တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 39, May 16, 2023)

၁။    ဖားကန့်မြို့တွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
       May 15, 2023

ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား ဖားကန့်မြို့ တံတားညီနောင်ကျေးရွာ အနီး တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ ဖားကန့်မြို့မှ ဆင်းလာသည့် တပ်မ (၈၈) စစ်ကောင်စီ စစ်ကြောင်းနှင့် KIA နှင့် KPDF ပူးပေါင်းတပ်တို့ကြား ယမန်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုင်းဖရာကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲအခြေအနေက ဘယ်လိုလဲတော့ မသိဘူး။ စစ်ကြောင်း တွေက ထွက်လာ တာလည်းမရှိဘူး။ အဲ့တိုက်ပွဲဖြစ်တဲ့နေရာမှာချည်းပဲ။ မနေ့ကလည်းတစ်ညလုံး။ အခုဒီမနက်ရော။ တစ်နေရာမှာပဲ သူတို့က။ အသံက အဲ့လိုမျိုးပဲကြားနေရတာလေ” ဟုပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲဖြစ်ပွား နေသည့်အတွက် အနီးအနားရှိကျေးရွာမှ ဒေသခံပြည်သူများက နီးစပ်ရာဘုရားကျောင်း များသို့ ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။

“ပစ်နေတုန်း တိုက်ပွဲဖြစ်နေတုန်းပဲ။ အခြေအနေက လမ်းမှာလူလည်းမရှိတော့ဘူး။ ရွာမှာလည်းမရှိတော့ဘူး ” ဟုပြော သည်။ အဆိုပါတိုက်ပွဲကြောင့် ဖားကန့် – နန့်ယားလမ်းတစ်လျှောက် လမ်းပိတ်ထားပြီး တံတားညီနောင်ကျေးရွာ၊ ဆိုင်းဖရာ ကျေး ရွာ၊ ခွန်ဆိုင်ယန်ကျေးရွာ၊ ဂေါ်လူယန်ကျေးရွာနှင့် ကပ်မှော်ဇွပ်ကျေးရွာတို့မှ အိမ်ထောင်စု ၇၀၀ ကျော်ခန့် ထွက် ပြေးတိမ်းရှောင် နေကြကြောင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့၊ ပျားအုံကျေးရွာအနီးတွင် ဓားစာခံများ ခေါ်ဆောင် လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပြည်သူ အမျိုးသမီး သေဆုံးခဲ့ပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ https://www.facebook.com/ph oto/?fbid=558903099770696&set=a.535867405 407599

၂။    သံလွင်အရှေ့ဘက်ခြမ်း စစ်ကောင်စီတပ်စခန်း ရိက္ခာပို့လမ်းကြောင်းကို RCSS SSS ကူညီပို့ဆောင်ပေးနေ
      May 16, 2023

ကရင်နီပြည်နယ်အတွင်း သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ ပို့ဆောင် နေတဲ့လမ်းကြောင်းတွေမှာ ရှမ်းနယ်မြေတွေကနေ ဖြတ်ကျော်ရတဲ့အတွက် ရှမ်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS ကနေ ကူညီပို့ဆောင်ပေးနေတာ ရှိတယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။ “၃ ရင်း ရှိတယ်လေ အဲ့မှာ ၅၁၉ နဲ့ ၃၃၄၊ ၅၁၀ ဆိုတာရှိတယ်လေ စစ်ကြောင်းတွေပေါ့နော။ သူတို့က အဲ့ဖက်မှာ ရိက္ခာဂိုဒေါင်ဆောက် ထားတယ်လေ။ အဲ့ဒီပန်ယွန်းဖက်မှာပေါ့ နယ်စပ်ဖက်မှာပေါ့ ကရင်နီ-ထိုင်းနယ်စပ်နားမှာ ဟိုဖက်အဖွဲ့တွေက စစ်ကောင်စီ နဲ့ ပစ် ခတ်တာမျိုးမရှိဘူးပေါ့ အဲ့ဖက်ကလူတွေက ကူညီတယ်လို့ကျနော်တို့က သုံးသပ်တာပေါ့။ ကူညီလို့ပဲ အဲ့လိုရောက်လာတာပေါ့ သူ့နယ်မြေဖြတ်ပြီးတော့မှ ကျနော်တို့ အဲ့လိုသုံးသပ်တာပါ။ အဲ့မှာ (SSS) S သုံးလုံးရှိတယ်လေ S သုံးလုံးဆိုတာက ပြည်သူ့စစ် ပေါ့။ နောက်ပြီးတော့မှ ဟိုမုန်းဖက်က S သုံးလုံးရဲ့ဌာနချုပ်ပေါ့။ နောက်ပြီးတော့မှ အဲ့ဖက်ဂွင်က RCSS၊ SSA ရဲ့ ဂွင် လည်း ဖြစ်တယ်။ ဆိုတော့ သူတို့နယ်မြေကိုဖြတ်လာတာက လွတ်လွပ်လပ်လပ်ပေါ့။ ရိက္ခာတွေ လက်နက်ခဲယမ်းတွေကို လာပုံပြီးမှ အဲ့ဒါကို ကျနော်တို့ဖြတ်တောက်တာပေါ့ ဒီဖက်ကိုမရောက်အောင် ကျနော်တို့ဖက်မရောက်အောင် ဖြတ်တောက်တာပေါ့။” လို့ ဝန်ကြီးညေးရယ် က ပြောပါတယ်။ ရှားတော၊ ဘောလခဲ နယ်စပ်ဖက်ကနေ သံလွင်မြစ်အရှေ့ဘက်ခြမ်းကို ရိက္ခာပို့ဆောင်လို့ မရတော့တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ထဲကို ရိက္ခာပို့ဆောင်နိုင်ဖို့အတွက် ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ အခြေစိုက်လုပ်ရှားနေတဲ့ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ Southern Shan State ( SSS ) ရဲ့ နယ်မြေ၊ RCSS နယ်မြေတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက စစ်ကောင်စီတပ်က ထိုင်း-ကရင်နီနယ်စပ်တပ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ ကြိုးစား နေတာဖြစ်ပြီး ခမရ (၁၃၅)၊ ခမရ (၅၁၀)၊ ရှေ့တန်းတပ်စခန်း (၅၄)တပ်၊ ခမရ (၃၃၇) တပ်၊ ခမရ (၃၃၄) တပ်နဲ့ ခမရ (၅၁၀) စခန်းတွေကို ကရင်နီတပ်မတော်ကနေ မကြာခဏ တိုက်ခိုက်မှုရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန် တွေအရ သိရပါတယ်။ “ အဓိကတော့ ဒီသံလွင်အရှေ့ခြမ်းမှာတော့ အဓိက လက်နက်၊ ရိက္ခာဖြည့်တင်းဖို့အတွက် ဖြစ်တယ်ပေါ့ လေးနော။ ဒီစစ်ကြောင်း ဒီရိက္ခာဖြည်တင်းနိုင်ဖို့အတွက် သူတို့(စစ်ကောင်စီ) ကျနော်တို့ပြည်နယ်ထဲကို ဝင်နိုင်ဖို့ကြိုးစားတာ တော့ တော်တော်လေးကြာနေပြီ။ အခုထိတော့ မဝင်နိုင်သေးဘူးပေါ့လေးနော။ အဲ့တာလည်း ၂လကျော် သုံးလလောက်ရှိပြီပေါ့။ ရိက္ခာဖြည့်တင်းတယ် ဒီအပေါ်မှာ အထူးသဖြင့် သံလွင်အရှေ့ခြမ်းပေါ့နော။ KA ဖက်ကနေမှ သူတို့ ဦးစီးပြီးတော့မှ ဒီရိက္ခာဖြည့် တင်းနေတဲ့ စစ်ကောင်စီကို ဖြတ်တိုက်နေတာတော့ ခုခံစစ်ဆင်နွှဲတာ ၃ လကျော် ၄ လထဲဝင်လာပြီပေါ့။ အခုထိတော့ တိုက်ပွဲ တွေတော့ ပြင်းထန်နေတုန်းဘဲလို့ ကျနော်တို့ ကြားသိရတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေး ချုပ် ခူးရီးဒူ က ပြောပါတယ်။ ထိုင်း-ကရင်နီ နယ်စပ်တကျောမှာ စစ်ကောင်စီ တပ်စခန်းတွေ အနည်းဆုံး ၁၀ ခုနဲ့ အထက် ရှိတယ် လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီကာလအတွင်း ရိက္ခာတွေကို စုဆောင်းနေတာဖြစ်ပြီး တပ်စခန်းတွေဆီ ရိက္ခာပို့ဖို့အတွက် ကုန်းလမ်း အပြင် ရေကြောင်း၊ လေကြောင်းတွေပါ အသုံးပြုနေတာ ဖြစ်ပါတယ်။ https://www.kantaraw addytimes.org/%e 1%80%9e%e1%80%b6%e1%80%9c%e1%80%bd%e1%80%84%e1%80

၃။   စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်
      May 16, 2023

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၆)နယ်မြေတွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က နယ်မြေကျူးကျော် ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ ရ ရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ မေလ ၁၄ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၂ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် ယမန်နေ့ ၁၅ ရက်နေ့တွင် ကျောက်မိုင်းနယ်မြေဒေသအတွင်းသို့ လက်နက်ကြီးပစ်ကူများဖြင့် ထပ်မံဝင်ရောက်လာသည့် စစ်ကောင်စီနှင့် ပစ်ခတ်မှုထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၁ ဦး ထပ်မံသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး စောကော်က ယခုလိုပြောသည်။ “စကစ ဘက်က ကျနော်တို့လုံခြုံရေးချထားတဲ့နေရာကို အရင်လာတိုက်တယ်။ စစ်ကြောင်း ၄ ကြောင်းနဲ့ တက်လာတယ်။ BGF က ဗိုလ်မုတ်သုန် အဖွဲ့ကလူတွေပါတယ်။ စကစဘက်က ပစ်တဲ့လက်နက်ကြီးက ဒေသခံရွာတွေဘက်ကို ကျတာရှိတယ်။ ဒါပေမဲ့ ရွာသားတွေထိခိုက်မှုတော့မရှိဘူး”ဟု ၎င်းက ပြော သည်။ ထို့နောက် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ် ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာထိခိုက်ကျဆုံးမှု မရှိခဲ့ ကြောင်း ကော်ဘရာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ၎င်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ သတင်း ထုတ်ပြန် ထားသော်လည်း စစ်ကောင်စီဘက်မှ ထိကျဆုံးမှုများကိုမူ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်းတွေ့ရ သည်။ အလားတူ မြဝတီမြို့ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် ပြီးခဲ့သည့် မေလ(၁၁) ရက်မှ (၁၃)ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၈) ဦးသေ ဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ ထိုဒေသရှိ (KNLA)၏ ကော်ဘရာစစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့များ လုံခြုံရေး ရယူထားနိုင်သည့်နေရာများကို စစ်ကောင်စီတက်ဘက်မှ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို ဓာတုလက်နက်ဟု ယူဆရသည့် လက်နက်ကြီးများ ဖြင့်လည်း ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းလည်း ကော်ဘရာစစ်ကြောင်းဘက်က ပြောသည်။ https://kicnews.org/20 23/05/%e1%80%85%e1%80%85%e1%80%ba%e1 %80%80%e1%80%b1%e1%80% 

၄။    ပကာရီက ထောက်လှမ်းရေးသတင်းပေးဆိုသူတစ်ဦး အသတ်ခံရ
       May 15, 2023

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာက စစ်ကောင်စီတပ်ကို ထောက်လှမ်းသတင်းပေးနေသူတစ်ဦးကို  ပစ်သတ်ခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းဆီကသိရပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၂၇နှစ်ဝန်းကျင်အရွယ် ကိုနေမင်း (ခ) ခေါင်းကီး ဆို သူဖြစ်တယ်လို့သိရပါတယ်။ သူ့​ကိုမနေ့က မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးစစ်ဆေး ပြီးနောက် ပစ်သတ်လိုက်တာလို့သိရပါတယ်။ “သူက ပကာရီရွာသားပါပဲ။ သွားဖမ်းတာကတော့ ပကာရီရွာက ရာဘာခြံတစ်ခု ထဲမှာသွားဖမ်းခဲ့တာပါ” လို့ ထားဝယ်စုပေါင်းစစ်ကြောင်းမှာပါဝင်တဲ့ DDT အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အခုပစ်သတ်ခံရသူဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကိုအမြဲဒုက္ခပေးနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေမှာ အမြဲလိုက်ပါလမ်းပြပေးသူတစ်ဦးဖြစ်တယ်လို့ ထားဝယ်စုပေါင်းစစ်​ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ရေး သားထားပါတယ်။ ဖမ်းဆီးပစ်ခတ်မှုကို ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)နဲ့ ဥဩစစ်ကြောင်းတို့ ကပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ပကာရီကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ပကာရီရဲကင်းစခန်းရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် တွေနဲ့မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတဲ့နေရာလည်းဖြစ်ပါတယ်။ https://ww w.facebook.com/photo/?fbid=2711 40835303673&set=a.196212682796489

၅။    RCSS က လုပ်ကြံသတ်ဖြတ်တဲ့ အထူးတပ်သားတွေကို ရှမ်းမြောက်နဲ့ ရှမ်းတောင်မှာ ပို့ဆောင်ထား​တယ်လို့             SSPP ပြော
       May 15, 2023

ရှမ်းမြောက်နဲ့ ရှမ်းတောင်ဒေသတွေမှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က လုပ်ကြံသတ်ဖြတ်တဲ့ အထူးတပ်ဖွဲ့တွေကို ပို့ဆောင်ထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၆ ရက်ကစပြီး ရှမ်းတောင် လဲချား၊ ကာလိ၊ ကျေးသီးနဲ့ ရှမ်းမြောက် သီပေါ၊ ကျောက်မဲ၊ နောင်ချို စတဲ့မြို့နယ်တွေမှာ တစ်မြို့နယ်ကို ၃ ဦးနှုန်းနဲ့ ပို့ဆောင်ထားတယ်လို့ မြေပြင်သတင်းတွေအရ သိရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်ကြီး သီဟရာဇာက “မြေပြင်သတင်းတွေအရပေါ့နော်။ သူတို့တကယ်ပို့ထားလား ဒါမှမဟုတ် ခြိမ်းခြောက်နေတာလား မသိ သေးပေမယ့် ကိုယ့်ကိုကိုယ်တော့ ကာကွယ်ရမယ်။ စုံစမ်းနေတယ်။ အသွားအလာ အဝင်အထွက်တော့ စစ်ဆေးရမယ်” လို့ ပြောပါတယ်။

၎င်းတပ်သားတွေဟာ စနိုက်ပါသမား၊ ​မိုင်းထောင် မိုင်းခွဲတာနဲ့ အခြားအကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စေလွှတ် တာ ဖြစ်နိုင်တယ်လို့ ပြောဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ RCSS အနေနဲ့ အကျိုးမရှိတဲ့ လုပ်ရပ်တွေ မလုပ်ဆောင် ဖို့ကိုလည်း SSPP ဘက်က ထပ်မံတိုက်တွန်းထားပါတယ်။ မေလ ပထမအပတ်ကလည်း မိုင်းနောင်၊ လဲချား စတဲ့ဒေသတွေမှာ RCSS နဲ့ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှမ်းတောင် နမ့်စန်၊ မိုင်းနောင်၊ ခိုလမ် စတဲ့မြို့တွေမှာတော့ RCSS က စစ်အင်အားဖြည့် နေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=5672 13402252595&set=a.404503215190282

၆။    စစ်ကောင်စီတပ်က ဖမ်းသွားသည့် ကေအန်ယူ ဒုဥက္ကဋ္ဌ၏ ညီနှင့် တူဖြစ်သူတို့ လွတ်မြောက်
       May 16, 2023

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (ခလယ်လွီထူး) ကျောက်ကြီးမြို့နယ် နတ်သံကွင်း ကျေးရွာအုပ်၊ ရေတွင်းကုန်းကြီးကျေးရွာမှာ နေထိုင်တဲ့ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေရဲ့ ညီနဲ့ တူဖြစ်သူတို့ကို စစ်ကောင်စီ တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ ၁၄ ရက် ညပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၁၄ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ ရဲ့ ညီ စောသာဂေနဲ့ သားဖြစ်သူ စောပန်းချိုတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာက ကျေးရွာထိပ်အရောက်မှာ ပြန်လွှတ်ပေးခဲ့တာ လို့ ပြောပါတယ်။ ဒေသခံတဦးက “စစ်ကြောင်းက ရွာထဲကိုဝင်လာပြီး သားအဖနှစ်ဦးလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာ။ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ရွာထိပ်အရောက်မှာ ပြန်လွှတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက် ညနေ ၅ နာရီလောက်က မုန်းမြို့နယ် ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ ယောက် အပါ အဝင် ဒေသခံပြည်သူ ၁၉ ယောက်ကို စစ်ကောင်စီတပ်က အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့သလို ဒေသခံတချို့ပါ ပျောက်ဆုံးနေပါတယ်။ ကေအန်ယူ တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ ၄၄ အပါအဝင် တပ်ရင်း ၅ ရင်းပါ ပူးပေါင်းစစ်ကြောင်းတွေဟာ ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ လေကြောင်းကနေ စောင့်ကြည့် ပျံသန်းနေတာတွေကြောင့် နယ်မြေလုံခြုံရေးရယူထားတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/archi ves/593615

၇။    ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခိုက်မှုကြောင့် CDF – Matupi ဌာနချုပ်နှင့် ဒေသခံနေအိမ်များပျက်စီး 
       May 15, 2023

ချင်းပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ချင်းကာကွယ် ရေးတပ်ဖွဲ့(မတူပီ) CDF–Matupi ဌာနချုပ်နှင့် ဒေသခံများ၏ နေအိမ်အဆောက်အဦးများ ပျက်စီးသွား ကြောင်း သိရသည်။ မေလ ၁၂ ရက်နေ့ ညပိုင်းမှ စတင်ကာ မိုးရွာသွန်းပြီး လေများတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ ဌာနချုပ်ရှိ အဆောက်အဦးများနှင့် ဒေသခံများ၏ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဆိုသည်။ “စခန်းမှာရှိတဲ့ အဆောက်အဦးတွေပျက်စီးတယ်၊ အားလုံး အသစ်ပြန်ဆောက်ရတော့မယ်။ လော လောဆယ် အပြင်ကိုထွက်လို့မရသေးလို့ ဘေးပတ်ဝန်းကျင်ရဲ့အခြေအနေတွေကို ကျနော်တို့အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး” ဟု CDF – Matupi ပြန်ကြားရေးတာဝန်ခံ Aaron က ပြောသည်။  မတူပီမြို့နယ် ဖနိုင်ကျေးရွာတွင် လေပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ လေးပုံသုံးပုံခန့်ပျက်စီး သွားကြောင်း ဒေသတွင်းသတင်းများအား ရေးသားဖြန့်‌ဝေနေသည့် Matupi Time က ယနေ့ မေလ ၁၅ ရက်နေ့တွင် ဖော်ပြထားသည်။

ဘုရားကျောင်း သုံးကျောင်း၊ စာသင်ကျောင်းလေးကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ အပါအဝင် လူနေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း ဆိုသည်။ လေတိုက်နေချိန်တွင် ခိုင်ခန့်သောအိမ်များ၌ စုပေါင်းခိုလှုံခဲ့ကြပြီး အထိအခိုက်မရှိကြောင်းနှင့် ယခုအခါ ၎င်းတို့ နေအိမ်များသို့ပြန်သွားကြပြီး အိမ်များပြင်ဆင်ရန် လုပ်ကိုင်နေကြကြောင်း သိရသည်။ အလားတူ မတူပီမြို့နယ်၊ ဇိုတုန်နယ်၊ ဟုန်လေးကျေးရွာတွင် မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က မုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈၀ ကျော်ရှိ သည့်အနက် ၆၀ ကျော် ပျက်စီးသွားကြောင်း သိရ သည်။ မတူပီမြို့၊ လောင်ဗန်းရပ်ကွက် ဘောလုံးကွင်းအောက်ပိုင်းရှိ နေအိမ်သုံး လုံးပျက်စီးသွားကြောင်းနှင့် မတူပီ မြို့နယ်အုပ်ချုပ်ရေးမှ ဆက်သွယ်ရေးစက် အလုပ်မလုပ်တော့သည့်အတွက် ကျေးရွာများ၏ အခြေအနေများကို မသိရသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။ https://www.facebook.com/Mi zzimaDaily/photos/a.320351647999747/6703536 503014531/

၈။    PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်
       May 16, 2023

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ တွေ့ဆုံမှုကို ချင်းမိုင်တွင် မေ (၁၇) ရက်မှ (၁၈) ရက်ထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့် ကပြောသည်။ “ဟုတ် ပါတယ်၊ တွေ့ဆုံဆွေးနွေးမှုက နှစ်ရက် လုပ်မှာပါ။ မေ (၁၇) နဲ့ (၁၈) လုပ်မှာပါ။ အဓိက ဆွေးနွေးမှာကတော့ ပြီးခဲ့တဲ့ မတ်လထဲ က ကျနော်တို့ NCA-S-EAO (၇) ဖွဲ့နဲ့ NSPNC နဲ့ အလွတ်သဘောတွေ့ဆုံမှုအကြောင်းကို အဖွဲ့တွင်းပြန်လည် ဆွေးနွေးကြမှာ ပေါ့နော်” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆိုသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် NCA-S-EAO (၇) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် NSPNC နှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန်အတွက်လည်းထည့် သွင်းဆွေးနွေးမည် ဟု ကြားသိထားရသည်။ “NSPNC နဲ့ တွေ့ဆုံမှုကနေ ရရှိတဲ့ သဘောထား မှတ်ချက်တွေအရတော့ အားလုံး ၈ ချက်ရှိပါတယ်၊ နောက် တကြိမ် NSPNC နဲ့ ထပ်မံတွေ့ဆုံဖို့လည်း ပါတယ်၊ ဒါကြောင့် ဒီနှစ်ရက်တာ ကျင်းပတဲ့ ဆွေးနွေးမှုမှာ ဒီအချက် ကိုလည်း ဆွေးနွေးဖြစ်ကြမှာပါ” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။ ချင်းမိုင်တွင်တွေ့ဆုံမည့် NCA-S-EAOs (၇)ဖွဲ့မှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ပါဝင်ကြောင်းသိရသည်။ https://burmese.shannews.org/archives/ 34776

၉။    မိုခါမုန်တိုင်းကြောင့် သေဆုံးသူ  ၁၈ ဦးရှိလာ၊  ရိုဟင်ဂျာ ရာချီသေဆုံးဟု သတင်းထွက်ပေါ်
       May 16, 2023

အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန် စတဲ့ တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်ထိ ရှိလာတယ်လို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) က ပြောပါတယ်။ မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း ထိခိုက်ပျက်စီးသွားပြီး လူ ၁၀၀ ကျော် သေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့  အကူအညီပေးရေး NGO တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။  မေ ၁၅ ရက်အထိ ရရှိထားခဲ့တဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် အိမ်ခြေထောင်သောင်းကျော် အမိုးအကာ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုနဲ့ ကျေးရွာ ၃၄ ခုက လူဦးရေ ၂၂,၀၀၀ ကျော်နဲ့ မကွေးတိုင်း မြို့နယ် ၂ ခုက လူဦးရေ ၂,၄၀၀ ကျော်ကတော့ မုန်တိုင်းကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဖော်ပြပါတယ်။ NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ “မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ အစီရင် ခံစာ” ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး တချို့ဒေသတွေမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေဆဲဖြစ်တာကြောင့် စာရင်းဇယားတွေ ကောက်ယူရာမှာ အခက်အခဲများစွာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်က စပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် ကုန်းတွင်းမုန်တိုင်း ငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားတာ ဖြစ်ပါ တယ်။ ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် လူသေဆုံးမှုတွေအပြင် နေအိမ်၊ အခြေခံ အဆောက်အအုံ၊ လမ်း၊ တံတား ပျက်စီးမှုတွေ၊ သီးနှံစိုက်ခင်းတွေ ရေလွှမ်းမိုးပျက်စီးတာတွေ၊ ကျွဲနွားဆိတ်ဝက်တွေ ရေထဲ မျောပါသေဆုံးတာတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါပံ့ပိုးမှုတွေကိုတော့ NUG အစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လက်အောက်ကနေ မြေပြင်စာရင်းဇယား ကောက်ယူတာ၊ အပျက်အစီးတွေ ရှင်းလင်းတာ၊ ယာယီအမိုးအကာတွေ ဖန်တီးပေးတာ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးတာတွေနဲ့ Lifelines တွေ ပြန်လည်ချိတ်ဆက်ရေး ကိစ္စတွေကို သက်ဆိုင်ရာ ဒေသအသီးသီးက အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/archives/593608

၁၀။    လားရှိုးမြို့ပေါ် ထိ TNLA စစ်သားကောက်ယူနေ၊ သျှမ်းလူမျိုးများပါ ဖမ်းဆီးခေါ်သွား
         May 15, 2023

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က စစ်သား သစ်အတွက် ပြည်သူများကို ဝင်ရောက်ဖမ်းဆီးရာတွင် သျှမ်းလူမျိုးများပါဝင်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သောကြာနေ့ (မေလ ၁၁ ရက်နေ့) တွင် လားရှိုးမြို့ အမှတ် (၁၀) နှင့် (၁၁) ရပ်ကွက်အတွင်းသို့ TNLAတပ်ဖွဲ့မှဝင်ရောက်လာပြီး ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားရာ သျှမ်းလူမျိုး ၃ ဦးထက်မနည်း ပါကြောင်း ဒေသခံများက ပြောသည်။ “ရွာကနေ မြို့ပေါ်ကို ပြောင်း လာတဲ့ တအာင်းလူမျိုးတွေကို တပ်သားသစ် အတွက် လာဖမ်းခေါ်တာလို့ သိရတယ်၊ သူတို့ကလည်း ရွာမှာ စစ်မှုထမ်းဖို့ စာရင်းပါ လာလို့ မြို့ပေါ်ကို ရှောင်ပြေးလာကြတဲ့သူတွေပေါ့၊ ဒါပေမဲ့ အဲ့နေ့က လာဖမ်းတာ တအာင်းလူမျိုးပဲ မဟုတ်ဘူး၊ သျှမ်းလူမျိုး လည်း ၃/၄ ယောက်ပါသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ TNLA တပ်ဖွဲ့သည် အီနိုင်း – နမ္မတူ လမ်းကြောင်းမှ ကားလမ်းမကြီးကို ရှောင်ကာ တောလမ်းများကို အသုံးပြုပြီး လားရှိုးမြို့ ပေါ်သို့ ရောက်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆက်ပြောသည်။ ယင်းကဲ့သို့ TNLA တပ်ဖွဲ့မှ တပ်သားသစ်ကောက်ယူစုဆောင်းမှုတွင် သျှမ်း လူမျိုးများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခြင်း နှင့် ပတ်သက်ပြီးတော့ ဒေသခံ သျှမ်းလူမျိုးများက ထပ်မံကောက်ခံရမည်ကို စိုးရိမ် ကြောက်လန့် နေရ ကြေင်းလည်းသိရသည်။

“အခုလိုမျိုး နိုင်ငံရေး ရှုပ်ထွေးနေတဲ့ အချိန်မှာ နီးရာဓားကို ကြောက်နေရတဲ့ ပြည်သူတွေကတော့ ဘယ်အဖွဲ့ လာလာ ကြောက်နေရတာပါပဲ။ TNLA က သူတို့လူပဲ ကောက်တာ မဟုတ်ဘူး၊ စာရင်းထဲ မပါတဲ့ သျှမ်းလူမျိုး တွေကိုလည်းခေါ်သွားတော့ နောက်ထပ်လာမှာပဲ ကြောက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံသွားရသည့် သျှမ်း လူမျိုး ဒေသခံများပြန်လည်လွှတ်ပေးရန်အတွက် မိသားစုဝင်များက တောင်းဆိုကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ လားရှိုးမြို့ပေါ်အထိ စစ်သားသစ်အတွက် လူသစ်ကောက်ယူဖမ်းဆီးခြင်း ကိစ္စ ဖြစ်စဥ်နှင့် ပတ်သက် ပြီး TNLA တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ကို ဆက်သွယ်မေးမြန်းရာ အသေးစိတ်ကိုမသိရသေးကြောင်း ပြောသည်။ “ဒီသတင်းကို ကျနော်ကြားမိပါတယ်၊ လားရှိုးမြို့ အထိ ရောက်နေတာကိုရောပါ့၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျနော် မသိရသေးဘူး၊ တပ်သား စုဆောင်းတာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေထဲမှာ လုပ်ဆောင်တာတော့ ရှိပါတယ်” ဟု TNLA ၏ ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။ https://burmese.shannews.org/ar chives/34742

၁၁။    စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း KNU ပြော
        May 14, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲတွင် စစ် ကောင်စီတပ် မှ ကလေးငယ်အပါအဝင် အရပ်သား(၁၉)ဦးကို အစုလိုက်ပြုံလိုက်မီးရှို့သတ်ဖြတ်မှုနှင့် ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်း ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဗဟိုက မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်သည် မုန်းမြို့နယ် ညောင်ပင်သာရွာထဲကို ဝင်ရောက်ကာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် အစုအပြုံလိုက် သတ်ဖြတ်ကာ မီးရှို့သတ်ဖြတ်မှု လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။ အဆိုပါ အရပ်သား ၁၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြစ်ခံရမှုဖြစ်စဉ်တွင် မိသားစုအလိုက် ပါဝင် သည့်အပြင် အခြားကျေးရွာရှိ ဒေသခံတစ်ဦးကိုလည်း သင်္ချိုင်းကုန်းတွင် သတ်ဖြတ်ထားသလိုနောက်ထပ် အရပ်သား(၇)ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံနေရသည့် ဒေသခံလူထုများအတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ထပ်တူဝမ်းနည်းရကာ စစ်ကောင်စီ ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုအပေါ် ပြင်းထန် စွာရှုတ်ချပြီး တရားမျှတမှု ရရှိရေးအတွက် ကေအဲန်ယူအနေဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ် ကြောင်းလည်း ပြောဆိုထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် ကျူးလွန်နေသည့် စစ်ကောင်စီတပ်သည် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်စိုးမင်းက စစ်ဆင်ရေးစီမံကွပ်ကဲပြီး ကျောက်ကြီးဗျူဟာမှူး ဗိုလ်မှူးကြီးနေထက်အောင်က အနီး ကပ်တိုက်ရိုက် ကွပ်ကဲကြောင်း၊ စစ်ဆင်ရေးတွင်ပါဝင်သည့် တပ်ရင်းများသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ခလရ-၇၃၊ ခမရ-၅၅၉၊ ခမရ-၅၉၀၊ အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုအောက်ရှိ ခလရ-၈၄၊ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း ခမရ-၁၅တို့ဖြစ်ကြောင်း ကေအဲန်ယူသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တွင် ပြည်သူများအပေါ် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများ ပိုမိုလုပ်ဆောင်လာပြီး ပြည်သူများအပေါ်ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးမီးရှို့သတ်ဖြတ်ခြင်းတို့ကို နိုင်ငံအနှံ့တွင်ပြုလုပ် လျက်ရှိသည်ကို တွေ့နေရကြောင်းလည်း ကေအဲန်ယူက ပြောသည်။ ထိုသို့စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပိုမိုထိရောက်သည့် လက်တွေ့ ကျနည်း လမ်းများဖြင့် တိုးချဲ့ပိတ်ဆို့အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂသော်လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှသော်လည်းကောင်း၊ နိုင်ငံတကာ တရားရေးယန္တရားမှသော်လည်းကောင်း၊ အာဆီယံနှင့်အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများမှသော်လည်း ကေအဲန်ယူက တိုက်တွန်း တောင်းဆိုထားသည်။ https://kicnews.org/2023/05/%e 1%80%85%e \1%80%85%e1%80%ba%e1%80%8 0%e1%80%b1%e1%80%ac%e1

၁၂။    မုန်တိုင်း ကာလအလွန်တွင် ကုန်ပစ္စည်းများကို ဈေးတင်မရောင်းကြရန် AA  သတိပေး
        May 16, 2023

မုန်တိုင်းကာလအလွန်တွင် အခြေခံစားကုန်နှင့် အခြားကုန်ပစ္စည်းများကို  ရောင်းဝေဖောက်ကားနေကြသည့် ကုန်သည် များအနေဖြင့် ပြည်သူများအခက်အခဲ ဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူပြီး ဈေးနှုန်းမြှင့်တင် မရောင်းချကြဖို့ AA က သတိပေး ပြောဆိုလိုက်သည်။ “အခြေခံ စားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုန်သည်တွေ အနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲကြုံနေတဲ့ ကာလတွေကို အခွင့်အရေးယူပြီး အဆမတန် ဈေးနှုန်းမြှင့်တင်ခြင်းတွေကို မလုပ်ကြဖို့ သတိပေး ပြောကြားလိုပါတယ်”ဟုပြောသည်။ မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ULA/AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ယနေ့ မေ ၁၆ ရက်နေ့ မနက်ပိုင်းက အာရက္ခပြည်သူများသို ပြောကြားသည့်မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်တွင်း ပြည်ပတွင်နေထိုင်ကြသည့် ရခိုင်ပြည်သူများအနေဖြင့်လည်း လက်ရှိမုန်တိုင်းဘေးသင့်သူများကို ကူညီပေးဖို့နှင့် ထိရောက်သည့်ကူညီမှုများကို လုပ်ဆောင်ပေးဖို့ကိုလည်း ULA/AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိမြို့နယ်အချို့တွင် မုန်တိုင်းကာလကို အခွင့်ကောင်းယူပြီး အခြေခံစားကုန်နှင့်အခြားကုန်ပစ္စည်းများကို  ဈေးတင် ရောင်းချလျှက်ရှိနေပြီး ယင်းကဲ့သို့ ရောင်းချနေမှုကြောင့် ဒေသခံများ ပြည်သူများမှာ အခက်အခဲ များစွာ ကြုံနေကြရသည်။  ထို့အပြင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြေပုံ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ပြေးဆွဲနေသော ခရီးသည်တင်ကားများမှာ ပုံမှန်ထက် ဈေးနှုန်းတိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။ https:// www.facebook.com/westernnewsagency/photos/a.11928 6173211229/762765668863273/

၁၃။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျန်ရစ်ခဲ့တဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းလာ
     May 14, 2023

ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲတွေနဲ့ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရှောင် အများစုဟာ ထပ်မံတိမ်းရှောင်ခဲ့ရပြီး အနည်းစုသာ ကျန်ရှိနေခဲ့ပါတယ်။ ယခင်က ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုပေး တဲ့ ကျန်းမာရေး ဆရာ၊ ဆရာမတွေဟာ အခြားနေရာကို ထပ်မံတိမ်းရှောင်ကြတဲ့ထဲပါသွားတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ စစ်ရှောင် တွေကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့ အားနည်းသွားတယ်လို့ လက်ရှိ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ကျန်းမာရေး ဆရာမ တစ်ဦးကပြောပါတယ်။ “အခုအနေအထားက စစ်ရေးအခြေအနေအရ မလုံခြုံဘူးလို့ ခံစားရတာပေါ့နော်။အကုန်လုံးက စစ်ရှောင် ကုန်ကြတာပေါ့နော်။အထူးသဖြင့် ကျန်းမာရေး ဝန်တမ်းတွေလည်းပါကြတယ်။ အ့ကြောင့် ကျန်နေတဲ့ လူထုတွေကိုတောင်မှ ကြည့်ပေးဖို့ မလုံလောက်ဘူးပြောရမှာပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေက” ဆေးဝါးစျေးနှုန်းတွေက မြင့်တက်နေတဲ့အပြင် သယ်ယူပိူ့ဆောင်ရေး လမ်းကြောင်းကလည်း ခက်ခဲနေတာကြောင့် ရေရှည်မှာ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက် မှုတွေ ပိုမိုခက်ခဲလာမှာကို စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အခက်အခဲတွေကတော စုံတယ်။ ဆေးဝါးကလည်း စျေးနှုန်းတွေက မြင့်တက်နေတာ တစ်ကြောင်း သယ်ယူပို့ဆောင် ရေးက ခက်ခဲနေတာတစ်ကြောင်း ခုစစ်ရေးအခြေနေက ဘာမှပြောလို့မရဘူးဆိုတော့ လူထုတွက်တော့ စိတ်ပူတယ်။ ဆေးဝါး ပြတ်တောက်သွားမှာရယ်။ နောက်ပြီးတော့ မလုံလောက်မှုတွေ ပိုပြီးဖြစ်လာနိုင်တယ်ဆိုရင် လူထုတွက် ကျန်းမာ ရေးစောင့် ရှောက်မှုတွေ ပိုပြီး ခက်ခဲလာနိုင်တယ်” သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ဖျားနာရင် ကျန်းမာရေးဆရာ၊ ဆရာမတွေက အနီးအနားမှာ မရှိတာကြောင့် အခက်အခဲ ဖြစ်တယ်လို့ စစ်ရှောင်ကလေးမိခင် တစ်ဦးက ပြောပါတယ်။ “ကျမတို့ ဒီမှာနေတာက ဆေးဝါးတွေက လုံလုံလောက်လောက်တော့ မရှိဘူးပေါ့နော်။ ဆရာ၊ ဆရာမ တွေ မရှိတာက တစ်ပိုင်း။ ပြီးတော့ ကလေးတွေ သက်ကြီးရွယ်အိုတွေ ဖျားနာရင် သွားပြရတာ ဝေးလို့ အခက်အခဲ ဖြစ်တယ်”လို့ စစ်ရှောင်ကလေးမိခင် တစ်ဦးက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%92 %e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

၁၄။  နန်းမားတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသော‌ကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
       May 15, 2023

မိုးညှင်းမြို့နယ် နန်းမားမြို့ လက်ပံ တန်းကျေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် လန်ပံတန်ရွာ နဲ့ ကျားကြီးကွင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ်းမားဒေသခံများထံမှ သိရသည်။ လက်ပံတန်း ကျေးရွာတွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မေလ ၁၂ တွင် ကျေးရွာတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေမှု ကြောင့် လက်ပံတန်းကျေးရွာနှင့် လက်ပံတန်းရွာအနီးရှိ ကျားကြီးကွင်း ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နန်းမားဒေသခံတစ်ဦးက ပြောသည်။ “စစ်ကြောင်းက ရွာထဲမှာတပ်စွဲနေတာ သုံးရက်ရှိပြီ ခုထိ မထွက်သေးဘူး။ ဘယ်ကို စစ်ကြောင်းထိုးချင်တာ လဲမသိဘူး။ ရွာသားတွေကတော့ ထွက်ပြေးနေရတာပေါ့။ စစ်ကြောင်းဝင်လာကတည်းက။ တချို့က မိုးညှင်းမြို့ထဲမှာ တချို့ကတော့ ဘီလူးမြို့တို့ ကျိုးကုန်းရွာတို့ဘက်ကိုရှောင်နေကြတယ်”ဟု ပြောသည်။

လက်ရှိ လက်ပံတန်းကျေးရွာနှင့် ကျားကြီးကွင်း ကျေးရွာမှဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် မိုးညှင်းမြို့ပေါ်၊ ဘီလူးမြို့ နှင့် အနီးဝန်းကျင်ရှိ စစ်ကြောင်းနှင့် လွတ်သည် ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်ဘေးရှောင်နေရပြီး ရေရှည် စစ်ရောင်ရပါက စားသောက်ရေး ခက်ခဲလာနိုင်ကြောင်း နန်းမားမြို့ အခြားဒေသခံ တစ်ဦး ကပြောသည်။ “အခုလောလောဆယ် ဆယ်ကတော့ သိပ်ပြီးခက်ခဲတာမရှိသေးဘူး အများစုကတော့ ဘုန်း ကြီးကျောင်းတွေမှာ ရောက်နေတယ်။ တချို့တော့လည်း ဆွေမျိုးအပေါင်းအသင်းအိမ်မှာရှောင်နေတာ။ လောလောဆယ် နီးစပ်ရာဒေသခံတွေက ဝိုင်းပြီး ကျွေးမွေးတာတွေရှိတယ်။ ဒီလိုပဲ လေးငါး ဆယ်ရက် တစ်ပတ်ဆက်ဖြစ်သွားရင်တော့ အစားအသောက်ပိုင်းတွေမှာ အကူအညီလိုအပ်လာမှာဗျ”ဟု ပြောသည်။ လက်ပံတန်းနှင့် ကျားကြီးကွင်းကျေးရွာသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့် စီသာရှိသည့် ကျေးရွာများဖြစ်ပြီး လက်ရှိထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံများသည် ၄၀၀ ဝန်းကျင် ထက်မနည်းရှိကြောင်း သိရသည်။ https://burmese.kachinnews.co m/2023/05/15/az2-115/

၁၅။   ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ် မွတ်ဆလင် ကယ်ဆယ်ရေးစခန်းများမှ လူဦးရေ ၄၀၀ ကျော်                သေဆုံး၊ ရာနှင့်ချီပြီး ပျောက်ဆုံးနေဆဲ
        May 16, 2023

မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ် မွတ်ဆလင်ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည် လူဦးရေ ၄၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း သေဆုံးမှုများကို ကွင်းဆင်း စာရင်းပြုစုနေသူ သက္ကေပြင် စခန်း တွင် နေထိုင်သူတစ်ဦးက ပြောသည်။ “မနေ့က ကျနော် ကိုယ်တိုင်ကွင်းဆင်း စာရင်းပြုစုချက်အရဆိုရင် သေဆုံးသူ ၄၀၀ ကျော် တယ်။  ဒီကနေ့ မနက်ပိုင်းမှာလည်း သေဆုံးမှုတွေ ထပ်တိုးတယ်။ ရတဲ့အလောင်းတွေကို ချက်ချင်းမြေမြှုပ်တယ်။ ကလေးတွေ ပိုများတယ်။ ပြီးတော့ သက်ကြီးပိုင်းတွေ များတယ်”ဟုပြောသည်။ သေဆုံးမှုအရေအတွက်သည် ယင်းထက်ပိုများပြားနိုင်ကြောင်း သေဆုံးသူများ၏ရုပ်အလောင်းများကို မြေမြှုပ်ခြင်းများပြုလုပ်နေပြီး ပျောက်ဆုံး နေသူများကိုလည်း ဆက်လက် လိုက် လံရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ကြောင်း ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများက ပြောသည်။ သေဆုံးမှုထဲ ကလေးသူ များနှင့် သက်ကြီးရွယ်များ ပါဝင်ပြီး ပင်လယ်နှင့် နီးစပ်သည့် ကယ်ဆယ်ရေးစခန်းများနှင့် ကျေးရွာများက အများဆုံး ဖြစ် ကြောင်း သူက ဆက်ပြောသည်။ မိုခါ မုန်တိုင်း မဝင်ရောက်မီ ပင်လယ်နှင့် နီးသည့်ဒေသများရှိ မွတ်ဆလင် ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများကို မုန်တိုင်းနှင့်လွတ်ရာသို့ ရွှေ့ပြောင်းရန် လူမှု ကယ်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီ တပ်သားများ က လာရောက် ဆော်ဩ သတိ ပေးခဲ့သော်လည်း လိုက်နာမှုမရှိခဲ့ကြောင်း စခန်းနေထိုင်သူများက ပြောသည်။

“သေဆုံးမှုတွေ များရတာကတော့၊ နမော နမဲ့ နေကြတာပေါ့။ ပင်လယ် ကမ်းစပ်မှာ နေထိုင်ကြတဲ့သူတွေ အဆောက် အအုံးမခိုင်တဲ့သူတွေ လွှတ်ရာလွှတ်ကြောင်း ဒီကနေ အမြန်ဆုံးထွက်ခွာဖို့ ဆော်ဩတယ်။ ဒါပေမယ့် လက်နာမှု အားနည်းသွား တယ်”ဟုပြောသည်။  စစ်တွေမြို့နယ် ပင်လယ်ကမ်းရိုးတန်းရှိ ဒါးပိုင်၊ အုန်းတောကြီး၊ ဘာဆာလာ၊ စံပြကျေးရွာ၊ ဘာဆာလာ Camp၊ ဘောဒူဗနှင့် ဗေဒ ကျေးရွာများမှ အများအပြားသေဆုံးခဲ့ဖြစ်ပြီး  လူပေါင်း ရာနှင့်ချီပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေး စခန်းတွင်နေထိုင်သူများ ပြောသည်။မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊  ပေါက်တော၊ ရသေ့တောင်မြို့နယ်များမှ နေအိမ်အများအပြား ရုံး၊ ဆေးရုံး၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံးနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့သည်။  https://w ww.facebook.com/westernnewsagency/ photos/a.119286173211229/762713372201836

၁၆။   ဘောလခဲမြို့နယ် ထိတွေ့တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြုတိုက်ခိုက်၊ စစ်ကောင်စီသေဆုံးမှုရှိ
        May 16, 2023

မေလ(၈)ရက်နေ့ကစ ဘောလခဲမြို့ကနေ အင်အားအများအပြားနဲ့ (၁၂)မိုင်ကုန်း၊ ဝမ်မလန်းကျေးရွာတွေဖက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့အထိ ကြိုကြား ထိတွေ့မှုတွေ ဖြစ်နေပြီး စစ်ကောင်စီဖက်ကနေ လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်လို့ KNDF တပ်ရင်း (၂၁)က ဒီကနေ့ (မေလ ၁၆)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မေလ (၉)ရက်နေ့ ညနေပိုင်းအချိန်မှာ ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ နာရီဝက်နီးပါး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အနည်းဆုံး (၅)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီထံ MA-1သေနတ် ၁လက် နဲ့ ကျည်တချို့၊ လက်ပစ်ဗုံး (၂)လုံး တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ဘောလခဲမြို့နယ်ထဲက ထိတွေ့တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၂၁) ၊ ကရင်နီတပ်မတော်(KA) နဲ့ ဘောလခဲ PDF တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးတာတွေရှိနေတဲ့အတွက် ဘောလခဲ-ရွာသစ် လမ်းမကြီးကို ဖြတ်သန်းသွားလာတာတွေ မပြု လုပ်ကြဖို့လည်း ပြည်သူလူထုတွေကို တိုက်တွန်းထားပါတယ်။ မေလ (၉)ရက်နေ့ ဘောလခဲက စစ်ကောင်စီနဲ့ ထိတွေ့ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖက်သိမ်းဆည်းရရှိတဲ့ လက်နက်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာလည်း ဘောလခဲမြို့တွင်းက စစ်မှုထမ်း ဟောင်းရုံး၊ လဝက ရုံး၊ မြို့မရဲစခန်း၊ ရုပ်သံ လွှင့်ဌာန တို့ကို ဘောလခဲPDFက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၇ ဦး သေဆုံး၊ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(BPDF) အမှတ် ၁၁၀၅ တပ်ရင်းမှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ https://www.ka ntarawaddytimes.org/%e1%80% 98%e1%80%b1%e1%80%ac%e1%80%9c%e1%80 

၁၇။   စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးလာသဖြင့် ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်အချို့ ထပ်မံပြောင်းရွှေ့ရ
       May 15, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ်စစ်ကြောင်း များ ဆက်လက်ထိုးလာနေဆဲဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်များသည် ထပ်မံပြောင်းရွှေ့နေရပြန် သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။ ညောင်လေးပင်ခရိုင် မုန်း၊ ဆောထိနှင့် ကျောက်ကြီးမြို့နယ်တို့တွင် ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်လက်ထိုးလာနေဆဲဖြစ်၍ နယ်မြေအတွင်းရှိ တိမ်းရှောင်နေရသည့် ဒေသခံစစ် ရှောင် များသည် အခြားနေရာသို့ ထပ်မံပြောင်းရွှေ့ရသောကြောင့် အခက်အခဲပိုမိုကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီပေးသည့် ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ၎င်းက “ အခြေအနေက ဆိုးသထက်ဆိုးလာတယ်။ အခုဆိုရင် စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့တာမကဘဲ လူတွေကိုပါသတ်ပစ်မီးရှို့တဲ့အထိပါလုပ်လာတယ်ဆိုတော့ အနီး အ နားဝန်းကျင်မှာ ထိုးစစ်ဆင်ဦးတည်လာပြီးဆိုရင် စစ်ရှောင်ပြည်သူတွေက ထပ်ရွှေ့ရတဲ့အခါကျတော့ နေရာအခက်အခဲတွေ ထပ်ရှိလာတယ်။ အခုဆိုရင်လည်း လေဒဏ်မိုးဒဏ်ဆိုတော့ ပိုအခက်တွေ့ရတယ်”ဟု ပြောသည်။ အဆိုပါစစ်ရှောင်များအတွက် အမိုးအကာလုံလောက်မှုမရှိသည့်အပြင် စားနပ်ရိက္ခာ အကူ အညီများလည်း လိုအပ်လျက်ရှိပြီး ပျမ်းမျှလူဦးရေအယောက် ၁,၀၀၀ လျှင် အယောက်၂၀၀ ဝန်းကျင်ခန့်သာ အကူ အညီရရှိသည်ဟု နယ်မြေခံ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထို့အပြင် လက်ရှိအချိန်အတွင် ရာသီဥတုအပြောင်းအလဲကာလကြားတွင်ရှိသည့်အတွက် ထွက်ပြေး တိမ်း ရှောင်နေရ သည့် စစ်ရှောင်များသည် နာမကျန်းဖြစ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု အဖြစ် များလာသောကြောင့် ဆေးဝါးအကူအညီ လိုအပ်နေကြောင်း အဆိုပါ ကရင်လူမှုရေးရာအဖွဲ့ဝင်ထံမှ သိရသည်။ “စစ်ရှောင်တွေက ကြုံရာနေရာပဲနေရတော့ အမိုးအကာလုံ လုံခြုံခြုံမရှိဘူး။ ပြီးတော့ အခုရက်ပိုင်းက ရာသီဥတုက မိုးရွာလိုက်ပူလိုက်ဆိုတော့ အဖျားဖြစ်တဲ့လူတွေများလာတယ်။ ပြီးတော့ ကလေးငယ်တွေကလည်း သောက်သုံး ရေမရတော့ ဝမ်းပျက်ဝမ်းလျှောတွေ ရှိနေတယ်။ ပြီးတော့ စစ်ရှောင်တွေက တစ်နေရာ ထဲမဟုတ်ဘဲ ဟိုတစ်စုဒီတစ်စုလိုက်နေတယ်ဆိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေက အကုန်မရောက်ဘူး။” ဟု ၎င်းကရင်လူမှု ရေးရာအဖွဲ့ဝင်က ဆက်ပြောသည်။ စစ်ရှောင်များ ဆေးဝါးကုသနိုင်ရေးအတွက် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ဘက်မှ ပြောင်းရွှေ့ဆေးဝါးကုသပေးသည့် Mobile အဖွဲ့ ဖွဲ့စည်းထားခြင်းရှိသလို စစ်ရှောင်ရှိသည့်နေရာများတွင် သွား ရောက်ဆေးကုသပေးခြင်းရှိပြီး အချို့သောနေရာများတွင် လုံခြုံရေးအခြေအနေကို ကြည့်ကာ သွားလာနေရသည်ဟု KDHW သင်တန်းတာဝန်ခံ စောဒိုးဒိုအယ်ကလူက ပြောသည်။ လက်ရှိအချိန်တွင် မိုးဦးစအချိန်ဖြစ်၍ တောထဲတောင်ထဲတွင် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ရှောင်များအတွက် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ သတိထားရမည်ဖြစ်ကြောင်းလည်း စောဒိုးဒိုအယ် ကလူက ဆက်ပြောသည်။ ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်တွင် စစ်တပ်အာဏာသိမ်းယူချိန်မှစ၍ ယခု ၂၀၂၃ ခုနှစ်၊ မေလအထိ စစ်ဘေး ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိသည်ဟု အရပ်ဖက်ကရင်အဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်း အရ သိရှိရသည်။ https://kicnews.org/2023/05/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1

၁၈။    စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်နဲ့ တို့ခဲ့တဲ့ ရဲဘော်ကို KNDF မှ အရေးယူဆောင်ရွက်ခဲ့
         May 16, 2023

ပြီးခဲ့တဲ့ ဧပြီလ (၂၇) ရက်က ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော်တစ်ဦး ကနေပြီးတော့ စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်နဲ့ တို့တဲ့ ဗီဒီယို ပျံ့နှံ့ခဲ့ပြီး ကျူးလွန်ခဲ့တဲ့ ရဲဘော်နဲ့ အနီး အနားက ကျီစယ် နောက်ပြောင်ခဲ့တဲ့သူတွေကို KNDF သက်ဆိုင်ရာကနေပြီး အရေးယူဆောင်ရွက်ခဲ့တယ်လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) မှ မေလ (၁၅)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်လိုပုံစံနဲ့ အရေးယူဆောင်ရွက်ခဲ့ တယ်ဆိုတာကိုတော့ ထုတ်ဖော်မရေးသားထားပါဘူး။ အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ နှိပ်စက်ညှင်းပန်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ KNDF အနေနဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗန်းရှင်း၊ KNDF ရဲ့ စစ်သုံ့ပန်းဆိုင်ရာမူဝါဒ အတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းစံချိန်စံနှုန်းနဲ့အညီ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ “ KNDF သည် လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သည်။” လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုကြောင့် အမှန်တရားနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်တွင်း ပြည်ပ ပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေကို ဝမ်းနည်းစိတ်အနှောက်ယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KNDF အနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမှာ ဖြစ်ကြောင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်း နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို ကန့်ကွက်ရှုတ်ချ တယ်လို့ လူထုကို အသိပေးထားပါတယ်။ https://www.kantarawaddytimes.org /%e1%80%85%e1%80%85%e1%80%b a%e1%80%9e%e1%80%af%e1%80

၁၉။   ရေးမြို့နယ်တွင် ဝါပသဲရွာနှင့် PDF စခန်းများကို လေကြောင်းမှ ကင်းထောက်၊ လက်နက်ကြီးဖြင့် ပစ်ခတ်
        May 15, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ဝါပသဲကျေးရွာနဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်နဲ့ နေ့စဉ်ကင်းထောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တဦးက “စစ်တပ်က မြေပြင်ကနေ ၂ ည ဆက်တိုက်တော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်နဲ့ရော ရေးမြောက်ပိုင်းဘက်ရွာ တွေဘက်ကို ပစ်ခတ်နေခဲ့တာ။ ထိခိုက်တာတော့ မရှိဘူး” လို့  ပြောပါတယ်။ မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်တွေမှာ  ရေးမြို့နယ် မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနားက PDF စခန်းတစ်ခုနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ကင်းထောက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မြောက်ပိုင်းက ပြောပါတယ်။

တစ်ရက်လျှင်အနည်ဆုံး ၅ ကြိမ်ထက်မနည်း ကင်းထောက်တာတွေရှိတဲ့အပြင် ဗုံးကြဲမှာ စိုးရိမ်တဲ့အတွက် ပြည်သူ့ ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်း စခန်းကနေ ထွက်ခွာပြီး ဖြန့်ကြက်ထားရတယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တချို့ မီးလောင် ပျက်စီးဆုံးရှုံးသွားရသလို  PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ https://burmese.dvb.no/archives/593495

၂၀။    မြန်မာ-တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ် တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများတင်သွင်းခွင့်ပြု
        May 15, 2023

သျှမ်းပြည် မူဆယ်ခရိုင် မြန်မာ- တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်တွင် တရုတ်နိုင်ငံမှ တရားမဝင် ကုန်ပစ္စည်းများကို မူဆယ်မြို့ အခွန်ကောက်ဦးစီးဌာနက အခွန်ကောက်ယူပြီး တင်သွင်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ တရားမဝင် ကုန်ပစ္စည်းများဖြစ်သည့် ဘီယာ၊ စက်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် စားသောက်ကုန် ကျန်းမာရေး စစ်ဆေးထောက်ခံချက် (FDA) လက်မှတ်မရှိသေးသည့် စားသောက်ကုန်များ အချိုရည်များကို ကျင်ဆန်ကျော့ဂိတ်မှ မူဆယ်မြို့သို့ တိုက်ရိုက်တင်သွင်း ကြောင်း သိရသည်။ ထိုတရားမဝင် တိုက်ရိုက်တင်သွင်းသည့် အခွန်များကို မူဆယ်မြို့ အခွန်ကောက် ဦးစီးဌာနမှ ဦးစီးမှူး နှင့် မြို့နယ်မှူးတို့က ကိုယ်ကျိုးအတွက် ကောက်ယူနေကြောင်း ကုန်သည်ဒေသခံ များပြောပြချက်အရ သိရသည်။ “ဘီယာ ကား တစ်စီး ဆို သိန်း ၃၀ လောက်ပေးရတယ်။ ဆိုင်ကယ်တစ်စီးဆိုလည်း ၂၅ သိန်းတဲ့။ ကုန်စုံကားဆိုရင်လည်း သိန်း ၂၀ ကနေ ၃၀ ထိပေးရတယ် ။ FDA လက်မှတ်မရသေးတဲ့ ကုန်ပစ္စည်းတွေလည်း တင်ပို့နေကြသေးတယ်။ ဘီယာတွေ၊ အချိုရည်တွေ ဖြစ်တယ် ကျမတို့လည်း ကုန်သည်တွေပဲ။ ပြီးတော့ ကျင်ဆန်ကျော့ကနေ မူဆယ်ကိုတိုက်ရိုက်ပို့တာ။ အဲ့လိုပို့တာ ကျင်ဆန်ကျော့ မှာ အခွန်ဆောင်ရတယ်။ အဲ့အခွန်တွေကို အခွန်ကောက် ဦးစီးဌာနက ဦးစီးမှူး နဲ့ မြို့နယ်မှူးတို့က ကိုယ်ကျိုးအတွက် သုံးကြတာ” ဟု မူဆယ်မြို့ ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ် အခွန်ကောက် ဦးစီးဌာနမှ မြို့နယ်မှူး သည် ဦးအောင်မျိုးဌေး (လ/ထ) ညွှန်မှူး ဖြစ်ပြီး ဦးစီးအရာရှိသည် ဦးကျော်ကျော်လွင် ဖြစ်ကြောင်း သိရသည်။ အထက်ပါ ကိုယ်ကျိုးအတွက် အသုံးပြုအခွန်ကောက်နေသည်ကိုလည်း ကုန်သည် များက နေပြည်တော် အခွန်ရုံးသို့ စာတင်ထားသော်လည်း ထိရောက်စွာ အရေးယူမှု မရှိကြောင်း သိရသည်။ “ နေပြည်တော်ထိ စာ ၂ ခါတင်ပြီပြီး။ သူတို့ထိရောက်အောင် အရေးမယူပေးဘူး ။ လာကြည့် လာစစ်ဆေးပြီးတော့ပဲ ပြန်သွားတာ။ အခုချိန်ထိ ဘာမှ မလုပ်ဘူး “ ဟု ၎င်းကုန်သည်က ပြောသည်။ ပုံမှန်အားဖြင့် ကျင်ဆန်ကျော့ဂိတ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် မူဆယ်မြို့တွင်းသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ထိုသို့ ကျင်ဆန်ကျော့ဂိတ်မှ မူဆယ်မြို့သို့ တိုက်ရိုက်ပို့ဆောင်ရာတွင် ကုန်တင်ပို့ခ အခွန်ကောက်သည့်အပြင် အခွန်ကောက် ဦးစီးမှူးအရာရှိတို့ကိုလည်း ငွေပေးဆောင် ရကြောင်း ကုန်သည်အမျိုးသမီးက ပြောသည်။ တရားမဝင် ကုန်ပစ္စည်းများကို တင်သွင်းရာတွင် ကျင်ဆန်ကျော့ဂိတ်မှ အခွန် ပေး ဆောင်ရပြီး ကားတစ်စီးတွင် ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး သိန်း ၃၀ အထက်ပေးဆောင်ရကြောင်း သိရသည်။ ထိုသို့ အခွန်အများပြားပေးဆောင်ရသည့် အတွက်ကြောင့် ကုန်သည်များအတွက် ခက်ခဲနေကြောင်း သိရသည်။ https://burmese. shannews.org/ar chives/34712

၂၁။    လေပြင်း တိုက်ခတ်မှုကြောင့် SSLRU ရဲ့စခန်းအမိုးတွေ ပျက်စီး၊ မိုးကာတွေ လိုအပ်နေ
        May 15, 2023

မိုးအဆက်မပြတ် ရွာသွန်းနေပြီး လေပြင်းတိုက်ခတ်တာတွေကြောင့် ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ စခန်းအမိုးတွေ ပျက်စီးကုန်တယ်လို့ SSLRU ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မေလ ၁၄ ရက်က မိုး အဆက်မပြတ်ရွာသွန်းခဲ့ရာ စခန်းရဲ့အမိုးတွေ လှန်သွားတာကြောင့် ပြန်ပြုပြင်ဖို့ မိုးကာတွေ အကူအညီလိုအပ်နေတာ လို့ ဆိုပါတယ်။ SSLRU ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆူမိုက “မိုးရွာလို့ ပျက်စီးသွားတာတွေလည်းပါတယ်။ အရင် ကတည်းက လိုအပ်မှုတွေ ရှိနေသေးလို့ပါ။ မိုးတွေလည်း ယိုတယ်” လို့ ပြောပါတယ်။ https://www .facebook.com/photo /?fbid=567211058919496&set=pcb.567211428919459

၂၂။    မုန်တိုင်းကြောင့် ပလက်ဝ CDF တပ်ရင်း၂ ဌာနချုပ် ပျက်စီး
        May 15, 2023

မိုခါ ဆိုင်ကလုန်းမုန်တိုင်းရိုက်ခတ်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ပလက်ဝ CDF တပ်ရင်း ၂ ဌာနချုပ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ညပိုင်း မိုးရွာသွန်းပြီး လေတိုက်ခတ်မှုများကြောင့် CDF တပ်ရင်း ၂ ဌာနချုပ်အ​ဆောင်များ ထက်ဝက်​ကျော် ပျက်စီးမှုရှိခဲ့သည်ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင် က ယနေ့နံနက်ပိုင်းတွင် လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။ ပလက်ဝမြို့နယ်တွင် အလွန် အင်အား ကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ခရိုင်အတွင်း ထိခိုက်ဆုံးရှုံးမှု အခြေအနေများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုများကို အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်သွားနိုင်ရန် Mocha Cyclone Emergency Respond Committee- Paletwa ကို ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ PADC က ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။ “ပလက်ဝမြို့နယ်ရဲ့ သတင်းတော့ စုံစမ်းနေဆဲပါ။ ဖုန်းလိုင်းက မြို့ပေါ်လောက်ပဲရတယ်။ မြို့ပေါ်မှာတော့ အပျက်အစီး သိပ်မရှိ ဘူးလို့တော့ သတင်းပို့လာတယ်။ နယ်ဘက်မှာတော့ ပျက်စီးမှုတွေ ရှိတဲ့ ကျေးရွာတွေရှိတယ်လို့ သတင်းတချို့ သိရပါတယ်။ CDF တော်လှန်ရေးရဲဘော်စခန်း တချို့လည်း ပျက်စီးကြောင်း သတင်းပို့လာပါတယ်” ဟု PADC တာဝန်ရှိသူ  ပလက်ဝမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။

“ဖုန်းလိုင်းတွေ မရတော့ ပျက်စီးမှု အသေးစိတ်ကို သိရဖို့ အရမ်း ခက်ခဲပါတယ်” ဟု PADC တာဝန်ရှိသူ ပလက်ဝမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။ ပလက်ဝမြို့နယ်တွင် ဖုန်းလိုင်းများသည် မြို့ပေါ် တွင်သာရရှိပြီး နယ်ဘက်ကျေးရွာများတွင် ဖုန်းလိုင်များ ဖြတ်တောက်ခံထားရသည်မှာ နှစ်ချီ ကြာနေပြီဟု သိရသည်။ မိုခါ မုန်တိုင်းသည် ချင်းပြည်နယ်အတွင်းကို ဖြတ်သန်းချိန်တွင် တစ်နာရီမိုင် ၈၀ ကျော်နှုန်းဖြင့် ဝင်ရောက်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒလေ့လာသူ ဦးဝင်နိုင်က ယမန်နေ့တွင် ဖော်ပြထားသည်။ https://www.faceb ook.com/photo/?fbid=6070653 94790759&set=a.583749347122364

၂၃။     ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ဒေါစဲ၊ ဒေါတငူးဘက်ကို ပြည်သူတွေ မပြန်ကြဖို့ KNDF               တားမြစ်
        May 14, 2023

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ဒေါစဲ၊ ဒေါတငူး ကျေးရွာဘက်ကို ဒေသခံတွေအနေနဲ့ လယ်ထွန်စက်တွေ ပြန်ကြည့်တာတွေ၊ ပြန်ယူတာတွေ မပြုလုပ်ကြဖို့ ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ ကနေ မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ တပ်စွဲ ထားတဲ့အပြင် အရပ်သားတွေ ဝင်လာနိုင်တဲ့နေရာတွေမှာပါ စစ်ကြောင်း လှည့်တာတွေ ပြုလုပ်လျက်ရှိနေတာကြောင့် မပြန်ကြဖို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒေါစဲ၊ ဒေါတငူး၊ တနီးလာလဲ တို့ တစ်ကြောလုံးမှာက စစ်ကောင်စီ ကတပ်စွဲထားတယ်။ ရွာတွေထဲမှာရှိတယ်။ အရင်ကဆိုရင် စစ်ကောင်စီတွေက ရွာရဲ့အကျော်မှာစစ်ရှောင် စခန်း အဟောင်းတွေမှာ သူတို့လိုက်ပြီးတော့မှ နေ့စဥ်ပေါ့ စစ်ကြောင်း တွေပတ်တယ်။အရပ်သားတွေ လာနိုင်တဲ့နေရာတွေမှာ သူတို့ စစ်ကြောင်းတွေ ထွက်စောင့်တာမျိုးတွေရှိတယ်”စစ်ကောင်စီ တပ်နဲ့ ကရင်နီ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

စိုက်ပျိုးရာသီချိန်ရောက်လာပြီမို့ စစ်ရှောင်တွေ ဒေသခံတွေ လယ်ယာ တောင်ယာ ထွန်ယက်တဲ့အခါ အသုံးပြုဖို့ လိုအပ်နေတဲ့ စက်တွေက နေရပ်ဒေသမှာ ပြန်ယူလို့ မရတာကြောင့် အခက်တွေ့နေကြပါတယ်။ https://www.kantara wadd ytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80 

၂၄။   နေရပ်ပြန် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အကူညီလိုအပ်နေ
       May 14, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်း အခက်အခဲ ရှိနေသဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက် နေ့ မိမိတို့နေရပ်ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း လက်ရှိချိန်တွင် နေအိမ်မရှိသေးသောကြောင့် မိုးကာ တဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုချိန်ထိတော့ မိုးကာတဲနဲ့ပဲ နေနေကြတာ ပေါ့။ မိုးရွာတဲ့အချိန်ဆို အရမ်းဒုက္ခရောက်တယ်၊ ဟိုတစ်နေ့ညက မိုးရွာတာအရမ်းသည်းတော့ ကျွန်မတို့တွေအရမ်းခက်သွား တယ်၊ ကျွန်မတို့နေရာက တောင်စောင်းလည်းဖြစ် တဲ့အတွက်လေတွေလည်း အရမ်းပြင်းတယ်မိုးကာနဲ့ဘဲဆိုတော့လုံလုံခြုံခြုံ မရှိဘူး လေ”ဟု ပြောသည်။ နေရပ်ပြန် စစ်ရှောင်ပြည်သူများအနေဖြင့် မိုးတွင်းကာလရောက်လာသည့်အတွက် နေအိမ်ခက်ခဲမှုအမြန် ဆုံး ဖြေရှင်းချင်သော်လည်း ကူညီထောက်ပံ့မှုများ မရရှိသောကြောင့် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

ထို့ပြင် တစ်ဖက်တွင်လည်း တောင်ယာစိုက်ပျိုးရမည့်အချိန် ကျော်လွန်လာပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် ကြိုးစားနေကြရသည့်အတွက် ပြန်လည်ထူထောင်ရေးကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပါဝင်ကူညီစေလိုကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။ “ပိုက်ဆံဝင်တဲ့ အလုပ်တွေလည်း မရှိဘူးလေ၊ ကျွန်မတို့တွေ အသက်မွေး ဝမ်းကြောင်းအတွက် တောင်ယာလယ်ယာတွေ စလုပ်နေပြီဖြစ်တဲ့အတွက် အစားအသောက်တွေအတွက်လည်း ကျွန်မတို့ အတည်တကျဖြစ်တဲ့အထိ ကူညီစေချင်တယ်၊ လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် နေအိမ်တွေလည်း လိုအပ်နေတယ် အဲ့တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးစေချင်တယ်”ဟုပြောသည်။ လက်ရှိတွင် နေအိမ်ဆောက်လုပ်ရန်အတွက် သောက်ရေ၊ အစားအစာ၊ လျှပ်စစ်မီး၊ ဆေးဝါးနှင့် ငွေကြေးထောက်ပံ့မှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။ နေရပ်ပြန်သည့်အချိန် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်း နှင့် ယာယီ တဲနေထိုင်နိုင်ရန် မိုးကာတဲများ ထောက်ပံ့ပေးခဲ့သည်မှ အပ ယခုချိန်ထိ တစ်ခြားသော ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမှ မရရှိသေးကြောင်း သိရသည်။ https:// burmese.kachinnews.com/2023/05/12/bb1-18

၂၅။   ဖားကန့်တွင် KIA ဗိုလ်ကြီးတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း ၂ ဦး ပစ်သတ်ခံရ
        May  13, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ ရှင်းရင်ဟိုတယ်ရှေ့တွင် KIA ဗိုလ်ကြီးတစ်ဦး နှင့် ဟိုတယ် ဝန်ထမ်း ၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန် ရှင်းရင်ဟိုတယ်ကို စစ်ကောင်စီတပ်ဝင်စီးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KIA ဗိုလ်ကြီး နောနော်ဆိုသူနှင့် ရှင်းရင်ဟိုတယ် ဝန်ထမ်း ၂ ဦးသေဆုံးသွား ကြောင်း KIA နှင့် နီးစပ်သူ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး ပြောကြားသည်။ “ဟုတ်တယ် ညက ရှင်းရင်ဟိုတယ် ရှေ့ဖြစ် သွားတာ KIA ဘက်က ဗိုလ်ကြီးနောနော်ရယ် ဟိုတယ်က ကားပါကင် ဝန်ထမ်းကောင်လေးတစ်ယောက်ရယ်။ဟိုတယ် ဝန်ထမ်း ကောင်မလေးတစ်ယောက်ရယ် ပစ်သတ်ခံလိုက်ရတယ်”ဟုပြောသည်။ ဒေသခံများထံစုံစမ်းချက်အရ ယင်းဖြစ်စဥ်တွင် နှစ်ဖက် ပစ်ခတ်သည့် သေနတ်သံများထွက်ပေါ်ခဲ့ပြီး KIA ဗိုလ်ကြီး နောနော် နှင့် ဟိုတယ်ဝန်ထမ်းနှစ်ဦးသည် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ထိမှန်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ “ဟုတ်တယ် KIA ဘက်က ဗိုလ်ကြီး နောနော် ပါသွားတယ်။ ညကအဲ့ပစ်ခတ်မှုမတိုင်ခင်အထိတော့ ဖုန်းဆက်သွယ်ရသေးတယ်တဲ့ ပစ်ခတ်တဲ့နောက်ကတော့ လုံးဝ ဖုန်းကိုဆက်သွယ်မရတော့ဘူး ဖြစ်သွားတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆက်ဆိုသည်။

သေဆုံးသူ ရုပ်အလောင်း ၃ လောင်းကို ယနေ့နံနက်ပိုင်းအထိ ဟိုတယ်ရှေ့တွင်သာရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ အလာင်းရှိသည့်အနီးတဝိုက်တွင် စစ်အင်အားအများအဖြင့် စောင့်ကြည့်နေသဖြင့် အလောင်းကောက်၍မရဖြစ်နေကြောင်း ဆိုင်းတောင်နာရေးကူညီမှုအသင်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။ ဖားကန့်တွင် ယခုနောက်ပိုင်းစစ်ကောင်စီတပ်က ကချင် လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များဖြစ်သည် ဟုသံသယရှိ သည့်အရပ်သားပြည်သူများကို သတ်ဖြတ်မှုမကြာခဏဖြစ်ပွားလျက်ရှိနေသည်။ ထို့နောက် မေလ ၁၃ ရက်နေ့ အတွင်း KIA၊ PDF နှင့် အရပ်သားသတ်ပစ်ခံရသူ ၈ ဦးအထိရှိလာပြီဖြစ်သည်။ https://burmese.kachinnews.co m/2023/05/13/az1-198/

၂၆။   သထုံမြို့နယ် စုပေါင်းရုံး ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
       May 16, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် စုပေါင်းရုံးကို မေ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သထုံမြို့ လေယာဉ်ကွင်းဟောင်းအနီးရှိ စုပေါင်းရုံးကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ ရှော့တိုက်ဒုံး ၂ လုံးထဲက တလုံး လေယာဥ်ကွင်းဟောင်းဘေး ဓာတ်တိုင်ကို ထိမှန်ခဲ့သလို နောက်တချက်လည်း အဲဒီဓာတ်တိုင်အနီးမှာ ထပ်မံပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တာ လဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တာလို့ ပြောဆိုထားပေမဲ့ သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အဆိုပါ မြို့နယ်စုပေါင်းရုံးမှာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်တွင်းအခွန်ဦးစီးဌာနတွေ တည်ရှိတဲ့ ရုံးနေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းကလည်း သထုံမြို့ အောက်ကျင်းရပ်ကွက်၊ အလယ်လမ်းမကြီးရှိ သထုံခရိုင် လ.ဝ.ကရုံး မီးရှို့ဖျက်ဆီးခံရပါတယ်။ https://burmese.dvb.no/archives/593628

၂၇။   မူဆယ် ကားသမားတစ်ဦးကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်သွား
       May 16, 2023

သျှမ်းပြည် မူဆယ်မြို့တွင် ယာဉ်မောင်း ကားသမားတစ်ဦးကို အမျိုးသား ၂ ဦးက ခရီးလိုက်ပို့ပေးရန်ဟုဆိုပြီး သေနတ် အတုဖြင့် ခြိမ်းခြောက်ကာ ကားကိုဓားပြတိုက်သွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၆ ရက်) နံနက် ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ရွှေသမင်ကွက်သစ်ရှိ တရုတ်စာသင်ကျောင်းအနီး၌ အမည်မသိ အမျိုးသား ၂ ဦး သည် ပန်ခမ်းမြို့မှ ကားသမားတစ်ဦးကို ကားငှားမည်ဟု ဖုန်းဆက်ခေါ်ခဲ့သည်။ ထိုကားသမားသည် မူဆယ်မြို့ စွမ်စော်ရပ်ကွက်သို့ ရောက်ရှိလာပြီး ကားငှားရမ်းမည့် အမျိုးသား (၂) ဦးသည် ကားသမားကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ကားကို ဓားပြတိုက် သွားခဲ့သည်။ “လမ်းခရီး လိုက်ပို့ပါဆိုပြီး ကားဆရာကို ဖုန်းခေါ်တာ။ ကားဆရာလည်း သွားကြိုတယ်။ သွားကြိုတော့ လမ်းသွယ် မှာ သူတို့စောင့်ပြီး ကားဆရာကို သေနတ်အတုနဲ့ ခြိမ်းခြောက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်။ ပြီးတော့ ကားကိုလုယူသွားပြီး စွမ်စော်ရပ်ကွက်က ဈေးဘက်ကို ထွက်ပြေးသွားတယ်“ ဟု ၎င်း ဒေသခံတစ်ဦး ကပြောသည်။

အဆိုပါ ကားကို ဓားပြတိုက်ပြီး မောင်းထွက်သွားသည့်နောက် စွမ်စော်ရပ်ကွက်ရှိ ပြည်သူများက လိုက်လံပြီး ရှာဖွေ ဖမ်းဆီးခဲ့ရာ စွမ်စော်ဈေးအနီး၌ ကားကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ “ကားကိုဘဲ ပြန်သိမ်းယူနိုင်ခဲ့တာဗျ။ ပြည်သူ တွေ လိုက်ဖမ်းနေတုန်း သူတို့က ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတာ။ ဒီလူတွေက အသက် ၂၀ ကျော်အရွယ်တွေပါ။ ဗမာတွေ လို့တော့ သိရတယ်”ဟု ၎င်းဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။ ဓားပြတိုက်သွားသည့် အမျို းသား ၂ ဦးသည် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးဖြစ်ပြီး အမည် နှင့် နေရပ်လိပ်စာကို မသိရှိသေးကြောင်း လက်ရှိမှာ ၎င်းလူငယ်နှစ်ဦးသည် ထွက်ပြေးလွတ် မြောက်နေဆဲဟုသိရသည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် သေနတ်အတုဖြင့် ပြည်သူများထံ ခြိမ်း ခြောက်ငွေတောင်း ယူသည့် ဓားပြတိုက်အဖွဲ့များအပြင် PDF နာမည်ခံပြီး ပြည်သူများထံ ခြိမ်းခြောက် ငွေတောင်းယူခြင်း၊ လမ်းသွားလမ်းလာ ပြည်သူကို ဓားပြတိုက်ခြင်း နှင့် အိမ်တွင်းဖောက် ခိုးယူမှု ပြုလုပ်ခြင်းများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။ https://burmese.shannews.org/archives /34 

၂၈။   ကြာအင်းဆိပ်ကြီးမြို့နယ် (ပအဖ)၏ မီးအိမ်ရှင်အခမဲ့ဆေးခန်းတွင် ဆေးဝါးနှင့် ဆေးခန်းသုံးပစ္စည်းများ                 လိုအပ်နေ
       May 14, 2023

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဖွင့် လှစ်ထားသော မီးအိမ်ရှင်အခမဲ့ဆေးကုခန်းတွင် လူနာများလာရောက်ဆေးကုသမှုများလာသဖြင့် ဆေးဝါး၊ ကုသရေးဆိုင်ရာ ပစ္စည်းနှင့် အခြားဆေးခန်းသုံးပစ္စည်းများလိုအပ်လျက်ရှိကြောင်း ဆေးခန်းတာဝန်ရှိသူများကပြောသည်။ အ‌ဆိုပါ မီးအိမ်ရှင် ဆေးကုခန်းတွင် လာရောက်ဆေးကုသမှုခံယူသူများလာသဖြင့် လူနာများအတွက် နေရာထိုင်ခင်း၊ ဆေးဝါးများနှင့်မီးစက်အတွက် စက်သုံးဆီများ အရေးတကြီးလိုအပ်နေကြောင်း ဆေးခန်းတာဝန်ခံ ဒေါ်အေးသီတာက ယခုလိုပြောသည်။ “အရင်ကလည်း လူနာ က များတယ်။ အခုက ရာသီတုပ်ကွေးအဖြစ်များတာရယ်၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ထိခိုက်ဒဏ်ရာတွေ ရှိကြတယ်ပေါ့။ လူနာများ ရင်များသလို ဆေးတွေကုန်နေတော့ ဆေးဝါးလည်း လိုအပ်တယ်။‌ ဆေးဝါးရယ်၊ နေရာထိုင်ခင်းရယ်၊ မီးစက်ဆီဖိုးရယ် အဓိက အဲ့ဒီသုံးခုလိုအပ်နေတယ်။ တစ်ချို့လူနာတွေက ညညတစ်ခါတစ်လေဆေးရှူရတော့ မီးစက်နိုးရတာရှိတယ်”ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဆေးရုံဆေးခန်းများတွင် သွားရောက်ဆေးကုသမှုမလုပ်လိုကြ သည့် ဒေသတွင်းပြည်သူများအတွက် ကျန်းမာရေး အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် မီးအိမ်ရှင်အခမဲ့ဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ယာယီတာဝန်ခံ ကိုကျော်စိုးက ပြောသည်။ ၎င်းက “စစ်တပ်အာဏာသိမ်းပြီးတစ်လအကြာမှာ ဒီဘက်ကိုထွက်လာတယ်။ ဆရာမနဲ့လက်တွဲပြီး ဒီဆေးခန်းကို ထူထောင်လာတယ်။ စစ်တပ်အာဏာသိမ်းတော့ ပြည်သူတွေကလည်း စစ်ကောင်စီဆေးခန်းကို မသွားလိုကြတော့ဘူး။ ဆိုတော့ပြည်သူရဲ့ ကျန်းမာ ရေး အထောက်အကူဖြစ်နိုင်အောင် စတင်တည်ထောင်လိုက်တယ်”ဟု ပြောသည်။ ၎င်း ပအဖ ဆေးခန်း လည်ပတ်နိုင်ရေး အတွက် အခက်အခဲအမျိုးမျိုးနှင့် ရုန်းကန်ရကာ ကိုဗစ်ကာလတွင် ဒေသတွင်းကျေးရွာ ၃၀ ရွာဝန်းကျင်မှ ကိုဗစ်လူနာပေါင်း ၂၀၀၀ ကျော် ကုသပေးနိုင်ခဲ့ပြီး ပြည်သူများ အားကိုးရသည့် ဆေးခန်းတစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။ https: //kicnews.org/2023/05/%e1%80%80%e1%80%b c%e1%80%ac%e1%80%a1%e1%80%84%e1%80%ba%e1

၂၉။   သိန္နီတွင် ရာသီဉတု အအေးဒဏ်ကြောင့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးသေဆုံး
        May 15, 2023

သျှမ်းပြည် သီန္နီမြို့ အမှတ် (၃) ရပ်ကွက်၊ ပိန်အွယ်ကုန်း ဝါးရုံတောထဲ၌ အိမ်ခြေမဲ့အဖြစ် နေထိုင်သည့် အမျိုးသားတစ်ဦး ရာသီဥတု အအေးဒဏ်ကြောင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ (မေလ ၁၄) ရက် ညပိုင်းတွင် အေးခဲသည့် ရာသီဉတုနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အအေးမိပြီး သေဆုံးသွားခဲ့ပြီး အလောင်းကို ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်သယ် ယူရာ မီးသင်္ဂြိုလ် စက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီသည့် အနိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှ စိုင်းဂွတ်က ပြောသည်။ “ မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်တဲ့သူပါ။ မနေ့ညက ရာသီဥတု အေးတာနဲ့ ရှော့ဖြစ်ပြီး သေဆုံးသွားတာ ဖြစ်နိုင် တယ်။ မနေ့ ရာသီဉတုက အရမ်းအေးတယ်။ သေသွားတဲ့သူ ဘယ်သူ၊ ဘယ်ဝါ မှန်းတော့ မသိဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးသွားသူသည် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာကို မသိရှိရ ကြောင်း ၎င်းကဆက်ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ သိန္နီမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလာ နေပြီး အဆိုပါ မူးယစ်ဆေးဝါးကြောင့် အိမ်ခြေမဲ့အဖြစ် နေထိုင်သူ ပျှမ်းမျှတစ်မြို့လုံးမှာ လူဦးရ ၁၀၀ ကျော် ရှိကြောင်း သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူ လူဦးရေ ၁၀၀ ကျော်အနက် တစ်လလျှင် ၁ ဦး သေဆုံးနေလျက်ရှိပြီး အေးခဲ လာသည့် ရာသီဉတုနှင့် ရင်ဆိုင်ရပါက အိမ်ခြေမဲ့နေထိုင်သူများ သေဆုံးမှု မြင့်တက်နိုင်ကြောင်းလည်း ၎င်းကထပ်လောင်း ပြောသည်။ https://burmese.shannews.org/archives/34745

၃၀။    ဖရူဆိုမြို့နယ် အင်တောစစ်ရှောင်စခန်းမှာ တစ်ပိုင်တစ်နိုင် မွေးမြူကြတဲ့ကြက်တွေ အနာကျသေဆုံး
        May 14, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ အင်တောစစ်ရှောင်စခန်းမှာ စစ်ရှောင်တွေ တစ်ပိုင်တစ်နိုင်မွေးမြူကြတဲ့ အိမ်ကြက်တွေဟာ ယခုမေလ မိုးဦးအစမှာပဲ အနာကျ သေဆုံးတာတွေ ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေဟာ ကြက်ကို တစ်ပိုင်တစ်နိုင် မွေးမြူကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာတဲ့ အတောအတွင်း စားသုံးဖို့ အဓိကရည်ရွယ်ပြီး စစ်ရှောင်ကာလအစောပိုင်းကတည်းက မွေးမြူကြတာဖြစ်တယ်လို့ ဆိုပါတယ်။ “စစချင်း ပြေးတုန်း က ယူလာကြတာပေါ့။ တချို့မရှိဘူး ဒီမှာရောက်မှ သူများဆီတောင်းပြီး မွေးတာလည်း ရှိတယ်၊ အိမ်မှာတော့ အများကြီးကျန်ခဲ့ တာပေါ့ ကြက်တွေ။ အခု ရာသီအပြောင်းအလဲ ကြောင့်လားမသိဘူး ကြက်တွေက လူလိုဖြစ်နေတယ်၊ ဖျားကုန်ပြီ တစ်ချို့လည်း သေကုန်တယ် ” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကြက်အနာကျ သေဆုံးမှုရဲ့ နောက်ဆုံးတွဲ ဆိုးကျိုးမရှိ လာနိုင်အောင် သေဆုံးတဲ့ ကြက်တွေကို သေချာမြေမြုပ်ထားတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကြက်အနာကျတဲ့ ကာလအတွင်း တတ်ကျွမ်းနားလည်တဲ့ တိရိစ္ဆာန်ဆေးကု ဆရာတွေ မရှိတာကြောင့် စစ်ရှောင်အချို့ ဟာ သစ်ဥ၊ သစ်မြစ်နဲ့ အနာကျတဲ့ ကြက်ကို တိုက်ကျွေးပေမယ့်လည်း သေဆုံးတာများတယ်လို့ဆိုပါတယ်။ မေလ မိုးဦးကျချိန်မှာ ဒေသခံတွေနဲ့ စစ်ရှောင်တချိူ့ဟာ လယ်ယာ၊ တောင်ယာ ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်တဲ့ကာလဖြစ်တာကြောင့် လုပ်ငန်းခွင် အတွင်း စားသုံးဖို့ ရည်ရွယ်တဲ့ ကြက်တွေသေဆုံးတာကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ “တစ်ကောင် (တစ်သောင်း) စျေးနဲ့ ပေါ့ ပိဿာပြည့်ရင် အခုက ကြက်အနာကျတာ ဖြစ်နေကြတယ် ” လို့​စစ်ရှောင်တစ်ဦးက ပြောပါတယ်။ အိမ်ခြေ (၁၈၀) ၊ လူဦးရေ (၈၀၀) ကျော်နေထိုင်တဲ့ အင်တောစစ်ဘေးရှောင်စခန်းမှာ ယခု ကြက်နာကျနေတဲ့အပြင် ယခင်ကလည်း ဝက်ပေါက်စ အုံလိုက် သေဆုံးမှု ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အလားတူ စစ်ရှောင်စခန်း အနီးအနားက ကျေးရွာတွေမှာလည်း အိမ်မွေး ကြက် သေဆုံးမှုတွေရှိနေပြီး ယခုလို သေဆုံးမှူတွေက နှစ်စဥ်ပုံမှန်ဖြစ်နေတယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes .org/%e1%80%96%e1%80%9b%e1%8 0%b0%e1%80%86%e1%80%ad%e1%80

၃၁။    ကံပေါက်တွင် ဈေးခြင်းတပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်
        May 15, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စျေးခြင်းတောင်း တပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးမည်ဟု စစ်ကောင်စီတပ်က အမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်ကံပေါက် ဒေသတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည်မှာ လနှင့်ချီရှိနေရာမှ ယခုအခါ စျေး သည်များအသုံးပြုနေသည့်ဆိုင်ကယ်ပေါ်၌ စျေးခြင်းတောင်းများ ဘယ်/ညာနှစ်ဖက် တင်ဆောင်စီးနင်းခွင့် ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ကံပေါက်ဒေသခံတစ်ဦးက “ဟုတ်တယ်ခင်ဗျ၊ အခုက ဆိုင်ကယ်နဲ့ပတ်သတ်ရင် ဘယ်လိုပုံစံနဲ့မှပေးမစီးတဲ့ သဘော၊ ဘေးတွဲတွေရောလိုက်ပြီး ကန့်သတ်နေ တယ်”ဟု ပြောသည်။ ယခုကဲ့သို့ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီက လိုက်လံကန့်သတ်မှုများကြောင့် လက်လုပ်လက်စား လူတန်းစားများဖြစ်သော ဈေးသည်များ ပိုမိုအခက်ခဲဖြစ်သွားစေနိုင်ကြောင်း ဒေသခံများကပြောသည်။ “ကျွန်မတို့က အရင် ကတည်းက စျေးရောင်းထွက်ဖို့ ဒီဒေသမှာ ဒီလိုပဲသွားလာနေတာ။ အခုကဘယ်လိုပုံစံနဲ့ ကုန်တွေသည်ရမယ်ဆိုတာ မသိတော့ ဘူး ဖြစ်နေတယ်” ဟု ကံပေါက်ဒေသခံ စျေးသည်တစ်ဦးက ပြောသည်။

မေလ ၁၀ ရက်နေ့ကစပြီး ကံပေါက်ရဲစခန်းအရှေ့၌ ခြင်းနှစ်လုံးတပ်သွားလာနေသည့် ဆိုင်ကယ်များကို မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်သားများအပါအဝင် ခလရ(၂၇၃)မှ တပ်သားများနှင့်ရဲများက သတိပေးမှုများပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်သည်။ ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ပိတ်ပင်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲ၊ အုပ်ချုပ်ရေး မှူးများနှင့် တပ်ထောက်ခံသူများကိုမူ စီးနင်းခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။ ထို့အတူ ကလိန်အောင်မြို့ တွင် လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ် စီးနင်းမှုများကို စစ်ကောင်စီတပ်က ပစ် ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေပြီး အမျိုးသမီး နှစ်ဦး စီးနင်းမှုကိုမူ ခွင့်ပြုထားကြောင်းသိရသည်။ https://www.facebook.com /MizzimaDaily/photos/pcb.67032287697119 71/6703227943045387/

၃၂။   ရွှေကုက္ကိုလ်ဒေသတွင် စစ်သားဆက်ကြေးမပေးဆောင်နိုင်သူများကို ဖမ်းဆီးမှုများရှိလာ
       May 15, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် မေလ(၁၂)နေ့မှစ၍ နယ်ခြားစောင်တပ် (BGF)တပ် များနှင့် ရပ်ကွက်လူကြီးများက စစ်သားဆက်ကြေး မပေးဆောင်နိုင်သည့် ဒေသခံရွာသားများကို ဖမ်းဆီးချုပ်နှောင်မှုများရှိလာ ကြောင်း ၎င်းဒေသတွင် ပြောင်းရွှေ့အလုပ်လုပ်ကိုင်လာသူများထံမှ သိရသည်။ အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် စစ်သား ဆက်ကြေးဟုဆိုကာ ယခုမေလအတွင်း ရပ်ကွက်နေ အိမ်များနှင့်လာရောက်ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြသည့် နေအိမ် အဆောင်တန်းလျားများကိုပါမကျန် ဘတ်ငွေ (၁,၅၀၀) နှင့် (၃,၀၀၀) အထိ လိုက်လံကောက်ခံနေပြီး ငွေကြေးပေးဆောင်မှုမရှိ သည့် အရပ်သား ပြည်သူ ၃ ဦးကို (BGF) ဂိတ်စခန်းများသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။ “သူတို့ပိုက်ဆံမပေးတဲ့သူတွေဆို နယ်စပ်ကို ကူးတဲ့နားက ကျော်လားဂိတ်ကို ခေါ်သွားတယ်။ ခေါ်ပြီးတော့ အချုပ်ထဲသွားထည့်ထားတယ်။ လာပြန်ရွေးရင်လည်း မထုတ်ပေးဘူး။ လူကြီးတွေလာကောက်လို့ရှိရင် တစ်ချို့ အခန်းတွေက ရပ်ကွက်လူကြီးတွေလာခိုင်းလိုက်ဆိုရင် သူတို့သေနတ်တွေနဲ့လာပြီး အဲ့ဒီလူကို ပြောတာ ပက်ပက်စက်စက်ပဲ။ အခန်းနားက အမကြီးဆိုရင် ပြောခံထိတာ ကြောက်တောင်ကြောက်တယ်”ဟု ပြောသည်။

(BGF) တပ်များနှင့် ရပ်ကွက်လူကြီးများက ကျေးရွာတွင်းရှိ ဒေသခံရွာသားများအပြင် ရပ်ဝေးပြည်မ မှ လာရောက်ရွှေ့ ပြောင်း အလုပ်လုပ်ကိုင်နေထိုင်ကြသည့် အလုပ်သမားများနေထိုင်ရာ နေအိမ်အဆောင်တိုက်ခန်းများ၊ ဆိုင်ခန်းများကိုပါ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေပြီး အချို့ရွှေ့ပြောင်းအလုပ်သမားများအတွက် အခက်အခဲများ ဖြစ်စေကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ “ရပ်ကွက်လူကြီးတွေနဲ့ စစ်သားတွေလာကြတယ်။ ကျမတို့လည်း အကျိုး အကြောင်း ပြောပြတယ် မရဘူး။ ဒီနေ့ နောက်ဆုံးပိုက်ဆံပေးရပြီး။ လောလောဆယ်လက်ထဲမှာ ပိုက်ဆံမရှိသေးဘူး။ ပိုက်ဆံက ညနေရ အောင် ရှာနေတယ်။ တော်ကြာ အရိုက်ခံရမှာစိုးလို့။ လကုန်မှပေးလို့မရဘူးလားလို့ မေးကြည့်တော့ ဘုန်းကြီးကျောင်း လှူနေ တာ မဟုတ်ဘူးတဲ့”ဟု ပြောသည်။ ရွှေကုက္ကိုလ်ဒေသတွင် BGF တပ်များနှင့် ရပ်ကွက်လူကြီးများက တပ်သားသစ် စုဆောင်းရန် အတွက် ရပ်ကွက်အလိုက် လူဦးရေအပေါ်မူတည်၍ ၁၅ ဦးမှ ၂၀ ဦးအထိ မဲနှိုက်ရပြီး ၎င်းတို့ထဲမှ ၅ ဦး မဲပေါက်ပါက တပ်သား သစ်အနေဖြင့် စစ်မှုထမ်းရမည်ဖြစ်သည်။ စစ်မှုမထမ်းလိုလျှင် ၎င်းအစား ငွေကြေးပေး ဆောင်ရမည်ဖြစ်သလို ထပ်မံပြီး တပ်သား များအတွက်ဆိုကာ ဒေသခံနေအိမ်များကို ဆက်ကြေး လက်လံကောက်ခံမှုများ ပြုလုပ်ခဲ့ပြီး မေလ ၁၅ ရက်နေ့ နောက်ဆုံးရက် သတ်မှတ် ပေးဆောင်ရမည်ဟုလည်း ဒေသခံရွာသားများထံမှ သိရသည်။ https://kicnews.org/2023/05/%e1%80%9b%e 1%80%bd%e1% 80%be%e1%80%b1%e1%80%80%e1%80%af%e1

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button