တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မိုင်းယော်မှာ MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲပြင်းထန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းယော်တိုက်နယ်ထဲက လွယ်ဝိန်းကျေး ရွာ အနီးမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲကျော်က စပြီးတော့စစ်ကောင်စီတပ်နဲ့ ကိုး ကန့်တပ် MNDAA တပ်မဟာ(၆၁၁) တို့ကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ အာဘော် The Kokang က ထုတ်ပြန်ထားတာပါ။

နှစ်ဖက် တိုက်ပွဲပြင်းထန်နေတဲ့ လွယ်ဝိန်းကျေးရွာအနီးကို စစ်ကောင်စီ လားရှိုးတပ်ရင်းဘက်ကနေ လက် နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလက်နက်ကြီးတွေဟာ လွယ်ဝိန်းကျေးရွာ ပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲ လာတာကြောင့် ဒေသခံများ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက် – The Kokang

Related Articles

Back to top button