သတင်း

ကျောင်းသားတစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်မှုမှာ (န.ဝ.တ – န.အ.ဖ) ခေတ်ရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ဟု အကသ ထုတ်ပြန်

ကျောင်းသားတစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်မှုမှာ (န.ဝ.တ – န.အ.ဖ) ခေတ်ရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ဟု အကသ ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၇ရက်၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အ.ထ.က (၁) စာသင်ကျောင်းမှာ စာမေးပွဲ ဖြေဆိုနေတဲ့ Grade- 11 ကျောင်းသားတစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အခြေခံကျောင်းသားများသမဂ္ဂ (စစ်တွေမြို့နယ်) က ထုတ်ပြန်ပါတယ်။
ဒီလိုမျိုး ရိုက်နှက်ခြင်းဟာ ” အခြေခံကျောင်းသားထုတစ်ခုလုံးအား ခြိမ်းခြောက် စိန်ခေါ်​ခြင်းဖြစ်ပြီး ( န.ဝ.တ- န.အ.ဖ)ခေတ်၏ ယုတ်ညံ့သော စွမ်းအားရှင်အဖွဲ့ လုပ်ရပ်” ဖြစ်တယ်လို့ အကသ က ထုတ်ပြန်ထားပါတယ်။
စာမေးပွဲ ဖြေနေစဉ်အတွင်း မောင်ပြည့်ဖြိုးကျော်ဆိုတဲ့ကျောင်းသားရဲ့ နှားထင်ကို ဆရာ ဦးဇေယျာထွန်းဆိုသူက အကြိမ်ကြိမ်ရိုက်နှက်ပြီးတော့ စာရေးခုံနဲ့ နံရံတွေပေါ်မှာလည်း ဦးခေါင်းကို ထု၍ ကာယအိန္ဒြေရာယ်ပျက်ပြားအောင် ပြုမူခဲ့တယ်လို့ အ.က.သရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခုလိုမျိုးဖြစ်ရတာဟာ ဆရာ၊ ဆရာမတွေက မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲတဲ့အတွက် ဖြစ်ရတာလို့လည်း အကသရဲ့ တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။
အခုလိုမျိုး လုပ်ရပ်တွေကြောင့် ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ရတဲ့အတွက် နောက်နောင် ဒီလိုမျိုးလုပ်ရပ်တွေကို မလုပ်ဖို့ လိုတယ်လို့ သူကဆက်ပြောပါတယ်။

Basic Education Students’ Union – Sittwe Township – ထုတ်ပြန်ချက်

Related Articles

Back to top button