သတင်း

ကွတ်ခိုင်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား

ကွတ်ခိုင်မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၇ ရက်၊ ၂၀၂၃။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက မန်ပြိန်းနှင့်ကောင်းခမ်းကျေးရွာအနီး တအာင်း တပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ပြန်ကြားရေးဆီက သိရပါတယ်။

မန်ပြိန်းနှင့်ကောင်းခမ်းကျေးရွာအနီး စစ်ကောင်စီ တပ် စကခ-၁၆/ခလရ-၆၉ နဲ့ TNLA တပ်တို့ နှစ်ဖက် တိုက်ပွဲဟာ ဒီကနေ့ မနက်ပိုင်းအစောပိုင်း ၈ နာရီကျော်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့ ညနေပိုင်း(၃း၂၅)နာရီအချိန်ခန့်ကလည်း ကွတ်ခိုင်ဘက်ကနေ သိန္နီမြို့ဘက်သို့ ဆင်းလာတဲ့ စစ်ကောင်စီတပ် ယဉ်တန်း ကား(၇)စီးကိုလည်း TNLA က ကြားဖြတ် တိုက်ခိုက်ခဲ့လို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလ ဇူလိုင်လအတွင်း တအာင်း တပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်တို့ကြား မိုင်းငေါ့မြို့နယ်နဲ့ မူဆယ် မြို့နယ် တို့မှာ (၁)ကြိမ်စီ ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ်မှာတော့(၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Getty Images

Related Articles

Back to top button