လို့ KNDF ( ဒီး‌မော့ဆို) တပ်ဖွဲ့၀င် တစ်ဦးက ရှင်းပြပါ တယ်။  လက်ရှိ စစ်ရေး အခြေအနေက ဆက်လက် တင်းမာနေပြီး ဒေါညင်းခူ-ထီးပေါ့ဆို လမ်းပိုင်းကို အရေးပေါ် အခြေအနေ အဖြစ် ပြည်သူတွေ အသုံးမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒီလို ရက်ရှည် တိုက်ပွဲတွေ အတွက် အလိုအပ်ဆုံးက လက်နက် ခဲယမ်းဖြစ်ပြီး ထိရောက်တဲ့ တန်ပြန်ထိုးစစ်တွေ ပြန်လည် စတင်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေ အနေနဲ့ ၀ိုင်း၀န်း ကူညီ ပေးကြဖို့ ကာကွယ်ရေး တပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။ https://www.faceb ook.com/photo?fbid=317283857324 732&set=a.285900490463069

၁၄။ လက်ခတ်တောင်သို့ စစ်ကောင်စီမှလက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း အထိနာ            လျက်ရှိ
     August 7, 2023

မြ၀တီမြို့နယ်ရှိ လက်ခတ်တောင်သို့ (ဩဂုတ် ၇ ရက်)မနက် မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်သည့်အတွက် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် အခြားအဆင့်စစ်သည်များ အထိအခိုက်ကျဆုံး များပြားလျက်ရှိ ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။ “သူတို့ တွေ လက်နက်ကြီး ပစ်ကူယူပြီးတော့ တက်လာတာ၊ မီတာ ၄၀၀ လောက်ပဲ ကွာတော့တယ်။ ကျွန်တော်တို့ ဘက်က ပြန်လည် ခုခံ တိုက်ခိုက်တာကြောင့် အကောင်ကြီးတစ်ကောင်တော့ ထိသွားတယ်။ သူတို့ရဲ့ စက်လက်သမားလဲ ထိတယ်။ တောင်ခြေမှာ ကားနဲ့ အလောင်းတွေပြန်သယ်နေတာ၊ အရေအတွက်အတိအကျတော့ သေချာမသိဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ လက်ခတ်တောင်သို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုအား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ပင်ကြားရပြီး၊ လက်နက်ကြီးအလုံး ရေ ရာဂဏန်းခန့် ရှိကြောင်း မဲဆောက်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြား သည်။

“လက်နက်ကြီး ပစ်သံကိုကြားတာတော့ မနက် ၁၀ နာရီ ခွဲလောက်မှာကြားတာ၊ အဲ့ကနေ အခု ညနေ ၄ နာရီထိကို တအုန်းအုန်းပဲ၊ မရှိဘူးဆို အလုံးရေ ကိုးဆယ်ကျော်လောက်ပြီ” ဟု ၎င်းက ဆိုသည်။ ယင်းတောင်ကုန်းကို ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ ၂ ရက်ကြာ တိုက်ခိုက်မှုပြုလုပ်ပြီး KNLA ၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Federal Wings တို့မှ တောင်ကြောတစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ခက်တောင်အား ထိန်းချုပ်ထားနိုင်သည့် ပူးပေါင်းတပ်ဖွဲ့များကို စစ်ကောင်စီ အထိုင်စခန်းများဖြစ်သည့် မြ၀တီမြို့ရှိ တပ်မ ၂၇၅၊ ကြက်ကင်ကုန်းနင့် လေးကေ့ကော်မြို့ရှိ ခွေးကုန်းတို့မှ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ အဆိုပါ တောင်ကြောကို သိမ်းပိုက်နိုင်ပြီး နောက် စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်း ၂လက်၊ ၆၀ မမ ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ jammer စက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လက်ပြောင်း ၁ ပြောင်း၊ ၄၀ မမ ၉ လုံး၊ G3 ကျည်ဘောက် ၂ ဘောက်၊ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး ၁ လုံး၊ ၇ဒသမ၆ ကျည် ၁၈၈၀ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၃၀၂ တောင့်နှင့် ရိက္ခာအများအပြားအား သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=267093949416315&set=a.121904670601911

၁၅။ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ မူဆယ် စယ်လန့်အုပ်စုက ဒေသခံ (၃၀၀)နီးပါး နေရပ်ပြန်
       August 7, 2023

ရှမ်းမြောက် မူဆယ်မြို့ စွမ်းစော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းကြား နမ့်လောင်းနဲ့ တုန်ခွမ်ရွာမှာ စစ်ရှောင်လာတဲ့ စယ်လန့် ကျေးရွာအုပ်စုက ဒေသခံ (၃၀၀)နီးပါးဟာ နေရပ်သို့ ပြန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နဲ့ ​ဩဂုတ် ၂ ရက်က စစ်ကောင်စီတပ်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စယ်လန့် ကျေးရွာအုပ်စုက ဒေသခံ (၃၀၀)နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ စစ်ရှောင်ဒေသခံတွေဟာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ (၁၀၈)ဦး၊ မူဆယ်-နမ့်ခမ်းကြား နမ့်လောင်းရွာမှာ ၅၀ ဦးနဲ့ တုန်ခွမ်ရွာမှာ (၁၃၀)ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဩဂုတ် ၅ ရက်မှာ အားလုံးနီးပါး နေရပ်ပြန်ကြတာ​လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “အကုန်လုံး ပြန်ပြီလို့ ပြောလို့ရတယ်။ တစ်ယောက် နှစ်ယောက်ဘဲ ကျန်မှာပေါ့။လောလောဆယ်တော့ ငြိမ်တော့ ငြိမ်နေတယ်။ ဘာမှတော့ မဖြစ်သေးဘူးပေါ့” နေရပ်သို့ ပြန်ကြပေမယ့် စိတ်ရောကိုယ်ရောအရင်လို မလုံခြုံတော့တာကြောင့် သက်ကြီးရွယ်အို တွေကို နီးစပ်ရာ ဆွေမျိုးတွေဆီမှာဘဲ ထားခဲ့ကြပြီး လူငယ်လူလတ်ပိုင်းတွေသာ ပြန်ကြပြီး အလုပ် သွားမလုပ်ရဲကြသေးဘူးလို့ နောက်ထပ် နမ့်ကတ်ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အရင်လို လုံလုံခြုံခြုံတော့ မရှိတော့ဘူးပေါ့။ သူများဆီ သွားနေရတာလည်း အဆင်မပြေတာတွေကြောင့် ပြန်ခဲ့ကြတာ ပေါ့။ အလုပ်လည်း ဘယ်သူမှ သွားလုပ်ရဲကြသေးပါဘူး။ အသက်ကြီးတဲ့သူတွေကိုတော့ ဆွေမျိုးတွေဆီမှာဘဲ ထားခဲ့ကြတယ်။ ရှေ့လျှောက် ဘယ်လိုဖြစ်လာမှာလဲ ကြိုမမှန်းနိုင်ဘူးလေ” ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက် ည ၉ နာရီဝန်းကျင်မှာလည်း လုံကာနဲ့ မန်ဖာ ရွာထဲ TNLA တပ်ဖွဲ့က ရှိနေတယ်ဆိုပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာကြောင့် ​လုံကာနဲ့ မန်ဖာရွာခံ (၁၀၀)ကျော် တီးမားရွာ ဘုန်းကြီးကျောင်းဘက် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ရှမ်းမြောက် မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ လားရှိုး စတဲ့မြို့နယ် တွေမှာ တိုက်ပွဲပေါင်း ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ဘက်က လေကြောင်းနဲ့ ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။ https://www.facebook.com/photo/?fbid=613192217654713& set=pcb.613192584321343

၁၆။  လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်သေဆုံး
      August 7, 2023

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနှင့် စမ်းလှန်းတောင်ပေါ်ရှိ မိုင်တဲတာဝါ တိုင်စခန်းအတွက် ရိက္ခာတင်ဆောင်လာသည့် ကားတစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဩဂုတ်လ (၆)ရက်နေ့တွင် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ စခန်းများအတွက် ထားဝယ်မြို့ မှ ရိက္ခာသည်လာသည့်ကားကို ယင်းနေ့နေ့လည်ပိုင်းတွင် တားဆီးစစ်ဆေးရာ မရပ်ပဲ LLPDF ရဲဘော်များအား ကားနှင့်တိုက်၍ မောင်းပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့နောက် မောင်းပြေးသွားသောကားသည် အင်းဇောက် ကျေးရွာ လမ်းစုံအနီးရှိ ဘိလိယက်ခုံဆိုင်ရှေ့တွင် ကားဘီးပေါက်ပြီး ထိုးရပ်သွား၍ ဆိုင်အနောက်ဘက်သို့ စစ်ကောင်စီတပ် သားများ ထွက်ပြေးသွားသည်ကိုတွေ့ရှိသဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများနှင့်အတူ ကြောက်လန့်တကြားပြေးခဲ့သည့် အရပ်သားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသူမှာ ဘိလိယက်ခုံသို့လာရောက်သည့် ပြည်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ် သားများ ဆိုင်အတွင်း ဝင်ရောက်လာချိန် ပြေးကြရန်ပြောဆိုမှုအား ဘိလိယက်ခုံတွင်ရှိသော ပြည်သူ(၁၀)ဦးခန့်ထဲမှ တစ်ဦးသည် စစ်ကောင်စီတပ်သားများနှင့်အတူ ကြောက်လန့်တကြား ထွက်ပြေးရာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့ရသော ပြည်သူ တစ်ဦးအား LLPDFမှ ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းခဲ့ရပြီး တာဝန်ခံမှုရှိစွာဖြင့် တာဝန်ယူသွားမည်ဖြစ်ကြောင်း”အသိပေး ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ကား(၂)စီး အင်အား(၄၀)ဝန်းကျင်အပြင် လောင်းလုံးမြို့မရဲစခန်းမှ ကား(၃)စီး အင်အား(၃၀)ဝန်းကျင်ဖြင့် အင်းဇောက်ကျေးရွာကို လာနေခြင်းကြောင့် ပြန်လည်ဆုတ်ခွါခဲ့ သည်ဟု သိရသည်။ ထို့နောက် စစ်ကောင်စီတပ်က နှစ်နာရီကြာ ခရီးသွားများအားစစ်ဆေးခြင်း၊ လွတ်မြောက်သွားသော ၎င်းတို့ စစ်ကောင်စီတပ်သားများကို ရှာဖွေခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=677915934381727&set=a.58 8245110015477

၁၇။  လုံးခင်းဒေသခံသုံးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား
       August 7, 2023

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံပြည်သူသုံးဦးကို လက်နက်ကိုင်အမျိုးသားငါးဦး လာ ရောက်ဖမ်းဆီးသွားကြောင်းသိရသည်။ ဆန်ခါကျေးရွာဘောလုံးကွင်းအနီးရှိ နေအိမ်သို့ အမည်မသိလက်နက်ကိုင်ဆောင်ထား သည့် အမျိုးသားငါးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “ကားနဲ့လာဖမ်းသွားတယ် ဘာကြောင့်ဖမ်းလဲတော့ ကျွန်တော်တို့လည်းမသိရသေးဘူး။ လူငါးယောက် လောက်ရှိတယ်ထင်တယ် အိမ်ထဲဝင်ပြီး ဖမ်းသွားတာကလေ”ဟုပြောသည်။ အဆိုပါ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ငါးဦးက လာရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေမှုများလည်း ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်းလေးဆယ်နှင့် ရွှေထည် များလည်း ယူသွားကြောင့် အသက် ၂၄ နှစ်ခန့်အရွယ်ရှိ ဒေသခံ ယောက်ျားလေးတစ်ဦးက ပြောသည်။“ပစ္စည်းတွေပါ အကုန်ရှာ ပြီး ယူသွားတာ။ လူကိုရိုက်တာမျိုးတွေ မတွေ့ရဘူး။ အေးဆေးပဲကားပေါ်ခေါ်တင်သွားတာ။ ဘယ်ကိုခေါ်သွားမှန်းတော့ မသိရသေးဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူသုံးဦးမှာ ဦးမောင်ထွန်း၊ ဦးမောင်ကျော်နှင့် ဦးထွန်းထွန်းဝင်းဆိုသူတို့ဖြစ်ပြီး ကျောက်အရောင်းအဝယ် လုပ် ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံများကပြောသည်။ လာရောက်ဖမ်းဆီးသွားသူများက မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရှိကြောင်း သိရသည်။ မှော်ဝမ်းကျေးရွာရှိ “ကျော်” ဆေးခန်းမှ အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ဒေါက်တာ သိန်းမြင့်ဝေ ဆိုသူ ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားငါးစီးဖြင့် ဩဂုတ်လ ၂ ရက်နေ့က လာရောက်ဖမ်းဆီးသွားသည်။ ဖားကန့်မြို့ မှော်ဝမ်းကျေးရွာနေ မီးသတ်အရာရှိ ဗိုလ်တစ်ဦးကိုလည်း ဇူလိုင်လ ၁ ရက်နေ့က အမည်မသိအမျိုးသားသုံးဦး ကားဖြင့် လာ ရောက်ဖမ်းဆီးသွားခဲ့သည်။ https://www.facebook.com/photo?fbid=605077088486630&set=a.535867405407599

၁၈။ မတူပီနယ်စပ်ဒေသတွင် ဖြတ်သန်းသွားလာနေသော ရခိုင့်တပ်‌တော် (AA) နှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟုဆို
      August 7, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် ထိစပ်နေသည့် ဒေသတွင် ရခိုင်တပ်တော်(AA)တပ်ဖွဲ့ဝင်များ ဖြတ်သန်း သွားလာမှုနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်စရာမရှိကြောင်းနှင့် နှစ်ဖက်နားလည်မှုဖြင့် ရခိုင့်တပ်တော်(AA)က အဆိုပါလမ်းကြောင်း ကို အသုံးပြုနေခြင်း ဖြစ်ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွမ်ကိမ်း က ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထိန်းချုပ်ထားသော နယ်မြေတွင် ရခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာမှု အပေါ် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာခွင့်ပြုသော နေရာဒေသမှ နယ်ကျော်လာပါက နှစ်ဖက်ပြသနာ မဖြစ်အောင် အချိန်မီညှိနှိုင်းမှုများလည်း ပြုလုပ်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံမှ သိရသည်။“သူတို့အတွက် သွားလာရေး ခက်ခဲတဲ့အတွက် ယာယီတပ်စခန်းတစ်ခုထားပြီး ခွင့်တောင်းလာတာရှိတယ်။ ယာယီဖြစ်ဖြစ်တပ်စခန်းမချဖို့ ကျွန်တော်တို့ဘက်က ကန့်သတ်ငြင်းဆန်ထားပါတယ်။ အမှန်တော့ စစ်ရေးလှုပ်ရှားမှုမရှိပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ဟိုဘက်၊ ဒီဘက်ဖြတ်သန်းသွားလာခွင့်လွယ်အောင် ခွင့်ပြုပေးထာတာတစ်ခုပါပဲ”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ပြောရေး ဆိုခွင့်ရှိသူက ‌ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က စစ်ရေးအရ နယ်စပ်လမ်းကြောင်းများကို တားမြစ်ပိတ်ပင်ထား ပါက ရခိုင့်တပ်တော် (AA) တပ်ဖွဲ့များအနေဖြင့် လိုက်နာပေးရန် ပြောဆိုထားပြီး ရခိုင့်တပ်တော်(AA)အနေဖြင့် ဖြတ်သန်းသွား လာမှု အပေါ် အခြားမည်သည့်ရည်ရွယ်ချက်မျာမှ ရှိမည် မဟုတ်ကြောင်းဆလိုင်းနိုင်ဂျွန်ကိမ်း က ပြောဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)သည် စစ်ရေးနှင့် ပတ်သက်၍ မိမိကိုယ်ပိုင်လက်နက်ဖြင့်သာ ရပ်တည်ကာ တိုက်ပွဲ ဆင်နွှဲနေပြီး အခြားအဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးထားခြင်းလည်း မရှိကြောင်းသိရသည်။“စစ်ရေးအရ သူတို့နဲ့ပူးပေါင်းဖို့ အရင်ကတော့ လာဆွေးနွေးတာရှိတာပေါ့။ ကျွန်တော့်အနေနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ စစ်ရေးပိုင်းမှာ ပူးပေါင်းတာတွေမရှိသေးဘူး။ နောက်နောင် စစ်ရေးမှာ သူတို့နဲ့ ပူးပေါင်းမလား၊ မပေါင်းဘူးဆိုတာကတော့ အတိအကျမပြောနိုင် သေးဘူး။ အခြားအဖွဲ့အစည်းတွေနဲ့ မဟာမိတ်လုပ်မယ်ဆိုရင် စစ်ရေးတစ်ခုထဲမဟုတ်ဘဲနဲ့ နိုင်ငံရေးအခြေအနေအရလည်း ကြည့်ရသေးဆိုတော့ အခုလောလောဆယ်မှာတော့ ကိုယ့်ဟာကိုယ်ပဲ ဆက်လက်ရပ်တည်အုံးမှာပါ”လို့ ဆလိုင်းနိုင်ဂျွန်ကိမ်းက ဆက်လက်ပြောဆိုသည်။ ရခိုင့်တပ်တော်(AA)က ပလက်ဝမြို့နယ်အပြင်  မတူပီမြို့နယ်အထိ ဖြတ်သန်းသွားလာမှု များပြုလုပ်မှု သည် ချင်းပြည်နယ်၊ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့များအပေါ် လက်နက်အင်အားအရ လွှမ်းမိုးနိုင်အောင် ကြိုးပမ်းလုပ်ဆောင် လာ မည်ကို အထူးသတိချပ်ရန် လိုအပ်ကြောင်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဒေသခံများက သုံးသပ်ပြောဆို ကြသည်။ “ဒီတော်လှန်ရေးကာလမှာ AA အနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ချို့ကို သင်တန်းပေးတာ၊ လက်နက်ပံ့ပိုးကူညီမှုတွေ ပြုလုပ် တာရှိတယ်။ နိုင်ငံရေး၊ စစ်ရေးကဏ္ဍမှာ ဒီဟာကို လျော့တွက်လို့မရဘူးပေါ့နော်။ ပလက်ဝမြို့နယ်ဆိုရင် AA က နယ်မြေ ကျွမ်း ကျင်နေပြီ။ ဒီလိုမျိုးပဲ အခြားမြို့နယ်တွေမှာ နယ်မြေကျွမ်းကျင်မှုရှိအောင် ကြိုးပမ်းလာမှာကို စိုးရိမ်ရတယ်။ AA အနေနဲ့ ချင်း ပြည်သူတွေအပေါ်မှာ လွှမ်းမိုးလာအောင် အကွက်ကျကျလုပ်ဆောင်လာတာလားလို့တောင် မေးခွန်းထုတ်ရမလိုဖြစ်နေပြီ”လို့ ချင်းနိုင်ငံရေးလေ့လာသူ အမျိုးသားတစ်ဦးက ပြောသည်။ https://www.facebook.com/photo?fbid=618005383801818&se t=pcb.618005427135147

၁၉။  အာရှလမ်းမြေပြိုမှုကို လာရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ
      August 7, 2023

ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်အနီးတွင် ဖြစ်ပေါ်သည့် မြေပြိုမှုအခြေအနေကို လာ ရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ‌ဒေသခံများကပြောသည်။ အဆိုပါ ပစ်ခတ်ခံရမှုတွင် ထိခိုက်သေဆုံးသူများကို ပြန်သယ်ဆောင်လာသည့် ကားလမ်းတွင်ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း လည်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီး စပ်သူများထံမှ သိရသည်။ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “တောနော်အရှေ့နား မှာ လမ်းပျက်တာ လာကြည့်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ခံရတာထိခိုက်သေဆုံးမှုရှိတယ်။ ထိခိုက်တဲ့သူတွေ ပြန်သယ်သွား ချိန်မှာလည်း ကော့နွဲတံတားမှာ ထပ်ပြီးမိုင်း ဆွဲခံရတယ်။ ကားတစ်စီးတော့ မီးခိုးထသွားတာပဲ။ ထိခိုက်သေဆုံးမှုအတိအကျ‌ တော့မသိရဘူး”ဟု ပြောသည်။

အလားတူ ယနေ့‌ တောနော်ရေတံခွန်အနီးမြေပြိုမှုတွင် ပိုက်ဆံတောင်းခံသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် တစ်ဦးလည်း မြေပြိုမှုထဲပါသွား၍ သေဆုံးသွားကြောင်းလည်း ကားသမားများက ပြောသည်။ ကော့ကရိတ်-မြဝတီအာရှလမ်းမ ကြီးတွင် မြေပြိုမှုကြောင့် ပေ ၁၀၀ ခန့် ပြိုကျပျက်စီးသွားပြီး သွားလာ၍မရတော့သဖြင့် ခရီးသည်ကားများနှင့် ကုန်ပစ္စည်း ကား များအားလုံး လှည့်ပြန်ခဲ့ကြရသည်ဟု သိရသည်။ https://kicnews.org/2023/08/%E1%80 %A1%E1%80%AC%E1%80%9B %E1%80%BE%E1%80%9C%E1%80%99%E1

၂၀။  လွိုင်ကော်မြို့တွင်း စစ်ကောင်စီအစစ်ဆေး ပိုမိုတင်းကြပ်လာသလို သေနတ်ဖောက်ပြီး ခြောက်လှန့်နေ
      August 7, 2023

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီ အစစ်ဆေး ပိုမိုတင်းကြပ်လာသလို သေနတ် ဖောက်ပြီး ခြောက်လှန့်မှုတွေကိုပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။“ပိုပြီးတော့ တင်းကြပ်လာတယ်ပေါ့နော။ အရင်တုန်းကဆိုရင် အစ်မတို့လယ်ထဲသွားရင်လည်း လယ်ထဲမှာ စစ်သားတွေမရှိဘူးပေါ့နော။ အခုဆိုရင် နေရာတ ကာ ဖြန့်ထား တယ်လေး။ လယ်ထဲမှာတွေကစ လမ်းဘေးမှာတွေရော၊ ကိုယ်မသိနိုင်တဲ့ နေရာတွေမှာလည်း သူတို့ပုန်းလျှိုပြီး ရှိလာတယ်ပေါ့ နော။ စစ်ဆေးလာတာပိုများလာတယ်ပေါ့။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်မှာလည်း လူအင် အားပိုများလာပြီး မသင်္ကာပါက သေနတ်ဖောက်ပြီး ခြောက်လှန့်တာတွေရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက လွိုင်ကော်မြို့စစ်ဆေးရေးဂိတ်တစ်နေရာမှာ စစ်ကောင်စီက အမျိုးသားတစ်ဦးကို တွေ့ရှိပြီး စစ်ဆေးဖို့ခေါ်ရာ အဆိုပါ အမျိုးသားမှ ကြောက်လှန့်ပြီး ထွက်ပြေးခဲ့တာကြောင့် သေနတ်ဖောက် ခြောက်လှန့်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူတစ်ယောက် လယ်ထဲကနေ ပြန်လာခါကျတော့ သူမတ်တပ်တပ်ရပ်ကြည့်နေခါကျတော့ စစ်သား သူ့ကို အဲလိုမျိုး ခေါ်တယ်ပေါ့။ ခေါ်ခါကျတော့ သူကပြေးလိုက်ခါကျတော့ စစ်သားက အနောက်ကနေလိုက်ပစ်တယ်လေး။ သူ(စစ်ကောင်စီ) အနောက်ကနေ လိုက်ပစ်ခါကျတော့ လေးချက်ပစ်ပါတယ်။ ထိတော့မထိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ က အမျိုးသားတွေကို ပိုမိုစစ်ဆေးတာဖြစ်ပြီး ဖုန်း၊ ဆိုင်ကယ် တူးဘောက်၊ ကား နဲ့ ကားပေါ်ရှိ ကုန်ပစ္စည်း အထုတ်တွေကိုလည်း ဖောက်ပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။“စိုးရိမ်မှုကတော့ပိုရှိတာပေါ့။ ဘယ်သွားသွားမလုံခြုံတော့ဘူး လေး။ စိတ်မလုံခြုံတော့ဘူး။ ဘယ်သွားသွားဖုန်းလဲ မယူသွားရဲတော့ဘူး။ဟိုဖက်သွားမယ်ဆိုလည်း သူတို့(စစ်ကောင်စီ)ရှိ။ ဒီဖက် သွားမယ်ဆိုလည်း သူတို့(စစ်ကောင်စီ)ရှိ။ အတတ်နိုင်ဆုံးတော့ ဘယ်အပြင် မထွက်တော့ဘူး။ အိမ်မှာပဲနေတော့ တယ်ပေါ့။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကရင်နီပြည်နယ်မှာ မြို့နယ် ၇ ခုရှိတဲ့အနက် လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီ ထိန်းချုပ်ထားပေမယ့် လက်ရှိမှာလည်း မြို့ပြင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%9c%e1%8 0%bd%e1%80%ad%e1%80%af%e1%80%84%e1%80

၂၁။  ရေဖြူမြို့နယ်မှာ ခဲလုပ်သား ၈ ဦးထက်မနည်း အဖမ်းခံရ
     August 7, 2023

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာမှာ ခဲမဖြူတူးနေတဲ့ လုပ်ကွက်က လုပ်သား ၈ ဦးထက်မနည်း အဖမ်းခံရတယ်လို့  ဒေသခံ တွေက ပြောပါတယ်။ အခုလ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်ကဝင်ဖမ်းခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေက လုပ်ကွက်က အမျိုးသား တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို မသိရဘဲ ခဲသတ္ထုတူးတဲ့ အဲ့လုပ်ကွက်နယ်မြေတွေဟာ မွန်ပြည်နယ်နဲ့ နီးစပ်တဲ့နေရာဖြစ်တာကြောင့် မွန်တွေဘက်က တိုင်တန်းတာတွေရှိနေတယ်လို့ ကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အုန်းပင်ကွင်းရွာ၊ ကျွဲသုံးညီမရွာ၊ သဲချောင်းကျေးရွာအုပ်စု၊ ကံပေါက်ဒေသတွေမှာ ခဲမဖြူတရားမဝင်တူးဖော်တဲ့ လုပ်ကွက် ၁၀ ခုထက်မနည်းရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပြီး အုန်းပင်ကွင်းရွာမှာ လုပ်ကွက်အများဆုံးလို့ သိရပါ တယ်။ စစ်ကောင်စီရဲ့သတင်းတွေကိုအသားပေးရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ‌တော့ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမရွာ မှာ တရားမဝင်ခဲမဖြူတူးနေတဲ့ အလုပ်သမား ၇၀ ဦး၊ လိုင်စင်မဲ့ဘက်ဟိုး ၄ စီး၊ မြေသယ်ယာဥ် ၁၅ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။

စစ်အာဏာမသိမ်းခင် ကတည်းက အုန်းပင်ကွင်းလိုနေရာမှာ တရားဝင်သတ္တုတူးနေတဲ့သူတွေဟာ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ရေဆိုးရေနောက်တွေ၊ သတ္တုတွင်းမြေစာတွေစွန့်ပစ်တာ၊ မြေယာငြင်းပွားတာတွေနဲ့ ပတ်သက်ပြီးပြဿနာ တက်တာတွေအများကြီးရှိခဲ့ဖူးပါတယ်။ အာဏာသိမ်းပြီးချိန်မှာတော့ ထိန်းကွပ်မရှိတော့ဘဲ အာဏာရှိတဲ့သူတွေ၊ လက်နက်ရှိတဲ့ သူတွေနဲ့ ပေါင်းပြီး ခိုးလုပ်ကွက်တွေပိုများလာတယ်လို့ ဆိုပါတယ်။ တနင်္သာရီ သယံဇာတရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦး က “ပုံမှန် procedure (လုပ်ထုံးလုပ်နည်း)အတိုင်းသွားရင် အခုလို ခေတ်ကာလမကောင်းတဲ့အခြေနေမှာ လျှောက်နေရတာသည် တစ်ရုံးဝင်၊ တစ်ရုံးထွက်တော်တော်ကြာတယ်လေ။  ဥပမာ တရားမဝင်တူးမယ်ဆို ဒီနေရာမှာတူးလို့မရရင် ဆက်တူးလိုက်မယ် လေ၊ ပြီးသွားပြီ။ သတ္တူတူးတယ်ဆိုတာ တစ်နေ့တည်းလည်း ဝင်ငွေအများကြီးရနိုင်တယ်လေ။လချီပြီးတူးလည်း ဘာမှမလုပ်ရ တဲ့အခြေနေတွေပေါ့။” လို့ ပြောပါတယ်။ စစ်အာဏာသိမ်းကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လ အထိ တနင်္သာရီတိုင်းကနေ ခဲမဖြူ-အဖြိုက်နက်သတ္တုထုတ်လုပ်မှု တန်ချိန် ၃၄၀ ကျော်ထုတ်လုပ်ခဲ့တာကိုတွေ့ရှိရတယ်လို့ မနှစ် က ထုတ်ပြန်ခဲ့တဲ့ ပဋိပက္ခနောက်ကွယ်က တနင်္သာရီသတ္တုကဏ္ဍအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=315615790856177&set=a.196212682796489

၂၂။ တောင်ကုတ်လူသတ်မှု တရားခံမှာ စစ်ကောင်စီတပ်သားဖြစ်နေဟုဆို
     August 7, 2023

ဇူလိုင်လ ၃၀ ရက်နေ့ညက ရခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်အနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုတရားခံ မှာ ခမရ ၃၄၆ တပ်ရင်းက တပ်သားတစ်ဦးဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ အသတ်ခံရသူမှာ တောင်ကုတ်မြို့ ကိုင်းရှည် ရပ်ကွက် ဒေသခံ အသက် ၄၅ နှစ်အရွယ် ဦးစံသိန်းအောင်ဖြစ်ပြီး ညအချိန်တွင် သူလုပ်ကိုင်နေသည့် မီးချောင်းထိုးကျေးရွာအနီး မွေးမြူရေးခြံမှ နေအိမ်သို့အပြန်လမ်းတွင် အသတ်ခံခဲ့ရသည်။ ဦးစံသိန်းအောင် ဇနီးဖြစ်သူ ဒေါ်ချိုချိုသက်က “ရဲစခန်းကတော့ လူသတ်တရားခံတစ်ဦးကို ဖမ်းမိထားတယ်လို့တော့ ပြောပါတယ်။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မပြောသေးဘူး။ ဒါပေမယ့် အရပ်ထဲမှာတော့ ရဲစခန်းက ဖမ်းမိထားတဲ့ တရားခံက တောင်ကုတ်မြို့မှာရှိတဲ့ ခမရ ၃၄၆ တပ်ရင်းက တစ်သား တစ်ဦး ဖြစ်တယ်လို့ ပြောကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် အမှန်တရားနဲ့ တရားမျှတမှုကို လိုချင်ပါတယ်” ဟု ပြောသည်။ ဒေါ်ချိုချိုသက်က ယောကျ်ားအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖုန်းဆိုင်များအားလုံးကို အကြောင်း ကြားထားပြီး ပျောက်ဆုံးနေသည့် ဆမ်မဆောင်း ဖုန်း Lock ဖြေရန် လာရောက်ပါကအသိပေးရန် အကူအညီတောင်းထားရာကနေ ဇူလိုင်လ ၃၁ ရက်နေ့ ညနေတွင် ဦးစံသိန်းအောင် ၏ ဖုန်းအား Lock ဖြေရန် ရောက်ရှိလာရာမှ တရားခံအား ရဲစခန်းနှင့် ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ချိုချိုသက် ကဆိုသည်။

ဦးစံအောင်သိန်း အသတ်ခံရသည့် အခင်းဖြစ်နေရာတွင် ဦးစံသိန်းအောင်၏ ဖိနပ်မဟုတ်သော ဖိနပ်နှစ်ရံကိုတွေ့ရှိရပြီး လူသတ်တရားခံ နှစ်ဦးဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။ ဦးစံသိန်းအောင် သည် ရိုးရိုးသားဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နေသူဖြစ်ပြီး အခြားသူများနှင့် ရန်ငြိုးရန်စများမရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အစပ်မရှိကြောင်း ဇနီးဖြစ်သူ ဒေါ်ချိုချိုသက်က ပြောသည်။ ဦးစံသိန်းအောင်အား သတ်သွား သည့် တရားခံများကို တောင်ကုတ်မြို့ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နှင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ တောင်ကုတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမဘေးက ရွှေပွင့်အိမ်ရွှေဆိုင် သေနတ်အတု ဖြင့် လုယက်ခံရမှု ဖြစ်ပွားခဲ့သည်။ ရခိုင်တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့က လုပ်ဆောင်လျက်ရှိနေပြီး ခိုးမှုလုယက်မှုများမှာမူ ထိထိရောက်ကိုင်တွယ်မှု အားနည်လျက်ရှိပြီး ဖမ်းဆီးအရေးယူမှာလည်း နည်းပါးလာ၍ ယင်းကဲ့သို့ ကျူးလွန်လာသူ များပြားလာခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=7203510 53437657&set=a.682731967199566

၂၃။ ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေကို ပုဒ်မ ၅၀၅- က နဲ့အမှုဖွင့် အရေးယူ
    August 8, 2023

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသန်းမြင့်ဝေကို စစ်တပ်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅– က နဲ့ အမှုဖွင့်အရေးယူလိုက်ပြီလို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေါက်တာသန်းမြင့်ဝေ ကို CDM လှုပ်ရှားမှုမှာ ပါဝင်လှုံ့ဆော်တာတွေအပြင် ဆန္ဒပြပွဲမှာထိခိုက်သူတွေကို ဆေးကုပေးတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ ဩဂုတ် လ ၂ ရက်နေ့ ဆေးခန်းနေအိမ်ကနေ အိမ်စီးကား ၅ စီးနဲ့စစ်အင်အားအလုံးအရင်းသုံးပြီး လာရောက်ဖမ်းဆီးသွားရာကနေ ၅ ရက် ကြာမှာ ဖားကန့်မြို့နယ်ဦးစီးမှူးကနေ တရားလိုပြုလုပ်ပြီး တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ဖားကန့်မြို့မိမြို့ဖ တစ်ဦးက ပြောပါ တယ်။“ကျနော်တို့လည် မနေ့ညကြားသိလိုက်ရတာ တပ်ဘက်က တရားစွဲလိုက်ပြီဆိုတဲ့ ခုလောလောဆယ်တော့ ဖားကန့်ရဲ့ စခန်းမှာ ချုပ်ထားတုန်းလို့ သိရတယ်”လို့ပြောပါတယ်။ ဖမ်းဆီးတရားစွဲဆိုခံလိုက်တဲ့ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာသိန်းမြင့်ဝေ ဟာ ၂၀၁၉ ခုနှစ်မှာ ဖားကန့်ဆေးရုံအုပ်တာဝန်ကနေ တရားဝင်နုတ်ထွက်ထားသူဖြစ်ပြီး ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတဲ့အပြင် CDM လုပ်ထားတဲ့ ဆရာတစ်ဦးကိုလည်း အလုပ်ခန့်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ပြောတာကတော့ “ ဆရာဝန်ဆိုတာ ဟိုလူနာမှဒီလူနာမှ ကုပေးမယ်ဆို ပြီး ရွေးချယ်လို့မရတာ လူနာမှန်သမျှ ကုပေးရမှာဘဲ။ စစ်တပ်က ခုလိုလုပ်နေတာတွေက သူတို့ဘက်က ကျရှုံးလာနေလို့ဘဲလို့ မြင်ပါတယ်” လို့ပြောပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ပုဒ်မ ၅၀၅–က ဟာ အာမခံပေးခွင့်မရှိ အချုပ်ဖြင့် အမူရင်ဆိုင်ရတဲ့ ပုဒ်မ ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ တစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်သူတွေ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လကနေ ဩဂုတ်လ ၇ ရက် နေ့ထိ ဖမ်းဆီးခံရသူ ၂၄၂၂၈ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ထုတ်ပြန်ထားပါတယ်။ https://burmese.kachinnews.com/2023/08/08/ zm1-86/

၂၄။ သေဒဏ်ချခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး ထောင်ဒဏ်တစ်သက်ပြောင်း
     August 7, 2023

ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဇော်လင်းနိုင်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို ဩဂုတ်လ ၁ ရက်နေ့က သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီကျောင်းသားတွေဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂ လူသတ်မှုနဲ့စွပ်စွဲပြီး သေဒဏ်ချမှတ်ခံထားကြရ သူတွေဖြစ်ပါတယ်။ သေဒဏ်ကနေထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်လိုက်တာမှန်ကန်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်း သားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောပါတယ်။ “ဟုတ်ပါတယ်၊ မှန်ပါတယ်။ ကျွန်တော်တို့လည်း ဩဂုတ် ၆ ရက်နေ့မှသိ တာ။ ဩဂုတ် ၁ ရက်နေ့မှာ အင်းစိန် ထောင်တွင်းကနေ သေဒဏ်ချမှခံထားရတဲ့သူတွေကို ထောင်ဒဏ်တစ်သက်ပြောင်းလဲပြီး ထောင်ပြောင်းကြတယ်။ သူတို့ ခုနစ်ယောက်စလုံးကတော့ သာယာဝတီထောင်ကို ရွှေ့ပြောင်းရတယ်။ သေဒဏ်ကနေ လွတ်လာ လို့ စိုးရိမ်စရာ အခြေအနေကျော်လာပေမယ့် ဒီလိုလွှတ်ပေးလိုက်လို့ စစ်ကောင်စီကို ကျေးဇူးတင်စရာတော့ ဘာအကြောင်းမှ မရှိပါဘူး” အဲဒီကျောင်းသားတွေဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တောင်ဒဂုံမြို့နယ် (ဘဏ်ခွဲ) ကမ္ဘာ့ရတနာဘဏ် မန်နေဂျာကို သတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး တရားစွဲဆိုခံခဲ့ရတာပါ။

အသက် ၁၈ နှစ်ကနေ ၂၀ အတွင်းရှိတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် လက်မခံ သလို ကန့်ကွက်ကြောင်း နိုင်ငံတစ်ဝန်းက ကျောင်းသားသမဂ္ဂ  (၂၂၃) ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ စာရင်းအရ နိုင်ငံ တစ်ဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၂၄,၂၁၂ ဦး ဖမ်းဆီးခံထားရပြီး၊ ၇,၀၀၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ https://www.facebook.com/photo/?fbid=679774764183929&set=a.5836374304 64330

၂၅။ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂) မှာ ချောင်း ရေကြီးမှုကြောင့် စာသင်ကျောင်း ပိတ်ထားရ
     August 7, 2023

မယ်စရင်းလို့ခေါ်ကြတဲ့ ကရင်နီဒုက္ခသည် စခန်း အမှတ်(၂) မှာ မိုးရွာသွန်းမှုများပြီး ချောင်းရေကြီးလာတာကြောင့် စခန်း ရှိ စာသင်ကျောင်း တစ်ရက် ပိတ်ထားရတယ်လို့ ဆိုပါတယ်။ နှစ်စဥ်မိုးရာသီမှာ မိုးရွာသွန်းမှုကြောင့် ချောင်းရေကြီးလေ့ ရှိပေမယ့် လက်ရှိအနေအထားအရ သွားလာဖို့ အဆင်မပြေတော့တာကြောင့် စာသင်ကျောင်းကို တစ်ရက်ပိတ်လိုက်ရတယ်လို့ ကရင်နီ ဒုက္ခသည်စခန်း အမှတ်(၂) ဥက္ကဌ စောထိုလွီဝါးက အခုလို ပြောပါတယ်။“ရေကြီးတာကျတော့ ခါတိုင်းနှစ်လိုပဲပေါ့နော်။ ဒီမိုးရွာ တာ ဖြစ်တဲ့အတွက်ကြောင့် ရေတော့ ကြီးလာတာရှိတယ်။ ဒါပေမဲ့ ပျက်ဆီးမှုတော့ မရှိသေးဘူး။ ဥပမာအနေနဲ့ အခုလက်ရှိအနေ အထားအရပေါ့နော် ရေကြီးတဲ့အတိုင်းအတာထိဆိုတော့ စိုးရိမ်ရတဲ့အခြေအနေထိတော့မရှိဘူး။ ဒါပေမဲ့ ကျောင်းသူကျောင်းသား တွေ ကျောင်းသွားဖို့အတွက်‌တော့ အဆင်မ‌ပြေတော့ဘူးပေါ့နော်။ ”လို့ ဥက္ကဌ စောထိုလွီဝါးက ပြောပါတယ်။

ဒါ့အပြင် ရေတိုက်စားမှုကြောင့် ချောင်းဘေးမှာစိုက်ပျိုးထားတဲ့ သီးနှံစိုက်ပျိုးခြံတွေ ပျက်စီးသွားတာတွေ ရှိတယ်လို့ သိရ ပါတယ်။“ပျက်စီးသွားတာကတော့ သူတို့စိုက်ထားတဲ့ခြံပေါ့နော်။ သူတို့လုပ်စားတဲ့ ခြံတွေကတော့ ချောင်းဘေးနားမှာ ရှိတဲ့ခြံ တွေ အားလုံးနီးပါးပေါ့နော် ရေတိုက်စား ပလိုက်တယ်ပေါ့နော်။ အဲ့တာတွေ သူတို့ စိုက်ထားတဲ့သီးနှံတွေတော့ ပျက်စီးသွားတယ် ပေါ့”လို့ စောထိုလွီဝါးက ဆက်ပြောပါတယ်။ အဆိုပါ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂) မှာ ရပ်ကွက် ၃ ခုရှိပြီး လူဦးရေအားဖြင့် ၂၂၄၀ ဦး ရှိတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/% e1%80%80%e1%80%9b%e1%80%84%e1% 80%ba%e1%80%94%e1%80

၂၆။  ကျေးရွာပေါင်း ၂၀ လောက်က ကျန်းမားရေးနဲ့ပတ်သက်ပြီး ဆေးပေးခန်းတစ်ခုတည်းကိုသာ အမှီပြုနေရ
      August 7, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုအမှတ် (၂) ခွင်မှာ နေထိုင်နေကြတဲ့ အာဒိုးသဲပျော်အုပ်စု၊ ကျေးကတော့ အုပ်စု၊ မောင်ကျော်အုပ်စု၊ မောင်ဘလော့အုပ်စု၊ တောပုန်းအုပ်စု၊ ငွေတောင်အုပ်စု စတဲ့ ကျေးရွာအုပ်စုအသီသီးရှိ ကျေးရွာပေါင်း ၂၀ လောက်ဟာ ကျေးကတော့ စိန်မိုင််ကယ်မြို့သစ်မှာရှိတဲ့ ကယန်းဆေးပေးခန်းတစ်ခုတည်းသာအမှီပြုပြီး ကျန်းမားရေးစောင့် ရှောက်မှုကို ခံယူနေကြရတယ်လို့ သိရပါတယ်။ ” လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကျန်းမားရေးနဲ့ပတ်သက်ရင် ကျေးရွာအများ စုက ကျေးကတော့ ဆေးပေးခန်းမှာပဲ လာရောက်ကုသရတယ်”လို့ ဒေသခံတစ်ဦးမှ ပြောပါတယ် ။

“လက်ရှိမိုးရာသီကာမှာ ကလေးအများစုက အထက်လှန်အောက်‌လျောရောဂါအဖြစ်များပြီး တုပ်ကွေး၊ ငှက်ဖျားစတဲ့ ရောဂါ တွေလည်းဖြစ်နေကြပါတယ်။ ဆေးပေးခန်းမှာလည်း ဆေးဝါးတစ်ချို့ မလုံလောက်မှုတွေ ရှိနေပါတယ်”လို့ ဆေးပေးခန်း ဆရာမတစ်ဦးမှလည်း ပြောပြလာပါတယ်။ ကျေးကတော့ဆေးပေးခန်းမှာ လာရောက်ပြီး ကုသမှုခံယူနေကြတဲ့ ဒေသခံတွေကို ဆေးပေးခန်းမှာရှိတဲ့ ဆရာ/မ တွေက ကြိုးစားကုသပေးနေကြောင်း သိရပါတယ်။ https://www.f acebook.com/photo/?fb id=742320794571648&set=pcb.742320884571639

၂၇။ သာပေါင်းမြို့မှာ ရိုဟင်ဂျာ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
     August 7, 2023

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့တွင် သြဂုတ်လ ၆ ရက်နေ့က ဆိုင်ကယ်ဖြင့်၀င်ရောက်လာသော ရိုဟင်ဂျာ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးသွားကြောင်းသိရှိရသည်။ ကျွန်းလျှားရှည်အုပ်စု၊ သဲဖြူကျေးရွာအနီး မကျီးဇင်-ကြက်သွန် ကွင်း ကားလမ်းပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာအမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ ကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ “ရခိုင်ရိုးမဘက်ကနေ ပွဲစားနဲ့ချိတ်ပြီး ၀င်လာတာလို့ယူဆရတယ်၊ လောလော ဆယ်တော့ စစ်ဆေးနေတုန်းပဲ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

လွန်ခဲ့သော ၂ ရက်ခန့်က ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စုနှင့် (၄)မိုင်ခန့် ကပ္ပလီ ပင်လယ်ပြင်တွင် စက်လှေ တစ်စီးနှင့်အတူ ရိုဟင်ဂျာ ၇၂ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဧရာ၀တီတိုင်းတွင်၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ များဖမ်းဆီးခံရမှု ၇ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သော သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ ရိုဟင်ဂျာ ၃၀၀ ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=617901533812203&set=a.583120810623609

၂၈။  ဂုတ်တွင်းတိုက်ပွဲတွင်သေဆုံးသွားသော အရာရှိ ၁ ဦးအပါအဝင်  စစ်သား ၁၄ ဦးကိုအစုလိုက်အပြုံလိုက် နောင်ချို        သုဿာန်တွင် သဂြိုလ်
     August 7, 2023

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းတွင် စစ်ကားကို ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသွားသော အရာရှိ ၁ ဦး အပါ အဝင်  စစ်သား ၁၄ ဦးကို အစုလိုက် အပြုံလိုက် နောင်ချိုသုဿာန်တွင် သဂြိုလ်လိုက်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ ဆုံးသူ ၁၄ ဦး အထိရှိခဲ့ကြောင်း၊ ဩဂုတ်လ ၆ ရက်နေ့တွင် နောင်ချိုသုဿာန် တွင် သေဆုံးသူ စစ်သား ၁၄ ဦးကို စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ ကြောင်း  သိရှိရသည်။

“ဂုတ်တွင်းတိုက်ပွဲမှာ​အသေဆိုးသွားတဲ့စခတွေကို မနေ့က နောင်ချို သုဿာန် မှာ အသုဘချ အမိန့် ပြန်သဂြိုလ်တယ်။  သေဆုံးသူ ၁၄ ယောက်ပါ။ အကောင် ကြီးတစ်ကောင်တစ်ပါတယ်။ အရာရှိ သေဆုံးတာကို ခွေးတွေက သတင်း ဖုံးထားတာ။ သေဆုံးတာက ခမရ ၁၁၅ တပ်က  ၉ ဦး၊  ခမရ ၁၁၄ က ၅ ဦး။ ဓာတ်ပုံရိုက်ခွင့်မပေးဘူး” ဟု နောင်ချိုဒေသသတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် စစ်တပ်က နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားတွင် စစ်အင်အား တိုးမြှင့်နေပြီး မကြာမီတိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။ https://www.facebook.com /photo/?fbid=644324551128488&set=a. 568142278746716

၂၉။  ရွှေကူတွင်  စစ်သင်္ဘောက လက်နက်ကြီးပစ်သဖြင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ
     August 7, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ သြဂုတ် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် သင်္ဘောက ဆိုက်ကပ်ခါနီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။ ရွှေကူသဘောင်္ဆိပ် ကို ဆိုက်ကပ်မယ့် စစ်သင်္ဘော ကိုးစီးဟာ မဆိုက်ကပ်ခင် အနီးနား ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရေလှဲကျေးရွာက အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။ ရေလှဲကျေးရွာ ဒေသခံတဦးက “မနက် ၉ နာရီလောက်က စစ်သင်္ဘောကိုးစီး ရွှေကူသင်္ဘောဆိပ်ကို ဆိုက်တယ်။ ဆိပ်ကမ်းမကပ်ခင် လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ အချက်ရေ ၅၀ ပတ်ဝန်းကျင်ရှိတယ်။ လှည့်ပတ်ပစ်နေတာ။ အဲဒီကနေပစ်တာ၊ အမျိုးသမီးတယောက် လက်က်ကြီးကျည်ထိတာ ဒဏ်ရာရသွား တယ်” လို့ ပြောပါတယ်။ စစ်သင်္ဘောကပစ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ ရေလှဲကျေးရွာက အမျိုးသမီးဟာ လက်မောင်းနဲ့ ကျောကုန်းမှာ ထိခိုက်ဒဏ်ရာ ရရှိသွားတာပါ။

စစ်သင်္ဘောကိုးစီးဟာ သြဂုတ် ၆ ရက် ညပိုင်းက ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာ ဆိုက်ကပ်ခဲ့ပြီး သြဂုတ် ၇ ရက် မနက်ပိုင်းမှာ ရွှေကူသင်္ဘောဆိပ်ကမ်းကိုဆိုက်ကပ်ခါနီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရွှေကူမြို့နယ်မှာ စစ်ကောင်စီ တပ်က ပြီးခဲ့တဲ့ မတ် ၂၁ ရက်မှာ စီသောင်ကျေးရွာက နေအိမ် ၂၀၀ ကျော်၊ စီမူကြီးကျေးရွာက နေအိမ် ၄၀ ကျော်၊ စီမူလေး ကျေးရွာက နေအိမ် ၇၀ ကျော်၊ မံနားကျေးရွာက နေအိမ် ၄၀ ကျော်၊ တုံကောက်ကျေးရွာက နေအိမ် ၄၀ ကျော်၊ မံခါးကျေးရွာက နေအိမ် ၃၀ ကျော်၊ မံဝိန်းကျေးရွာက နေအိမ် ၁၀၀ ကျော်၊ စီမော်ကျေးရွာက နေအိမ် ၁၀၀ ကျော်၊ နန့်လတ်ကျေးရွာက နေအိမ် ၃၀ ကျော်၊ နောင်လတ်ကြီးကျေးရွာက နေအိမ် ၃၀ ကျော်နဲ့ စီသာကျေးရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ၁၀,၀၀၀ လောက် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ https://burmese.dvb.no/post/608569

၃၀။  တနင်္သာရီတိုင်းမှာ  မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းဖို့ ဝန်ထမ်းတွေနဲ့ မိသားစုတွေရဲ့  အချက်အလက်စုနေ
      August 7, 2023

တနင်္သာရီတိုင်းမှာ မှတ်ပုံတင်တွေကို စမတ်ကတ်ပြောင်းဖို့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေ သိရပါတယ်။ စမတ်ကတ်လို့ အလွယ်ခေါ်ကြတဲ့ အီလက်ထရောနစ် မှတ်ပုံ တင် (e-ID)ကို ဝန်ထမ်း၊  မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ လာရောက်လုပ်ဆောင်နိုင်တယ်လို့ လူဝင်မှုကြီးကြပ် ရေး ဝန်ထမ်းတွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လကစလို့ တိုင်းအတွင်းက မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ သရက်ချောင်း၊ ကျွန်းစုမြို့နယ်တွေကဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက အချက်အလက် ကောက် ယူပြီး လုပ်ဆောင်ပေးနေတာပါ။ ထားဝယ်မြို့မှာလည်း သြဂုတ်လ ၄ ရက်က ဝန်ထမ်းနဲ့မိသားစုဝင်တွေကို e-ID လုပ်ပေးဖို့ အချက်အလက်တွေစုဆောင်းနေတယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။

“ထားဝယ်က တိုင်းအစိုးရအဖွဲ့ရုံးမှာလုပ်ပေးနေတာပါ။ ဝန်ထမ်းရဲ့ မိသားစုဝင်တွေသွားနေကြတယ်” လို့မြို့ခံအမျိုးသား က ပြောပါတယ်။ မြိတ်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဂျူလိုင်လ တတိယပတ်အထိ လူဦးရေ ၁၁၀၀ ကျော်၊ ကျွန်းစုမြို့နယ်မှာ ဂျူလိုင် လကုန်ပိုင်းအထိ ၁၀၇၀ ဦး၊ ဘုတ်ပြင်းမှာ ဇူလိုင်လပထမပတ်အထိ ၄၀၃ ဦးတို့ရဲ့ အချက်အလက်တွေကို e-ID ပြုလုပ်ပေးဖို့ ကောက်ယူစုဆောင်းခဲ့တယ်လို့ တိုင်းပြန်ဆက်ရဲ့သတင်းတွေက တဆင့်သိရပါတယ်။ ထားဝယ်၊ သရက်ချောင်း တနင်္သာရီမြို့ နယ်တွေမှာတော့ ဘယ်နှဦးကိုလုပ်ဆောင်ပေးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဝန်ထမ်းနဲ့ မိသားစုဝင်တွေရဲ့ Biometric Data (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူတာကို လူဝင်မှုကြီးကြပ်ရေးဌာနကအဓိက လုပ်ဆောင်နေတာဖြစ်ပြီး အသက် ၁၀နှစ်နဲ့အထက် လူတစ်ဦးချင်းစီရဲ့ လက်ဗွေ၊ မျက်စိ၊ မျက်နှာအသွင်အပြင် စတာတွေကို မှတ်သားပြီး အချက်အလက်တွေကို သိမ်းဆည်းနေတာဖြစ်ပါတယ်။ “အခုလက်ရှိမှတ်ပုံတင်နဲ့ သူတို့ အခုလုပ်ပေးမယ့်ဟာနဲ့က ဘာကွာမလဲဆိုတာလည်း မပြောပြ ထားဘူး” လို့ ထားဝယ်မြို့ခံ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။  အခုလိုမျိုး e-ID ပြုလုပ်ပေးဖို့ အချက်အလက်တွေ ကောက်ယူတာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တစ်ဦးချင်းရဲ့ လက်ဗွေ၊ မျက်စိ၊ မျက်နှာအသွင်းအပြင် တွေကို မှတ်သားထားပြီး စားရင်းအချက်အလက်ပြုစုနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က လုံခြုံရေးချိုးဖောက်မှုတွေ လုပ်ဆောင် လာမှာကို စိုးရိမ်နေ သူတွေလည်း ရှိပါတယ်။  https://www.facebook.com/photo/?fbid=715556137252462&set=a.5012 39195350825

၃၁။ မတူပီမြို့နယ်တွင် နေအိမ်တစ်လုံးပေါ် သစ်ပင်ပြိုလဲလို့ အမျိုးသားတစ်ဦးသေဆုံး
      August 7, 2023

ချင်ပြည်နယ်၊ မတူပီမြို့နယ်၊ ဟာလ်တူးကျေးရွာတွင် မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပြင်ပြိုလဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်း ၂ နာရီခန့်တွင် မိုးသက် လေပြင်း တိုက်ခတ်မှု‌ကြောင့် ဟာလ်တူးကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပြင်ပြိုလဲကာ အသက် ၅၂ အရွယ် ဦးလောင်ဟွန် သေဆုံးခဲ့ပါတယ်။ ဦးလောင်ဟွန် ရဲ့ ဇနီးသည်လည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိပြီး မတူပီဆေးရုံတွင် ဆေးကုသမှုခံယူ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးလောင်ဟွန်တို့ မိသားစုဟာ အရင်က မတူပီမြို့ပေါ်တွင် နေထိုင်ခဲ့ကြပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကျေးရွာဖက်ကို လာရောက်နေထိုင်သူတွေဖြစ်ကြောင်း သိရပါတယ်။ https://www.facebook.com/photo/?fbid=810909247708364&set=pcb.8109093 61041686

၃၂။ ဖလမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး နှင့် မှုခင်းကျဆင်းရေဆိုင်ရာ အသိပညာဟောပြောပို့ချ
     August 7, 2023

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ချင်းပြည်နယ်ပြည့်သူ့ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြ သည်ဟုသိရသည်။ ယင်း တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးမှုတွင် ချင်းပြည် နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဖလမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ဒု-မြို့နယ်မှူး အပါဝင် ဖလမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင်တို့ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် လွန်ခဲ့သည် ဇွန်လက ပြည်နယ်အဆင့်ရှိသော အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံ တကာ ဥပဒေ၊ လူ့အခွင့်ရေး၊ ဖက်ဒရယ် ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နှင့် ဥပဒေဘာသာရပ်များကို လေ့ကျင့် သင်ကြားသည့် သင်တန်းပို့ချခဲ့ပြီးနောက် ချင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းကို စတင်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လကလည်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ကန်ပလက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ကန်ပလက်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးနိုင်ရေး နှင့် မှုခင်းများကျဆင်းရေး ဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချင်းပြည် နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထဲရေးနှင့် လူမှုကြီးကြပ်ရေးဝန်ကြီးဌာန လက်‌ အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေး ဆိုင်ရာများကို ဆောင်ရွက်လက်ရှိကြောင်းလည်း သိရသည်။ https://www.facebook.com/photo/?fb id=763998569062532&set=pcb.763998779 062511

၃၃။   ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ IEC ဆို
       August 7, 2023

ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ဖို့ အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါ တယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ လက်ရှိမှာ IEC ရဲ့ ဌာန ၁၂ ခုထဲက လူ့အခွင့်အရေးဌာနကို ဖွဲ့စည်းပြီး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ “ကျနော်လက်ရှိအချိန်မှာတော့ NUG မှာရှိနေတဲ့ ကျနော်တို့ NUG ရဲ့ လူ့အခွင့် အရေးဌာနနဲ့ ကျနော်တို့ စတင်ပြီးတော့ ချိတ်ဆက်မှုပြုလုပ်နေပါပြီ။ အဲဒီတော့ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ ပြည်နယ်အဆင့်မှာ လုပ်နိုင် တဲ့အပိုင်းတွေကိုတော့ ဒီဌာနကနေ နောက်ပိုင်းကျရင် တိတိကျကျ ကျနော်တို့ ဆက်လုပ်သွားဖို့ရှိတယ်။ ပြီးတော့ ဒီဌာနအနေနဲ့ လည်း ပြည်ထောင်စုအဆင့်မှာရှိနေတဲ့ ဝန်ကြီးဌာနတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတကာမှာ ကျနော်တို့ တရား ဥပဒေကြောင်းအရ ကျနော်တို့ သွားနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့အတူ တကွရှာဖွေမယ်။” လို့ ဦးဗညားက ပြောပါတယ်။ လက်ရှိကရင်နီပြည်မှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာတွေ၊ အမျိုးသမီး တွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာတွေ၊ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု တာတွေ ရှိနေပါတယ်။

 “ဘာသာရေး အဆောက်အအုံတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်တယ်။ လေကြောင်းတွေနဲ့ တိုက်ခိုက်တယ်။ နောက်ပြီးတော့ ဘာသာရေးအဆောက်အအုံတွေ သာမက စာသင်ကျောင်းတွေ ဆေးခန်းတွေကိုလည်း ပစ်မှတ် ထားတိုက်ခိုက်တယ်ပေါ့နော။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လက်နက်ကြီးပစ် တိုက်ခိုက်တာတွေ နောက်ပြီးတော့ ဒီလို မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီကနေပြီးတော့ ဒါစစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပေါ့နော။” လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာကတော့ ကရင်နီပြည်မှာ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတချို့ကို နိုင်ငံတကာ မှာ  တရားစွဲဆိုနိုင်ဖို့ တင်သွင်းထားတာရှိတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။ “ကျနော်သိသလောက် ဖြစ်စဉ်တွေထဲမှာတော့ မိုဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နှစ်နေရာတင်ထားပါတယ်။ သြစတေးလျမှာတစ်ခုတင်ထားတယ်။ ဒါက NUG ကနေ ဦးဆောင်ပြီးတော့မှ ပူးပေါင်းလုပ်တဲ့ ဖြစ်စဉ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ ဂျာမနီမှာပါ။ ဂျာမနီမှာကတော့ ဖြစ်စဉ်တစ်ခု မကဘူးပေါ့နော။ ကျနော်တို့ ပြည်နယ်ရဲ့ တော်တော်များများ ဖြစ်စဥ်တွေပါဝင်တဲ့ ကျနော်တို့ ဖိုင်နဲ့ပေါ့။ ဖိုင်နဲ့ တင်သွင်းခြင်းဖြစ် ပါတယ်။ ကရင်နီ ဖြစ်စဉ်နဲ့ပတ်သက်ရင်တော့ သြစတေးလျမှာ တစ်ခု တင်ထားတာရှိတယ်။ ဂျာမနီမှာတစ်ခု တင်ထားပါတယ်။” လို့ သူက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ မိုဆိုက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိတဲ့ သူအဖြစ် EU ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ အရေးယူ ဒဏ်ခတ်ထားတဲ့ စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ရဲချုပ်ရာထူးအပြင် ပြည်ထဲရေး ဒု-ဝန်ကြီးရာထူးကိုပါ ပူးတွဲခန့်အပ်ထားတယ်လို့ သိရပါတယ်။ https://www.kantaraw addytimes.org/%e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%94%e1%

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button