သတင်း

စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆)က ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး ကရင်နီပြည်နယ်မှာ အပြင်းအထန်ဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၀

စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆) ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး  တိုက်ပွဲမှာပင် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး ကရင်နီပြည်နယ်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်ဟု ကရင်နီတပ်မတော် (KA) က ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ၏ တပ်မ (၆၆)ဟာ လောက်ကိုင်နှင့် ရခိုင်တိုက်ပွဲများမှာ နာမည် ကြီးတပ်မ ဖြစ်ခဲ့သော်လည်း ကရင်နီတိုက်ပွဲများတွင်မူ ဖွဲ့စည်းပုံ ပျက်ယွင်းတဲ့အထိ တိုက်ခိုက်ခံနေရတာပါ။

စစ်ကူအဖြစ် တပ်ရင်း (၆) ရင်းကို ဦးဆောင်လာတဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ (၆၆) တပ်မမှူး မျိုးမင်း ကိုယ်တိုင် ကရင်နီပြည်နယ် တိုက်ပွဲမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး တပ်မမှူးအစားထိုးခဲ့ရတယ်လို့ KA ၏ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကရင်နီပြည်နယ် ဖရူးဆို တိုက်ပွဲမှာလည်း စစ်ကောင်စီ၏ တပ်ရင်းမှူး တစ်ဦးကျဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူး နှစ်ဦးဟာ အခြားတိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သဖြင့် တပ်ရင်းမှူး သုံးဦးသာ ကျန်ရှိ‌နေ‌‌တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက နောက်ထပ်တပ်ရင်းမှူးတစ်ဦးမှာလည်း အထိအခိုက်အကျ အဆုံးများ နေတဲ့ တပ်မ (၆၆)မှာ အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိ‌တော့ဘူးလို့ တင်ပြခဲ့လို့ နောက်တန်း ပြန်ပို့ခံထားရကာ ပြစ်ဒဏ်ကျခံရနိုင်‌တယလို့ KA ရဲ့ ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့မှ စတင်ပြီး မိုးဗြဲမြို့နယ်နှစ်ဖက်တိုက်ပွဲမှာ ကရင်နီတပ်မတော်အပါအဝင် PDF များက စစ်ကောင်စီတပ်များကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကိုလည်း  ကရင်နီတပ်မ‌တော်နဲ့ ပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့တာပါ။

Related Articles

Back to top button