ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၈
AA ၏ တရားဥပဒေဌာနကို Telegram Account ကတဆင့် အမှုများကို တိုင် ကြားနိုင်ပြီလို့ မနေ့ အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက် တိုင်ကြားနိုင်ရန် အတွက် Justice For Arakan အမည်ဖြင့် Telegram Account အကောင့်၏ Username: @justice4arakan ကို အလွယ်တကူ ရိုက် နှိပ် ရှာဖွေနိုင်ပြီး တရားဥပဒေရေးရာဌာနသို့ တိုက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်း နိုင်သည့် အပြင် Email: [email protected] မှ တဆင့် တိုင်တန်း နိုင်ပြီလို့ အသိပေးထားတာ တွေ့ရပါတယ်။
AA ရဲ့ တရားဥပဒေရေးရာဌာနဟာ အာရက္ခပြည်သူ ပြည်သားတို့၏ တရားရေး၊ ဥပဒေရေးရာနှင့် သက်ဆိုင်သော အမှုအခင်း ကိစ္စရပ်များ၊ ရပ်ရွာ၊ မြို့နယ်များ အတွင်း ဖြစ်ပွားနေသော ပြဿနာများကို အချိန်နှင့်တပြေးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်း ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
ဒါ့အပြင် အမှုသည်များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြေပြင်တွင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံများထားရှိပြီး ရုံးများဖွင့် လှစ်၍ အမှုများ စစ်ဆီးပေးခြင်းဖြင့် တရားဥပဒေရေးရာ ဌာနကို အကောင်းဆုံး လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အလားတူ AA ထုတ်ပြန်ချက်မှာတော့ ရက္ခိုင်ပြည်သူ့အစိုးရလို့လည်း သုံးနှုန်း ထားတာ တွေ့ရပါတယ်။