တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

NCA စာချုပ်(၇)နှစ်ပြည့် အခမ်းအနားသို့ NCA ထိုး (၇) ဖွဲ့တက်ရောက်တယ်လို့ ဆို

ဓါတ်ပုံ – ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်ပြည့် အခမ်းအနားကို ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဗဟိုဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားသို့ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁ ဦးတို့ကို စစ်ကောင်စီဘက်က သီးသန့်စီ ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ထားတဲ့ NCA ထိုး အပစ်ရပ် အဖွဲ့(၇)ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက် ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီ အကျိုးပြု တပ်မတော် DKBA၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး အတွင်းရေးမှူး ဦးဆောင်တဲ့ LDU တို့က ဒီကနေ့ NCA (၇)နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြတာလို့ သိရပါတယ်။

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကို ငြင်းဆိုထားတဲ့ NCA ထိုး အပစ်ရပ်အဖွဲ့ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အလားတူ နိုင်ငံရေးပါတီတချို့နှင့် ယခင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ တချို့ကိုလည်း ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။

Related Articles

Back to top button