သတင်း

ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု မဇွပ်ယန်ရွာမှာ လက်နက်ကြီး ၃ လုံးကျလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲဟာ မဇွပ်ယန်အချုပ်ထောင်မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ် ခလရ ၇၆ တပ်ကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင် ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့တာလို့ ကေအိုင်အေ အာဘော် သတင်းရင်းမြစ်မှာ ဖော်ပြပါတယ်။
အဲဒီ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ ခုက မဇွပ်ယန်ကျေးရွာတွင်း ကျရောက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး အသက် ၃၀ ကျော် အရွယ် ကလေး ၂ ဦး မိခင်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကိုတော့ လက်တလောတွင် လုံးခင်းဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသလို အဆိုပါ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လာလို့ ဒေသခံများ ကလည်း စိုးရိမ်မှုမြင့်တက်နေတာပါ။
လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ နဲ့ နိုဝင်ဘာလောက်မှာ လက်န က်ကြီးတွေ လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် လက်နက်ကြီးကျခဲ့တဲ့ ဖြစ်စဉ်အတွင်း ဒေသခံပြည်သူများ အသက်ဆုံးရှုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့သလို ၂၀၂၃ ခုနှစ် ဒီနှစ်မှာလည်း ပထမဦးဆုံးအနေနဲ့ ဒီရွာကို လက်နက်ကြီး ၃ ကြိမ် ကျတာဖြစ်တယ်လို့ မဇွပ်ယန် ဒေသခံတွေက ပြောပါတယ်။

Related Articles

Back to top button