သတင်း

ထန်တလန်က တပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် CDF-Hakha ထံခိုလုံ

ဓါတ်ပုံ - CDF-Hakha (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃
ချင်းပြည်နယ်၊ ထန်တလန် စစ်ကောင်စီတပ်ရင်း ၂၆၉ က တပ်သားနှစ်ဦးဟာ လက်နက်အပြည့်အစုံဖြင့် CDF-Hakha ထံ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ CDM ပြုလုပ် ခိုလုံလာတယ်လို့ ထုတ်ပြန်ပါတယ်။
CDM ပြုလုပ်လာတဲ့ တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းများဖြစ်တဲ့ (MA3 - သေနတ်တစ်လက်၊ MA1 - သေနတ် တစ်လက်)၊ ကျည်ထောင့် ၆၇၄ ခု၊ ကျဉ်ကဒ် - ၉ခု၊ လက်ပစ်ဗုံး - ၄ခု၊ ၆၀ မမ - ၃လုံးနှင့်အတူ ခိုလုံ လာတာပါ။
အဆိုပါ CDM ပြုလုပ် ခိုလုံလာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကိုတော့ CDF-Hakha ဘက်က တဦးလျင် ဆုကြေးငွေ ကျပ်သိန်း ၃၀ ချီးမြင့်ပေးကာ လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related Articles

Back to top button