သတင်း

ကျိုက်ထိုရှိ တပ်မ ၄၄ ဌာနချုပ်ရုံးနှင်း တပ်မမှူးနေအိမ် ဒရုနဖြင့် တိုက်ခိုက်ခံရ 

Photo – ကျိုက်ထိုမြို့နယ် တပ်မ ၄၄

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း သိရပါတယ်။

အဆိုပါ တပ်မ ၄၄ ဌာနချုပ်ရုံးကးနှင့် တပ်မမှူးနေအိမ်အား ယနေ့ မတ်လ ၂၁ရက် နံနက် ၁၀နာရီကျော်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KNLA၊PDF၊KRF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၇လုံး ပေါက်ကွဲခဲ့သောကြောင့် ထိခိုက် ပျက်စီးမှုများ ရှိနိုင်ကြောင်း သိရပါတယ်။

ထိုတိုက်ခိုက်မှု အပြီးတွင်တော့ KNLA၊ PDF၊ KRF တို့ ပူးပေါင်းတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ လာနိုင်ကြောင်း သိရပါတယ်။

Related Articles

Back to top button