ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာလေ့လာခြင်း အပိုင်း (၁)
မိတ်ဆက် – ဖက်ဒရယ်ဂျာနယ် မြန်မာရဲ့ ဖက်ဒရယ်ရေးရာ ကဏ္ဍအစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့ ဖက်ဒရယ်ဂျာနယ် မြန်မာနဲ့ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC) တို့က ပူးပေါင်းပြီး ဖက်ဒရယ်ရေးရာ အသိပညာများကို လေ့လာ သိရှိခွင့်ရရှိစေဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်ပညာရပ်ဆိုင်ရာများကို ကဏ္ဍအသီးသီးအလိုက် တင်ဆက် ပေးသွားတော့မှာ ဖြစ်ပါတယ်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ မျှော်ရည် ကာ အခုအစီအစဉ်ကို ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပါတယ်။
အခု အစီအစဉ်ကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကဏ္ဍတွေကတော့
၁) ဖက်ဒရယ်လစ်ဇင် အခြေခံအယူအဆများ၊
၂) ဖက်ဒရယ်လစ်ဇင် ယူနစ်များ၊
၃) Coming together vs holding together federalism၊
၄) ဖက်ဒရယ်လစ်ဇင်ဆိုင်ရာ အာဏာ ခွဲဝေကျင့်သုံးခြင်းများ၊
၅) ဖက်ဒရယ်လစ်ဇင် ဥပဒေပြုလွှတ်တော်၊
၆) အချိုးမညီ၊ အချိုးညီ ဖက်ဒရယ်လစ်ဇင်၊
၇) နှစ်သွယ်ဖက်ဒရယ်လစ်ဇင်
၈) ကွန်ဖက်ဒရယ်ရှင်း၊
၉) ပြည်နယ်ဖွဲ့စည်းပုံ ဖက်ဒရယ်လစ်ဇင်၊
၁၀) လူနည်းစု အခွင့်အရေး ဖက်ဒရယ်လစ်ဇင်၊
၁၁) နိုင်ငံခြားရေး ဖက်ဒရယ်လစ်ဇင်၊
၁၂) သဘာ၀သယံဇာတဆိုင်ရာ ဖက်ဒရယ်လစ်ဇင်၊
၁၃) မြေယာဆိုင်ရာ ဖက်ဒရယ်လစ်ဇင်၊
၁၄) လုံခြုံရေးဆိုင်ရာ ဖက်ဒရယ်လစ်ဇင်၊
၁၅) ဘဏ္ဍာရေး ဖက်ဒရယ်လစ်ဇင်၊ နဲ့
၁၆) ဒေသန္တရ အစိုးရ ဖက်ဒရယ်လစ်ဇင် တို့ကို တင်ဆက်ပေးသွားမှာ ဖြစ်လို့
အပတ်စဉ် သောကြာနေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက်မီဒီယာများ၊ အဖွဲ့အစည်းများရဲ့ သတင်းကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ထုတ်လွင့်တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော် ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်ပါတယ်။
အခုဖက်ဒရယ်လစ်ဇင် သင်ခန်းစာနှင့် စပ်လျဉ်းပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက ဖက်ဒရယ်ဂျာနယ် မြန်မာရဲ့ အီးမေးလ်လိပ်စာ federaljournalnews@gmail.com / Federal Journal Facebook Messenger တို့က ဆက်သွယ်မေးမြန်းနိုင်ပါတယ်။