သတင်း

ဟားခါးမြို့အနီး တစ်လတာ သီမစ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦးကျော် သေဆုံး

ဓာတ်ပုံ – The Chin Journal

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁

ဟားခါးမြို့အနီး တစ်လတာ သီမစ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ချင်း အမျိုးသားတပ်ဦး CNF ဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်နေ့က စတင်ဖြစ်ပွားသော သီမစ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆၀ ဦးထက် မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

‌အဲဒီတိုက်ပွဲအတွင်းမှာတော့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖက်တွင် CDF-Hakha ရဲဘော်တစ်ဦး ကျဆုံးပြီး အခြားပူးပေါင်းတပ်ဖွဲ့၀င် ၅‌ဦး မစိုးရိမ်ရသည့် ဒဏ်ရာမျာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဩဂုတ်လ ၁၀ရက်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး နေအိမ်အတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သာကြောင့် နှီယာလောန်ကျေးရွာက အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၂ရက်နေ့က ဟားခါးမြို့အနီး ဟားခါး-ဂန်ဂေါ်လမ်း ခရီးသွားအိမ်စီးကား တစ်စီးကိုလည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သာကြောင့် ခရီးသွား ကလေးတစ်ဦး မိခင်သေဆုံးခဲ့ကာ အမျိုးသား နှစ်ဦး ဒဏ်ရာ ရရှိခဲ့သာပါ။

သီမစ်တိုက်ပွဲအတွင်းမှာတော့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CAN, CDF-Hakha, CDF-Lautu, CDF-Thantlang, CDF-Mara, CDF-Zophei နှင့် CJDC တပ်ဖွဲ့၀င်များ ပူးပေါင်း တိုက်ခိုက် ခဲ့ကြသာ ဖြစ်တယ်လို့ သိရပါတယ်။

Related Articles

Back to top button