သတင်း

ဘန်ကောက်မြို့ UN သံရုံးရှေ့မှာ ထိုင်းရောက်မြန်မာများမှ တော်လှန်ရေး သွေးမအေးကြေး လူထုလှုပ်ရှားမှုပြုလုပ်

ဘန်ကောက်မြို့ UN သံရုံးရှေ့မှာ ထိုင်းရောက်မြန်မာများမှ တော်လှန်ရေး သွေးမအေးကြေး လူထုလှုပ်ရှားမှုပြုလုပ်

Photo – FJMM

ဖက်ဒရယ်ဂျာနယ် မြန်မာ။

ဇူလိုင်လ ၂ရက်၊ ၂၀၂၃။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ UN သံရုံးရှေ့မှာ ထိုင်းရောက်မြန်မာများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမကြေးကြောင်းကို ပြသဖို့ လူထုလှုပ်ရှားမှုတစ်ခုကို ဇူလိုင်လ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုတွင် မြန်မာနိုင်ငံအရေးတောင်းဆိုမှုများကို UN ကနေတစ်ဆင့် ကမ္ဘာကနေ သိနိုင်ဖို့နဲ့ အသစ်တက်လာမယ့် ထိုင်းအစိုးရကိုလည်း သိစေချင်လို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်မှ FJMM ကိုပြောပါတယ်။

ထို့ပြင် မနက်ဖြန်မှာ ကျရောက်မယ့် အာဏာရှင် မင်းအောင်လှိုင်ရဲ့ မွေးနေ့အတွက် ဇာပန အခမ်းအနားတစ်ခု အနေနဲ့ ကျင်းပခြင်းလည်း ဖြစ်ကြောင်းကို သိရပါတယ်။

” မြန်မာအာဏာသိမ်းထားတဲ့ စစ်တပ်က ဓာတုဗေဒ ဗုံးတွေ အသုံးပြုပြီး ပြည်သူတွေကိုတိုက်ခိုက်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်။ ဒီအရာတွေကို နိုင်ငံတကာက သိစေဖို့၊ ရပ်တန့်စေနိုင်ဖို့ အတွက် လာရောက် ဆန္ဒဖော်ထုတ် ပါတယ် ” လို့ လူထုလှုပ်ရှားမှုတွင် ပါဝင်သူ အမျိုး သမီး တစ်ဦးမှ ပြောပါတယ်။

အဆိုပါ လူထုလှုပ်ရှားမှုကို ထိုင်းအာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး နေ့လယ် ၂နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်ခွင့် ပေးထားကြောင်း သိရပါတယ်။

ထို လူထုလှုပ်ရှားမှုကို အလုပ်သမားအများစု၏ နားရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ပြီး ထိုင်းရောက်မြန်မာ အလုပ်သမား ၃၀၀ နီးပါးနှင့် ထိုင်းနိုင်ငံသား ဒီမိုကရေစီအရေးလှုပ်ရှားသူအချို့လည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။

Related Articles

Back to top button