သတင်း

စစ်ကောင်စီ ဂျက်ဖိုက်တာ ဖြုတ်ကျခဲ့တဲ့နေရာကို ကလလတ ထုတ်ပြန်

စစ်ကောင်စီ ဂျက်ဖိုက်တာ ဖြုတ်ကျခဲ့တဲ့နေရာကို ကလလတ ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇူလိုင် ၆ ရက်၊ ၂၀၂၃။

ကယားပြည်နယ်( ကရင်နီပြည်) ဘောလခဲခရိုင် ရွာသစ်မြို့နယ်ခွဲ၊ တာဆန်းလဲ ကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်များက ပစ်ခတ်လိုက်ပြီးနောက် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီး ဖြုတ်ကျ ပျက်စီးခဲ့တဲ့နေရာကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး – ကလလတ ၉၄၂၂ တပ်ရင်းက ယမန်နေ့ (ဇူလိုင် ၅) ညပိုင်းမှာ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားပါတယ်။

အခု စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ် ပျက်ကျခဲ့သည့်နေရာမြင်ကွင်းကိုတော့ ဒရုန်းနှင့် ဓာတ်ပုံရိုက်ကူးထားနိုင်တာ ဖြစ်ပါတယ်။

ကရင်နီပြည်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့နယ်ခွဲ တာဆန်းလဲကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီ လေယဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း (ကလလတ) ဗဟိုကော်မတီဝင် ရဲဘောလောရင်းစိုးက ဖက်ဒရယ်ဂျာနယ် မြန်မာကို အတည်ပြု ပြောဆိုထားပါတယ်။

“အရင် ၁၀၀၅ နယ်ခြားတပ်စောင့်တပ်ဖွဲ့တွေက ကျနော်တို့ရဲ့ ၇၈၉၄ တပ်ရင်းအဖြစ်အသွင်ပြောင်းလိုက်တဲ့ တပ်ဖွဲ့တွေနဲ့ မဟာမိတ်စုပေါင်းတပ်ဖွဲ့တွေနဲ့ စုပေါင်းပြီးတော့မှ အဲဒီမှာ စစ်ဆင်ရေးလာလုပ်နေတဲ့ ရန်သူစစ်ကြောင်းကို ခြေမုန်းရင်းနဲ့ လေကြောင်းရန်လာလို့ အနီးကပ်လာပစ်တဲ့အချိန်မှာ ရှိတဲ့လက်နက်နဲ့ ခုခံပစ်ရင်းနဲ့ ဖြုတ်ကျတာဖြစ်တယ်၊ ပျက်ကျတာမဟုတ်ဘူး၊ ပစ်ထိလို့ ကျသွားတာဖြစ်တယ်” လို့ ပြောပါတယ်။

ပုံစာ- ဘောလခဲမြို့နယ် တာဆန်းလဲကျေးရွာအနီး သံလွင်မြစ်နား ပစ်ထိပြီး ဖြုတ်ကျသွားတဲ့ ဂျက်ဖိုက်တာနေရာ / ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ ၉၄၂၂ တပ်ရင်း

Related Articles

Back to top button