သတင်း

ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်က မဲ့ကသာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်း အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်

ဓါတ်ပုံ – KNU (ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မဲ့ကဘာ ဘုန်းကြီးကျောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၆

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေး မြို့နယ်က မဲ့ကသာဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ၆.၁၀.၂၀၂၂ ခုနှစ် နံနက် ၂း၃၀ မှ ၂း၄၀ အချိန်ခန့် မှာ စစ်ကောင်စီ မှော်ဘီလေတပ်စခန်းက တိုက်လေယာဉ် (၃) စင်း ဖြင့် အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ပြင်းထန်တဲ့ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုခိုက်မှုကြောင့် မဲ့ကသာဘုန်းကြီးကျောင်းဟာ မီးလောင်ပျက်စီးသွားခဲ့ရပြီး ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မဲ့ကဘာ ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်မှာ နေထိုင်သော ပြည်သူ လူထုများ ဟာ အခုတော့ ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

Related Articles

Back to top button