သတင်း

“ဖက်ဆစ်‌ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲ‌ရဲလျှောက် ” ခေါင်းစဥ်ဖြင့် လောင်းလုံမြို့နယ်တွင် လူထုလှုပ်ရှားမှုပြုလုပ်

Photo – DDMSC
ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇွန်လ ၂၄ရက်၊ ၂၀၂၃။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ” ဖက်ဆစ်ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်ဖြင့် လူထုလှုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၂၄ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် အနေဖြင့် DDMSC နှင့်အတူ အမျိုးသမီးများ၊ လူငယ်များ၊ ဒေသခံများနှင့် အလုပ်သမားများ ပါဝင်သည့် လူထုလှုပ်ရှားမှုဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများ ပြင်းထန်နေသော်လည်း ဆန္ဒပြ လူထုလှုပ်ရှားမှုများမှာလည်း အချို့နေရာများတွင် အားကောင်းနေဆဲပဲဖြစ်ပါတယ်။

Related Articles

Back to top button