သတင်း

KIO စိုက်ပျိုးရေး ဒီပလိုမာ သင်တန်း ကျောင်းသား၊သူသစ်များ ပြန်လည်ဖိတ်ခေါ်

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၁၆ ရက်၊ ၂၀၂၃။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကနေ ဖွင့်လှစ်ပေးနေတဲ့ စိုက်ပျိုးရေး ဒီပလိုမာ သင်တန်း ကျောင်း သား၊သူသစ်များကို ပြန်လည် ဖိတ်ခေါ် နေပြီလို့ သိရပါတယ်။

အခုသင်တန်းကျောင်းဟာ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် ဖိတ်ခေါ်နေတာဖြစ်ပြီး KIO ဌာန ချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အနီးက အလဲမ်းဘွမ် သင်တန်းကျောင်းမှာ ဖွင့်လာမှာ ဖြစ်ပါတယ်။

သင်တန်းကျောင်းမှာတော့ အခြေခံ စိုက်ပျိုးရေးနည်းပညာနဲ့ အဆင့်မြင့် ဒီပလိုမာ စိုက်ပျိုးရေးနည်းပညာ ဆိုပြီး သင်ကြားပေးနေတာ ဖြစ်ပြီး သင်တန်းသား အသစ်တွေကို လက်ရှိလက်ခံပေးနေပြီး ဇွန် (၁) ရက်နေ့မှာတော့ သင်ကြားရေးစမှာ ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ဂရဲန် ဘရန်ဆိုင်းက ပြောပါတယ်။

စိုက်ပျိုးရေးနည်းပညာ သင်တန်းကျောင်းတက်ရောက်နိုင်သူများဟာ အထက်တန်းအောင်ပြီးသူ အသက် (၁၇) နှစ် မှ (၃၅) ထိ သတ်မှတ်ထားပြီး မူးယစ်ဆေးဝါး မသုံးစွဲသူ ဖြစ်မယ်လို့ ကျောင်းလျှောက်လွှာ စည်းကမ်းချက်မှာ ပါရှိပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကနေ စိုက်ပျိုးရေး ဒီပလိုမာ သင်တန်း ကျောင်းကို တော့ ၂၀၀၆ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး သင်တန်းကျောင်း အပတ်စဉ် (၈) ထိ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

Related Articles

Back to top button