သတင်း

ပြည်သူ့ကာကွယ်ရေးတပ်/တပ်ရင်း (၁) – ဒီးမော့ဆိုမြို့နယ် ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ခဲ့ပြီ

ဓါတ်ပုံ – DMO PDF

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၁

ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်/တပ်ရင်း(၁) – ဒီးမော့ဆိုမြို့နယ် ဖွဲ့စည်းနိုင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဖွဲ့စည်းမှုတစ်နှစ်ပြည့် အခမ်းအနားကို မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက စိုးမိုးနယ်မြေ တနေရာမှာ အကျဉ်းခြုံး ပြုလုပ်ကျင်းပခဲ့တာလို့ DMO PDF တပ်ရင်း(၁) ပြောခွင့်ရက ပြောပါတယ်။

“မိုးဗြဲမှာ တိုက်ပွဲပြင်းထန်တော့ ခမ်းနားစွာမလုပ်နိုင်ဘူး ရဲဘော်တချို့က ရှေ့တန်းပို့ခဲ့ရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဖွဲ့စည်းမှု တစ်နှစ်ပြည့်ပြီးနောက်မှာတော့ တိုးတက်မှုအနေနဲ့ တပ်ဖွဲ့ဝင် လူငယ်တွေက တော်လှန်ချင်စိတ်အပြည့်ရှိပြီး တပ်စည်းကမ်း၊ အမိန့်နာခံမှုမှာ ပြောစရာမလိုဘူး ရဲဘော်တွေက အသိစိတ်နဲ့ ဆက်လက်တိုက်ပွဲ ဝင်နေကြတာ ကျေနပ်အားရစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တပ်ဖွဲ့မှာနေ တပ်ဖွဲ့စည်းကမ်း၊ ရွာမှာနေရွာစည်းကမ်းရှိတယ်ဆိုတာ လူငယ်တွေသိတယ်၊ တော်လှန်ချင် စိတ်အပြည့်ရှိပြီး ဖြစ်တာကြောင့် တပ်စည်းကမ်း၊ အမိန့်နာခံမှုမှာ သိပ်ပြောစရာမလိုဘူးပေါ့၊ ကျေနပ် အားရစရာတွေပါပဲ၊ လော်လော်ဆယ် အခက်အခဲက လက်နက်အပြည့်အစုံ မတပ်ဆင်နိုင်သေးတာပဲ လိုတယ်” လို့ သူက ဆက်ပြောပါတယ်။

DMO PDF တပ်ရင်း(၁)ဖွဲ့စည်းမှု တစ်နှစ်ပြည့် အခမ်းအနားမှာတော့ မဟာမိတ် KNDF နှင့် မိခင်တပ် KA တို့ရဲ့ ခေါင်းဆောင် တချို့တက်ရောက် ခဲ့ပါတယ်လို့ သိရပါတယ်။

Related Articles

Back to top button