ရုပ်သံ – (၇၄) နှစ်မြောက် ကရင်နီတပ်မတော်နေ့ အခမ်းအနားမြင်ကွင်း (KnlC)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၇
ကရင်နီတပ်မတော်နေ့ကို KNPP ထိန်းချုပ်ရာ တလဲဒူဆို(ညာမို)တွင် ယနေ့သြဂုတ် – (၁၇)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
အခမ်းနားမှာတော့ ကရင်နီနိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံး အာဇာနည် ရဲဘော်များကို အလေးပြုခြင်းအပါအဝင် ကရင်နီပြည်စစ်ဦးစီးချုပ် KA တပ်မတော် ဗိုလ်ချုပ် ဘီထူး၏ သဝဏ်လွှာ ဖတ်ကြားခဲ့ပြီး အဖွဲ့အစည်း အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီအခမ်းအနားမှာ စစ်ကြောင်းများချီတက် အလေးပြုခြင်း အစီအစဉ်လည်း ပါဝင်ခဲ့ပြီး အခမ်းအနား တက်ရောက်သည့် ပြည်သူလူထု အင်အား ၄၅၀ ရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဘက်ကတော့ “စစ်တပ်က အာဏာ သိမ်းပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၊ လူငယ်၊ လူရွယ်များ၊ အပြစ်မဲ့ ပြည်သူများ၊ အများအပြား ဖိနှိပ်ညှင်းဆဲ၊ သတ်ဖြတ်တာကို ခံခဲ့ရတာ လက်တွေ့ပဲ ဖြစ်သလို၊ ပြည်သူလူများရဲ့ အိုးအိမ်၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး ပျက်ဆီးခြင်းနဲ့အတူ သာယာလှပတဲ့ ကရင်နီမြေဟာလည်း သွေးတွေဖုံးလွှမ်းသွားခဲ့ရပြီ ဖြစ်တယ်”။
အလားတူ “ကရင်နီအမျိုးသားများရဲ့ ပေးဆပ်ခြင်း၊ ဆုံးရှုံးခြင်းများနဲ့ ခုခံ တော်လှန်ရေးကို ဆင်နွဲနေတာ ဖြစ်တဲ့အတွက် သမိုင်းတာဝန်တွေ မပြီးဆုံး မခြင်း၊ ဆက်လက်တိုက်ပွဲဝင် နေရအုန်းမှာ ဖြစ်သလို ပတ်ဝန်းကျင် အနေ အထား တွေပေါ်မှာ တွေဝေပြီး သမိုင်းပေးတာဝန်ကို လစ်လျှူရှု၊ မေ့လျော့ သွားလို့ မရသလို အာဇာနည်များ ဦးဆောင်လမ်းပြခဲ့တဲ့ လမ်းကို ဆက်လက် လျှောက်လှမ်းဖို့ အလိုအပ်ဆုံးအချိန် ဖြစ်တယ်”လို့ (၇၄)နှစ်မြောက် ကရင်နီ တပ်မတော်နေ့ မှာ ထပ်မံ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် “ကရင်နီအမျိုးသားများရဲ့ တရားသောစစ်ကို ဆက်လက်ဆင်နွဲ့ရင်း၊ ငြိမ်းချမ်းသာယာ၀ပြောတဲ့ လူဘောင်သစ် တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တယ်” လို့ ကရင်နီ အမျိုးသား တိုးတက် ရေးပါတီ က တိုက်တွန်းထားပါတယ်။
ကရင်နီတပ်မတော်ဟာ ၁၉၄၈ သြဂုတ်လ – ၉ရက် နေ့မှာ ဗမာပြည် ဖဆပလ တပ်များက ကရင်နီအစိုးရရုံး စိုက်ရာ မြလဲရွာသို့ တိုက်ခိုက်ကျူးကျော် လာသည့်အတွက် ကရင်နီအမျိုးသားခုခံ တော်လှန်ရေးကြီး စတင် ခဲ့ရသာ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနှင့်အတူ ကရင်နီတပ်မတော်ကို သြဂုတ် – ၁၇ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့ ၂၀၂၂ ခုနှစ် သြဂုတ်လ – ၁၇ ရက်နေ့ မှာဆိုရင်တော့ (၇၄) နှစ်မြောက်ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။