ဓါတ်ပုံ – Bawlakhe PDF
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၄၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲခရိုင်တစ်နေရာတွင် အရပ်သားပြည်သူများ လုပ်ငန်းလုပ်ဆောင်နေသော လုပ်ငန်းနေရာတစ်ခုကို ယမန်နေ့ မတ်လ (၂၃ )ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်အချိန်တွင် စစ်ကောင်စီမှ အကြောင်းမဲ့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုအတွင်း အရပ်သားပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ” မနေ့ညနေ ၄နာရီခွဲလောက်ကလာကြဲသွားတာပေါ့၊ လေယာဉ် ၂စီးနဲ့ ဗုံး၅ကြိမ် လာကြဲသွားတာပေါ့၊ လာကြဲတဲ့နေရာလည်း ပြည်သူတွေအလုပ်လုပ်တဲ့နေရာဘဲပေါ့၊ အဲအနီးနားမှာလည်း တိုက်ပွဲ တွေဘာတွေ ဖြစ်တာလည်း မရှိပါဘူး၊ သေဆုံးသွားတဲ့ ၂ယောက်ကလည်း အမျိုးသားတွေပါဘဲ” Bawlakhe PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၆) ရက်နေ့ကလည်း ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာ အနီးတွင် စစ်ကောင် စီနှင့် ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီမှ ဘောလခဲမြို့နယ် ထဲက ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွားများသို့ လက်နက်ကြီးနှင့်နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာများက ဘုန်းကြီး ကျောင်း တစ်ကျောင်း အပါအဝင်၊ အရပ်သား နေအိမ် ၂၀ လုံး ထိခိုက်ပျက်စီးခဲ့တာပါ။
လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရလို့ အဆိုပါ ကျေးရွာ ၂ရွာရှိ ပြည်သူများဟာ ဘေးလွှတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အလှုရှင်လိုအပ်နေပြီး အခြေခံအစားအသောက် အကူ အညီလိုအပ်နေတယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။