တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 30, April 14, 2023)

၁။     ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
        April 13, 2023

ရှမ်းတောင်၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် မနေ့ ဧပြီ ၁၂ ရက်အထိ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF-KK တာဝန်ရှိသူကပြောပါတယ်။ စစ်ကောင်စီတပ် နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဟာ ကရင်နီပြည်ထဲ ဝင်ရောက်ဖို့ ဖယ်ခုံ-ပင်လောင်း ဘက်ကနေ ထိုးစစ်ဆင် နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေတာ ၂ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ “မနေ့ကလည်း ပင်လောင်း-ဖယ်ခုံ နယ်စပ် မှာ တိုက်ပွဲဆက်ပြီး ပြင်းထန်နေတာပေါ့နော်။ ပြီးတော့ သူတို့ပဲ ပြန်ပြန်ဆုတ်သွားတယ်။ မနေ့ကတော့ လေယာဉ်နဲ့တော့ လာမ ပစ်ဘူး”လို့ PNDF-KK  ပြန်ကြားရေးတာဝန်ရှိသူ ခွန်ဗွေဟုန်း ကပြောပါတယ်။ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ် အထိအခိုက်ရှိပေမယ့် နယ်မြေ မရှင်းရသေးလို့ အသေးစိတ် မသိရသေးဘူးလို့ သူကပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ညနေပိုင်းမှာ ဖယ်ခုံတောင်ဘက်ရှိ စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်ရင်းက ကျေးရွာတွေဘက် ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။ “အဲ့ဒီ ၄၂၂ က ညတိုင်းလိုလို ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ အနောက်ဘက် တောင်ပေါ်ကို ပစ်လိုက်၊ အင်းအရှေ့ဘက် ကျေးရွာတွေကို ပစ်လိုက်ပါပဲ။ ပစ်တဲ့သူတို့တော့ မသိဘူး ညတိုင်းကြားနေရတဲ့ ကျွန်တော်တို့က နားငြီးနေပြီ” လို့ ခွန်ဗွေဟုန်း ကပြောပါတယ်။ (၄၂၂) တပ်ရင်းဟာ ည ၉ နာရီဝန်းကျင် ညတိုင်းလိုလို မြို့ပြင် ပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံတွေ သေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ မိုးဗြဲ ရေကာတာ အနီးရှိ အဲ့ဒီ တပ်ဟာ အင်းအရှေ့ဖက်ကမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့မှာ ဒေသခံတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ခဲ့ရသလို ဧပြီလ ၇ ရက်နေ့မှာလည်း ပြည်သူ ၂ ဦး ထိခိုက်ခဲ့ပြီး နေအိမ်အချို့ပါ ပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ ပင်လောင်းနဲ့ ဖယ်ခုံတိုက်ပွဲတွေမှာ အထိနာပြီး အသေ များနေလို့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။ https://www.facebook.c om/MeKongNewsMM/ph otos/a.373965523263391/1210324062960862/

၂။     မင်းတပ်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံး ဟုဆို
       April 13, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့ ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) (CDF – Mindat)  က ဧပြီလ ၁၂ရ က်နေ့တွင်ထုတ်ပြန်သည်။ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်(၁) ဘက်တွင် ဧပြီလ ၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ် အချိန်မှ စပြီး ညနေ ၆ နာရီ ၂၀ မိနစ်အချိန်အထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်းဆိုသည်။ “စစ်ကောင်စီတပ်တွေက ယောနယ်ဘက်ကရွာတွေကို စစ်ကြောင်းထိုးနေတာ ၊ ချင်းပြည်နယ်အစပ်က ရွာတွေကိုမဝင်ခင် ပူးပေါင်းတပ်ဖွဲ့က ကြိုပြီးအလစ် အငိုက် တိုက်ခိုက်ခဲ့တာပါ” ဟု CDF – Mindat ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က ကိုပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိခိုက်များသော စစ်ကောင်စီတပ်များသည့် စစ်ကြောင်း ရှေ့မတိုးဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်းဆိုသည်။ ယင်းတိုက်ပွဲ တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း CDF – Mindat က ထုတ်ပြန်ချက်တွင် အသိပေး ထားသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ည ၁၁ နာရီ ၃၁ မိနစ်အချိန်မှ ၁၂ နာရီ ၁၅ မိနစ်အချိန်အထိ စစ်ကောင်စီတပ် မှ ဂျက်ဖိုက်တာ ဖြင့် ရှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ အထိုင်တပ်ဖြစ်သော ခလရ ၂၇၄ အဝင်ဂိတ်ကို တိုက်ခိုက်ရန် သွားရောက် စဉ် စစ်ကောင်စီတပ်၏ ရှေ့ကင်း အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဧပြီလ ၁၁ ရက် ည ၇ နာရီ ၄၆ မိနစ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် မင်းတပ်မြို့နယ် အမှတ်(၁) ကျေးရွာအနီးနှင့် ကျေးရွာအတွင်းသို့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း နှင့် လူနေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။ မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကောင်စီ တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြီး ချင်းကွယ်ရေးတပ်ဖွဲ့များမှ မြေပြင်သို့ ကွင်းဆင်းရှင်းလင်းခဲ့ကြောင်း ဧပြီလ ၁၃ ရက်နေ့ နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။ https://www.facebo ok.com/MizzimaDaily/photos/pcb.65966073 23707450/659660617 3707565/

၃။    မဲကနယ်ရွာသားများကို BGF တပ်က ရွာအတွင်း ပြန်လည်ထိုင်ခွင့်မပေးသည့်အပြင် ပစ်ခတ် ဖမ်းဆီးနေ
       April 14, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက ပြန်လည်နေထိုင်ခွင့်မပြုတဲ့အပြင် ဖမ်းဆီးတာတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။ မြဝတီမြို့အပြင်ဘက် နို့ဖိုး၊ အတွင်းကွင်းကလေး၊ မဲကနယ်ကျေးရွာ၊ ၂၇၅ ၊ ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှာ ဧပြီ ၁၁ ရက် မနက်ပိုင်းကစတင်ပြီး တိုက်ပွဲ‌တွေပြင်းထန်ခဲ့သလို စစ်ကောင်စီက လေကြောင်း ကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် (BGF)တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အထိ နာခဲ့ရတဲ့ မဲကနယ်ကျေးရွာက အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ကျေးရွာအတွင်းက ဘုရားကျောင်းအပါအဝင် နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပေမဲ့  ဒေသခံပြည်သူတွေကို စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် တွေက ပြန်လည်နေထိုင်သူတွေကို သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေကြောင့် ပြန်လည်နေထိုင်မရဲဘူးလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ရွာကို ပြန်သွားတဲ့သူတွေကို BGF တွေက လက်နက်ကြီးနဲ့ကော သေနတ်တွေနဲ့ပါပစ်တယ်။ နောက်ပြီး လူကိုပါဖမ်းတယ်။ ဖမ်းခံရတဲ့သူတွေနဲ့လည်း အဆက်အသွယ်မရဘူး၊။ ရွာကို ဘယ်သူမှမပြန်ရဲဘူး။ အခု အဆင်ပြေ သလို နေရာတွေမှာလိုက်နေရတယ်။ ပြေးလာတဲ့သူတွေထဲမှာ  ၄ လတာအရွယ် ကလေးတွေပါ ပါတယ်။ အကုန်လုံး ဒုက္ခတွေ ရောက်နေကြရတယ်။” မဲကနယ်ကျေးရွာက ဒေသခံပြည်သူတွေဟာ  သောင်းရင်းမြစ်ဖက်ကမ်းက မော်လီချိုင်းကျေးရွာ( ဖိုဖရာ့ အနီး)၊ သေ့ဘောပိုး၊ ဖလူးစစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အပြင် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေဿခံတွေက ပြောပါတယ်။ https://burmese .dvb.no/archives/588323

၄။     ရေး ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံးကို ဝင်တိုက်၊ ပြည်သူ့စစ် ၂ ဦးရှင်းလင်းနိုင်ခဲ့ဟုထုတ်ပြန်
        April 13, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၂ ဦးကို ရှင်း လင်းနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးကို ရေးပြောက်ကျားတပ် ဖွဲ့ YGF တို့က ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက် အောက်ခံပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည့်အပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ် ပြန်ချက်တွင် ပါရှိသည်။ သို့သော် ယင်းတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော် ဆိုသည့် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အုပ်ချုပ်ရေးမှူးရုံးကို ဟိုက ဝင် ပစ်တဲ့ချိန်မှာ အဲကောင်လေးက အဲရုံးမှာရှိနေတယ်။ အဲမှာ ပစ်ခံထိသွားတယ်” ဟု ဇီးဖြူသောင်ဒေသခံတစ်ဦးက ပြောသည်။

အရပ်သား ပစ်ခတ်ခံရပြီး သေဆုံးသွားမှုနှင့်ပတ်သက်ပြီး ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်ကတော့ အနူး အညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။ ရေးပြောက်ကျားတပ်ဖွဲ့အနေဖြင့် မစ်ရှင်များ ဆက်လက်လုပ်ဆောင် သွာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးဝေးနေပေးကြရန်လည်း ဗိုလ်ကျန်ရစ် က၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထားသည်။ ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စစ်ကောင်စီ တပ်စခန်းများ၊ စစ်ကောင်စီယာဥ်တန်းများ၊ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများကို မကြာခဏဝင် ရောက်တိုက်ခိုက်လေ့ရှိ သည်။ https://www.facebook.com/photo/?fbid=595254609 420558&set=a.591171916495494

၅။     ဖလမ်းမြို့ကနေ ဟားခါးကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းက ကား (၂၅) စီးလုံး ကိုဖျက်ဆီးနိုင်ခဲ့
         April 13, 2023

ဖလမ်းမြို့ကနေ ဟားခါးမြို့ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းက ကား ၂၅ စီးလုံးကို ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်တော် CNA ကထုတ်ပြန်ပါတယ်။ အဆိုပါစစ်ကောင်စီယာဥ်တန်းဟာ ဖလမ်းနဲ့ဟားခါးကြားဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မူကို အကြိမ်ကြိမ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေက စစ်ကောင်စီယာဥ်တန်းကို မိုင်းတွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီး မြေပြင်တိုက်ပွဲတွေလည်းဆင်နွဲခဲ့ကြတာဖြစ် ပါတယ်။ မိုင်လေးဆယ်သာဝေးကွာတဲ့ ဖလမ်းနဲ့ဟားခါးကို စစ်ကောင်စီယာဥ်တန်းဟာ ၂၄ ရက်အကြာအထိ ဟားခါးမြို့အနီး ချုံကျူံးရွာအထိသာရော​က်ရှိခဲ့တာဖြစ် တယ်လို့သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါ အဆိုပါစစ်ကောင်စီယာဥ်တန်းဟာ ဖလမ်းနဲ့ဟားခါးကြား ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မူတွေကြောင့် အကျအဆုံးများသလို ထိခိုက်ဒဏ်ရာရသူတွေလည်းများတာကြောင့်အင်အား ၄၀ လောက်သာကျန် တော့တယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းထက်နီက မီဒီယာတွေကိုပြောဆိုထားပါတယ်။ ဟားခါးမြို့ကနေ စစ်ကောင်စီ ယာဥ်တန်းဆီစစ်ကူလာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ် လို့ဆိုပါတယ်။ အထိနာတဲ့စစ်ကောင်စီဟာ ချင်းပြည် နယ်ကို လေကြောင်းတိုက်ခိုက်မူအကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး ဖလမ်းနဲ့ဟားခါး ကြားက ကျေးရွာသုံးရွာထက်မနည်း မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ https: //www.facebook.com/photo/?fbid=6420 79761263661&set=pcb.642079841263653

၆။    RCSS နဲ့ SSPP တို့ တိုက်ပွဲကြောင့် ဝမ်ကျောင်းရွာရောက် စစ်ရှောင်တွေ စားနပ်ရိက္ခာ လိုအပ်နေ
       April 13, 2023

ရှမ်းတောင် မိုင်းနောင်မြို့နယ် စွမ်းတောင်ကျေးရွာအနီးက တိုက်ပွဲကြောင့် ဝမ်ကျောင်းရွာဘက် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒေသခံတွေ အစားအသောက်လိုအပ်နေတယ်လို့ ထွက်ပြေးလာသူတစ်ဦးက ပြောပါတယ်။ “မနေ့ညတစ်ညလုံးထွက် ပြေးလာတယ်။ ဒီမနက်ထိ ဘာမှမစားရသေးဘူး။ လောလောနဲ့ ထွက်ပြေးလာတာ ဘာမှလည်း မယူလာရဘူး။ တချို့ကလေး တွေလည်း အဝတ်မပါဘူး” တိုက်ပွဲကြောင့် ဝမ်ကျောင်းရွာမှာ စစ်ရှောင် ၁၀၀ နီးပါး ရောက်ရှိလာပြီး တချို့ကျေးရွာဒေသခံ တွေဟာ ဝမ်းစိမ်းအုပ်စုဘက်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ၎င်းက ဆိုပါတယ်။ ဝမ်ကျောင်းရွာခံတွေက အစားအသောက် ကူညီပေးခဲ့ပေမဲ့ လုံလောက်မှု မရှိတာကြောင့် အခက်အခဲ ရှိနေတယ်လို့ ဝမ်ကျောင်းဒေသခံတစ်ဦးက ပြောပါတယ်။

“အခုစစ်ရှောင်တွေ ပိုများလာတယ်။ ရွာကလူတွေလည်း တတ်နိုင်သလောက် ကူညီပေးတယ်။ ဒါပေမဲ့ သူတို့စားဖို့က မလုံလောက်ဘူး အကူအညီ လိုအပ်တယ်” လို့ သူက ဆက်ပြောပါတယ်။ ရှမ်းပြည် တပ်မတော် SSPP နဲ့ RCSS တပ်ဖွဲ့တို့ ဧပြီ ၁၃ ရက် မနက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ၎င်းက ဆိုပါတယ်။ “ဒီမနက်အထိ လက်နက်သံတွေ ကြားတေရတယ်။ ဝမ်းကျောင်းရွာနဲ့ နီးလာပြီ။ ထွက်ပြေးတဲ့သူတချို့လည်း လမ်းမှာ ပိတ်မိကြတဲ့သူတွေလည်း ရှိနေဆဲပဲ။ တိုက်ပွဲဖြစ်တဲ့ ကျေးရွာ တွေရဲ့ အခြေအနေလည်း မသိရသေးဘူး” စစ်ရှောင်တွေအတွက် ကူညီလိုပါက ဖုန်း 09-899 826 834 (K-Pay,Wave Pay), 09-688 115 053 (K-Pay)သို့ ဆက်သွယ်နိုင်ပါတယ်။ https://www.facebo ok.com/photo/?fbid=548185614155374&set=pc b.548185704155365

၇။    BGF သိန်းတန်ကုန်းကို ကော်ဘရာစစ်ကြောင်း သိမ်းပိုက်၊ ၄ ရက်အတွင်း စစ်ကောင်စီဘက်က ၂၀ သေ
       April 14, 2023

ကရင်ပြည်နယ်အတွင်း BGF တွေ တပ်စွဲထားတဲ့ သိန်းတန်ကုန်းကို သိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၄ ရက်တာအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အယောက် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၃ ရက်အထိ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပြီး တိုက်ပွဲကာ လအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ ဧပြီ ၁၀ ရက်မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးပစ်ခတ်တာကလွဲလို့ ထိတွေ့မှုမရှိပေမဲ့ နောက်တရက် ဧပြီ ၁၁ ရက်မှာတော့ အကြမ်းဖက်စစ် ကောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  မနက် ၇ နာရီခွဲ လောက်မှာ တိုက်လေယာဉ်နဲ့  ဗုံး ၅ ကြိမ် ပစ်ခတ်ပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ် ပွားခဲ့တာဖြစ်ကာ ၁၁ နာရီခွဲလောက်မှာတော့ MI35 တစင်း နာရီဝက်လောက် ပျံဝဲပြီး ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တာလို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ်  ၂ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်တိုက်ရေယာဉ်နဲ့ နဲ့ ဗုံးကြဲခဲ့ပြီး ည ၁၂ နာရီခွဲမှာလည်း၁ ကြိမ် ဗုံးကြဲခဲ့ ကာ အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီးတော့ ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၁၂ ရက်မှာတော့ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က BGF သိန်းတန်ကုန်းကို တက်ရောက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် ၁၁ လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ်၊ နင်းမိုင်း ၁ လုံး၊ 5.56 ၅၈၄ တောင့်၊ 7.62 ကျည် ၇၅ တောင့်၊ အေကေကျည်ဘောက် ၂ ခု၊ HK ကျည်ဘောက် ၅ ခု၊ ကာဘိုင်ကျည် ဘောက် ၂ ခု၊ M ၁၆ ကျည်ဘောက် ၄ ခု သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၁၃ ရက်မှာလည်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေဘက်က ကျောက်မိုင်း BGF စခန်းကုန်းကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၃ ယောက် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဘက်ကလည်း တနေကုန်မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ https://burmese. dvb.no/archives/588317

၈။    စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းတွေယူဆောင်ပြီး MNDAA တပ်ဖွဲ့ထံအလင်းဝင်ရောက်လာ
        April 13, 2023

စစ်ကောင်စီလက်အောက်ခံ တပ်သား ၂ ဦးဟာ မြန်မာအ မျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထံ လက်နက်ခဲယမ်းတွေယူဆောင်ပြီး အလင်းဝင်ရောက် လာတယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အလင်းဝင်ရောက် လာသူတွေဟာစစ်ကောင်စီရဲ့စကခ ၁၂၊ ခလရ ၂၃၁ ကဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ဝင်းကျော်မျိုးဆိုသူနဲ့ အသက် ၃၀ အရွယ် စောယီဖောတို့ဖြစ် ကြတယ်လို့လည်း အဲဒီတပ်သား ၂ ဦးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ပါအချက်အလက်တွေအရ သိရပါ တယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတွေဟာ ပြည်သူတွေဆီကငွေညှစ်တောင်းခံနေတာကြောင့်ခုလို အ လင်းဝင် ရောက်လာတာဖြစ်တယ်လို့လည်း သူတို့ကတွေ့ဆုံမေးမြန်းခန်းမှာ ဖြေဆိုထားကြပါတယ်။ “ဒီဘက်ကို စကစ၁၂ကနေပြီးတော့ လောက်ကိုင်ကို ထိုးရမယ်ဆိုပြီးတော့တပ်ရင်းဝင်လာတာ။ တပ်ရင်းတွေအကုန်ဝင်ရမယ်ဆိုပြီးတော့ စာပို့တာပါ။ ဒီဘက်ကို ဘာ သဘောနဲ့ရောက်လာတာလဲဆိုတော့ မြို့ဝင်ဂိတ်မှာပြည်သူတွေကို ၁၀၀၊ ၄၀၀၊ ၅၀၀ ကောက်လို့ဆိုပြီး မခံချင်လို့ဆိုပြီး ဒီဘက် ကိုရောက်လာတာပါ´´ အသက် ၃၃ နှစ်အရွယ် ဝင်း​ကျော်မျိုးက ဆိုပါတယ်။ အဲဒီ ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း ဝင်ရောက်လာတာလည်းဖြစ်ပါတယ်။ https://www.facebook.com/phot o/?fbid=604573665044660&set=pcb.60457371

၉။   တောင်ကုတ်မြို့တွင် သက်ငယ်မုဒိမ်းမှုဖြစ်၊ ကျူးလွန်သူတရားခံကို ရဲကဖမ်းဆီး
       April 13, 2023

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရပ်ကွက်တစ်ခုတွင် သက်ငယ်မုဒိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး  ကျူးလွန်သူတရားခံကို ရဲ က အချိန်မီဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖြစ်စဥ်မှာ ဧပြီလ ၅ ရက်၊ ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူ အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ်က ဧပြီလ ၁၁ ရက်နေ့မှ မိဖများအားထုတ်ဖော်ပြောဆိုရဲ၍ ကျူးလွန်သူ အား ရဲကအချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်ဟု  တရပ်ကွက်တည်းနေထိုင်သူများကပြောသည်။ သူမအား သူမ၏ မိဘများနှင့်ရင်းနှီး သည့် တောင်ကုတ်မြို့နယ်၊ ရေလယ်ကျွန်းကျေးရွာမှ အလုံးချေ(ခ) ကျော်စွာလင်း (၃၆) နှစ်က နေထိုင်မကောင်းသည့် သူမ၏ ဖခင်အတွက် ဆေးသွားယူကြမည်ဟု ပြောဆိုခေါ်ယူကာ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကျူလွန်ခံရသူ မိန်းကလေး ငယ်နှင့် တရပ်ကွက်တည်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကလေးရဲ့အဖေက နေမကောင်းဖြစ်ပြီး အိပ်ရာထဲမှာ လဲနေတယ်။ အဲဒါ ကျူးလွန်တဲ့သူက သူ့အဖေအတွက် ဆေးယူပေးဖို့သွားမယ်ဆိုပြီး အိမ်ကိုခေါ်သွားပြီး အဲဒီလိုဖြစ်တာလို့ သိရ တယ်”ဟုဆိုသည်။ အဆိုပါ အလုံးချေ(ခ)ကျော်စွာလင်း ဆိုသူက မိန်းကလေးငယ်အား ရေလယ်ကျွန်းကျေးရွာရှိ ၄င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ခေါ်ယူသွားကြောင်း၊ နေအိမ်ခြံရှေ့မြေကွက်လပ်အရောက် မိန်းကလေးငယ်ဝတ်ထားသော ဘောင်းဘီအားအတင်း ဆွဲချွတ်ကာ အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားရာ ပထမတစ်ကြိမ်တွင် မအောင်မြင်ခဲ့ကြောင်း၊ ဆက်လက်ပြီး အလုံးချေ(ခ) ကျော်စွာလင်း ဆိုသူက မိန်းကလေးငယ်အား နေအိမ်နောက်ဘက်တွင်ရှိသည့် အိမ်သာထဲသို့ အတင်းခေါ်ဆောင်ကာ အတင်း အဓမ္မပြုကျင့်ရန် ထပ်မံကြိုးပမ်းကြောင်း၊ ယင်းအချိန်တွင် ကလေးငယ်က ငိုယို တောင်းပန်သော်လည်း ပါးစပ်ကို လက်ဖြင့်ပိတ် ကာ ထပ်မံကြိုးစား၍ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကျူးလွန်ခံရသူ မိန်းကလေးငယ်က မိဘများအား ပြန်ပြောပြချက်အရ သိရကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

ယင်းသို့  အတင်းအဓမ္မပြုကျင့်ပြီးနောက် ခဏအကြာတွင် မိန်းကလေးငယ်အား နေအိမ် ပြန်ပို့ခဲ့သော်လည်း မိန်းကလေး ငယ်မှာ ထုတ်ဖော်မပြောဆိုရဲဘဲရှိကြောင်း၊ ဧပြီလ ၁၁ ရက်နေ့တွင်မှ တရပ်ကွက်တည်းနေ မိဘများနှင့်ရင်းနှီးသူနှစ်ဦးထံ ထုတ် ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ပြောဆိုပြီးနောက် တစ်ရပ်ကွက်တည်းနေသည့် ထိုနှစ်ဦးက မိန်းကလေးငယ် ၏ဖခင်အား အသိပေးပြောဆိုခဲ့ပြီး  ဖခင်ကိုယ်တိုင်က မေးမြန်းကြည့်ရာ အဓမ္မကျူးလွန်ခံရ (သက်ငယ်မုဒိမ်း)မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ရဲစခန်းသို့တိုင်ကြားခဲ့သည်။ ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ မိန်းကလေးငယ်၏ဖခင်က ဧပြီလ ၁၂ ရက် မနက်ပိုင်းတွင် တောင်ကုတ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ တရားခံ အလုံးချေ(ခ)ကျော်စွာလင်း ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း၊ သူ့အား တောင်ကုတ်မြို့မရဲစခန်းမှူး စန်းညွန့်က တရားလို ပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ် ၃၇၆/ ၅၁၁ အရ အမှုဖွင့် စစ်ဆေးနေကြောင်း တောင်ကုတ် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံအကွက် ၁၅ တွင်နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် မသန္တာဝင်းမှာ မင်းဂံအကွက် ၁၃ ရှိ၊ ရထားသံလမ်းဘေး တွင် ရိုက်နှက်ဒဏ်ရာများရရှိပြီး အဝတ်ဗလာနှင့် မေ့မြောနေသည့်အတွက် စစ်တွေဆေးရုံကြီးသို့ပို့ပြီးကုသခဲ့သော်လည်း မတ်လ ၁၇ ရက်တွင် သေဆုံးခဲ့သည်။ https://burmese.narinjara.com/news/detail/6437c227df783307b2a38cd2?fbclid=Iw AR0VENRTMsIZliR0S7mAwzg6

၁၀။    ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ကို တပ်ပေါင်းစု မှ တပ်ရင်းတစ်ရင်း အဖြစ်ပြင်ဆင်ဖွဲ့စည်း
         April 13, 2023

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၆) ဖွဲ့နဲ့ ဖွဲ့စည်းထားခဲ့တဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) ကို တစ်နှစ်အကြာမှာ တပ်ပေါင်းစု အဖြစ်ကနေ တပ်ရင်းတစ်ရင်းအဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့တယ်လို့ (KRU) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းလင်း က ပြောပါတယ်။ “ တပ်ပေါင်းစုအနေနဲ့ ကနေ တပ်ရင်းအနေနဲ့ သွားမှ ပိုပြီးတော့ စစ်ရေးပိုပြီး အားကောင်းမယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ပေါ့နော။ KRU ရဲ့ တပ်ရင်းအောက်မှာပဲ ကျနော်တို့ ဒီမိခင် တပ်ဖွဲ့တွေက အားလုံး ခွဲတွေနဲ့ တပ်ရင်းဖွဲ့ထားတယ်။ “ လို့ (KRU) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းလင်း က ပြောပါတယ်။ KRU တပ်ရင်းအနေနဲ့ စစ်ရေးပိုင်း ပိုမိုအားကောင်းဖို့အတွက် ပြင်ဆင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ KRU မှာပါဝင်တဲ့ တပ်ဖွဲ့တွေကို တပ်ခွဲအဖြစ် ဖွဲ့စည်းထားပြီး တပ်ခွဲ (၅) ခွဲပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။ ဘုံရန်သူဖြစ် တဲ့ စစ်ကောင်စီတပ်ကို တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ KRU တစ်နှစ်ပြည့်တဲ့ အပေါ် ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်ထက် က လူမှုကွန်ယက်စာမျက်နှာကနေ ပြောကြားထားပါတယ်။

KRU ပြင်ဆင်ဖွဲ့စည်းထားတဲ့ တပ်ရင်းမှာ ဗဟိုကော်မတီ၊ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်စိတ်မှူး တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ် ဧပြီလ ၆ ရက်နေ့က KGZ၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ JPDF၊ GZ-21 (Loikaw)၊ Medic Unit၊ SSPDF တို့ စုပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကို ပူးပေါင်းဖွဲ့စည်းခဲ့ကြ တာဖြစ်ပြီး KGZ တပ်ဖွဲ့တော့ ပြန်လည်နှုတ်ထွက်သွားခဲ့ပါတယ်။ KRU အနေနဲ့ ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO Local PDF) နဲ့ မဟာမိတ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး ဒေသတွင်းအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ KRU က ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအတွင်း စစ်ကောင်စီ နဲ့ ထိတွေ့တိုက်ပွဲတွေမှာ အခြားသော KNDF၊ PDF တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ https://www.k antarawaddytimes.org/%e1%80%80%e1%80 %9b%e1%80%84%e1%80%ba%e1%80%94%e1%80

၁၁။    ဟားခါးမြို့ ၀န်ကြီးအိမ်ယာဖက်တွင် တိုက်ပွဲဖြစ်ပွား၊ စကစတပ်မှ လက်နက်ကြီးတွေ ပစ်ခတ်နေ
         April 14, 2023

ယနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက် အောက်ပိုင်း၌တည်ရှိသည့် ၀န်ကြီးအိမ်ယာ ဖက်တွင် တိုက်ပွဲဖြစ်ပွားပြီး ဟားခါးမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေကြောင်း သိရပါတယ်။ “၀န်ကြီးအိမ်ယာဖက်ကနေ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်ပြီး ပစ်‌ခတ်သံတွေ မိနစ် ၄၀ ကျော်ကြာ ကြားရတယ်။ အခုလည်း စစ်ကောင်စီတပ်က ဟားခါးမြို့ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  ယနေ့မနက်ပိုင်းမှာလည်း ချွန်ကျုံးရွာနဲ့ ဟားခါးအကြားတွင် တိုက်ပွဲပြင်းထန်ပြီး မနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ မွန်းလွဲပိုင်း ၁ နာရီနဲ့ ၃ နာရီတွင်လည်း ချွန်ကျုံးရွာနဲ့ ဟားခါး အကြား တွင် အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ် ၂ ကြိမ် ရောက်ရှိလာခဲ့ပြီး ပစ်ခတ်မှုမလုပ်ဘဲ လှည့်ပြန်သွားခဲ့သည်ဟု သိရပါတယ်။ https://www.facebook.com/photo/?fbid=72539838292 6118&set=a.716654970467126

၁၂။     လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ
         April 13, 2023

သျှမ်းပြည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား ဗဟိုမဏ္ဍပ် အနီးတွင် ယနေ့ (ဧပြီ ၁၃) ရက် နံနက် ၁၁ နာရီခွဲကျော်တွင် ဗုံးထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၄) ဦး ထက်မနည်းရှိကာ (၁၀) ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း လားရှိုးမြို့ ဒေသခံများထံမှ စုံစမ်းသိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော နေရာသည် လားရှိုးမြို့ ရန်တိုင်းအောင် ဗဟိုမဏ္ဍပ် အနီးရှိ ကားပါကင်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄) ဦး အထက်ရှိကာ ထိုထဲမှ ၃ ဦး သည် ရုပ်ပျက်ဆင်းပျက်နေကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူ (၁၀) ဦး အထက်ရှိကြောင်း ကူညီကယ်ဆယ်ရေး ပါဝင်သူ တစ်ဦးက ပြောသည်။ “ သေဆုံးသူ (၄) ဦး ထဲက ၃ ဦးကတော့ ရုပ်တော်တော်ပျက်သွားတယ်။ ဘယ်သူမှန်းတောင် ခန့်မှန်းလို့မရဘူး။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၀ ဦးရှိတယ်။ ဒီထက် လည်းများနိုင်တယ်”ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကဆိုသည်။ ပေါက်ကွဲသည့် နေရာသည် စစ်ကောင်စီမှ ဦးစီးပြု လုပ်သည့် ဗဟိုမဏ္ဍပ်ဖြစ်ပြီး (ဧပြီ ၁၃) ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဖွင့်ပွဲပြုလုပ်ရန် စီစဥ်ထားကြောင်းသိရသည်။

“ မဏ္ဍပ်ထဲ ပေါက်ကွဲတာ မဟုတ်လို့ တော်သေးတယ်။ အဲ့ထဲဆိုရင် လူတော်တော် သေမှာ။ ကျနော်တို့ အိမ်တောင် တုန်ခါသွားတယ်။ အခု မဏ္ဍပ် အဝင်၊ အထွက် ပိတ်လိုက်ပြီ၊ အထဲက လူလည်း အပြင်ထွက်လာလို့ မရသေးဘူး။ အပြင်က ကျနော်တို့လည်း သွားကြည့်လို့မရဘူး”ဟု လားရှိုးမြို့ အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦး က ပြောသည်။ သင်္ကြန် ကာလအတွင်း စစ်ကောင်စီမှ ပြုလုပ်ကျင်းပသည့် ရေကစား မဏ္ဍပ်များတွင် သွားရောက် ဆော့ကစားခြင်း၊ ပါဝင်ပတ်သက်ခြင်း မရှိရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကစာထုတ်ပြန်ခဲ့သေးသည်။ ဗုံးပေါက်ကွဲသော ကိစ္စသည်မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။ https://burmese.shannews.org/arc hives/34145

၁၃။   KNEC မှ Grade10 နဲ့ Grade11 အတန်းပြီးမြောက်ခြင်းနဲ့ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား              ကျင်းပပြုလုပ်ခဲ့
       April 14, 2023

ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) မှ ‌ဦးစီးဖွင့်လှစ်‌သင်ကြားပေးနေတဲ့ ကိုယ်ထူကိုယ်ထ  ‌အထက်တန်း အဆင့် Grade10 နဲ့ Grade11 ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အတန်းပြီးမြောက်ခြင်းနဲ့ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်း အနားကို ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းရှိ သောက်ရေခပ်ကျေးရွာနဲ့ ယာဒိုကျေးရွာတို့မှာ ဧပြီလ ၁၂ ရက်နေ့နဲ့ ဧပြီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ KNEC မှ ကယန်းဒေသအတွင်းမှာ ၂၀၂၂ – ၂၀၂၃ခုနှစ်ပညာသင်နှစ်အတွက် အထက်တန်း အဆင့် Grade10 နဲ့ Grade11 အတန်းတွေကို ၂၀၂၂ခုနှစ် ဇွန်လကနေ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ လအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ တာဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=6648659 52317133&set=pcb.664866088983786

၁၄။    KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦး ထောင် ငါးနှစ်စီ ချမှတ်ခံရ
        April 13, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မြစ်ကြီးနား ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက အတည်ပြုပြောပါတယ်။ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) အတွက် ထောင်ဒဏ် နှစ်နှစ်၊ အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)အတွက် ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ငါးနှစ်စီ ချမှတ်လိုက်တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “ဟုတ်တယ်၊ ထောင်ငါးနှစ် ချလိုက်တာ။ သူနဲ့လည်း တွေ့ခွင့်မရပါဘူး၊ စားသောက် စရာတွေ ထောင်ဝင်စာလား အဲဒါပဲ ပေးလို့ရလိုက်တယ်။ အမှုနှစ်မှုအတွက် ထောင် ငါးနှစ်ပေါ့၊ ထပ်ရင်ဆိုင်စရာအမှု မရှိတော့ပါဘူး၊ ကုန်ပါပြီ။ ကိုယ့်အမျိုးသားကို အဲဒီလိုထောင်ချခံရတယ် သတင်းကြားတာ စိတ်မကောင်း ဘူး၊ အရမ်းဝမ်းနည်းတယ်” KIO အုပ်ချုပ်ရေး အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် အစောပိုင်းမှာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးခံရချိန်ကနေ အခုအထိ မိသားစုနဲ့ တွေ့ခွင့်မရဘဲ၊ ရှေ့နေတွေကနေ တစ်ဆင့် ရိက္ခာပို့ခွင့်ပဲရတယ်လို့ မိသားစုဝင် တွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ အရာရှိ ၁၃ ဦးထဲမှာ KIO ရဲ့ အုပ်ချုပ်ရေးအရာရှိတွေဖြစ်ကြတဲ့ မုန်ရာ၊ ဘောမ်ချန်း၊ ခွန်းအောင်၊ တူးရှန်၊ မုန်ဒန်၊ လဖိုင်အောင်ဂမ်၊ နော်အောန်၊ ခေါယိန်း၊ နော်ဘန့်၊ လာအောင်၊ နော်လီတို့ ၁၁ ဦးရဲ့ နာမည်သိရ ပေမယ့် ကျန် နှစ်ဦးကိုတော့ မသိရသေးပါဘူး။ https://www.rfa.org/burmese/news/kio-administrative-officers-0413202 3041651.html

၁၅။    တနင်္သာရီမြို့နယ် သဲဖြူရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်း ပြန်ဆုတ်ခွာ
         April 14, 2023

တနင်္သာရီမြို့နယ် သဲဖြူရွာကို မတ်လကုန်ပိုင်းက စစ်ကြောင်းထိုးတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် ဧပြီ ၁၂ ရက်မှာ တပ်ပြန်ဆုတ်သွားတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်က ဒီနေ့ ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခဲ့တာမှာ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ သုံးစွဲပြီးနဲ့ ကျန်ရှိခဲ့တဲ့ ခဲယမ်းအချို့၊ယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကြောင်းထိုးချိန် ၁၀ရက်ကျော်အတွင်း စစ်ကောင်စီတပ်ကအနည်းဆုံး ၂၀ ကျော်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုနယ်မြေထဲ ဝင်ရောက်လာရင် ပြင်းထန်စွာ တုန့်ပြန် သွားမည်ဖြစ်ပြီး တန်ပြန်စစ်ဆင်ရေးကိုပါ တိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ လူထုအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်း ထားပါတယ်။  https://www.facebook.com/photo/?fbid=640975138043896&set=pcb.640975361377207

၁၆။    ဘီးလင်းတွင် အရပ်သားနေအိမ် ၄ လုံး မီးရှို့ခံရ၊ ပစ်ခတ်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး
         April 13, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးရွာတွင် ဧပြီလ(၁၂) ရက်နေ့က စစ်ကောင်စီမှ အရပ်သားနေအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီး ပစ်ခတ်မှုများလုပ် ဆောင်သဖြင့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။ ယမန်နေ့နံနက်ပိုင်းက အလူးလေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက နေအိမ်များ အား ထိုသို့မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် ဝင်းပြန်ရွာ စစ်ကောင်စီတပ်စခန်းမှ ပစ်ကူတိုက် ခိုက်ခဲ့သော လက်နက်ကြီးကြောင့် အလူးလေးရွာခံအမျိုးသမီးကြီးတစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သလို ဒေသခံများလည်း နေရပ် စွန့်ခွာထွက်ပြေးနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “မီးရှို့ခံလိုက်ရတဲ့အိမ်(၄)လုံးက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ၊ တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးကြတာဆိုတော့ အိမ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး။ လက်နက်ကြီးက အလူးကြီးအရှေ့ ရွာဘက်ကိုကျပြီး အဘွားတစ်ယောက် လက်မောင်းကိုရှပ်ထိသွားတယ်။ ပြီးတော့ တိုက်ပွဲဖြစ် တုန်း မြို့ပေါ်ကနေ ရွာဘက်ပြန်လာတဲ့ ရွာသားတစ်ချို့ရဲ့ကားတွေ၊ ဆိုင်ကယ်တွေလည်း စစ်တပ်ကသိမ်း တာခံလိုက်ရတယ်။ လောလောဆယ်တော့ အလူးလေးရွာခံတွေအားလုံးနီးပါး ပြေးကုန်ကြပြီ။” ဟု ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် အလူးကျေးရွာနှင့် ဝင်းပြန်အစရှိသည့် ကျေးရွာများဘက်တွင်လည်း စစ်ကောင်စီက လူ အင်အားထပ်မံဖြည့်တင်းထားပြီး စစ်ရေးအခြေအနေ တင်းမာမှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။ “ရွာသားတွေကတော့ လောလောဆယ် ဆွေမျိုးနီးစပ်ရာနဲ့ ဘေးလွတ်တဲ့နေရာတွေမှာ တိမ်းရှောင် နေရတယ်။ စစ်တပ်က ရွာ တွေမှာခြေကုပ်ယူထားချင်တာ။ တိုက်ပွဲဖြစ်‌တော့ ကြွက်မနိုင်ကျည်မီးရှို့တဲ့သဘောနဲ့ အိမ်တွေကိုမီးရှို့တာပဲ။”ဟု ဒေသခံများ၏ အခြေအနေနှင့်ပတ်သက်၍ အခြားဒေသခံတစ်ဦးကလည်းပြောသည်။ အလားတူ ပြီးခဲ့သည့်မတ်လ (၂၉)ရက်နေ့က အလူးကျေး ရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီယာဥ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါစစ်ကောင်စီတပ်များ က ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ(၂)ဦး ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်။ https://www.facebook.com/photo/?fbid=6 04545231702359&set=pcb.604545388369010

၁၇။    မတူပီမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းပြီး ဒဏ်ရာပြင်းထန်စွာ ရရှိ
         April 13, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာက ဦးဘွေကုန် (အသက် ၇၃) နှစ်ခန့်ဟာ စစ်ကောင်စီတပ်သားများ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိသောကြောင့် ညာဘက်ခြေထောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း သတင်းရရှိပါတယ်။ ဦးဘွေကုန် ဟာ ဧပြီ ၁၃ ရက်မနက်မှာပဲ ဝဥခြံကိုအသွား လမ်းမှာမိုင်းနင်း မိခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က ထယ်ဘွေးစခန်း ကို ရိက္ခာသွားပို့ခဲ့သော စစ်ကောင်စီတပ်သားများဟာ အများပြည်သူသုံးလမ်းပေါ်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် အခု လို ပြည်သူများ မိုင်းအန္တရာယ်အကြား စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာဖြစ်ပါတယ်။ မတူပီမြို့နယ်တွင် မိုင်းရှာ ကိရိယာ ကောင်းကောင်းမရှိသောကြောင့် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်းကြောင့် ထိခိုက်မှု ဆက်လက်ရှိလာ နိုင်ကြောင်း မတူပီမြို့နယ် ဒေသ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ထို့ကြောင့် လိုအပ်နေသော မိုင်းရှင်း စက်ဝယ်ယူရန် အကူအညီ လိုအပ်သောကြောင့် မိဘပြည်သူများကလည်း တစ်ဘက်တစ်လမ်းက ကူညီပေးရန်လည်း တောင်းဆို ထားပါတယ်။ https://zalen.info/%e1%80%99 %e1%80%90%e1%80%b0%e1%80%95%e1%80%ae%e1%80%99%e 1%80%bc%

၁၈။    ရာသီဥတုအပြောင်းအလဲကြောင့် စစ်ဘေးဒုက္ခသည်တချို့ ကျန်းမာရေးထိခိုက်နေ
         April 12, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်တစ်ခုမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် တချို့ဟာ ရာသီဥတု အပြောင်းအလဲကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေကြောင်း သိရှိရပါတယ်။ စစ်ရှောင်အများစုဟာ တိုက်ပွဲတွေကြား အသက် လု ထွက်ပြေးလာရတာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာတွေရရှိပြီး စားမဝင်၊ အိပ်မပျော်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း တွေအပြင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားမှုနဲ့ ကြုံတွေ့နေရပြီး သောက်သုံးဖို့ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ “လည်ချောင်း နာနေတယ်လေး၊ တံတွေးမြိုချလို့မရဘူး၊ မနေ့ကမှ ဖြစ်တယ်။ ဒီမှာက ဆေးခန်းမရှိလို့လေး၊ ဒီထိ လာရတယ်လို့” အသက် ၄၅ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နေမကောင်းဖြစ်နေတဲ့ စစ်ရှောင်သူအများစုဟာ အပြောင်းအရွေ့ကြောင့်ဖြစ်သလို ရာသီကူးပြောင်းချိန်ဖြစ်နေတဲ့အ တွက် ဂရုစိုက် လုပ်ဆောင်သင့်တယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း ကျန်းမာရေးဆိုင်ရာ ကူညီပေးသူတစ်ဦးက ဆိုပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှ စစ်ရှောင်ဒုက္ခသည်တွေ အပါအဝင် နေရပ်အသီးသီးက စစ်ဘေး တိမ်းရှောင်လာသူတွေ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ရှိတဲ့ စစ်ဘေးရှောင် စခန်းတစ်ခုဖြစ်ပါတယ်။ စစ်ရှောင်စခန်းအပြင် ဒီးမော့ဆိုမြို့နယ်အတွင်းက နီးစပ်ရာဆွေ မျိုးအိမ်တွေမှာ နေထိုင်ကြသူ‌တွေလည်းရှိပါတယ်။ လက်ရှိအခြေအနေအရ တစ်လကျော်အကြာမှ တဲအိမ်စတင်တည်ဆောက်မှု ရှိနေပြီး လက်ရှိမှာတော့ အိမ်ခြေ ၂၀၊ လူဦးရေ ၁၀၀ ကျော် အဲ့ဒီ စစ်ဘေးရှောင်စခန်းမှာ အကူအညီလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80% 9b%e1%80%ac%e1%80%9e%e1%80%ae%e1%80% a5%e1%80

၁၉။    ကချင်ဒေသမှာ မြေရှားသတ္တုတူးဖော်မှုတွေရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
         April 13, 2023

ကချင်ပြည် ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေက အင်ဘာပါ၊ ဒိန်ဆိန်း ဘွမ်၊ ခပရာ ကျေးရွာတွေမှာ မြေရှားသတ္တု တူးဖော်မဲ့ လုပ်ငန်းတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်းတွေက ဧပြီလ ၁၃ ရက် ဒီနေ့ သဘောထား ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ KIO ထိန်းချုပ်နယ်မြေ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ဒေသခံပြည်သူလူထုတွေကို ကြိုတင်ညှိနှိုင်းဆွေးနွေးတာမရှိဘဲ မြေရှားသတ္တုတူးဖော်နေတာ နှစ်အ တော်ကြာနေပြီဖြစ်ပြီး ဆက်လက်ပြီးတော့လည်း တူးဖော်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပါရှိပါတယ်။ ဒေသခံပြည်သူတွေရဲ့ အသံ တွေမပါဘဲ လုပ်ဆောင်နေမှုတွေကို ရပ်တန့်ပေးဖို့အတွက် ရည်ရွယ်ပြီး ဒီနေ့ထုတ်ပြန် တောင်းဆိုတာလို့ ကချင်ပြည်နယ် လူထု အခြေပြုအဖွဲ့အစည်း များရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတယ်။ “အင်းခေါင်ပါ၊ ဒိန်ဆိန်းပါ၊ အင်ဘာပါမှာ နေထိုင်တဲ့ပြည်သူတွေ ကို သက်ဆိုင်တဲ့ အာဏာပိုင် KIO နဲ့ လုပ်ငန်းရှင် တွေနဲ့လည်း အကြိမ်ကြိမ်ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်။ သို့သော်လည်း သက်ဆိုင်ရာ အဏာပိုင်အဖွဲ့အစည်းတွေက လုပ်ငန်းရှင်တွေက ဒေသခံတွေရဲ့ အသံတွေကိုနားမထောင်ဘဲ ဆက်ပြီးတော့လုပ်ဆောင်နေ တယ်။ အဲတော့ ဒေသခံတွေနဲ့ တစ်သားတည်း ဒေသခံတွေရဲ့ အသံတွေ၊ သူတို့ ရဲ့သဘောဆန္ဒမပါဘဲ လုပ်ဆောင်မှုကို ရပ်တန့် ပေးဖို့အတွက် ကျနော်တို့ ရည်ရွယ်တာ ဖြစ်ပါတယ်” မြေရှားသတ္တု တူးဖော်မှုကြောင့် တောတောင်တွေ ပျက်စီးသလို ချောင်း တွေလည်း အကုန်ပျက်စီးသွားပြီလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်နဲ့ သမိုင်းဝင်အမွေအနှစ်မြေနေရာတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ် နေသလို ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေးကို ခြိမ်းခြောက် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ သဘာဝသယံဇာတတွေကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှော့ချပြီး ဒေသခံလူထု ရဲ့ ဖွံ့ဖြိုးရေးနဲ့ ရေရှည်တည်တံ့တဲ့ သယံဇာတအပေါ်မှီခိုမှုကင်းတဲ့ စီးပွားရေးစနစ်တွေကို နည်းလမ်းရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ကချင်ပြည်နယ် မံစီမြို့နယ် အင်ဘာပါ ကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီက မြေရှား သတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က သွားရောက်ပြီး ဖျက်ဆီး ခဲ့ကြပါတယ်။ အဲဒီဒေသ မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကစလို့ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်လာတာဖြစ်ပြီး ဒေသခံတွေကလည်း အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြခဲ့သလို KIO ကိုလည်း စာတင်ပြခဲ့တာတွေ လည်း ရှိခဲ့ပါတယ်။ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရ KIO ထိန်းချုပ်နယ်မြေ အင်ခေါင်ပါ စစ်ဘေးဒုက္ခသည်စခန်း အနီးတစ်ဝိုက်မှာလည်း မြေရှားသတ္တု တူးဖော် နေတဲ့ ကုမ္ပဏီ အနည်းဆုံးခြောက်ခုရှိပြီး သတ္တုတူးဖော်တဲ့ လုပ်ကွက် ၁၅ ခုလောက်ရှိပါတယ်။ https://www.rfa.org/burme se/news/kachin-rare-earth-protested-04132023090841.html

၂၀။   ဒီးမော့ဆိုအနောက်ခြမ်း ကျေးရွာတစ်ရွာမှာ ၁နှစ်ခွဲအရွယ်ကလေးတစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီးနောက်           သေဆုံး

April 14, 2023

ဧပြီလ ၁၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီးနောက် ၁ နှစ် ခွဲအရွယ်ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဝမ်းပျက်ဝမ်းလျှောနဲ့ဆုံးတာပေါ့။ ၂ ရက် ၃ ရက် ဘဲ ဖျားသေးတယ် အခြားဖျားတဲ့ကလေးတွေလဲရှိသေးတယ်။ ကာလဝမ်းရောဂါလို့ပြောလို့လဲရတယ်ပေါ့။” လို့ ကျေးရွာခံတစ်ဦး က ပြောပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာသေဆုံးပြီး ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာ သဂြိုလ်ပြီးစီးခဲ့ပါတယ်။  အဆိုပါ ကျေးရွာက ကလေးအချို့မှာလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ ကျေးရွာခံတွေကပြောပါတယ်။ နွေရာသီအကူးအပြောင်း ကာလ မှာ ဒေသခံကလေးငယ်တွေနဲ့ စစ်ရှောင်ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိနေပါတယ်။ https://ww w.kantarawaddytimes.org/%e1%80%92%e1%8 0%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

၂၁။   နမ့်ဖတ်ကာ (၁၂) မိုင်စျေးမှ မီးဘေးသင့်သူတွေအတွက် နေအိမ်ပြန်ဆောက်ဖို့ အကူအညီ လိုအပ်နေ
       April 13, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသ (၁၂)မိုင်စျေး မိုင်းလွမ်းရွာမှ မီးဘေးသင့်သူတွေအတွက် နေအိမ်ပြန် ဆောက်ဖို့ ငွေကြေး အကူအညီလိုအပ်နေတယ်လို့ မီးဘေးသင့်သူတွေကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ မီးလောင်သွားတဲ့ အိမ် ၃၉ အိမ်ထဲမှာ လူနေအိမ် ၂၇ အိမ် ပါဝင်ပြီး မီးဘေးသင့်သူထဲ အသက် ၁၈ နှစ်အောက် အမျိုးသမီး ၁၈ ဦး အမျိုးသား ၁၁ ဦးနဲ့ အသက် ၁၈ နှစ်အထက် အမျိုးသမီး ၃၈ ဦး အမျိုးသား ၃၇ ဦး စုစုပေါင်း ၁၀၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက်၊ အဝတ်အစား၊ စောင်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေကိုတော့ နီးစပ်ရာမြို့မှ အလှူရှင်တွေ လာလှူကြပြီး အဓိက အိမ်ပြန်ဆောက်ပေးဖို့ လိုအပ်တယ်လို့ ကူညီပေးနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အလှူရှင်တွေလည်း တတ်နိုင်သလောက်တော့ လာလှူကြတယ်။ စားသောက်ဖို့ကိုဘဲ ဦးစားပေးလာလှူကြတယ်။ အဓိကတော့ မိုးမကျခင် သူတို့အိမ်တွေပြန်ဆောက်ပေးနိုင်ဖို့လိုမယ်” မီးဘေးသင့်ရွာခံတွေကလည်း မိုးရာသီမရောက်ခင် အိမ် အပြီးဆောက်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ မီးဘေးသင့်သူ အမျိုးသားတစ်ဦးက “အခုက ကျနော်တို့ အိမ်ပြန် ဆောက်နိုင်ဖို့ ပိုက်ဆံဘဲလိုတယ်။ ပြန်လည်ထူထောင်ဖို့အတွက် ဝိုင်းကူပေးစေချင်တယ်” လို့ ပြောပါတယ်။  ကျေးရွာ ပြန်လည် ထူထောင်ရေးအတွက် ပါဝင်ကူညီလိုသူတွေအနေနဲ့ ဦးလီဝု ဖုန်း 09-449 762 711 သို့ ဆက်သွယ်နိုင်ပါတယ်။ https://www.fac ebook.com/photo/?fbid=548214924152443&set=pcb.54822 6780817924

၂၂။    နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီများ ထပ်မံပိတ်ဆို့ထားသည့်အတွက် စက်သုံးဆီပြတ်လပ်
       Apirl 13, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ တင်သွင်းမည့် စက်သုံးဆီကားများကို နန့်ယားစစ်တပ်ဂိတ်တွင် သွားခွင့် ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင် စက်သုံးဆီများပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ နန့်ယား စစ်တပ်ဂိတ်တွင် ပြီးခဲ့သော ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ကို တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ် တင်ကားများကိုတားမြစ်ထား သောကြောင့် ဧပြီလ ၁၂ ရက်နေ့မှစတင်ကာ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်လာခဲ့ရာ ယနေ့တွင် လုံးဝပြတ်တောက်သွား ပြီဖြစ်ကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ “ဒီဘက်မှာတော့စက်သုံးဆီတွေလုံးဝ ပြတ်နေပြီ ဆီစပြီး ပြတ်တာက ၃ ရက်လောက်ရှိပြီဒီနေ့တော့ ဘယ်မှဝယ်မရတော့ဘူး ဆီပန့်တွေအားလုံးပိတ် ထားပြီ မနေ့ကတော့တချို့ဆိုင်တွေ ရတယ် ဓာတ်ဆီ တစ်ဂါလံကို ၁၆၀၀၀ ပေးရတယ်ဒီနေ့ တော့လုံးဝပိတ်သွားပြီ”ဟုပြောသည်။

ယမန်နေ့အထိ လုံးခင်းနှင့် အခြားသောနေရာများတွင် ဆီပန့်ဆိုင်၊ လမ်းဘေး ဓာတ်ဆီဆိုင်များတွင် အနည်ငယ်ရောင်း ချပေးမှုများရှိနေခဲ့ပြီး ယနေ့တွင် ဆီပန့်များပါ ပြတ်လပ်သွားကြောင်းသိရသည်။ ပြီးခဲ့သောအပတ်က ဖားကန့်ဒေသတွင် ဓာတ်ဆီ တစ်လီတာ ၃၈၀၀ ကျပ်နှင့် ဒီဇယ် တစ်လီတာ ၂၆၀၀ ကျပ်ဝန်းကျင်အထိရှိခဲ့ပြီး ယမနေ့တွင် ဓာတ်ဆီတစ်ဂါလံ ၁၆၀၀၀ ကျပ်နှင့် ဒီဇယ် တစ်ဂါလံ ၁၅၀၀၀ ကျပ်အထိရှိခဲ့ကြောင်း ဒေသခံများပြောသည်။ သို့သော် တစ်ဖက်တွင် ဆီပြတ်လပ်မှုကြောင့် စက်သုံးဆီ အရောင်းဆိုင်ကြီးများ ပိတ်ထားသော်လည်း ဖားကန့်တွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ နေ့ည မပြတ် စက်ယန္တရားကြီး များ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း ဆက်လက်သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီနှင့် ဆန်ကားများ မကြာခဏ ပိတ်ဆို့မှုများလုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စက်သုံးဆီတစ်ဂါလံ ၂၀၀၀၀ ကျပ်အထိ မြင့်တက်သွားကာ ဆန်တစ်အိတ် ကျပ်တစ်သိန်းအထိ ရှိခဲ့သည်။ https://www.facebook.com/photo/?fbid=605 877971573478&set=pcb.60 5878614906747

၂၃။    ကရင်နီစစ်ဘေးရှောင်ကလေးများကို ကလေးပျော်အစီအစဥ်များပြုလုပ်ပေး
        April 13, 2023

ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ကလေးများအတွက်Karenin Volunteer Team(KVT)က ဧပြီလ ၁၂ ရက်နေ့သွားရောက်ပြီး အာဟာရကျွေးခြင်းအပါအဝင် ကလေးပျော်အစီအစဥ်များပြုလုပ်ပေးခဲ့ကြောင့် ဆိုကြသည်။အဆိုပါ KVT ဖွဲ့မှ ကရင်နီပြည်၊ဟိုယာတိုက်နယ်ရှိ စစ်ဘေးရှောင်စခန်းတွင်ကလေးများ စိတ်ပျော်ရွင်ခွန်အားရရှိနိုင်ရန် ဂိမ်းကစားခြင်းနှင့် အကများဖြင့် ဖျော်ဖြေမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ”အရင်က ”သားသားမီးမီးလည်း ပျော်တတ်ပါတယ်” အစီအစဥ်နာမည်နဲ့ သွားတယ်။ ခုက happy, healthy and hel pful ဆိုတဲ့ ခေါင်းစဉ်အသစ်နဲ့ ထပ်သွားလိုက်တယ်ပေါ့နော်။”ဟု KVT မှတာဝန် ရှိသူတစ်ဦးက ပြောသည်။ ထို Karenin Volunteer Team ကို ၂၀၂ ၂ ခုနှစ်၊မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ပြီး နိုင်ငံတကာ ရောက် မြန်မာပြည်သားများနှင့် တခြားအလှူရှင်းများ ၏ထည့်ဝင်လှူဒါန်းငွေများဖြင့် စစ်ဘေးရှောင်များအရေး ဆောက်ရွက်နေ ခြင်းဖြစ်သည်။

ထိုကရင်နီပြည်ရှိစစ်ဘေးရှောင်များအတွက် ရာသီအလိုက်လိုအပ်ချက်များအပြင် ကလေးသူငယ်များကို ကိုယ်စိတ်နှစ် ပါးပျော်ရွှင်ခြင်းများအတွက် ပြုလု ပ်ပေးရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင့်လည်း ရှင်းပြသည်။ ”ကျွန်မတို့ KVT team ထောက်ပံ့မှုတွေမပြုလုပ်ခင် စစ်ဘေးရှောင် လူဦရေစာရင်းတွေကောက်ပါတယ်။ ပြီးရင်စစ်ရှောင်တွေနဲ့ စကားပြောနှစ်သိမ့်မှု တွေလည်း လုပ်ပါတယ်။ စစ်ဘေးရှောင်ကော်မတီ၊ရပ်မိရပ်ဖတွေ၊ခေါင်းဆောင်တွေနဲ့အသင်းအကြောင်း မိတ်ဆက်တာတွေ လည်းလုပ်ခဲ့ပါတယ်။”ဟု  KVT မှတာဝန်ခံအမျိုးသမီးက ပြော သည်။ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် ကရင်နီပြည်နယ် တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်သိန်းနှင့်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ https://www.facebook.com/photo/?fbid=782 777369878320&set=pcb.782778356544888

၂၄။   ဟားခါးမြို့ USDP ပါတီရုံးအား CDF မှ ပြည်သူပိုင်အဖြစ် သိမ်းဆည်း
        April 13, 2023

စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် USDP ပါတီ၏ ဟားခါးမြို့နယ်ပါတီရုံးအား CDF-ဟားခါးမှ ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။ USDP သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့်၊ ဟားခါးမြို့နယ်အတွင်းရှိ ပါတီ၏ ရုံးနှင့် အခြားသော ပိုင်ဆိုင် မှုအားလုံးကို (ဧပြီ ၁၂)မှ စတင်ကာ ပြည်သူပိုင်အဖြစ် သိမ်းဆည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် တော်လှန်ရေးကာလအတွင်း CDF-Hakha Council မှ လိုအပ်သလို စီမံဆောင်ရွက်သွားမည် ဖြစ်သဖြင့် ယခုကဲ့သို့ အမိန့် ကြေညာစာ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

CDF-Hakha Council မှ ယခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည့်အတိုင်း၊ တိုင်းပြည်နှင့် လူမျိုး အကျိုးထက် မိမိပါတီ ရှင်သန်နိုင်ရေးအတွက် ရှေးရှု့ကာ အကြမ်းဖက် စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ရေးအတွက် စစ်ကောင်စီ ထံ မှတ်ပုံတင်ထားသည့် ပါတီများကို မတရားအသင်းအဖြစ် ကြေညာထားသည်။ ထို့ပြင် ယင်းပါတီများနှင့် အာဏာရှင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သည့် အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။ စစ်ကောင်စီမှကျင်းပမည့်ရွေးကောက်ပွဲသည် ပြည်တွင်းငြိမ်းချမ်းရေးထက်၊ ပြသနာ များ ပိုမိုဖြစ်ပွားနိုင်သည့်အတွက် လက်မခံကြောင်းကိုလည်း နိုင်ငံတကာမှလည်း ကန့်ကွက်ထားကြသည်။ https://www.faceb ook.com/photo/?fbid=196890319770012&set=a.121904 670601911

၂၅။     စစ်ကောင်စီက ကားလမ်းများပိတ်ဆို့ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်
         April 14, 2023

ကရင်နီပြည်နယ်တွင် ကားလမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ စစ်ရှောင်ပြည်သူနှင့် ဒေသခံပြည်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လနောက်ပိုင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲပြင်းထန်လာခဲ့သည့်အချိန်မှစပြီး ဆန်တစ်အိတ်လျှင် ယခင်က လေးသောင်းခွဲပေးရ သော်လည်း ယခု ခုနှစ်သောင်းကျော် ဈေးတက်သွားသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်ဟု ဖယ်ခုံစစ်ရှောင် အမျိုးသားတစ်ဦးကပြောသည်။ “ခုဆန်တွေ ဘာတွေမရှိတော့ဘူး။ စစ်ရှောင်တွေဆိုရင် သုံးနပ်စားရမဲ့ဟာဆိုရင် နှစ်နပ်ပဲစားရ တော့တာမျိုးပေါ့။ ဆေးဝါးတွေဆိုရင်လည်း ဒီရွာဘက်မှာနေတဲ့သူတွေဆို ပိတ်ထားတော့ကျ အရမ်းခက်ခဲတာပေါ့။ နောက်က စက်သုံးဆီတွေပေါ့နော် ဆေးဝါးတွေ ရိက္ခာတွေပျက်သွားတော့ ပိုပြီးခက်ခဲသွားတာ။ တစ်နေရာနဲ့ တစ်နေရာသွားမယ်ဆိုရင် ဆီပျက်တော့ကျအရမ်းခက်ခဲတယ်။ သူများဆီမှာ ကပ်နေရတာမျိုးတွေ ပိုက်ဆံတွေမရှိဘူးဆိုရင် ဆွေမျိုးမျက်နှာကြည့်ပြီးတော့ စားရတာဆိုတော့လေ စိတ်ဒဏ်ရာတွေရတာပဲ မျက်နှာငယ်ရတယ်လေ” ဟုပြောသည်။ မြို့ပြနှင့်ဝေးသော တောတောင်များ တွင် စစ်ရှောင်နေရသောကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီများလည်း လိုအပ်နေကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ် စစ်‌ရှောင်စခန်းများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့နေရပြီး သောက်သုံးရေ ရရှိနိုင်ရန် ကားတစ်စီးလျှင် ရေတင်ခ ခုနှစ်သောင်းကျော်ခန့် ကုန်ကျရသည်ဟု ပင်လောင်းမြို့နယ် တောတွင်းတစ်နေရာတွင် စစ်ရှောင်နေ သော အမျိုးသားတစ်ဦးက ပြောသည်။ “အရင်ကဆိုရင် ရေသယ်ကားနဲ့ သယ်ပြီးရေရတယ်။ ဒါပေမဲ့ ခုနားထားတာ တစ်ပတ် လောက်ရှိသွားပြီ။ အဲ့တော့ ရေရဖို့အတွက် တောင်အောက်ကို ဆိုင်ကယ်နဲ့ ပုံးတွေနဲ့ ဆင်းပြီးသွားသယ်ရတယ်။ ဆိုင်ကယ်ဆီ ကလည်း ဈေးကြီးတာရော ပြီးရင် ကားလမ်းတွေပိတ်လို့ဆိုပြီး လက်ကျန်ပဲရောင်းတာ။ အရင်က တစ်လီတာ နှစ်ထောင်ကျော် ဆိုရင် ခုက သုံးထောင်ကျော်သွားပြီ။ ဆီတွေက ဈေးကြီးလာတော့ ချွေတာသုံးပြီး လမ်းကို ရှည်ရှည်ပြန်လျှောက်ရတာပါပဲ။ ခုက စားသုံးဆီတွေရော၊ ဆားတွေ၊ တွေရင်လည်း အဆမတန်တက်သွားတာဆိုတော့လေ အရမ်းခက်သွားတာ။ တောတောင်ထဲရှာ စားမယ်ဆိုရင်ကလည်း မိုင်းတွေကြောက်ရနဲ့ အရမ်းခက်ခဲနေတာပေါ့” ဟုပြောသည်။ စစ်ရှောင်နေရသဖြင့် အလုပ်အကိုင်အခွင့် အလမ်းမရှိကာ ဝင်ငွေမရှိသည့်အပြင် ဆန်၊ ဆီ၊ ဆား စသော အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာသောကြောင့် အကန့်အသတ်ဖြင့် ချက်ပြုတ်စားသောက်နေရသည်ဟု ဒီး‌မော့ဆိုမြို့နယ်အတွင်း စစ်ရှောင်နေသော အမျိုးသမီးတစ်ဦးက ပြော သည်။ “အခု ကျွန်မတို့ဘက်က ရွာပြန်လို့လည်း မရဘူး။ စစ်ကောင်စီကလည်းတပ်စွဲထားတယ်။ လက်နက်ကြီးတွေလည်း အရမ်းကျတာလေ။ အဲ့ကြောင့် အခု သူများရွာမှာ စစ်ဘေးရှောင်နေရတာပေါ့။ လောလောဆယ်ကတော့ အရင်က ဆန်အဟောင်း တွေကို မျှပြီးစုပြီးစားကြတယ်။ အဓိက ခက်တာကတော့ ဆန်ဆီဆားတွေပေါ့။ ခက်ခဲတယ်ပေါ့နော်။ ပြီးတော့ အလုပ်က လည်းမရှိဘူး ဝင်ငွေကလည်းမရှိဘူးလေ။ နေ့စားလုပ်ချင်တာတောင် ဘယ်သူမှမခေါ်ကြဘူးပေါ့နော်။ ဒီချိန်က နေ့စားခေါ်တာ လည်းမရှိဘူးပေါ့။ တစ်ခါတလေ အရမ်းခက်တဲ့ချိန်ဆို ထမင်းက နှစ်နပ်ပဲစားရတဲ့ရက်တွေဆို ကလေးတွေက မနေတတ်ဘူးလေ။ အဲ့ကြောင့် ထမင်းသုံးနပ်ကို ဒီလိုမျှပြီးကျွေးနေရတာပေ့ါ” ဟုပြောသည်။ ကရင်နီစစ်ရှောင်များကို ကူညီပေးလိုပါက ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် https://www.facebook.com/profile.php?id=100069243400176၊  https:// www.facebook.com/mobyert  တွင်လှူဒါန်းနိုင်သည်။ https://www.facebook.com/photo/?fbid=541211371539869& set=pcb.541212084873131

၂၆။   ပဇီကြီးရွာအနီးကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်
       April 14, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခဲ့မှုမှာ ရွာအပြင်ဘက်က သီးခြားရှိနေတဲ့ အဆောက် အအုံကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာကနေတစ်ဆင့် ဧပြီလ ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပဇီကြီးရွာအနီးမှာ အမျိုးသားညီညွတ်ရေးအစိုးရရုံးအဖြစ် တည်ဆောက် ပြီး ဖွင့်ပွဲလုပ်ဖို့ စီစဉ်ခဲ့တာကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) အဖြစ် ဆောင်ရွက် ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေအထဲ လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ စခန်းထဲက မိုင်းတွေ၊ လက်နက်၊ ခဲယမ်းတွေ၊ လက်လုပ်မိုင်းနဲ့ ပဒေသာမိုင်းတွေ ထပ်မံပေါက်ကွဲခဲ့တာကြောင့်ဖြစ်ပြီး သေဆုံးသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ထောက်ခံအားပေးသူတွေဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပဇီကြီးကျေးရွာက အရင်ရှိခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရုံးကို ရွာအပြင်ဘက် ရွှေ့ဆောက်ခဲ့ပြီးနောက် ရွာဓလေ့အရ ဧည့်ခံကျွေးမွေးကြတာ ဖြစ်ပြီး စစ်စခန်းတစ်ခုမဟုတ်တာကြောင့် စစ်ရေးပစ်မှတ်မဟုတ် ဘူးလို့ ဧပြီလ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြောကြားချက်ထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီး လူသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့ တာဝန်ခံကတော့ စစ်ကောင်စီဘက်က ထုတ်ပြန်သလို အဆောက်အအုံထဲက လက်နက်၊ ခဲယမ်း တွေ ထပ်ဆင့် ပေါက်ကွဲတာကြောင့် သေဆုံးတာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာလို့ ပြောပါတယ်။ “အဲဒါက မဟုတ် ဘူးဗျ။ အဆောက်အအုံထဲမှာ ဘာမှမရှိပါဘူး။ လေကြောင်း တိုက်ခိုက်လို့ သေကြရတာ။ နောက်တစ်ခုက စစ်ရေးပစ်မှတ် ဟုတ်၊ မဟုတ်ဆိုတာ သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေက သက်သေပဲလေ” ဧပြီလ ၁၁ ရက် မနက်ပိုင်းက ပဇီကြီးရွာကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလ ၁၃ ရက် ညနေပိုင်းအထိ သေဆုံးသူအရေအတွက် ၁၆၈ ဦးအထိရှိလာပြီလို့ မြေပြင် ကူညီရေးအဖွဲ့တွေရဲ့ ပေးပို့ချက်ကို ကိုးကားပြီး ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေအထဲ အသက် ၁၀ နှစ်အောက် ကလေးငယ် ၂၅ ဦး၊ အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၁၂၁ဦး၊ အမျိုးသမီး ၄၇ ဦးတို့ ပါဝင်ပါတယ်။ https://www.rfa.org/burmese/news/pazigyi-attacked-junta-targ et-04142023035205.html

၂၇။   ဘက်ဟိုးနှင့်ဆီသယ်ကားများကြောင့် မချမ်းဘော့-ဘင်ခူး လမ်းပိုင်း ဆိုးဝါးစွာ ပျက်စီးနေဟုဆို
        April 14, 2023

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့မှ ဘင်ခူးကျေးရွာသွားရာလမ်းတွင် ရွှေမှော်များသို့သွားသည့် ဘက်ဟိုးများနှင့် ဆီတင် ကားများကြောင့် ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါကျေးရွာလမ်းသည် ဆိုးဝါးစွာ ပျက်စီးသွားသော ကြောင့် ခြေလျင်ဖြင့် ခရီးသွားရန်ပင် ခက်ခဲသွားကြောင်း အသက် ၂၅ အရွယ် ဘင်ခူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “လမ်းကတော့ လုံးဝကိုသွားလို့မရတော့ဘူး။ ရွံ့တွေက ဒူးလောက်ထိရောက်တယ်။ ဆီတင်တဲ့ကားတွေက ဘက်ဟိုးတွေနဲ့တွဲပြီး သွားကြတာ။ သူတို့အဆင်ပြေသလို လမ်းတွေကိုလည်း တူးချင်သလိုတူးပြီး ကောင်းကောင်းက ပြန်မလုပ်ထားပေးဘူး။ ချိုင့်တွေ ခွက်တွေမှာဆို ရေကဝပ်။ အခုတောင်မိုးရာသီမရောက်သေးဘူး။ လမ်းကတော့အရမ်းခက်နေပြီ။ ဒီတိုင်းပဲဆိုရင်တော့ မိုရာသီမှာ က သွားလို့ရမယ့် အနေထားမရှိဘူး”ဟုပြောသည်။ ဘင်ခူးကျေးရွာသည် မချမ်းဘော့မြို့မှ ဆယ်မိုင်ခန့်ကွာဝေးသော ကျေးရွာဖြစ် ပြီး သုံးမိုင်ခန့်မှာ ဆိုးဆိုးဝါးဝါးပျက်စီးနေသောကြောင့် ခြေကျင်ဖြင့် ဆက်သွားရကြောင်း သူကဆက်ပြောသည်။ 

အဆိုပါလမ်းသည် ယခင်ကတည်းက သွားလာရန်ခက်ခဲသောလမ်းဖြစ်ပြီး ရွှေမှော်များသို့သွားသော ဆီတင်ကားများနှင့် ဘက်ဟိုးများကြောင့် ပိုမိုပျက်စီးသွားကြောင်း ဒေသခံ ရပ်မိရပ်ဖ အမျိုးသားတစ်ဦးကပြောသည်။  “မြေနီလမ်းဟုတ်လို့ မိုးနည်း နည်းရွာလိုက်တာနဲ့ ဆိုင်ကယ်တွေသွားလို့မရဘူး။ ချိုင့်တွေမှာ တစ်ခါတလေ ရွှေမှော်ဘက်က ဘက်ဟိုးတွေ မြေဖို့ပေးတာ တော့ရှိတယ်။ ကျောက်ခဲမပါတော့ ဆီတင်တဲ့ကား တစ်ခါလောက်သွားလိုက်တာနဲ့ ရွံ့တွေပြန်ဖြစ်သွားတယ်” ဟုပြောသည်။ ထိုကျေးရွာလမ်းကို အသုံးပြုနေသော ရွှေမှော်များမှာ ထီးခချောင်း(နမ့်ထီချောင်း)နှင့် ဘင်ခချောင်းတွင်ရှိသော ရွှေမှော်များဖြစ် ပြီး ရွှေဆိုင်းဆယ်ဆိုင်းထက်မနည်းရှိကာ ဘက်ဟိုးများဖြင့် ရွှေတူးဖော်နေကြောင်း ဒေသခံများထံမှသိရသည်။ ပျက်စီးနေသော အဆိုပါလမ်းကို မိုးရာသီမရောက်မည် အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေသည်။  ဘင်ခူးကျေးရွာ ပါဝင်သော အင်ဘူဘော့ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စားရင်အရ လူဦးရေ ငါးရာခန့်နေထိုင်ကြပြီး ဝမ်းရေးအတွက် စိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်နေသော ကျေးရွာတစ်ခုဖြစ်သည်။ https://www.facebook.com/photo/?fbid=54118390820 9282&set=pcb.541184258209247

၂၈။    ပျူစောထီးတွေ ဦးဆောင်ကျင်းပတဲ့ ရွာငံမှ လောင်းကစားဝိုင်းကို စစ်ကောင်စီ ဟန်ရေးပြ လာရောက်စစ်ဆေး
        April 13, 2023

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်ထဲမှ လောင်းကစားဝိုင်းတချို့ကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှာ လာရောက် စစ်ဆေးခဲ့တယ်လို့ ဓနုဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အခုလို စစ်ဆေးတာဟာ စစ်အာဏာသိမ်းပြီးကတည်းက ဓနုဒေသတွေမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတယ်ဆိုပြီး ဒေသခံတွေက ဝေဖန်ခဲ့တာကြောင့်ဖြစ်တယ်လို့ သတင်းရင်းမြစ် တွေက ပြောပါတယ်။ မြင်းဝန်းရွာနေ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူတို့က ရှောင်တခင် စစ်တာမဟုတ်ဘူး။ သုံးလေးရက်လောက်ကတည်းက လာမယ်ဆိုတာ အကြောင်းကြားထားတာ။ ဦးဆောင်တဲ့ လူတွေက ပျူတွေဆိုတော့ အထက် က ကြိုရှောင်ခိုင်းတယ်လေ။ သူတို့ လာစစ်တာ တစ်ဝိုင်းမှ မတွေ့ဘူး” လို့‌ ပြောပါတယ်။ စစ်ဆေးခံရတဲ့ ကျေးရွာဟာ ရွာငံမြို့နယ် မြင်းကျဒိုး ကျေးရွာအုပ်စု မြင်းဝန်းရွာဖြစ်ပြီး စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က လာရောက် စစ်ဆေးခဲ့တာပါ။

အဲဒီကျေးရွာက လောင်းကစားဝိုင်းဟာ ပျူစောထီးတွေ ဦးဆောင်ကျင်းပတာဖြစ်ပြီး လောင်းကစားဝိုင်းကရတဲ့ ဆက်ကြေးတွေကိုစစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့ကိုပေးဆောင်ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲဒီလောင်း ကစား မဏ္ဍပ်တွေကို သံမဏိတွေနဲ့ တည်ဆောက်ထားပြီး မီးစက်နှိုးပေးထားတဲ့အပြင် လောင်းကစား လာလုပ်တဲ့လူတွေရဲ့ ဆိုင်ကယ်တွေကို သံကွင်းတွေနဲ့ သော့ခတ်ပြီး စစ်ကောင်စီတပ်သားတွေက လုံခြုံရေးယူပေးထားတယ်လို့ မြင်းဝန်းရွာနေ အသက် ၃၂ နှစ်အရွယ်အမျိုးသားက ဆက်ပြောပါတယ်။ “ပျူတွေ လုပ်တယ်ဆိုတော့ သူတို့စစ်တပ်တွေကပါ လုံခြုံရေး ယူပေး ထားတာ။ ဒေသခံတွေလည်း လောင်းကစားဘက် ရောက်သွားတော့ ခြံတောင် မစိုက်နိုင်တော့ဘူး။ တချို့တွေဆို ခြံပါရောင်းပြီး လောင်းကစား လုပ်နေတာ။ စစ်တပ်တွေ ရဲတွေက ဆက်ကြေး ယူထားတော့ ဘယ်သူ့ကို တိုင်ရမယ်မှန်းလည်းမသိ။ ဒီလောင်း ကစားဝိုင်းတွေကြောင့်ပဲ သူခိုးတွေ သောင်းကျန်းလာတာ” စစ်အာဏာသိမ်းပြီးကတည်းက ဓနုဒေသထဲက ရွာငံမြို့နယ်တင် မကပဲ ပင်းတယမြို့နယ်ထဲ ရေဖြူ၊ ကျောက်တော၊ တောရ စတဲ့ကျေးရွာတွေအပြင် ပင်းတယမြို့ပေါ်မှာလည်း လောင်းကစား ဝိုင်းတွေ ကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓနုဒေသထဲက ပျူစောထီးတွေက ဦးဆောင်ကျင်းပနေတဲ့ လောင်း ကစားဝိုင်း စုစုပေါင်း ၅၀ ထက်မနည်း ရှိနေပြီး ပင်းတယ ရဲစခန်း ၂ ခုကို တစ်ပတ် သိန်း ၅၀ နဲ့ ၁၀၀ ကြား ‌ပေးဆောင်နေရ တယ်လို့ စုံစမ်းသိရှိရပါတယ်။  https://www.face book.com/photo/?fbid=548233964150539&set=a.404503215190282

၂၉။    ထားဝယ် သပိတ်ခေါင်းဆောင်ကို သိန်း ၃၀၀ ဆုငွေထုတ်
        April 14, 2023

ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်နေသူကို ဖမ်းဆီး၊ သတင်းပေးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ကျပ်ငွေ သိန်း ၃၀၀ လက်ငင်းပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက လိုက်လံကြော်ငြာထားသည်။ ဆုငွေထုတ်ခံရသူမှာ ကိုမင်းလွင်ဦး ဆိုသူဖြစ်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှလူထုစည်းရုံးလှုံ့ဆော်ရေး ကော်မတီတာဝန်ခံ တစ်ဦး ဖြစ်သည်။ သိန်း ၃၀၀ ဖြင့် ဖမ်းဝရမ်းထုတ်သည်နှင့် ပတ်သက်၍ “ဒါဟာ ပြည်သူအချင်းချင်းကို ရန်တိုက်ပေးတာပါပဲ။ ကလေး ဆန်တဲ့ အပြုအမူပေါ့။ ဆုငွေထုတ်ပြီဆိုရင် လူယုံပူးသတ်မှာကို အထူးဂရုစိုက်သတိထားရလိမ့်မယ်။ ငွေမက်ပြီး သစ္စာဖေါက်တာ မျိုး မကြာခဏကြားနေရတာ” ဟု အသက် ၅၀ ခန့်အရွယ် မြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။ ကိုမင်းလွင်ဦး သည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လကတည်းက ပုဒ်မ ၅၀၅-က နှင့် ဖမ်း ဝရမ်းထုတ်ခံထားရသူ ဖြစ်ပြီး ၂၀၂၃ ခုနှစ် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူမည့် တရားခံပြေးစာရင်းတွင်လည်းပါဝင်နေသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ကိုမင်းလွင်ဦး သည် လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာမှုကို ပျက်ပြားစေရန် လူငယ်များအား စည်းရုံး ပြီး သွေးထိုးလှုံ့ဆော်ကာ ဆူပူဆန္ဒပြနေသူ ဖြစ်ကြောင်း သားသမီးများအတွက် စိတ်ပူသောက ရောက် နေသည့် မိဘများက လာရောက်တိုင်ကြားမှုများ ရှိသည့်အတွက် အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန် ဆုငွေ ထုတ် ရခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ ထုတ်ပြန်ထားချက်အပေါ် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးက အမှန်တကယ် နယ်မြေအေးချမ်းသာယာမှုကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေသူများမှာ  စစ်ကောင်စီနှင့်၎င်းတို့၏ လက် အောက်ခံတပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်းတုံ့ပြန် ပြောဆိုသည်။ ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင်း အချိန်မှ စတင်ပြီး လောင်းလုံးမြို့ ပေါ်ရှိ လမ်းဆုံလမ်းခွ လူစည်ကားသည့်နေရာများနှင့် ဓါတ်တိုင်များတွင် အဆိုပါကြော်ငြာစာကို လိုက်လံကပ်ခဲ့ခြင်းပြီး ယခုလုပ် ရပ်သည် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီမှ ပထမဆုံးအကြိမ်အဖြစ် ဆုကြေးငွေထုတ်ခြင်းလည်းဖြစ်သည်။ ကိုမင်းလွင်ဦး ကို တော်လှန်ရေးအတွက် လူထုစည်းရုံးရေးများ လုပ်ဆောင်နေသည်ဟု ဆိုကာ ဝရမ်းထုတ် စာ ကပ်လုပ်နေသော်လည်း ဆုကြေး ငွေ မထုတ်ဘဲ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းများကို ခံနေကြရသည့်သူအများအပြားရှိနေသောကြောင့် စိတ်ပူစိုးရိမ်စရာ မလိုဘူးဟု ကိုမင်းလွင်ဦးက ပြောသည်။ https://www.facebook.com/photo/?fbid=701487655317741&set=a.522557276544114

၃၀။   ပြည်နယ်စစ်ကောင်စီ ကျင်းပသည့် အတာသင်္ကြန်ပွဲ KNU ဖားအံခရိုင်ဥက္ကဋ္ဌ ပါဝင်တက်ရောက်
       April 13, 2023

ကရင်ပြည်နယ်၊ ဖားအံမြို့အမှတ် ၃ ရပ်ကွက်၊ မြို့မဘောလုံးကွင်းတွင် ပြည်နယ်စစ်ကောင်စီ ဦးဆောင်ကျင်း ပသည့် အတာသင်္ကြန်အကြိုနေ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို KNU- ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစော အောင်မော်အေး တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သည့် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆုတ် ၉ ရက်နေ့သည် မဟာသင်္ကြန်ပွဲအကြိုနေ့ စတင်ကျရောက်လျက်ရှိသည့်အတွက် ပြည်နယ်ကောင်စီ အဖွဲ့များမှ ဖားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ သင်္ကြန်မဏ္ဍပ်များနှင့် ၎င်းတို့ ဗဟိုမဏ္ဍပ်များအား နံနက် ၈ နာရီအချိန်တွင် အသီးသီးဖွင့်လှစ်ခဲ့သည်။ ဗဟိုမဏ္ဍပ်ဖွင့်လှစ်ပွဲသို့ ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး၊ နယ်လုံဝန်ကြီးနှင့် အခြားဌာနဆိုင်ရာဝန် ကြီးများအပြင် KNU ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး မြို့ပေါ်ရှိမဏ္ဍပ်အ သီးသီးများတွင် လည်း ပြည်သူလူထုများလာရောက်ဆင်နွှဲမှုမရှိဘဲ စစ်ကောင်စီ၏ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်၎င်းတို့နှင့်နီးစပ်သူများသာလာ ရောက်ပူးပေါင်းဆင်နွှဲကြသည်ဟု သိရှိရသည်။

ဖားအံမြို့ခံတစ်ဦးက “စစ်ကောင်စီလုံခြုံရေးတွေနဲ့ သူတို့နီးစပ်သူတွေပဲ သင်္ကြန်ကို ဟန်ပြလုပ်ကြတာပါ။ သူတို့မဏ္ဍပ် တွေ ဘယ်သူမှ မသွားကြဘူး” ဟု ပြောသည်။ “တစ်နိုင်ငံလုံးကို လူမဆန်စွာ သတ်ဖြတ်မီးရှို့နှိပ်စက်နေတဲ့ စစ်ကောင်စီနဲ့ သွားပြီး ပူးပေါင်းတဲ့လုပ်ရပ်ဟာ ကရင် လူထုကို မလေးစားရာရောက်သလို သူ့ခရိုင်က အရာရှိအရာခံ ဌာနဆိုင်ရာတွေကိုပါ ကိုယ်ချင်းစာ တရားမရှိသလို ဖြစ်နေတယ်။ ငါတို့နယ်မြေ အေးချမ်းရင်ပြီးရော။ ရန်သူအကြိုက်လုပ်တဲ့နိုင်ငံရေးလုံးဝလက်မခံဘူး”ဟု အမည် မဖော်လိုသူ ကရင်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ ကေအဲန်ယူ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး သည် ပြည်နယ်ကောင်စီ ကျင်းပသည့် ပြည်နယ်နေ့အပါအဝင် အခြားပွဲလမ်းသဘင်အခမ်းအနားများကို တက်ရောက်လေ့ရှိသည်။ ကရင်ပြည်နယ်အနေဖြင့် ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် စစ်ကောင်စီ ဦးစီးကျင်းပသည့် သင်္ကြန်မဏ္ဍပ် များကို ယနေ့အသီးသီးဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအချို့သာ လာရောက်ဆင်နွှဲခဲ့ကြသည်ဟု မြို့ခံ လူထုများကပြောသည်။ https://kicnews.org/2023/04/% e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80 %94%e1%80%9a%e1

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button