သတင်း

ဖားဆောင်းမြို့နယ်၊ ကျောက်ပိန်းညိုကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကြောင်း တပ်ပြန်ဆုတ်ခဲ့ရ

ဓါတ်ပုံ – Hpasawng PDF

ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၄ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ် မယ်စဲ့မြို့နယ်တိုက်ပွဲဖြစ်တဲ့ချိန်ကစပြီး စစ်ကောင်စီက ဖားဆောင်း မြို့နယ်၊ သံလွင် အရှေ့ဖက်ကမ်းက ကျောက်ပိန်းညိုကျေးရွာအနီး ပြီးခဲ့တဲ့ ဇွန်လ(၁၃)ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ထပ်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များတို့ကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့က ဝင်ရောက်တိုက်ခိုက် ခံခဲ့ရတာကြောင့် ကျောက်ပိန်းညိုကျေးရွာကနေ ဆုတ်ခွာသွားခဲ့ပြီး သံလွင်တံတားဖက်ထိ ပြည်လည် ဆုတ်ခွာ တပ်စွဲသွားကြတာပါ။

ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦး ပြောတာက ” ဇွန်လ(၂၁)ရက်နေ့မှာ တိုက်ပွဲ ပြင်းထန် တယ်၊ ကျနော်တို့ ဒရုန်းနဲ့‌ထောက်လှမ်းကြည့်‌‌တော့ စစ်ကောင်စီဖက်က (၁၀)ယောက်လောက်ကျပါတယ်၊ ကျနော် တို့ ဖက်ကတော့ မစိုးရိမ်းတဲ့ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်(၅)ယောက်လောက်တော့ရှိပါတယ်၊ အဲရက်မှာဘဲ ဖားဆောင်းမြို့ ထဲမှာ စစ်ကောင်စီကပစ်လိုက်တဲ့ လက်နက်ကြီးက မြို့ထဲကျပြီး ပြည်သူတစ်ယောက်ထိမှန်ပါတယ်၊ ဒဏ်ရာက ပြင်းတော့ နောက်ရက်မှာဘဲ ဆုံးသွားတယ်လို့ သိရတယ်”

အခုတိုက်ပွဲကတော့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘောလခဲပြည်သူကာကွယ်ရေးတပ်ဖွဲ့များအပြင် Loikaw PDF အမှတ်-1103၊ အမှတ်-1101၊ အမှတ်-1102၊အမှတ်-1104၊ အမှတ်-1106၊ အမှတ်- 1107 တပ်ရင်းနှင့် ERO အဖွဲ့တစ်ဖွဲ့ တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button