Photo – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၁၊ ၂၀၂၃
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာနဲ့ဘဲအင်းကျေးရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်တဲအချို့ကိုမီးရှို့ဖျက်ဆီးသွားပြီးနောက် အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ထိုစစ်ကောင်စီစစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခံရသောနေအိမ်များမှာ အိမ် ၂၀ကျော်ရှိပြီး ဖမ်းဆီးခံရသော အမျိုးသမီးနှစ်ဦးမှာ အသက် ၂၀အရွယ် မအေးသူအောင်နှင့် အသက် ၄၀ အရွယ် ဒေါ်အေးကြည့်တို့ကို ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီကြောင်းမှာ အင်အား ၅၀ကျော်ပါဝင်ပြီး မတ်လ ၁၉ရက်နေ့မှာ ဘဲအင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်ကာ မတ် ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဘဲအင်းကျေးရွာကနေ ပြန် လည်ထွက်ခွာစဉ် ထန်းရည်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထို့နောက် စစ်ကောင်စီ စစ်ကြောင်းဟာ သပြေရှောင်ကျေးရွာအတွင်း ထပ်မံဝင်ရောက်လာပြီး တံငါလုပ်သူတွေနဲ့ လယ်လုပ်သူတွေရဲ့ နေအိမ်တဲအလုံး ၂၀ နီးပါးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ် ၁၉ ရက်နေ့က ဘဲအင်ကျေးရွာထဲ ရောက် ရှိပြီးနောက် အသက် ၂၀ အအရွယ် မအေးသူအောင်နဲ့ အသက် ၄၀ အရွယ် ဒေါ်အေးကြည်တို့ကို ဖမ်းဆီးသွားတာပါ။
စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဘဲအင်းကျေးရွာကနေ ပြန် လည်ထွက်ခွာစဉ် ထန်းရည်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီ စစ်ကြောင်းဟာ သပြေရှောင်ကျေးရွာအတွင်း ထပ်မံဝင်ရောက်လာပြီးနောက် တံငါလုပ်သူတွေနဲ့ လယ်လုပ်သူတွေရဲ့ နေအိမ်တဲအလုံး ၂၀ နီးပါးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လောင်းလုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်နေသော ရွာများရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပါတယ်။