တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးအရှင်ဖမ်းမိ

ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က တဂေးကျေးရွာအနီးမှာ နယ်မြေကျူးကျော်ဖို့ ကြိုးပမ်း နေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA နဂါးနီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က(၆) ဦးသေဆုံးကာ (၁၆) ဦးအရှင်ဖမ်းမိခဲ့ပြီး (၂၃) ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ နဂါးနီ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စကခ(၁၃) လက်အောက်ခံ ခမရ(၃၅၈) တပ်ရင်းနဲ့ နဂါးနီစစ်ကြောင်းတို့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ(၁၅) ရက်နေ့နဲ့ (၁၆) ရက်နေ့တွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန်မှာ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းက ၁၂၀(မမ) တွေနဲ့ တရစပ်ပစ်ကူပေးနေတဲ့ အတွက် တော်လှန်ရေးရဲဘော်တွေ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နဂါးနီစစ်ကြောင်းက တိုက်ပွဲဖြစ်ပွားပြီးနယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ MA-1 (၇)လက်၊MA-2 (၁) လက်၊MA-3 (၇)လက်၊MA-4 (၂)၊ ၆၀(မမ) ကွန်မန်ဒိုပြောင်း (၁) လက်၊5.56 ကျည်(၁၃၀၀)၊ လက်ပစ် ဗုံး (၅)လုံး၊ကပစထုတ်(၉)မမ ပစ္စတို(၁)လက်၊၆၀ (မမ) ကျဉ်(၁)လုံး၊RPG-7 အသီး(၂)လုံး၊ ကျည် box အပို (၂၈) ခု၊ စကားပြောစက်(၃)လုံး၊ဆက်သွယ်ရေးအထိုင်စက် (၁)လုံးနဲ့ တခြားစစ်ဘက်ဆိုင် ရာ စပ်ဆက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နဂါးနီစစ်ကြောင်းက ဖမ်းဆီးရမိခဲ့တဲ့ (၁၆) ဦးထဲမှာ ဗိုလ်မှူး(၁)ဦး၊ဗိုလ်ကြီး(၂)ဦးနဲ့ အရာခံဗိုလ် အဆင့်ရှိသူတစ်ဦးပါဝင်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Related Articles

Back to top button