သတင်း

NUG က နွေဦးဖွံ့ဖြိုးရေးဘဏ် (SDBANK) ကို စတင်မိတ်ဆက်

NUG က နွေဦးဖွံ့ဖြိုးရေးဘဏ် (SDBANK) ကို စတင်မိတ်ဆက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၅ ရက်၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နွေဦးဖွံဖြိုးရေးဘဏ်(Spring Development Bank)ကို စတင်မိတ်ဆက်မည်ဖြစ်ကြောင်း NUG ရဲ့ ကြားကာလဗဟိုဘဏ်က ယမန့်နေ့ ဇူလိုင် ၂၂ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ ပြောကြားလိုက်ပါတယ်။
အဲဒီ SD ဘဏ်ကို ဇူလိုင် ၂၂ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာတော့ အပြည့်အဝသုံးဆွဲနိုင်မည်ဟု နွေဦးဖွံဖြိုးဘဏ်စီမံခန့်ခွဲမှု အလုပ်အမှုဆောင်အရာရှိ ဦးကယ်လ်ဗင်ကလည်းပြောဆိုထားပါတယ်။
အခု စတင်ဖွင့်လှစ်ပြီး သုံးစွဲနိုင်မယ့် ငွေကြေးအမျိုးအစားတွေကတော့ ပြည်တွင်းကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေစသည့် ငွေကြေးလေးမျိုးဖြင့်ဝန်ဆောင်မှုပေးမည်ဖြစ်သလို ဘဏ်ကတဆင့်ရွှေစုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်လို့ ပြောပါတယ်။
ငွေသွင်း၊ငွေထုတ်ခြင်းကို သက်ဆိုင်ရာဘဏ်ကိုယ်စားလှယ်များ၊ Cryptocurrency စသည်တို့ဖြင့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဘဏ်ဖွင့်လှစ်ပြီး ၆ လအတွင်း သုံးဆွဲသူ ၁ သိန်းရရှိရန်နှင့် နောက်ထပ် ၆ လအတွင်း သုံးစွဲသူ ၅ သိန်းအထိ တိုးမြှင့်လာရန်လည်း လိုအပ်နေတာပါ။
ဘဏ်စနစ်ရဲ့ လည်ပတ်မှု အတွေ့အကြုံနဲ့ အားကောင်းလာမှုပေါ် မူတည်ပြီး အခြားနိုင်ငံခြားငွေများဖြင့် ဘဏ်ဝန်ဆောင်မှုများကို တိုးဖြင့်သွားပြီး Debit Cardများ၊ NUGကရောင်းချသည့် ငွေတိုက်စာချုပ်များနှင့်အခြား ထုတ်ကုန်များကိုလည်းဝယ်ယူနိုင်မှာလို့ ပြောပါတယ်။
ဒါ့အပြင် နွေဦးဘဏ်ကိုအသုံးပြုပြီး ပြည်တွင်းကို ငွေလွှဲနိုင်ရန်လည်း စီစဉ်သွားမည်လို့ ဆိုပါတယ်။ နွေဦးဘဏ်ကို တည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဘဏ်အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ ရောင်းချရန်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

နွေဦးဖွံဖြိုးရေးဘဏ် (SDBANK) ဖွင့်လှစ်လိုက်ခြင်းဟာ ဘဏ္ဍာရေးလမ်းကြောင်းကနေ တိုက်စစ်ဖွင့်တဲ့ အနေထားဖြစ်လို့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားသလို တော်လှန်ရေးကို ဦးတည်တဲ့၊ ရည်ရွယ်တဲ့ ဘဏ္ဍာရေးတိုက်စစ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ NUG ကြားကာလ ဗဟိုဘဏ်ဒုတိယဥက္ကဌနှင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှု ဒုဝန်ကြီးဦးမင်းဇေယျာဦးက ပြောဆိုလိုက်ချိန်မှာပဲ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ “နှစ်သောင်းကျပ်တန်” ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ့်အကြောင်း ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

Related Articles

Back to top button