တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

KIO သတင်းဌာန Laiza FM (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမြင်ကွင်း

ဓါတ်ပုံ – The Kachin Net

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ (၄)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ သတင်းဌာန တခုဖြစ်တဲ့ Laiza FM ဟာ ဖွဲ့စည်းတည်ထောက်ခဲ့တာ ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့မှာတေ့ာ (၁၀)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က စတင်ဖွဲ့စည်းပြီး သတင်းတင်ဆက် ခဲ့တဲ့ Laiza FM သတင်းဌာနဟာ ရုပ်မြင်သံကြား (TV) အစီအစဉ်အပါအဝင်၊ ရေဒီယို သတင်းထုတ်လွင့်မှု အစီအစဉ်နဲ့ လူမှုကွန်ရက် ပလက်ဖောင်းများ ပေါ်က တဆင့်လည်း မြင်တွေ့ရတာဖြစ်ပါတယ်။ ကချင်ဘာသာ စကားဖြစ် အဓိက တင်ဆက်မှုဖြစ်ပေမယ့် မြန်မာဘာသာ အစီအစဉ်တွေကိုလည်း ထည့်သွင်းထားတာ တွေ့ရတာပါ။

Laiza FM ရေဒီယို အစီအစဉ်ကတော့ လိုင်ဇာနဲ့ နီးစပ်တဲ့ ကချင်ဒေသ မြို့နယ် အများစုမှာ ဖမ်းယူ နားဆင်နိုင်တာ လည်းဖြစ်ပါတယ်။ ရုပ်မြင်သံကြား (TV) အစီအစဉ်ကတော့ KIO ထိန်းချုပ် နယ်မြေဖြစ်တဲ့ လိုင်ဇာနဲ့ မိုင်ယန်ဂျာ ဒေသ တို့မှာ အဓိက ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။

အခုသတင်းဓါတ်ပုံမှာတော့ Laiza FM ရဲ့ ဖွဲ့စည်းမှု (၁၀)ပြည့် အခမ်းအနားမှာ တက်ရောက်ခဲ့ကြတဲ့ အခမ်းအနား မြင်ကွင်းဖြစ်ပါတယ်။ အခမ်းအနားမှာတော့ ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ အပါ အဝင် KIO ထိပ်ပိုင်း ခေါင်းဆောင် တချို့ တက်ရောက်ခဲ့ မိန့်ခွန်းပြောကြားခဲ့သလို သတင်းဌာန မိသားစုများနဲ့ ဖိတ်ကြားထားတဲ ရပ်မိရပ်ဖတချို့ လည်း ဂုဏ်ပြုပါဝင်ခဲ့ကြတဲ့ မြင်ကွင်း တွေ့ရတာ ဖြစ်ပါတယ်။ အခမ်းအနားကိုတော့ လိုင်ဇာက သတင်း ပြန်ကြားရေးဆိုင်ရာ ခန်းမမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Related Articles

Back to top button