(No. 53, July 4, 2023)
၁။ ဒု-ဥက္ကအပါအဝင် တပ်ဖွဲ့ဝင်သုံးဦး ပစ်ခတ်ခံရခြင်းမှာ ULA/AA လက်ချက်ဟု ALP ထုတ်ပြန်
July 3, 2023
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု-ဥက္က အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးတို့ စစ်တွေမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံ ရခြင်းမှာ ရက္ခိုင့်တပ်တော်(ULA/AA)၏ လက်ချက်ဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ALP မှ ထုတ်ပြန်လိုက်သည်။ သေဆုံးသွားသူ များမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု-ဥက္က ခိုင်နီအောင်၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်(ALA) တပ်ရင်း မှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင် တို့ဖြစ်သည်။ ၎င်းတို့မှာ ဇူလိုင် ၁ ရက်က မုန်တိုင်း ကယ်ဆယ်ရေးကိစ္စများ အတွက် ဥက္ကရုံးမှ အစည်းအဝေးပြုလုပ်၍အပြန် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ကျောင်းရှေ့ အရောက်တွင် ULA/AA မှ ရည်ရွယ် ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်သတ်ခြင်းခံလိုက်ရသဖြင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု ALP က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “သူတို့(ULA/AA)က လုပ်ကြံဖို့ ကြံစဉ်နေတယ်ဆိုတာကို အရင်ကတည်းက ကြိုတင်ပြီး စစ်ရေးသတင်းရရှိ တာ ရှိခဲ့တယ်။ အခုက “မိုခါ”မုန်တိုင်း ကယ်ဆယ်ရေးကာလဖြစ်နေတဲ့အတွက် ရခိုင်လူမျိုးအချင်းချင်း ဒီလောက် ယုတ်ညံ့တဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ မုန်တိုင်းအတွက် ကယ်ဆယ်ရေးကိစ္စတွေ အပြင်းအထန်ဆောင်ရွက် နေစဉ် မှာ မျှော်လင့်မထားခဲ့လို့ အခုလိုဖြစ်သွားရတာ”ဟု ALP အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။ စစ်တွေမြို့၊ မင်းဂံရပ်ကွက် စစ်တွေတက္ကသိုလ်ဆင်းလမ်းက ရထားလမ်းအနီးတွင် ဇူလိုင် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က သေနတ် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ALP ပါတီဝင် ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ALP ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က “ဒီဟာက အခြေ အမြစ်မရှိဘဲ စွပ်စွဲနေတာပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ကတော့ ဒီကိစ္စ လုံးဝပတ်သက်မှု မရှိပါဘူး”ဟု ပြောသည်။ ယခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်(၁၃)ရှိ ဆီတန်းရှေ့တွင် ALP စစ်ဦးစီးချုပ် အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးမှာ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းမှာ ULA/AA လက်ချက်ကြောင့်ဖြစ်သည်ဟု ALP မှ ထုတ်ပြန်ခဲ့သည်။ ရခိုင်က လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “လုပ်ကြံမှုကတော့ ALP အနေနဲ့ သူတို့မှာ စည်းလုံးမှု ပြိုကွဲနေတာနဲ့ အများကြီးသက်ဆိုင်တယ်။ ဘယ်သူတွေက ALP အစစ်ဆိုတာကိုတောင် ခွဲလို့မရလောက်အောင် မူဝါဒပျက်ပြား နေတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံမှုက လုံးဝကျဆင်းသွားပြီး ဒီဟာက သူတို့ရဲ့ အားနည်းချက်တွေ အများကြီးပေါ်လာပြီး ဒီလိုလုပ်ကြံမှုတွေ အများကြီးဖြစ်လာတာ”ဟု ပြောသည်။ ALP သည် ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးခဲ့သည်။ စစ်တွေမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသူများမှာ စစ်တွေမြို့တွင် အခြေစိုက်သော စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့မှ ဖြစ်ကြသည်။ https://www.facebook.com/photo/?fbid=657015106472089&set=a.64320980 1185953
၂။ KIA ထိန်းချုပ်ဒေသအနီးရှိ နမ်ဆန်ယန်ကျေးရွာတွင် တိုက်ပွဲဖြစ်၍ နေရပ်ပြန်စစ်ရှောင်များ တကျော့ပြန် ထွက်ပြေးနေရ
July 3, 2023
ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်း KIA ထိန်းချုပ်ဒေသအနီးရှိ နမ်ဆန်ယန်ကျေးရွာတွင် ယနေ့ နံနက် ၅ နာရီခွဲ၌ စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားလာ၍ နေရပ်ပြန်စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “နမ်ဆန်ယန် အနောက်ဘက်ချောင်းနားမှာတိုက်ပွဲဖြစ်လာတယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်။ တချို့ပြည်သူတွေက ထွက်ပြေး တဲ့သူတွေ ပစ္စည်းတိမ်းတဲ့သူတွေကသိမ်း၊ တချို့ကတော့ အခြေအနေစောင့်ကြည့်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ နမ်ဆန်ယန်ကျေးရွာတွင် နေရပ်ပြန်စစ်ရှောင် ၅၀၀ နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိုးစစ်ဝင်ရောက်လာမှု ကြောင့် တိုက်ပွဲဖြစ်ပွားလာ၍ အများပိုင်းက ဝိုင်းမော်မြို့သို့ပြန်လည် ထွက်ပြေးတိမ်းရှောင် သွားကြကြောင်း သိရသည်။
ဇွန်လ ၁၆ ရက်နေ့တွင်လည်း နန်ဆန်ယန်အနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲ ခေတ္တဖြစ်ပွားခဲ့သော်လည်း အထိအခိုက်မရှိခဲ့သလို အရပ်သားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း မရှိခဲ့ပေ။ နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားလာသည့် ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အစိုးရ၊ တပ်မတော်၊ ကေအိုင်အိုနှင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများကြား စေ့စပ်ဆွေးနွေးခဲ့ကာ နေရပ်ပြန်နေထိုင်ခဲ့သည့် ကျေးရွာလည်း ဖြစ်သည်။ https://www.facebook.com/photo/?fbid=658823929614834&set=p cb.658823962948164
၃။ ဟားခါး-ထန်တလန်အကြား သီမြစ်အနီးတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖက်က ၂ ဦးကျဆုံး
July 3, 2023
ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့တို့အကြား ယနေ့မနက်ပိုင်းလင်းအားကြီးချိန်ကစ၍ တိုက်ပွဲဖြစ်ပွါးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၂ ဦး ကျဆုံးပြီး ဒါဏ်ရာရရှိသူများလည်း ရှိကြောင်းသိရသည်။ ဇူလိုင်လ ၃ ရက်နေ့ အာရုံဦးအချိန်တွင် ဟားခါး- ထန်တလန်အကြား သီတာရွာသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက်က ချင်းကာ ကွယ်ရေးတပ်ဖွဲ့များရှိ သည်ဟု ယူဆရသောနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကျော်ကြာ နှစ်ဘက် တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ “ ဒီနေ့မနက်အစောကြီး မိုးမလင်းခင်အထိ တောက်လျှောက် ပစ်ခတ်တယ်၊ သီတာရွာကို ဂျက်ဖိုက် တာက ဗုံးလာကြဲတယ်။ ပြီးတော့မှ သီမြစ်ဘက် ဒေသကာကွယ်ရေးတပ်စခန်းကို သူတို့ လာပစ်တယ်။ အဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ အဲမှာ CDF-Thantlang က ရဲဘော် ၁ ဦး နဲ့ CDF-Zophei က ရဲဘော်၁ ဦး ကျဆုံးတာပေါ့နော် ပြီးတော့ ဒါဏ်ရာရတဲ့သူ ၆၊၇ ယောက်လောက်ရှိတယ်။ စစ်သားတွေကတော့ ဘယ်လောက်သေတယ် ဆိုတာအတိအကျတော့ ပြောလို့ မရပေမဲ့ ထိခိုက် သေဆုံးမှု များမယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲက အနီးကပ် ပစ်ခတ်တာဆိုတော့ အဲလိုပြောနိုင်တာပေါ့” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ယခုမနက်ပိုင်းဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ရှိ လွတ်လပ်ရေးကျောင်တိုင် မှ လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်ကာ သီမြစ်လွင်ပြင် အနီး တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေခဲ့ကာ မေလ ၂၉ ၊ ၃၀ ရက်နေ့နှင့် ယနေ့ ဇူလိုင်လ ၃ ရက်နေ့များတွင် နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခြင်း ဖြစ်သည်။ ယမန်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် ဟားခါးမြို့ပေါ် BOC ရုံး၊ စုပေါင်းရုံးအနီးတဝိုက်နှင့် ဟားခါးဆေးရုံတွင် သေနတ်ပစ်ခတ် ခြင်းများရှိပြီး ဆေးရုံဝန်းရှိ ခွဲစိတ်ဆောင် နှင့် ဝန်ထမ်း ကွာတာအား သေနတ်မှန်ကြောင်း ဒေသခံများထံမှသိရသည်။ https://www .facebook.com/photo/?fbid=740 345558094500&set=a.723151869813869
၄။ ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်
July 3, 2023
ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရန်အချက်အချို့နဲ့ ပတ်သတ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေနဲ့ လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်တွေကို ချေမှုန်းရာမှာ ပိုမိုတိုးတက် ကောင်း မွန်ဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်ရန် အခုလိုထုတ်ပြန်လိုက်တာလို့ ဖော် ပြထားသည်။ အဆိုပါထုတ်ပြန် ကြေညာချက်ထဲမှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ သူတပါးအသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေနိုင်တဲ့ ဘယ်လို အကြမ်းဖက်လုပ်ရပ်မဆို ကျူးလွန်တဲ့သူကို အားမပေးဘဲ တားဆီးတိုက်ဖျက်ချေမှုန်းသွားမယ်လို့ ဆိုသည်။
ဒါ့အပြင် ရာဇတ်မှုကျူးလွန်တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းဥစ္စာတွေကို ဥပဒေနဲ့အညီ ထိန်းညီထိန်းသိမ်း စစ်ဆေး ပြီး နည်းမှန်လမ်းမှန် အရေးယူသွားမယ်လို့ ရေးသားထားသည်။ ထို့နောက်နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို နှောင့် ယှက်ဖျက်ဆီးတာ၊ အဲဒီ့လို ကုမ္ပဏီတွေနဲ့ ပုဂ္ဂိုလ်တွေအပေါ် အနှောင့်အယှက်ပေးတာ၊ ဆက်ကြေးတောင်းခံတာတွေ ပြုလုပ်ရင် ထိရောက်စွာအရေးယူသွားမယ်လို့လည်း သိရသည်။ ယင်းအကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်သူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူ တွေကို အကာအကွယ်ပေးနေသူတွေကို ဖြိုခွင်းတိုက်ဖျက်အရေးယူသွားမှာဖြစ်ပြီး လူကုန်ကူးတာနဲ့ အတင်းအဓမ္မ လုပ်အားခိုင်း စေသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိသည်။ မြန်မာပြည်သူလူထု တရပ်လုံး နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် အားပေးထောက်ခံကြသူတွေအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်တွေချေမှုန်းဖို့ အတူပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အထူးတိုက် တွန်းထားသည်။ https://www.facebook.com/photo/?fbid=283957987542153&set=a.164845642786722
၅။ တိုက်ပွဲကြောင့်ပိတ်ထားတဲ့ ဒီးမော့ဆိုအရှေ့ဘက်က စာသင်ကျောင်းကို ၃ လကျော်ကြာမှာ ပြန်ဖွင့်
July 3, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ကစပြီးဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရာကနေ ဇွန်လ နောက်ဆုံးပတ်မှာ စစ်ရှောင်စခန်းတစ်ခုက စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျောင်း ပိတ်ကာလ ကြာရှည်တဲ့အတွက် ကျောင်းသူကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့အတွက် ဆွဲခေါ်ရာမှာ အတော်လေး ခက်ခဲ နေတယ်လို့ ကျောင်းအုပ်တစ်ဦးက ပြောပါတယ်။ ” ဒီကလေးတွေမှာက ကျနော်တို့ ဆွဲခေါ်တဲ့အခါမှာ သူတိုမှာက လုံးဝ ကျောင်း မလာချင်တော့ဘူး။ လက်နက်ကြီး ကြောက်တယ် ဆိုတဲ့ဟာမျိုးတွေ ခဏခဏဖြစ်တယ်ပေါ့နော်။ ပြီးရင်လည်း စာမှာဆိုရင် ရတဲ့ဟာမျိုးတွေလည်း မရှိတော့ဘူး။ ဘယ်သူမှ စာပိုင်းမှာ အာရုံမစိုက်နိင်တဲ့ခါကျတော့ စာမှာဆိုရင် လုံးဝ စိတ်မဝင်စားတော့တဲ့ ဘအခြေအနေမျိုးတွေမှာ ရှိတယ်” လို့ ကျောင်းအုပ်တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေအရ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်မှာ အဆိုပါကျောင်းတစ်ခုတည်းသာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ရှောင်းခန်းမှာ စာသင်ကျောင်းကို မူကြိုကနေ နေ G-8 (၈တန်း)အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ဦးရေ ၁၅၀ ရှိတယ်လို့ သိရပါတယ်။ Grade-8 (၈တန်း) မှာ တက်ရောက်နေတဲ့ အသက် ၁၃ နစ်အရွယ် ကျောင်းသူ တစ်ဦးကတော့ ကျောင်းပိတ်ထားရတာကြာတဲ့အတွက် ခုလို ကျောင်းပြန်တက်ရတဲ့အချိန်မှာ စာတွေတော်တော်ပြန်လိုက်ရ တယ်လို့ ဆိုပါတယ်။ “စာမဖတ်ရတာကြာတော့ စာဖတ်ရတာတစ်မျိုးကြီး အားထစ်အားထစ်ဖြစ်နေတယ်”လို့အဆိုပါ ကျောင်းသူ က ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လေယာဥ်နဲ့ လာရောက် ဗုံးကြဲမှုတွေ မကြာခနကြုံ တွေ့နေရတဲ့ အပြင် စာသင်ကျောင်းတွေကို စစ်ကောင်စီက မကြာခနပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် မိဘတွေဟာ ကလေးတွေ အတွက် စိုးရိမ်နေကြတာပါ။ “မိဘပိုင်းမှာက ကျနော်တို့ ပညာရေးနဲ ပြောလာပြီဆိုရင် ဒါကကြာရှည်ခံမလား ဆိုပြီး ခဏခဏ မေးလာတယ်။ ကျနော်တို့ ပြန်ဖွင့်လိုက်ရင်လည်း နင်တို့ကျောင်းဖွင့်လိုပဲ လက်နက်ကြီးကျလာတယ် ဆိုတဲ့ဟာမျိုးတွေ ကျနော် တို့မှာ ခဏခဏကျနော်တို့ကြားရတယ်။ ရွာမှာကတည်းက ကျနော်တို့ ဖွင့်တယ်ပေါ့နော်။ နင်တို့ဖွင့်ပြန်ပြီ လက်နက်ကြီးကျ တော့မယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့မှာ ခဏခဏလုပ်တယ်။”လို့ အဆိုပါ ကျောင်းအုပ်က ဆက်ပြောပါတယ်။ https://www .kantarawaddytimes .org/%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80
၆။ ဆဒုံး – ကန်ပိုက်တီ စစ်ကောင်စီတပ်နှင့် နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေဟု KIA ပြော
July 3, 2023
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုက်တီလမ်း၌ ဇွန်လနောက်လနောက်ဆုံးပတ်ကစ၍ တိုက်ပွဲများနေစဉ် ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြော ကြားသည်။ ဇွန်လ ၂၆ ရက်မှစ၍ နေ့တိုင်းဆိုသလို တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ (ဇူလိုင် ၁ ရက်) နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
” ဖြစ်စဉ်ကတော့ စကစက ဆဒုံး-ကန်ပိုက်တီလမ်းတကြောကို သူတို့က နယ်မြေရှင်းလင်းရေးတွေပေါ့ နယ်မြေစိုးမိုး ရေးလုပ်ချင်လို့ ကျနော်တို့ KIA တွေမရှိအောင် လမ်းရှင်းဖို့သူတို့ကစစ်ဆင်ရေးလုပ်တယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။ အဲဒါ ကြောင့်မို့လို့ ကျနော်တို့နဲ့ တိုက်ပွဲတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံး အခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေ အနေများ၌ အသိပေးလေ့မရှိပေ။ https://www.facebook.com/photo/?fbid=6080679 44725335&set=a.5593961829255
၇။ သိမ်ဇရပ်မြို့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ပျူစောထီး ၁ ဦး သေဆုံး
July 3, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Soul Takers – Yangon Underground Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇူလိုင်လ ၃ ရက် နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သိမ်ဇရပ်မြို့၊ စက္ကူရုံ အနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကားနှင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အင်အားဖြည့်ထားသည့် ကင်းပုန်းများ နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတိုက်ပွဲ အသေးစားဖြစ်ပွားခဲ့ကာ ပျူစောထီး ၁ ဦးသေဆုံးပြီး စစ်သားများ ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ “ပျူ ၁ ကောင် သေတာက နာမည်က မြင့်ဇော်တဲ့ ခင်ဗျာ။ ယူနီဖောင်းနဲ့ တစ်ယောက်လည်း ကျသွားတာ တွေ့ခဲ့ပေမယ့် နာမည်ရာထူး မသိသေးပါဘူး ခင်ဗျာ။ ခုတော့ သူတို့ ရွာတွေဘက်ကို ရမ်းသမ်း ပစ်နေတာ။ ကျွန်တော်တို့က အကုန်လွတ်လာပြီ” ဟု Soul Takers – Yangon Underground Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အားလုံး အထိအခိုက် အကျအဆုံးမရှိ ဘေးလွတ်ရာသို့ ရောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ပြည်သူများ နယ်မြေလုံခြုံရေးကို သတိထားကြရန်လည်း Soul Takers – Yangon Underground Force အဖွဲ့မှ မေတ္တာရပ်ခံထားသည်။ https://www.facebook.com/ photo/?fbid=6248539697422 13&set=a.568142255413385
၈။ ကန်ပက်လက်မြို့တွင် ဒေသခံအမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိ
July 3, 2023
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဆိုင်ကယ်စီးနင်းလာသော ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၂ ရက်နေ့ နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ ကန်ပက်လက်မြို့၊ မြို့မသင်္ချိုင်းတွင် ကင်းပုန်းဝပ်ထားသော စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသူသည် ၎င်းစီးနင်းခဲ့သော ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းသိရသည်။ “စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတာကို ဖြတ်သွားမိတာပါ။ ခြေဖမိုးမှာ ကျည်ထိမှန်ပြီး ခြေချောင်းတစ်ချောင်းပြတ်ထွက်သွားပါတယ်။ အပစ်ခံရပြီးနောက် ဆိုင်ကယ်နဲ့ လွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာဖြင့် လွတ်မြောက်လာခဲ့သော ဒေသခံအမျိုးသားကို ဘေးကင်း သည့်နေရာတွင် ဆေးကုသခံယူလျက်ရှိကြောင်းဆွေမျိုများထံမှ သိရသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နှင့် ၃၀ ရက်နေ့ ကလည်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးက ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ https://www.facebook.com/photo/?fbid=599049952364028&set= pcb.599050005697356
၉။မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန်အပါအဝင် “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိရန် ဒုဥက္ကဋ္ဌ(၂)ကို KNDLF သတိပေး
July 3, 2023
စစ်ကောင်စီနှင့်ပူးပေါင်းပြီး မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန် ဒုတိယဥက္ကဋ္ဌ (၂) ရဲဘော်ထူးကော် အား ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ) KNPLF က ထုတ်ပြန် သတိပေးလိုက်သည်။ “ခင်ဗျားကို ကျနော်တို့ ဒီတိုက်ပွဲတွေ မစတင်မီကလည်း ဆွေးနွေးဖူးသလို၊ အဖွဲ့အစည်းရဲ့တာဝန်အရှိဆုံး ပုဂ္ဂိုလ် ကိုယ်တိုင်က ခင်ဗျားကို ဒီလို တိုက်ပွဲ တွေမဖြစ်မီရက်အနည်းငယ်ကလည်းထပ်မံခေါ် ယူဆွေးနွေးခဲ့သေးတယ်မဟုတ်ပါလား။ ခင်ဗျား ဘယ် လိုပြောပြီး ပြန်သွားသလဲ ဆိုတာ ခင်ဗျားအသိဆုံးပါ။ကျနော်တို့က ခင်ဗျားရဲ့အသက်ဘေးအန္တရာယ်နဲ့ ခင်ဗျားရဲ့နိုင်ငံရေးဂုဏ်သိက္ခာကို တန်ဖိုးထားလို့ အသေအချာ ဆွေးနွေးခဲ့တာပါ။ ခင်ဗျားအနေနဲ့ အဖွဲ့အစည်းနဲ့အတူ မလိုက်ပါနိုင်တာကို ကျနော်တို့ နားလည်နိုင်ပါတယ်။ ယုတ်စွ အဆုံး ခင်ဗျား ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် ရန်သူ (စကစ) စစ်အုပ်စုနဲ့ပေါင်းဖက်နေလည်း ကျနော် ခင်ဗျားကို နားလည် ပေး လို့ရနိုင်ပါသေးတယ်။ သို့သော်လည်း ရန်သူနဲ့ပေါင်းပြီး အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ တော်လှန်ရေးနဲ့ခင်ဗျားကိုယ်တိုင် နှစ်ပေါင်း များစွာ ပါဝင်ဖြတ်သန်းတည်ဆောက်လာခဲ့ဖူးတဲ့ မိခင်အဖွဲ့အစည်း(ကလလတ) ကိုတော့ မဆန့်ကျင်မိဖို့လိုပါတယ်”ဟု KNPLF ၏ အဖွဲ့အစည်းဝင်ရဲဘော်များအားလုံး၏ မှတ်ချက်ဖြင့်ထုတ်ပြန်ထားကြောင်းဖော်ပြသည်။ ရန်သူနှင့်ပေါင်းပြီး “သုံးမျိုး ဆန့်ကျင်ရေး” မလုပ်မိပါစေနှင့်ဟ ကလလတ ကသတိပေးသည်။ထိုသို့ မလုပ်ရန်လည်းအလေးအနက်လည်းမေတ္တာရပ်ခံပါကြောင်း KNPLF ကအသိပေးသည်။
စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမစတင်မီကပင် အတူတကွဆွေးနွေးမှုများရှိခဲ့ကြောင်းလည်း KNPLF က အသိပေးထားသည်။ “အခုလို စာတိုစာရှည်တွေ ရေးသားထုတ်ဝေနေတာဘယ်သူ့လက်ချက်ဘယ်သူ့ အစီအစဉ်ဖြစ်တယ်ဆို တာ ပြည်သူများလည်းသိသလို၊ ကျနော်တို့လည်းသိပါတယ်။ ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားကိုယ်တိုင်ကတော့ အသိဆုံးဖြစ်ပါ တယ်။ ဘုံရန်သူ (စကစ) ဟာ ကျနော်တို့အချင်းချင်းထဲကဖြစ်စေ၊ ကျနော်တို့တော်လှန်ရေးထဲကဖြစ်စေ ပျော့ညံ့တွေဝေသူတွေ၊ အတ္တကိုယ်ကျိုးစီးပွားတစ်ခုထဲကိုပဲ မက်မောတွယ်တာသူတွေကို အဲဒီလိုပဲ ချုပ်ကိုင်စေပါး အသုံးချခဲ့တာ အသုံးချနေ တာဟာ အခုမှမဟုတ်ပါဘူး။ ဖောက်ပြန်တဲ့အုပ်စိုးသူအဆက်ဆက်ကျင့်သုံးမြဲ ကျင့်သုံးဆဲလက်သုံးပေါ်လစီပါပဲ”ဟု ထပ်လောင်းသတိပေး သည်။ ထို့ကြောင့် ရန်သူ့အကြိုက်လိုက်၍လုပ်နေသည်ကို ရပ်တန်းကရပ်ရန် အလေးအနက် သတိပေးပြီး ရန်သူ့ကျော့ကွင်းထဲမှ အမြန်ဆုံးပြန်လာရန် နှင့် အရင်အတိုင်း လှိုက်လှဲစွာဆီးကြိုရန်အသင့်ရှိကြောင်း လည်း KNPLF က ဖော်ပြသည်။ “သူ့ရပ်တည် ချက်က ကျနော်တို့နဲ့အတူ မဟုတ်ဘူးဆိုရင်တော့ စစ်အုပ်စုနဲ့ တူတယ်ဆိုရင်တော့ ကျနော်တို့ရန်သူ ဖြစ်သွားမှာပါ။အဲဒါကလည်း သူတို့က စစ်ကောင်စီနဲ့ ဆက်ပူးပေါင်းမယ်ဆိုရင်တော့ ပြည်သူ လူထုရဲ့ ရန်သူ ကျနော်တို့အဖွဲ့အစည်းရဲ့ ရန်သူဖြစ်လာမှာပါ”ဟု KNPLF တွဲဖက်အထွေထွေ အတွင်း ရေးမှူး ရဲဘော်လောရင်းစိုးကလည်း ဇွန်လ ၂ ရင်တွင်အသိပေးသည်။ https://www.faceb ook.com/photo/?fbid=608749844657145&set=pcb.608749887990474
၁၀။ ရခိုင်တွင် အကြမ်းဖက်မှုအပါအဝင် တခြားအမှုများကို အမိန့်ချရန် စစ်ကောင်စီက ဆိုင်းငံ့ခိုင်းထား
July 3, 2023
ရခိုင်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်မှုဖြင့် အကြမ်းဖက်မှုများအပါအဝင် တခြားသော အမှုများနှင့် စစ်ကောင်စီ ဖက်က ဖမ်းဆီတရားစွဲဆိုထားသည့် အမှုများကို အမိန့်မချခိုင်းဘဲ စစ်ကောင်စီဖက်က ဆိုင်းငံ့ထားကြောင်းသိရသည်။ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလဖြစ်ပွားစဉ်ကတည်းက စစ်ကောင်စီဖက်က သံသယများဖြင့် ဖမ်းဆီးကာ အကြမ်း ဖက်မှု၊ နိုင်ငံတော် လှုံ့ဆော်ပုန်ကန်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မတို့ဖြင့် ဒေသခံ ရာနှင့်ချီကာ စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရသည်။ ယင်းသို့ဖမ်းဆီး ကာ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဒေသခံများ၏ အမှုများသည် အပြီးသတ် အမိန့်ချမှတ်ရန်သာရှိပြီး အဆိုပါ အမှုများကို အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းများထပ်မံရွှေ့ဆိုင်းကာ ချိန်းဆို နေခြင်းဖြစ်သည်။ ရခိုင်မှ တရားစွဲဆိုခံထားရသည့် ဒေသခံများ၏ အမှုများအားလုံးကို စစ်ကောင်စီဖက်က ဆိုင်းငံ့ခိုင်းထားသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်ပြီး အချိန်ကာလ အတိုင်းအတာတစ်ခုထိ ထပ်မံကြန့်ကြာနိုင်သည်ဟု အမည်မဖော်လိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ “အမှု တွေက အကုန်လုံးနီးပါးဟာ အပြီးသတ်အမိန့်ချဖို့ပဲ ကျန်တော့တာပေါ့။ ဒါပေမယ့် အထက်က အမိန့်အရ ဒီအမှုတွေဟာ အမိန့်ချ ခွင့်မပေးသေးတာဖြစ်တယ်။ အထက်ကအမိန့်ဆိုတာ ပြည်ထောင်အဆင့်ကပါ။ ပြောရမယ်ဆိုရင် ဒီ မတ်လလောက်ကတည်းက ဆိုင်းငံ့ခိုင်းထားဝာာပေါ့။ အရင်ကလည်း ဆိုင်းငံ့ဖို့ခိုင်းခဲ့တာတွေရှိတယ်။ အခုအချိန်မှာလည်း သူတို့က(စစ်ကောင်စီ) အုပ်ချုပ် နေသူတွေဆိုတော့ ဆိုင်းငံ့ခိုင်းထားရင် ဆိုင်းငံ့ထားရတယ်။ ထပ်ပြီးလည်း အချိန်ကာလတစ်ခုအထိကြာနိုင်ပါတယ်။ တကယ်လို့ အမိန့်ချခဲ့ရင်လည်း ချုပ်ရက်တွေပါထည့်ပေါင်းပေးမှာပါ”ဟုပြောသည်။
ရခိုင်မှ စစ်ကောင်စီထံဖမ်းဆီး တရားစွဲဆိုခံထားရသူများမှာ လူမှုရေး တက်ကြွားလှုပ်ရှားသူ၊ ရဲဝန်ထမ်း၊ သတင်းသမား၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံ လူငယ်များလည်း ပါဝင်ပြီး အများစုမှာရက္ခိုင့်တပ်တော်နှင့် ဆက်စပ် သံသယအပြင် NUG နှင့် ဆက်စပ်သည့် သည်ဟု စွဲချက်ဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။ တရားစွဲဆိုခံထားရသူများထဲမှာ တစ်ချို့မှာ တရားလိုဖက်က သက်သေအထောက်အထားခိုင်ခိုင်လုံလုံ မရှိဘဲ မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများလည်း ပါဝင်နေပြီး တစ်ချို့မှာ လည်း အပြီးသတ် အမိန့်ချရန်ကိုမှု ရုံးချိန် အကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရသည်။ အပြီးသတ် အမိန့်ချပြီးလျှင်ပင် လွှတ်ပြီးချမ်းသာခွင့် အပြင် အယူခံတင်လျှင် အချိန်တစ်ခုအတွင်း လွတ်လာနိုင်သည်ကို မျှော်လင့်လို့ရနိုင်ပြီး အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းများထပ်မံ ရွှေ့ဆိုင်းနေခြင်းက အမှုသည်များအတွက် နစ်နာမှုရှိသည်ဟု န်ုင်ငံတော်လှုံ့ဆော်ပုန်ကန်မှုဖြင့် တရားစွဲခံထားရသည့် မြောက်ဦး ဒေသခံ တစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။ “အမိန့်ချလိုက်ပြီဆိုရင်တော့ ကျွန်မတို့မှာ လွတ်ငြိမ်းချမ်းသာခွင့်မှာဖြစ်ဖြစ် အယူခံတင်ရင်ဖြစ်ဖြစ် ဘယ်အချိန်လွတ်လာတော့မယ်ဆိုတာမျှော်လင့်လို့ရသေးတယ်။ ခုကအပြီးသတ်အမိန့်မချဘဲ ရုံးချိန်းတွေ ပဲထပ်ပြီးထပ်ပြီး အကြိမ်ကြိမ်ရွေ့ဆိုင်းနေတာဟာ အမှုသည်အတွက် အရမ်းနစ်နာပါတယ်။ ရုံးချိန်းတွေပဲ သွားသွားနေရပြီး ဘာမှ ထူးမလာတော့ မိသားစုတွေလည်း ဖမ်းခံရသူအတွက် စိတ်ပင်ပန်းရပါတယ်။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် အမြန်ဆုံးအမိန့်ချပေးဖို့ လိုလားပါတယ်”ဟုပြောသည်။ https://www.facebook.com/photo/?fbid=698354975637265&set=a.682731967199566
၁၁။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသားတစ်ဦးကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့အထိ ဝိုင်းရိုက်
July 3, 2023
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ဝိုင်းရိုက်နှက်နှိပ်စက်လို့ ရပ်စောက်မြို့နယ် ဒေသခံ တစ်ဦး ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့မှု ဇူလိုင် ၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ နယ်၊ ကျောက်တန်းကျေးရွာနေ ဒေသခံတစ်ဦးဟာ ဇူလိုင် ၂ ရက်နေ့မှာ ဆတ်သေကျေးရွာမှာရှိတဲ့ အမျိုးဆီသွားလည်ပြီးအပြန်မှာ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် သုံးဦးနဲ့တွေ့ပြီး ရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်။ “ဆတ်သေကနေရွာကိုပြန်လာတာ ရောက်ခါနီးမှာ ဆိုင်ကယ်က ပျက်သွားတော့ ဆိုင်ကယ်နားထိုင်နေတုန်း PNO တွေနဲ့ တွေ့ပြီး အရိုက်ခံရတာဗျ။ ခေါင်းတွေကို သေနတ်ဒင်တွေနဲ့ ရိုက်တယ်။ မျက်ခုံးဆို ကွဲသွားတယ်ဗျ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ရပ်စောက်မြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။ အရိုက်ခံရတဲ့ ဒေသခံဟာ ကျောက်တန်းကျေးရွာနေ ခွန်တနစ် အသက် ၄၆ နှစ်ဖြစ်ပြီး ဒဏ်ရာပြင်းလို့ ပင်ဖြစ်ဆေးရုံမှာ တက်ရောက်ကုသနေ ရတယ်လို့ သူကပြောပါတယ်။
PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ခွန်တနစ်ကို စစ်ဆေးမေးမြန်းတာ မရှိပဲ တွေ့တာနဲ့ သေနတ်တွေနဲ့ ရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဒီဘက်က PNO ပြည်သူ့စစ်တွေ အဲ့လိုလုပ်တာ ခဏခဏပဲဗျ။ ဗိုလ်လေးအောင်သိန်း တို့အဖွဲ့တွေလေ။ သူတို့က လကုန်ခါနီးတွေဆို ပိုလုပ်တယ်။ မူးယစ်ဆေးဝါးသမားလို့စွပ်စွဲပြီး ဖမ်းတယ် ပြီးရင် ငွေတောင်းစား တယ်လေ။ လူထုတွေက သူတို့ကို တအားရွံနေကြပြီ။ သေနတ်ကြောက်လို့ ပြန်မပြောရဲတာပဲရှိတယ်”လို့ ရပ်စောက်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ် ကွပ်ကဲရေးမှူး ခွန်မြင့်အောင်ကို ဆက်သွယ် ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ဒေသခံတွေဟာ PNO ပြည်သူ့စစ် နှိပ်စက်တဲ့ဒဏ်ကို ကြောက်တဲ့အတွက် အမှုမဖွင့်ရဲ တဲ့အပြင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း မသိသေးဘူးလို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်နဲ့ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ၊ လူငယ် တွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ် ငွေညှစ်တာတွေ ပြုလုပ်နေတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီ ဘက်တော်သား ပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=299528475766937&set=a.28590 0490463069
၁၂။ ကျိုက်မရောတွင် ရဲစခန်းနှင့်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးသေဆုံး
July 3, 2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားထိပ်ရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းနှင့် ရဲစခန်းအား ယမန်နေ့ ဇူလိုင်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅)ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုတိုက်ခိုက်မှုအား Saw Dragon Drone Force နှင့် Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ(၄)တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဗုံး(၃)လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးရခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးက “ဗုံးသီး(၃)လုံးသွားကြဲချတာ နယ်ခြားစောင့်တပ်-BGF ဂိတ်စ ခန်းနားနဲ့ ထမင်း ဆိုင်ရှေ့ ကျပြီးပေါက်ကွဲတယ်၊ စစ်တပ်ဘက်က ဘယ်သူတွေထိသလဲတော့မသိဘူး။ ပေါက်ကွဲ မှုဖြစ်ပြီးတော့ ရာဘာခြံကနေ ပြန်လာတဲ့ ပြည်သူတစ်ယောက်ကို တံတားစောင့်တဲ့ဂိတ်စခန်းက စစ်သားတစ် ယောက်က သေနတ်နဲ့လှမ်းပစ်လို့ သေသွား တယ်။”ဟု ၎င်းကပြောသည်။ ပစ်ခတ်ခံရသဖြင့်သေဆုံးသွားသူမှာ အသက်(၃၀)နှစ်အရွယ် ကိုငြိမ်းချမ်းအမည်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အငြိမ်းစားအရာရှိဟောင်းတစ်ဦး၏ သားဖြစ်သူဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ ထံမှ သိရသည်။
စစ်ကောင်စီ၏ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများနှင့်ချန်နယ်များတွင်မူချောင်းနှစ်ခွကျေးရွာအတွင်းသို့ ကေအဲန်ယူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဒေသခံတစ်ဦး ထိုသို့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိ၍ သေဆုံးသွားသည်ဟု ဆိုထားသည်။ ထို့အတူ ယမန်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်းအတွက် လာရောက်လုံခြုံရေးယူပေးသော ခြေမြန် တပ်ရင်း ခမရ-၂၀၇ မှ တပ်ဖွဲ့ဝင် (၂၅)ဦးခန့်ပါဝင်သောစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့ များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကြောင်း ကေအဲန်ယူ တပ်မဟာ (၁) တာဝန်ရှိသူထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်တွင် နှစ်ဖက်ထိတွေ့မှုများ၊ တော်လှန်ရေး အင်အားစုများမှ ဒရုန်း ဗုံးဖြင့်ကြဲချတိုက်ခိုက် မှုများ ရက်ဆက်ဆိုသလိုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အသေအ ပျောက်များလျက်ရှိသည်ဟု တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။ https://kicnews.org/2023/07/%e1%80 %80%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1% 80%ba%e1
၁၃။ သံလွင်မြစ်ဘေးက စစ်ရှောင်ဦးရေ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်
July 3, 2023
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ သံလွင်မြစ်ဘေးက စစ်ရှောင်လူဦးရေ ၅၀၀ ဝန်းကျင်အတွက် လက်ရှိမှာ စားနပ်ရိက္ခာ နဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လက်ရှိမှာက ရိက္ခာက ဘားမှမရှိဘူး သူတို့လူလွတ်ပဲပြေးလာခါကျတော့ ရိက္ခာအခက်အခဲတအားဖြစ်နေတယ် ခုလောလောဆယ်။ ဆေးဝါးတွေလည်းမရှိ ဆေးမှူး လည်းမရှိသေးဘူးဆိုတော့ ရှိတဲ့ဟာလေးတွေနဲ့ပဲ လိုက်ကူပေးနေရတယ်ပေါ့။ လူအိုတွေကော ကလေးငယ်တွေကော အမျိုးမျိုး တော့ လိုအပ်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါစစ်ရှောင်တွေဟာ ဇွန်လအတွင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် ကရင်နီပြည် ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ မယ်စဲ့မြို့နယ်အသီးသီးကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပါတယ်။ တစ်ပတ်စာရိက္ခာသာ ပါလာတဲ့အတွက် လက်ရှိမှာ စားရေးသောက်ရေးအတွက် အခက်အခဲကြုံတွေ့နေကြတယ်လို့ ပြောပါ တယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကိုလည်း သက်ဆိုင်ရာ အစုအဖွဲ့တွေကို တင်ပြတောင်းဆိုထားတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
လက်ရှိစစ်ရှောင်တဲ့နေရာကလည်း တောတောင်ထဲဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသလို စစ်ကောင်စီကလည်း စားနပ်ရိက္ခာလမ်းကြောင်းပိတ်ဆို့မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည် ဆည့်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “စစ်ဘေးရှောင်တွေအတွက် ကျနော်တို့ကနေ စားနပ်ရိက္ခာစီမံ တယ်။ လမ်းကြောင်းတွေဆောင်ရွက်မှုတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော ဘာဖြစ် လို့လဲဆိုတော့ ဒီဟာက ရုတ်တရက်ဖြစ်တဲ့ဟာလည်းဖြစ်သလို လူဦးရေက အနည်းဆုံး မရှိဘူးဆိုရင်တောင် တစ်ထောင်ဝန်းကျင် လောက် ပျံနှံ့ပြေးနေတယ်ပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ သူတို့ရဲ့စားနပ်ရိက္ခာအတွက် ပိုပြီးတော့မှ လိုအပ်ချက်ရှိတယ်။ ဆေးဝါးနဲ့အမိုးအကာပေါ့နော။ နောက်ပြီးတော့မှ သူတို့ကလည်း တစ်နေရာထဲမှာနေရင်လည်း စစ်ရေးအရကလည်း အန္တာရာယ် ရှိတဲ့အတွက်ကြောင့်မလို့ ဖြန့်ကျဲပြီးနေရတဲ့အပေါ်မှာတော့ လိုအပ် ချက်အများကြီးရှိနိုင်တယ်။”လို့ IEC အဖွဲ့ဝင်တစ်ဦးက ပြော ပါတယ်။ https://www.facebook.com/photo/?fbid=662106805955895&set=pcb.662106932622549
၁၄။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ဒဏ်ရာရ
July 3, 2023
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက အင်အားရာနှင့်ချီသော စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်စဥ် လက်နက်ကြီး၊ ငယ်များဖြင့်ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များအရ သိရသည်။ ထိုနေ့နံနက် ၄ နာရီခန့်တွင် ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက်လာသော အဆိုပါ စစ်ကောင်စီတပ်များသည် ကျေးရွာတွင် ကျန်ရှိနေသော ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အသက်(၄၀) နှစ်နှင့် (၃၁) နှစ် အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတူ ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ နတ်သံကွင်းရှိတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်စထိမှန်၍ အုန်းပင်စုကျေးရွာနေအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုန်းမြို့ နယ်ရှိဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြော သည်။ “နတ်သံကွင်းကနေ မုန်းဘက်ကရွာတွေဘက်ကို လက်နက် ကြီးတွေနဲ့လှမ်းထုနေတာ ဒီနေ့ မနက်အထိတစ်မနက်လုံးပဲ။ ရေတွင်းကုန်းရွာမှာတပ်စွဲနေတဲ့တပ်ကလည်း လက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပစ်တယ်။ ရေတွင်းကုန်းကလူတွေလည်း ထပ်ပြေး ရတယ်။ အနီးအနားရွာကလူတွေလည်း အကုန်ပြေးရတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးအလုံး (၃၀)ထက်မနည်း ပစ်ခတ်မှုများကြောင့် ရေတွင်းကုန်းကြီးနှင့် ဥသျှစ်ကုန်း ကျေးရွာမှ အရပ်သားနေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ရသလို အနီးအနားကျေးရွာများမှ ဒေသခံပြည်သူ (၁၄၀၀)ကျော် နေရပ် စွန့်ခွာထွက်ပြေးနေရကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “လက်ရှိ ကျောက်တံခါးဘက်နဲ့ကျွန်းကြီးဘက်မှာလည်း စစ်တပ်ဘက်က အင်အားဖြည့်နေတယ် ကြားတယ်။ တင့်ကားတွေပါ ပို့လာတယ်ပြောတယ်။ စစ်ကြောင်း တော့မထိုးကြသေးဘူး။ လက်နက်ကြီးနဲ့ထုတာကတော့ တစ်ညလုံးပဲ”ဟု ပြောသည်။ အလားတူ KNLA ပူးပေါင်းတပ်များက နတ်သံကွင်းနှင့်အနီး အနားရှိ စစ်ကောင်စီ၏ စခန်း(၅) လုံး အား တစ်ပြိုင် တည်းတိုက်ခိုက်မှုမဖြစ်ပွားခင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရေတွင်းကုန်းကြီးကျေးရွာသို့ စစ်ကောင်စီတပ်များ ကနဦးဝင်ရောက်နေ ထိုင်မှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက် ပြေးခဲ့ရသည်။ ဇွန်လ(၂၄)ရက် နေ့တွင်လည်း စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ (၄) ဦးသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။ https://ki cnews.org/2023/07/%e1%80%85%e1%80%85%e1%80%ba%e1%80%80 %e1%80%b c%e1%80%b1%e1
၁၅။ ဆယ်ရက်အတွင်း ဖမ်းဆီးခံရတဲ့ ကော့သောင်းမြို့ခံ ၃၀ နီးပါး ရှိပြီ
July 3, 2023
ကော့သောင်းမြို့က အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားတဲ့အတွက် ဆယ်ရက်အတွင်း အဖမ်းခံ ရတဲ့ မြို့ခံ အမျိုးသား၊ အမျိုးသမီး အရေအတွက်ဟာ စုစုပေါင်း ၃၀ နီးပါး ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ အခုလ ၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ အေးမြကန်သာရပ်ကွက်နေ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ ပုလုံးတုံးတုံးကျေးရွာက အမျိုးသားတစ်ဦးကို သူတို့ရဲ့ နေအိမ်အသီးသီမှာပဲ စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ကားငယ် နှစ်စီး၊ ဆိုင်ကယ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ ရဲနဲ့ အုပ်ကြီးတွေ ရောက်လာပြီး ဖမ်းဆီးသွားတာလို့ မြို့ခံတစ်ဦးက ပြောပြပါ တယ်။ အဆိုပါအမျိုးသားနှစ်ဦးစလုံးကို ကော့သောင်းမြို့၊ ၇ မိုင်မှာရှိတဲ့ စစ်ကြော ရေးစခန်းမှာ ဖမ်းဆီးခံထားတယ်လို့ သိရပြီး ဘာကြောင့်ဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ကော့သောင်းမြို့က ဆယ်ကျော်သက်လူငယ်တွေ အပါအဝင် အရပ်သား အမျိုးသား၊ အမျိုးသမီး၂၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လ ၂၄ ရက်က ဖမ်းဆီးခဲ့တာပါ။ အဖမ်းခံထားရတဲ့ အဆိုပါ အရပ်သားတွေ ဒီကနေ့ထိ တစ်ယောက် မှလွတ်မြောက်လာတာမျိုးမရှိသေးဘူးလို့လည်း အဖမ်းခံထားရတဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ညကစလို့ ကော့သောင်းမြို့ကို စစ်ကောင်စီတပ်က ကုန်းလမ်းရော၊ ရေလမ်းကပါ လုံခြုံရေးတင်းကျပ်ထားပြီး ဖုန်းတွေကိုစစ်ဆေးတာ၊ ညဘက်ကင်းလှည့်ရင် လုံခြုံရေးအင်အားတိုးမြှင့်ချထားတာတွေ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောထားပါတယ်။ https://www.facebook.com/photo/?fbid=69 3449866129756&set=a.501239188684159
၁၆။ KNU တပ်မဟာ ၃ နယ်မြေမှာ လက်နက်ကြီးကြောင့် အရပ်သား ၁၄၀၀ ကျော် တိမ်းရှောင်နေရ
July 3, 2023
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မုန်း (မူး) မြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး လူ ၁၄၀၀ ကျော် ထွက် ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ရေတွင်းကုန်း၊ ဥသျှစ်ကုန်းနဲ့ အုန်းပင်စုရွာတွေအတွင်းကို လက်နက်ကြီး ၃၂ လုံးထိ ပစ်ခတ်ခဲ့ပြီး ရေတွင်းကုန်းရွာက အသက် ၄၂ နှစ်အရွယ် စောစိုးမိုးခိုင်နဲ့ အသက် ၃၀ အရွယ် စောခါဒူတို့ ဒဏ်ရာရတဲ့အပြင် နေအိမ် လေးလုံးနဲ့ နွားတဲ တစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အဲဒီရွာသုံးရွာမှာရှိတဲ့ အိမ်ခြေ ၂၉၁ လုံးက ဒေသခံ ၁၄၅၆ ဦး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ သူ့အနေနဲ့ လုံခြုံရေးဆိုင်ရာ သတင်းတွေကို မသိရှိကြောင်း ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ ရဲမှူးကြီးတို့ကိုသာ မေးမြန်းဖို့ ပြောဆိုပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကလည်း မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီ တပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ အရပ် သား ခြောက်သိန်းလောက် ထွက်ပြေးနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ရဲ့ တာဝန်ရှိသူ စောနန္ဒဆူးက ဇွန်လ တတိယပတ်မှာ ပြောထားပါတယ်။ https://www.rfa.org/burmes e/news/karen-state-weapon-07032023035238.html
၁၇။ စစ်တပ်က မိုးဗြဲဒေသခံ နေအိမ်များကို ဝင်ရောက်ပြီး ပစ္စည်းများ ခိုးယူ ဖျက်ဆီး
July 3, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ပွဲကုန်းရပ်ကွက်နဲ့ စျေးကုန်းရပ်ကွက်မှာရှိတဲ့ စစ်ဘေးရှောင် နေအိမ်တွေက ပစ္စည်း တွေကို စစ်ကောင်စီတပ်က ခိုးယူသွားတယ်လို့ ဇူလိုင် ၁ ရက်မှာ နေအိမ်ကို ပြန်ကြည့်တဲ့သူတွေက ပြောပါတယ်။ “စစ်ကောင်စီ နေသွားတာတော့ အိမ်ကောင်းတွေ၊ အိမ်အမြင့်တွေမှာ အဓိကနေတယ်။ စားသောက်ထားတာတွေလည်း လောက်တောင်တက်နေတယ်။ အခုမြင်ရတာ ကြည့်လိုက်တာနဲ့ တန်ဖိုးရှိတာ ဘာမှမချန်ဘူး၊ အကုန်ယူသွားတာပဲ။ တအိမ်ဆိုရင် အထည်ဆိုင်ကြီး လေ၊ သူတို့ အကုန်မွှေနှောက်ပြီး ယူသွားတယ်။ နောက်ပြီး အပေါ်မှာသိမ်းထားတဲ့ ရွှေအတုမလို့ပေါ့နော် တဘူးလုံးယူသွားတယ်၊ အတုမှန်းသိပုံမရဘူး။” စစ်ကောင်စီတပ်တွေက အိမ်ကြီးအိမ်ကောင်းတွေမှာ နေထိုင်သွားခဲ့ပြီး ပစ္စည်းကောင်းတွေ ခိုးယူကာ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလည်း အကုန်ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆိုင်တဆိုင်မှာ စစ်ကောင်စီတပ်ရဲ့ မှတ်ပုံတင်ပါ ပိုက်ဆံအိတ်တခု ကျကျန်နေခဲ့ပြီး မှတ်ပုံတင်မှာ ပအိုးဝ်လူမျိုး လို့ ပါနေတာကြောင့် ပအိုးဝ်ပြည်သူ့စစ် (PNO) တပ်က စစ်သား ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပွားတဲ့အချိန်တွေမှာ တရပ်ကွက်ပြီး တရပ်ကွက် အိမ်ကြီးအိမ်ကောင်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေကို နေထိုင်မွှေ နှောက်ခဲ့ပြီး ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တာကြောင့် ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်းထောင်ချီ ရှိနိုင်တယ်လို့ သိရပါတယ်။ https://b urmese.dvb.no/archives/602105
၁၈။ KNDO အဖြစ် တရားဝင်ပြောင်းလဲရပ်တည်လိုက်ကြောင်း Palaw-KPDF ထုတ်ပြန်
July 3, 2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အခြေစိုက်သည့် ပုလောကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Palaw -KPDF)သည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုး သားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း(၇)၏ တပ်ခွဲ(၅)အဖြစ် တရားဝင်ပြောင်းလဲရပ်တည်လိုက်ကြောင်း ယမန်နေ့ ဇူလိုင်လ ၂ရက်နေ့စွဲဖြင့် Palaw-KPDF က တရားဝင်ထုတ်ပြန်လိုက်သည်။ အဆိုပါ Palaw-KPDF အဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်တူမီး သေနတ်များဖြင့် နယ်မြေအတွင်း စစ်ရေးလှုပ်ရှားဆောင်ရွက်ခဲ့ရာမှ ယခုလို ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း Palaw-KPDF တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။
“KNU/ KNDOအဖြစ် ပြောင်းလဲလိုက်ခြင်း ရည်ရွယ်ချက်က ကရင်တိုင်းရင်းသားအားလုံး ပိုပြီး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အာဏာရှင်ကို အပြီးပိုင်တိုက်ထုတ်ဖို့။ KNDO ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ ပိုမိုပြီး အင်အားတောင့်တင်းမှု အားကောင်းလာစေဖို့။ ကော်သူလေး နယ်မြေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြောင်းလဲ လိုက်ခြင်းဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။ ထို့အပြင် Palaw –KPDFအဖွဲ့ အနေဖြင့် စစ်ရေးလှုပ်ရှားမှုတိုက်ပွဲ စုစုပေါင်း (၄၄) ကြိမ် အထိဖော်ဆောင်နိုင်ခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၃ ဦးကို သုတ်သင်နိုင်ခဲ့ကာ (၂၆၃)ဦးထိခိုက် ဒဏ်ရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း နှင့် ၎င်းတို့ဘက်မှ နှစ်ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Palaw –KPDF က ပြောသည်။ https://kicnews.org/ 2023/07/kndo-%e1%80%a1%e1%80%96%e1%80%bc% e1%80%85%e1%80%ba
၁၉။ ကလိန်အောင် – ရေဖြူကားလမ်းကို ည ၈ နာရီနောက်ပိုင်းဖြတ်သန်း မသွားဖို့ YPPDF တောင်းဆို
June 3, 2023
အခုလအတွင်း စစ်ကောင်စီတပ်သားတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့ ရေဖြူမြို့နယ်အတွင်းက ကလိန်အောင်- ရေဖြူလမ်းမကြီးကို ည ၈ နာရီနောက်ပိုင်းမသွားလာကြဖို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)က သတိပေးထားပါ တယ်။ အခုလိုထုတ်ပြန်တာဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ရေးအရှိန်မြင့် လုပ်ဆောင်နေတာကြောင့် ဖြစ်ပြီး ပြည်သူလူထုတွေ မလိုအပ်ပဲခရီးသွားလာတာ မပြုလုပ်ကြဖို့တောင်းဆိုထားပါတယ်။ “လက်ရှိမှာ ခရီးသည်တင်ကားရော အိမ်စီးကားတွေရော ည ၁၀ နာရီလောက်အထိသွားနေတာတွေ့ရတယ်။ အဲဒီအခြေအနေမှာ စစ်ကောင်စီဘက်ကလည်း ကင်းလှည့်တဲ့အချိန် အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ သွားလာနေတယ်။ အဲတော့ လမ်းပေါ်မှာ ပြည်သူလား၊ စစ်သားလားဆို တာခွဲမရတော့ဘူး” လို့ YPPDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချော က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကွန်တိန်နာကားတွေအတွင်းလိုက်ပါပြီး သွားလာတာနဲ့ အရပ်သားကားတွေကို ချောဆွဲပြီး သွားလာတာမျိုးတွေကိုလည်း ပြုလုပ် နေတယ်လို့ သူကဆိုပါတယ်။
ကလိန်အောင် – ရေဖြူလမ်းပိုင်းဟာ အခုလအတွင်း စစ်ကောင်စီယာဥ်တန်း၊ ကင်းလှည့်ကားတွေနဲ့ အရာရရှိကားတွေ မကြာခဏတိုက်ခိုက်ခံလာရတဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီအခြေအနေကြောင့် လမ်းတလျှောက်မှာ စစ်ကောင်စီဘက်က ကင်းပုန်းဝပ်တာမျိုးတွေလည်းရှိလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ညနေပိုင်းကလည်း ရေဖြူမြို့ဘက်ကနေ ကလိန်အောင်မြို့ကိုဦးတည်မောင်းနှင်လာတဲ့ အင်အား ၁၂ ဦးခန့်ပါ စစ်ကောင်စီကားကို ၄၁ မိုင် သံပုရာခြံအနီးမှာ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေက ပေါက်ကွဲအားပြင်းတဲ့မိုင်း ၂ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကားတိမ်းမှောက်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးရဲ့သားမတ်ဖြစ်သူနဲ့ ခမရ (၄၀၈)တပ်ရင်းက ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး နောက်ထပ် ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ YPPDF က ထုတ်ပြန်ခဲ့ပါတယ်။ https://www.facebook.com/photo/? fbid=297155986035491&set=a.196212682796489
၂၀။ ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး
July 3, 2023
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက ဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ မှော်ဝှမ်း ရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။ “ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ “ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့် နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။
ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် သီးခြား အတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိ သေးပါဘူး။ ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်း ထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က အရပ်သား တွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီး ခံရမှု ဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။ https://burmese.kachinnews.com /2023/07/03/az1-222/
၂၁။ ရက္ခိုင့်တပ်တော် (AA) မှ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ရက္ခိုင်ပြည်တွင် ပထမဆုံး ကျင်းပပြု လုပ်ပြီးစီး
July 3, 2023
ရက္ခိုင့်တပ်တော် (AA)၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ၊ သင်တန်းသား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အရာ ရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ထုတ်ပြန်ချက်အရသိရသည်။ ရက္ခိုင့်တပ်တော် (AA)၊ အရာရှိ လေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈) ဦးဖြင့် ကချင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အနာဂတ်ရက္ခိုင့်တပ် တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများပေါ်ထွက်လာရေးစသည့် ရည်မှန်းချက်များကို တပ်တော်တည်ထောင်ပြီးစကတည်းကပင်အစဉ်တစိုက် လုပ်ဆောင်လာခဲ့တယ်လို့ ဖော်ပြထားသည်။
သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မိမိတို့မျှော်မှန်းချက်ထားသော အနေအထားသို့ ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက် မတ် မတ် ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ ရေးသားထားသည်။ ရက္ခိုင့်တပ်တော် (AA)၊ အရာရှိ လောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တို့အား မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) အား ရက္ခိုင်ပြည် တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် အမှတ်စဉ် (၃) သင်တန်းသည် ရက္ခိုင်ပြည်တွင် ပထမဆုံးပြုလုပ်သော အရာရှိလေ့ကျင့် ရေး သင်တန်းဖြစ်သည်ဟု သိရှိရသည်။ ရက္ခိုင့်တပ်တော် (AA)၊ အရာရှိဖြစ်သင်တန်း အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွား မည်ဖြစ်သည့်အတွက် တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကြသော သူများ လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး နှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်းကိုလည်း သတင်းထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=2844142 90829856&set=a.164845642786722
၂၂။ မွန်ပြည်နယ်၌ စားသုံးဆီစျေးနှုန်း အဆမတန်မြင့်တက်
July 3, 2023
မွန်ပြည်နယ်မှာ စားသုံးဆီစျေးနှုန်းတွေ အရင်ကထက် အဆမတန် မြင့်တက်လာတယ်လို့ စားသုံးဆီ ရောင်းဝယ်သူ တွေထံက သိရပါတယ်။ ဇွန်လနောက်ဆုံးအပတ်က စားသုံးဆီစျေးနှုန်းဟာ တပိဿာကို ကျပ် ၆,၀၀၀ ကျော်သာ ရှိခဲ့ရာက အခု ကျပ် ၉,၀၀၀ နီးပါးအထိ အဆမတန် မြင့်တက်လာခဲ့တာဖြစ်တယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။ ကုန်ခြောက်ရောင်းတဲ့ စျေးသည်တဦးက “အရင်ရက်ကဝယ်တာ ဆီစျေးက တပိဿာ ကျပ် ၆,၀၀၀ ကျော်ထဲ၊ ဒီနေ့သွားဝယ်တော့ ၂,၀၀၀ လောက် တက်သွားတယ်။ တခြားပစ္စည်းတွေလည်း စျေးတက်တယ်။ နဂိုက အရောင်းအဝယ်တွေ မကောင်းပါဘူးဆို စျေးတွေကတက် တော့ပိုဆိုးသွားတယ်”လို့ ပြောပါတယ်။ ထိုင်းဘတ်စျေးတွေ တက်တာကြောင့် မွန်ပြည်နယ်မှာ ဆီစျေးအပြင် တခြားကုန် ပစ္စည်း တွေလည်း စျေးနှုန်းမြင့်တက်နေပါတယ်။
“ဆီစျေးအပြင် တခြားကုန်ပစ္စည်းတွေ စျေးတက်တော့ ပါဝင်တဲ့ပစ္စည်း မလျှော့ချင်လို့ အကြော်တခု ၂၅၀ ကနေ ၃၀၀ ကို စျေးတက်လိုက်ရတယ်” လို့ မော်လမြိုင်မှ အကြာ်သည်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားတဲ့ စားသုံးဆီစျေးနှုန်းမှာ ကျပ် ၄,၁၀၀ သတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်မှာ ကျပ် ၉,၀၀၀ လောက် ပေါက်နေပါတယ်။ ဆီထွက်သီးနှံတွေကို ပြည်ပကိုတင်ပို့တာထက် ဆီထုတ်လုပ်တာ၊ ရိုးရာနည်းနဲ့ စားသုံးတာတွေ ထိန်းသိမ်းမှု တွေ လုပ်ဆောင်မယ်ဆိုရင် စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင် ၂ ရက်နေ့မှာ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ https://burmese.dvb.no/a rchives/602141
၂၃။ ကရင်နီပြည်နယ်မှာ တည်ဆောက်မယ့် ကိန္နရာခွဲစိတ်ဆေးရုံအတွက် ကူညီလှူဒါန်းနိုင်
July 4, 2023
ကရင်နီပြည်နယ် တစ်နေရာမှာ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ အတွက် အဓိက လိုအပ်ချက် တစ်ခု ဖြစ်တဲ့ ခွဲစိတ်ဆေးရုံ တည်ဆောက်သွားမယ်လို့ ကင်နီ တော်လှန်ရေး အင်အားစုတွေက ဒီကနေ့ အသိပေး ပြောဆိုလိုက် ပါတယ်။ ကိန္နရာလို့ အမည်ပေးထားတဲ့ ဆေးရုံကို ကရင်နီပြည် တစ်နေရာမှာ တည်ဆောက်မှာဖြစ်ပြီး ပြည်သူတွေနဲ့ ရဲဘော်တွေကို ခွဲစိတ် ကုသနိုင်တဲ့ ဆေးရုံအဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံ တည်ဆောက်နိုင်ဖို့ အတွက် “ကရင်နီအတွက် ကိန္နရာ” ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်သူတွေ ကူညီလှူဒါန်းဖို့ ဆေးရုံရန်ပုံငွေရှာဖွေ ရေးအဖွဲ့က ကိုနိုင်နိုင်း က တိုက်တွန်း ပါတယ်။ “ကမ်ပိန်းကတော့ သိန်း ၂၅၀၀ သတ်မှတ်ထားပါတယ်။ မြေပြင်အခြေ အနေ ဘယ်လိုပုံ ရှိတယ်၊ ဘာတွေ လိုအပ်တယ် ဆိုတာ အထိုက်အလျောက်တော့ သိကြပြီးသား ဖြစ်မှာပါဗျ။ ကျွန်တော်တို့ ဒီတစ်ခေါက်လုပ်မယ့် Project ကတော့ တော်တော် ထူးခြားပါတယ်။ ရှေ့တန်းရဲဘော်တွေ ကိုယ်စီက ကိုယ့်တာဝန် ကိုယ်ကျေကြ သလို ကျွန်တော်တို့ တာဝန်ယူထားတဲ့ သူတွေက လည်း လုပ်ဆောင်ပေးရတာ အချင်းချင်း ဖေးမခြင်းပါပဲ။ ဒါတင်မဟုတ်သေးဘူး ပြည်သူတွေ လိုအပ်တဲ့ အရေးပေါ် ကျန်းမာရေး ကုသရေးအတွက် လက်လှမ်းမီနိုင်ဖို့ ကျွန်တော်တို့ စတင်အကောင်ထည်ဖော်ပါပြီ” လို့ သူပြောပါတယ်။
တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်လေ့ရှိတာကြောင့် မလိုအပ်ဘဲ အသက်တွေ မဆုံးရှုံးဖို့ ခွဲစိတ်ဆေးရုံ ဖြစ်မြောက် အောင် ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေ အတွင်း ယမ်းစစင်တာ၊ ကျည်ထိမှန် ဒဏ်ရာတွေကို ခွဲစိတ် မပေး နိုင်လို့ ရဲဘော်တွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် ကိန္နရာဆေးရုံ ပေါ်ပေါက်လာပါက ဒီလို ကိစ္စတွေ မရှိနိုင် တော့ဘူးလို့ သူကပြောပါတယ်။လက်ရှိ စစ်ကောင်စီက ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေတာ ကြောင့် လုံခြုံရေး အတွက် အထူးပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ ကရင်နီ တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။ ကမ်ပိန်းကို ကူညီထောက်ပံ့လိုသူတွေ အနေနဲ့ “မမ များနဲ့ပွဲကမယ်” ဆိုတဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့ထံ တိုက်ရိုက် လှူဒါန်းနိုင် တယ်လို့ ပြည်သူတွေကို အသိပေးထားတယ်။ https://www.facebook.com/ photo/?fbid=299892412397210&set=a.28590 0490463069
၂၄။ ရမ်းဗြဲက မြေနေရာအငြင်းပွားမှုဖြစ်စဉ်တွင် ဒေသခံနှစ်ဦးကို ရဲကဖမ်းဆီး
July 3, 2023
ရခိုင်ပြည်၊ ရမ်းဗြဲမြို့ ရပ်ကွက်(၃)မှ သံယောစဉ် ထမင်းဆိုင် ပိုင်ရှင်နှင့် ဒေသခံတစ်ဦးမှာ ဆောက်လုပ် ရေးပိုင် မြေနေရာ တွင် နေထိုင်သည်ဟုဆိုကာ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်ထံမှ သိရသည်။ ဖမ်းဆီးခံရသူ နှစ်ဦးမှာ သံယောစဉ် ထမင်းဆိုင်ပိုင်ရှင် ဦးအောင်လွင်နှင့် ဦးမောင်ပွားတို့ ဖြစ်ကြသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအပါ အဝင် အင်အား ၅၀ ခန့်က သံယောစဉ်ထမင်းဆိုင်သို့ လာရောက်ကာ တစ်စုံတစ်ရာ ကြိုတင်အသိမပေးဘဲ ဘတ်ဟိုးတစ်စီးဖြင့် ဖြိုဖျက်ခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ထမင်းဆိုင်ပိုင်ရှင် ဦးအောင်လွင်နှင့် ဆိုင်ဖြိုဖျက်သည်ကို ကြားဝင်တားမြစ်ခဲ့သူ ဦးမောင်ပွား တို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်လွင်၏ ဇနီး ဒေါ်မထွေးက ပြောသည်။ “ဒီနေ့မနက်က ရဲတွေလာပြီးတော့ ဒီမြေဟာ ဆောင်လုပ်ရေးကပိုင်တဲ့ မြေဆိုပြီးတော့ ဖယ်ဖို့ခိုင်းတယ်။ ကျမ အိမ်ရှင်က ဒီနေရာမှာနေလာတာ နှစ်ပေါင်း ၂၀ ကျော် ရှိပြီ။ ဒီနေရာက စည်ပင်ကပိုင်တာ။ မဖယ်ပေးဘူးဆိုပြီးတော့ စကားအချေ အတင် များကြတယ်။ ကိုမောင်ပွားကလည်း ဝင်ပြော တော့ သူကိုပါ ဖမ်းသွားတယ်”ဟု ဒေါ်မထွေးက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူနှစ်ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း မိသားစုဝင်များ ကပြောသည်။ အဆိုပါ အငြင်းပွားမှုဖြစ်ပွားခဲ့သည့် မြေနေရာမှာ ယခင်က ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်များ နေထိုင်ခဲ့ပြီး ဆောက်လုပ်ရေးဌာနက ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း ဒေသခံများကပြောသည်။ ရမ်းဗြဲမြို့မှ ရပ်မိရပ်ဖ ဦးကံကောင်း “ထောက် လှမ်းရေး ရဲတွေကို သူတို့က ထမင်းရောင်းပြီးတော့ နေခဲ့တာ။ အခုလည်း ထမင်းဆိုင်ဖွင့်ထားတယ်။ အဲဒီမြေက ရပ်ကွက်ကနေ ပိုင်တာ။ ဆောက်လုပ်ရေးက ပိုင်တာမဟုတ်ဘူး။ သူတို့(ဆောက်လုပ်ရေး)က သက်သက်မဲ့ အင်အားသုံးပြီးတော့သိမ်းတာ”ဟု ပြောသည်။ https://www.facebook.com/photo/?fbid=65775961306430 5&set=a.643209801185953
၂၅။ ဝင်းရော်ဒေသဘက် စစ်ကြောင်းထိုးလာ၍ ဌာနေကျောင်းသား ၁၀ဝဝ ကျော် ပညာသင်ကြားမှု ရပ်နားထားရ
July 3, 2023
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီး မြို့နယ်) ဝင်းရော်ဒေသ ဘက်တွင် ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့မှစ၍ ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုအနီး တောင်ညိုတောင်ခြေ တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသည့်အတွက် ဌာနေကျောင်းသား/ကျောင်းသူ ၁ဝဝဝ ကျော် စာသင်ကြားမှု ယာယီရပ်နားထားရသည်ဟု ဒေသခံများထံမှ သိရသည်။ ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူ၊ နောင်းဒေ့၊ ပူးလိန်၊ တံခွန်တိုင်ရွာလေး၊ မူစလင်အုပ်စုရပ်နှင့် နန်းသိုင်းထွန်ရွာရှိ စာသင်ကျောင်း ၁ဝ ကျော်နှင့် ကိုယ်ထူ ကိုယ်ထ ကျောင်းများ အသီးသီး ယာယီပိတ်ထားလျက်ရှိပြီး ဒေသခံအများ အပြား လည်း ဇွန် ၂၈ ရက်နေ့ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရသည် ဟု စစ်ရှောင်ကူညီ သူများထံမှ သိရသည်။ “ ခလယ်တံခွန်တိုင်အုပ်စု ကျေးရွာအသီး သီးက စာသင်ကျောင်းတွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က စပိတ်ထားတယ်။ လက်နက်ကြီးနေရာအနှံ့ကျတော့ ကျောင်းသားမိဘတွေလည်း ကလေး တွေ ကျောင်းမပို့ရဲကြတော့ ဘူးလေ။ ကျောင်းဆရာ ဆရာမတွေလည်း အချို့ပြန်ကြ ကုန်ပြီး” ဟု ဝင်းရော်ဒေသရှိ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။
တံခွန်တိုင်ရွာရဲစခန်းတွင် ကြားအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၃၂ လက်အောက်ခံတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် -BGF အမှတ် ၁၀၂၁ တို့ ပူးပေါင်း တပ်စွဲ ထားပြီး ၎င်းတို့၏ လက်နက်ရိက္ခာအင်အားများ ထပ်ဖြည့် ဆည်းရန် အတွက် ဇူလိုင် ၂၆ ရက်နေ့တွင် ကျိုက်မရောမြို့နယ် တောင်က လေးရွာမှ တစ်ဆင့် ဝင်းရော် ဒေသတောင် ညိုတောင်ခြေ တစ်လျှောက်သို့ စစ်ကူစစ်ကြောင်းများ ဝင်းရောက်လာလျက်ရှိသည်။ ထိုသို့ စစ်ကြောင်းထိုးလာသောကြောင့် နှစ်ရှည်ဥယျာဉ်ခြံ များနှင့်လယ်ယာလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ဘေးလွတ်ရာအသီးသီးသို့ ဒေသခံလူထု ၃ဝဝဝ ကျော် စစ်ဘေးတိမ်းရှောင် နေကြရဆဲဟု ဒေသခံရွာသားများက ပြောသည်။ ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၁ဝ ကျော်နှင့် ကိုယ်ထူ ကိုယ်ထကျောင်း အသီးသီးတို့သည် ဒေသတွင်း အခြေအနေအမျိုးမျိုးကြောင့် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှသာ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများ အနေဖြင့် စာသင်ကြားမှုရက်အနည်းငယ်သာရကြသေးဟု ကျောင်းသား မိဘများထံမှ သိရသည်။ https://kicnews.org/2023/07/%e1% 80%9d%e1%80%84%e1%80%ba%e1%80%b8%e1%8 0%9b%e1%80%b1%e1
၂၆။ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတခုမှာ သောက်သုံးရေ အခက်ခဲဖြစ်နေ
July 3, 2023
ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းက သာယာကုန်း စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေအတွက် အခက် အခဲရှိနေပြီး အလှူရှင်တွေကနေ လာရောက်လှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။ “ရေက မိုးရေပဲ သုံးတာလေး၊ မိုးရွာရင် ရှိတာပေါ့၊ မိုးမရွာရင်တော့ မရှိဘူးပေါ့၊ ရေ (၁၀၀၀) ဂါလံ ကားတစ်စီးက သုံးသောင်းကျပ်အထိ ပေးဝယ်ရတော့ အခက် အခဲ ဖြစ် တယ်။” လို့ ကူညီပေးသူ တစ်ဦးက ပြောပါတယ်။ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ရေတွင်း၊ရေကန်တွေနဲ့ မနီးတာကြောင့် မိုးရေ လှောင်ကန်တွေပြုလုပ်ပြီး မိုးရေတွေကို သိုလှောင်သုံးစွဲကြတာပါ။
လက်ရှိမှာတော့ စစ်ရှောင်တွေ စုပေါင်းအသုံးပြုနိုင်ရေးအတွက် မိုးကာနဲ့ ရေသိုလှောင်နိုင်ဖို့ မိုးကာတွေကို ဒေသဖွံ့ဖြိုး ရေးအသင်းတစ်ခုက လှူဒါန်းပေးထားတယ်လို့သိရပါတယ်။ အဆိုပါစစ်ဘေးရှောင်စခန်းမှာ လူဦးရေ (၁၀၀ )ကျော် ရှိကာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲတွေကြောင့် ထပ်မံပြောင်းရွေ့လာတဲ့ စစ်ဘေးရှောင်ဦးရေ ၅၀ ကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes.org/%e1 %80%92%e1%80%ae%e1%80%b 8%e1%80%99%e1%80%b1%e1%80
၂၇။ ဖားကန့်ကို စက်သုံးဆီသယ်ခွင့် စစ်ကောင်စီပိတ်ထား
July 4, 2023
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို လောင်စာဆီတင်သွင်းခွင့် စစ်ကောင်စီက ပိတ်ထားတာကြောင့် ဒေသခံတွေ အခက် အခဲဖြစ်နေပါတယ်။ ဖားကန့်ကိုလာတဲ့လမ်းတိုင်းမှာ စက်သုံးဆီသယ်ယာဉ်တွေကို သွားခွင့်မပေးတာကြောင့် ဆီတွေပြတ်နေတာ လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စက်သုံးဆီရောင်းချသူတစ်ဦးက ပြောပါတယ်။ ဆီမရှိတာကြောင့် ဖားကန့်မြို့က စက်သုံးဆီ အရောင်းဆိုင် အားလုံးနီးပါး ပိတ်ထားတယ်လို့လည်း ပြောပါတယ်။ ဆီလက်ကျန်ရှိတဲ့ ဆိုင်တချို့က တော့ အရင်က တစ်သောင်း နှစ်ထောင်လောက်ပဲပေးရတဲ့ ဓာတ်ဆီ ၉၂ တစ်ဂါလံကို အခု တစ်သောင်းခွဲလောက်နဲ့ ရောင်းနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဇူလိုင် ၂ ရက်နေ့က ဆီဝယ်ခဲ့သူ တစ်ဦးကလည်း ဒီဇယ်ဆီတစ်ဂါလံကို တစ်သောင်းသုံးထောင့်ငါးရာနီးပါးပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တခြားမြို့ကနေပြန်လာတဲ့သူတွေကိုလည်း စက်သုံးဆီတွေကို ပုံးတွေနဲ့ယူလာရင် စစ်ကောင်စီက သယ်ခွင့်မပေးဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။ လူသုံးများတဲ့ ဓာတ်ဆီတွေ အဓိက ပြတ်နေတာဖြစ်ပြီး ဒီဇယ်ဆီကတော့ ဝယ်ဖို့ သိပ်မခက် ဘူးလို့ ဆိုပါတယ်။ လောင်စာဆီသယ်ခွင့် ဆက်ပိတ်ထားမယ်ဆိုရင် ဆီတွေလုံးဝ ဝယ်လို့မရတော့ဘဲ ပျက်သွားမှာကို ဒေသခံတွေ က စိုးရိမ်နေပါတယ်။ ဒီအတိုင်းဆက်ပိတ်ထားမယ်ဆိုရင် ဖားကန့်က ဆီကုန်သည်တွေ ကြာရှည်တောင့် မခံနိုင်တော့ဘူးလို့ ပြောနေကြောင်း စက်သုံးဆီရောင်းချသူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန် ကြီး ဦးဝင်းရဲထွန်းကတော့ ဆီတွေပိတ်တဲ့ အကြောင်းကို အတိအကျ မသိရသေးပေမဲ့ ဖားကန့်က တရားမဝင် သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေကို ဟန့်တားနိုင်ဖို့ လောင်စာဆီတင်ယာဉ်တွေ သွားလာခွင့် ပိတ်ထားတာဖြစ်နိုင်ကြောင်းပြောပါတယ်။ စက်သုံးဆီကုန်သည်တွေပြောတာကတော့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ကျောက် စိမ်း တူးဖော်ရေးကုမ္ပဏီတွေက ဆီသယ်ကားတွေ ကတော့ တစ်ခါတစ်ရံ လွှတ်ပေးတာတွေ့ရတယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/hpakant-oil-militar y-block-07022023141805.html
၂၈။ မြန်မာ – တရုတ် နယ်စပ်ဂိတ် ဘာသာပြန်လုပ်ပေးသူများ လစာမရရှိကြ
July 3, 2023
မြန်မာ – တရုတ် နယ်စပ်ဂိတ်တွင် ဘာသာပြန်လုပ်နေသည့် သျှမ်းပြည် မူဆယ်မြို့ ဒေသခံများသည် (၃) လကျော် ကြာထိ လစာမရရှိသေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဘာသာပြန်လုပ်နေသည့် မူဆယ်မြို့ ဒေသခံများကို တရုတ်အစိုးရက ခန့်အပ်ထားပြီး ကုန်တင်ပို့သူများကို ရုံးတွင်း ဖောင်ဖြည့်ရန်အတွက် ကူညီရန်ဖြစ်သည်။ “နယ်စပ်ဂိတ်တွေမှာ ဘာသာပြန်လုပ် နေတဲ့ သူတွေက လစာမရကြဘူး။ နယ်စပ်တံခါး ဖွင့်ကတည်းက ၃ လကျော်လောက်ရှိနေပြီ။ သူတို့ လစာမရကြဘူး။ သူတို့တွေ က ဖောင်ဖြည့်ပေးရတာ။ တရုတ်ဘာသာစကား မတတ်တဲ့သူတွေကို တရုတ်နိုင်ငံထဲ ဝင်ဖို့အတွက် ရုံးကလိုတဲ့ စာတွေ ဖြည့်ပေး ရတာ” ဟု မူဆယ်မြို့ဒေသခံက ပြောသည်။ အဆိုပါ မူဆယ်မြို့ ရွှေနန်းတော်ဂိတ် ၊ မန့်ဝိန်းဂိတ်၊ ဆင်ဖြူတော်ဂိတ် နှင့် ကျင်ဆန် ကျော့ဂိတ် တို့တွင် ဘာသာပြန်လုပ်နေသူ အားလုံးက လစာ မရရှိကြောင်း သိရသည်။
လစာရရှိရန်အတွက် အလုပ်သမားများကလည်း တောင်းဆိုခဲ့သော်လည်း ယနေ့ထိတိုင် မရရှိသေးပေ။ ထိုသို့ လစာမရရှိ သည့်အတွက်ကြောင့် ဘာသာပြန်လုပ်ပေးနေသူများက စားဝတ်နေရေးအတွက် ခက်ခဲနေကြသည်။ “သူတို့ပြောတာတော့ ၃ လ ပြီးရင် ပေးမယ်တဲ့။ အခုက ၃ လကျော်လာပြီ လစာ မရကြသေးဘူး။ မူဆယ်မှာရှိတဲ့ နယ်စပ်ဂိတ် ၄ ဂိတ်လုံးက လစာမရကြဘူး။ ကျနော်အိမ်က တူလေး ၂ ယောက် သွားလုပ်ကြတာ။ တစ်ယောက်မှလည်း လစာမရကြဘူး။ တောင်းလည်း မရသေးဘူးတဲ့။ လစာမရတော့ သူတို့အတွက် လိုချင်တာတွေ စားချင်တာတွေ ဝယ်လို့မရဘူးပေါ့။ အလုပ်လုပ်ပြီး ပိုက်ဆံမရတာတော့ မဟုတ် သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြန်မာ – တရုတ် နယ်စပ်ဂိတ်တွင် ဘာသာပြန်လုပ်နေသည့်သူများကို တရုတ်အစိုးရ က တစ်လကို ယွမ် ၃ ထောင် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၂ သိန်းခွဲ ဝန်းကျင်) ဖြင့် ခန့်ထားကြောင်း ဘာသာပြန်လုပ်နေ သည့်သူများ ထံမှသိရသည်။ https://burmese.shannew s.org/archives/35603
၂၉။ ၆ လအတွင်း စစ်ကောင်စီတပ်သား ၅၀ ခန့် ရှင်းလင်းနိုင်ခဲ့တယ်လို့ Federal Wings ပြော
July 3, 2023
၂၀၂၃ ခုနှစ်ရဲ့ ပထမ ၆ လတာ အတွင်းမှာ ဒရုန်းတွေ အသုံးပြုပြီး စစ်ကောင်စီတပ်သား ၅၀ ခန့် ရှင်းလင်းနိုင်ခဲ့ကာ အမြောက်အများ ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Federal Wings အဖွဲ့က ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ ထုတ်ပြန် ပါတယ်။ Federal Wings အနေနဲ့ အခုနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၂၈၁ ကြိမ်နဲ့ တိုက်ပွဲဝင်ခဲ့ပြီး ဗုံးသီး အမျိုးအစားစုံ ၆၈၀ ခန့် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေ အတွင်း Federal Wings တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိရာ ၂ ဦးကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ကျန် ၄ ဦးကတော့ သက်ဆိုင်ရာ တာဝန်တွေ ပြန်လည် ထမ်းဆောင်နေကြပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ Federal Wings တပ်ဖွဲ့ကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်း အဖြစ် တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ရှိ ပင်မအခြေပြုဒေသဖြစ်တဲ့ ကရင် ပြည်နယ်မှာသာမက စစ်ကိုင်းတိုင်းထဲမှာပါ စစ်ဆင်ရေးတွေစတင်နေပြီလို့ သိရပါတယ်။
Federal Wings အဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အတွက် ဒရုန်း တပ်ဆင်ရေးနဲ့ ဒရုန်း အင်အားဖြည့်တင်းရေး လိုအပ်ချက်တွေကို ပြည်သူ့ အင်အားနဲ့ ကူညီဖြည့်ဆည်းသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အခု ရက်ပိုင်းအတွင်းမှာ Cobra Campaign၊ KNDF/ B-15 Campaign နဲ့ ယောဒေသ ဒရုန်း လက်ရုံးတပ်ဖွဲ့ Campaign စတဲ့ ပူးပေါင်း ရန်ပုံငွေရှာတဲ့ အစီအစဉ် ၃ ခုကို စတင်မှာဖြစ်လို့ ပြည်သူတွေအားဖြည့် ကူညီကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ အာဏာရှင် စစ်တပ်ကို အနိုင်ယူတိုက်ခိုက်ဖို့ အင်အားဟာလွတ်လပ်ရေးမြတ်နိုးတဲ့ ပြည်သူလူထုဆီကနေသာ မြစ်ဖျားခံတာကြောင့် အင်အား အပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်ဖို့ အတွက် ပြည်သူကိုသာ အားထားရမယ်လို့ Federal Wings က ဆိုထားပါတယ်။ https://ww w.facebook.com/photo/?fbid=299 375799115538&set=pcb.299376062448845
၃၀။ ဖားကန့်မှာ လက်လွတ်စပယ် သတ်ဖြတ်ဖမ်းဆီးမှုတွေပိုများလာ
July 3, 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လုယက်တာတွေ အရင်ထက်ပိုများလာလို့ ပြည်သူ တွေရဲ့လုံခြုံရေးမရှိသလောက်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ လုတာ၊ ဓားပြတိုက်တာ အရင်နှစ်တွေကလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီဘက်ကလည်း သူတို့ကိုဆန့်ကျင်တဲ့သူတွေကို စစ်ဆင်ရေးလုပ်တယ်ဆိုပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးသတ်ဖြတ်တာတွေ များလာသလို၊ ခုခံတော်လှန်နေတဲ့သူတွေ ဘက် ကလည်း စစ်ကောင်စီဘက်က ရပ်တည်နေတဲ့သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အမည် မဖော်လိုတဲ့ ဖားကန့် ဒေသခံ တစ်ယောက်က ပြောပါတယ်။ “၉ ရက်နေ့က PDF ထောက်ပို့ဆိုပြီး စွပ်စွဲတယ်။ လူ သုံးယောက်ကို ဖမ်းတယ်။ ဖမ်းတော့ တစ်ယောက်က ထွက်ပြေးတယ်။ ပစ်သတ်လိုက်တယ်။ သေတယ် တစ်ယောက်။ အဲဒီနောက် နေ့မှာ လုံးခင်းက လက်ရှိပ်ချုပ်ရေး မှူး ဦးကျော်ဆွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဖားကန့်မှာက ဘယ်သူမှ စိတ်မချရဘူး။ အချိန်မရွေး ပစ်သတ်ခံရနိုင်တဲ့အထဲမှာ ဖားကန့်ပါပါတယ်ဗျ။ တရားဥပဒေစိုးမိုးမှုက လုံးဝ အနုတ်အောက်ကို ရောက်နေတယ်။ တရားဥပဒေကိုင်ထားတဲ့ ရဲစခန်းတွေ အဲဒါကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေအားလုံးကလည်း အပြင်တွေဘာတွေကို လုံခြုံမှုမရှိဘဲ သူတို့လည်း မထွက်ရဲဘူး။ ထွက် မယ်ဆိုလည်း သူတို့လည်း စစ်ကြောင်းတွေရှိမှသာ ထွက်ရဲတာ” စစ်ဆင်ရေးတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဒါမှမဟုတ် ပေါ်တာအထမ်းသမားအဖြစ် သုံးဖို့ အရပ်သားတွေကို စစ်ကောင်စီတပ်တွေက ဖမ်းတာလို့ပြောကြသလို၊ ပြန်မလွှတ်ဘဲ ဆက်ထိန်းထားတဲ့ သူတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ထင်ပြီး ဖမ်းထားတာလို့ သိရပါတယ်။
ဒီနှစ် ဇန်နဝါရီကနေ မေလကုန်ပိုင်းအထိ ဖားကန့်မြို့နယ်ထဲမှာ လက်နက်ကိုင်သူတွေက ပစ်ခတ်လို့ သေဆုံးတဲ့သူ အနည်း ဆုံး သုံးဆယ်ကျော်ရှိပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီ ဘက်က ဗိုလ်မှူးတစ်ယောက်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တပ်ဖွဲ့ဝင် သုံးယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေ ပါဝင်သလို အရပ်သားတွေလည်း ပါခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိပ်မူရွာမှာရှိတဲ့ KIO အုပ်ချုပ်ရေး ရုံးကို စစ်ကောင်စီတပ်က ဝင်စီးခဲ့ ပါတယ်။ အဲဒီအချိန်မှာ KIO က ဖမ်းထားတဲ့အကျဉ်းသား ခြောက်ယောက် သေဆုံးခဲ့သလို အကျဉ်းသားတွေနဲ့ ရုံးစောင့် စုစုပေါင်း အယောက် နှစ်ဆယ်လောက် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့သူ တွေဆိုရင် ဘယ်မှာထိန်းသိမ်းထားလဲ မေးမြန်း စုံစမ်းလို့မရ၊ မိသားစုကလိုက်တွေ့လို့မရသလို ဘာသတင်းမှမရဘဲ ပျောက်သွား တဲ့ သူတွေလည်း ရှိတယ်လို့ပြောကြပါတယ်။ ကချင်လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW ) ရဲ့ တာဝန်ခံ ကိုဂျက်ကော့ က – ဖားကန့်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတော်များများရှိနေတယ်လို့ ပြောပါတယ်။ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်မှာ သူတို့ KIO ရနေတဲ့ အခွန်ဝင်ငွေတွေကို ဖြတ်တောက်ချင်လို့ စစ်ကောင်စီ ပြည်သူတွေကို ခြိမ်းခြောက် ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ကေအိုင်အိုရဲ့ ရှေ့တန်းအရာရှိ တွေလည်း အဖမ်းခံထားရတယ်လို့ပြောပေမယ့် ဘယ်နှယောက်လဲ ဆိုတာကိုတော့ ဗိုလ်မှူးကြီးနော်ဘူက မပြောပါဘူး။ https:// www.rfa.org/bur mese/program_2/hpakant-more-killed-and-arrested-07032023051208.html
၃၁။ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ လူထိခိုက်မှုရှိ
July 4, 2023
ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၂နာရီဝန်းကျင်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင် စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၂ နှစ် ၁၀ လအရွယ် ကလေးတစ်ဦး အပါ အဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သိရပါတယ်။ “ဒေသခံ ရွာခံတွေရှိတယ်။ ဒါပေမယ့် အများစုက ရွာထဲမှာ စစ်ဘေးရှောင် တွေပဲ။ လာကြဲတာက စစ်ဘေးရှောင်စခန်းပေါ့။ ရွာပတ်လည်လည်မှာနေကြတာပေါ့။ စခန်းတွေထောင်ကြတယ် စာသင် ကျောင်းတွေ ဆောက်ကြတယ်။ လာပစ်တာတော့ စာသင်ကျောင်းကို ပစ်သွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇူလိုင် လ ၄ ရက်နေ့ မနက်စောပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံး၊ ပေါင် ၁၀၀ နှစ်လုံး နဲ့ လေးကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနဲ့ ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ရှောင် ကလေးတွေ စာသင်ကြားတဲ့ စာသင်ကျောင်းဆောင်နဲ့ စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရှောင်စခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်သလို ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လ အတွင်းမှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီက အရပ်သားရှိရာနေရာတွေကို အိပ်စက်တဲ့အချိန်တွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီကနေ လေကြောင်းနဲ့ တိုက်ခိုက်မှု အရေအတွက် (၅၂၇)ကြိမ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ https://www. facebook.com/photo/?fbid=66268 1282565114&set=pcb.662681419231767
၃၂။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု ပိုပြုလုပ်နေခြင်းကြောင့် ပြည်သူများ မဖြစ်မနေ ဗုံးခို ကျင်း တူးကြရန် မင်းတပ်(ပအဖ) ထပ်မံသတိပေး
July 4, 2023
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပိုမို ပြုလုပ်လာခြင်းကြောင့် ပြည်သူတွေ မဖြစ်မနေ(မဖြစ်မနေ) ဗုံးခိုကျင်းတွေ အမြန်တူးကြဖို့ မင်းတပ်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်သည်။ “ဇွန် ၂၈ ရက်နေ့က လုပ်ခေးရွာကို ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်တယ်။ ၂၈ ရက်မှာပဲ (ဒေါနတူးရွာ) ရောနတူးရွာကို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ ဇူလိုင်လ ၁ ရက်မှာပဲ တိုက်နယ် ၃ က ရွာတရွာကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲလို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာ ခပ်စိတ်စိတ် ဖြစ်နေတဲ့အတွက် ကြောင့် အရင်က ထုတ်ပြန်ပေမဲ့ လိုက်နာမှုအားနည်းတာကြောင့် ထပ်မံထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ ယခုရက်ပိုင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မရှိပေမဲ့ ဘာသာရေးအဆောက်အအုံအပါအဝင် အရပ်သားနေအိမ်တချို့ ပျက်စီး သည်ဟု ကိုယောမာန်က ပြောပါသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါ၊ နဲ့ လုပ်ခေးကျေးရွာ၊ မင်းတပ်-မတူပီကား လမ်းမပေါ်ရှိ စခန်းများကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်နယ်အမှတ် ၂၊ ၃ နဲ့ ၄ အတွင်းသို့ လက်နက် ကြီး များဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဇူလိုင်လ ၁ ရက်က ထုတ်ပြန်သည်။ ထိုသို့ တိုက်ခိုက်မှု ကြောင့် ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်နေပြီး ဗုံးခိုကျင်းများ ဆောလျင် စွာ တူးထားကြရန် ထုတ်ပြန်ထားသော်လည်း ပြည်သူတွေအနေဖြင့် လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ဟု သိရပါသည်။ တော်လှန်ရေးအရှိန် အားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုမိုများ ပြားလာခြင်းတို့ကြောင့် ပြည်သူတွေ အသက်အန္တရာယ် ထိခိုက်မှု မရှိစေရေး သက်ဆိုင်ရာမြို့နယ်နှင့် တိုက်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ဖို့ လိုအပ်သည်ဟု သိရပါသည်။ မင်းတပ်မြို့က ပြည်သူများအနေဖြင့် ရိုးရာပွဲလမ်းများ ပြုလုပ်ခြင်း၊ လူစုလူဝေးပြု လုပ်ခြင်းများကို ရှောင်ကြဉ်ရမည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၄ ရက်ကလည်း ထုတ်ပြန်ထားသည်။ ထို့အပြင် နေအိမ်ဝန်းကျင်မှာ ဗုံးခိုကျင်းများ တူးထားကြရန်၊ စစ်ကောင်စီ၏ မပေါက်ကွဲသေးသော ဗုံးအကြွင်းအကျန်များကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုဘဲ နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ချင်းကာကွယ်ရေးတပ် – မင်းတပ်ကို သတင်းပေး ပို့ကြရန် အသိပေးထားသည်။ https://www.facebook.com/photo/?fbid=740929444702778&set=pcb.740929521369
၃၃။ ရွာငံမြို့နယ်မှာ စစ်ကောင်စီက လူ ၁၀ ဦး ဖမ်းသွားပြီး တစ်ဦးကို ညတွင်းချင်း ပစ်သတ်
July 3, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျေးရွာ ၂ ရွာမှ အမျိုးသမီးများ အပါအဝင် အရပ်သား ၁၀ ဦးကို ဇွန် ၂၉ ရက် မနက် ၃ နာရီခန့်က စစ်ကောင်စီတပ်တွေ လာဖမ်းဆီးသွားပြီး တစ်ဦးကို ညတွင်းချင်းမှာပင် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။ ရွာငံမြိုနယ်၊ လွှစင်ရွာမှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၄ ဦး နဲ့ နန်းခုံရွာမှ အမျိုးသား ၁၀ ဦး စုစုပေါင်း ၁၀ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ နန်းခုံရွာမှ ဖမ်းဆီးလာတဲ့ ဦးအေးမောင် ကို အကြောင်းအရင်းမရှိ ညတွင်းချင်း ပစ် သတ်လိုက်တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ “ခွေးကား ၃ စီးနဲ့လာဖမ်းတာ။ ဘာကြောင့်ဖမ်းသွားလဲဆိုတာ မသိကြဘူး။ မနက် ၃ နာရီအချိန် ဇွတ်ဝင်ဖမ်းတာလေ ဘယ်သူမှမသိဘူး။ နောက်နေ့မနက်ကျတော့ တို့ရွာက ဦးအေးမောင် သေပြီလို့ ဖုန်း ဆက်လာတယ်တဲ့” လို့ နန်းခုံရွာသား တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ မှ ၄၀ ကျော်အရွယ်တွေဖြစ် ကြပြီး အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးလည်း ဖခင်နဲ့အတူ ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။ သူတို့ကို ဘယ်မှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်က အဲ့ဒီလို ဖမ်းဆီးပြီး နာရီပိုင်းအကြာမှာပဲ ပစ်သတ်ခံလိုက်ရတဲ့ ဦးအေးမောင်ဟာ တရွာတည်းသားဖြစ်တဲ့ နန်းခုံရွာ စာသင်ကျောင်းက ကျောင်းဆရာတစ်ဦးက စစ်တပ်ဆီကို မဟုတ်မမှန် သတင်းပေးခဲ့တာကြောင့်လို့ ကျေးရွာဒေသခံ တွေက ပြောဆိုနေကြပေမယ့် မဲခေါင်အနေနဲ့ သီးခြားအတည်ပြုချက် မရရှိပါဘူး။ နန်းခုံရွာမှာ နေထိုင်ခဲ့ဖူးပြီး ဦးအေးမောင်နဲ့ အလွန်ရင်းနှီးသူတစ်ဦးကတော့ သာမာန်ရွာသား တစ်ယောက်သာဖြစ်ကြောင်း မဲခေါင်ကို အတည်ပြု ပြောဆိုထားပါတယ်။ ရွာငံ-သာစည် မြို့နယ်စပ်မှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ရာကနေ ဒေသခံတွေ ရွာအပြင်ဘက် တောထဲမှာ တစ်လကျော်ကြာ တိမ်းရှောင်နေရာကနေ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လလောက်မှာ ရွာခံတချို့က နေအိမ်တွေကို ပြန်ပြီးနေထိုင်ခဲ့ကြရာ ကနေ အခုလို စစ်တပ်က အကြောင်းမရှိ ဖမ်းဆီးခြင်းခံရတာလို့ သိရပါတယ်။ https://www.facebook.c om/photo/?fbid=298800035839781&set=a .285900490463069
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။