ဧပြီလ – ၅ – ၂၀၂၂ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင် လူထုလှုပ်ရှားမှုအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ ဧပြီလ (၅)ရက်နေ့အထိ အသက်သေးဆုံးခဲ့ရသူ ( ၁၇၃၀ )ဦးအထိရှိခဲ့ပြီး မတရားဖမ်းဆီးခံရသူပေါင်း ( ၁၃၀၉၄ ) ဦးအထိရှိခဲ့ကြောင်း AAPP ရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
- ကရင်ပြည်နယ်၊ ကော်သူးလေနယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တို့ကြား ပြီးခဲ့သည့် မတ် ၁ လတာအတွင်း တိုက်ပွဲပေါင်း ၅၀၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ကား ၃၅ စီးကို ဖျက်စီးနိုင်ခဲ့သလို စစ်ကောင်စီဘက်မှ စစ်သည် ၄၀၀ ကျော် သေဆုံး၍ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး KNLA နှင့် KNDO တို့ဘက်မှ ၂၂ ဦး ကျဆုံးကာ ၃၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
- ကရင်နီ(ကယား)ပြည်နယ်တွင် ယခင်က စည်စည်ကားကားကျင်းပနေကျ ကရင်နီရိုးရာ တံခွန်တိုင် ပွဲခေါ် ကေ့ထျိုးဘိုးပွဲကို အာဏာသိမ်းတပ်၏ ထိုးစစ်များကြောင့် ယခုနှစ်တွင် စစ်ဘေးရှောင်နေရ သည့်ကြားမှ ၂၀၂၂ ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် အကျဉ်းချုံး ကျင်းပကြောင်း သိရသည်။ ရိုးရာတံခွန်တိုင်ပွဲကို ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာတွင် ကျင်းပခြင်းဖြစ်ကာ ရိုးရာတံခွန်တိုင် ထောင်ခြင်း၊ ကြက်ရိုးထိုးခြင်းတို့ဖြင့်သာ အကျဉ်းချုံးလုပ်ဆောင်သည်ဟု သိရသည်။
- ယနေ့ဧပြီလ ၅ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၇လ ကျော် ရှိလာပြီ ဖြစ်သည့် ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံး တီး သပိတ် နှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်း ပေး ခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်း ထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမည်ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ကြသည်။
- မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ပလက်ဝမှ လူငယ် လူငယ် ၄ ဦးကို ပလက်ဝမြို့နယ် တရားရုံးက ယနေ့ ဧပြီလ ၅ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်းသိရသည်။ ယနေ့ ထောင်ဒဏ်ချမှတ် ခံလိုက်ရသည့် လူငယ် ၄ ဦးမှာ ကိုအိုက်ထွန်းမင်း၊ ကိုထွန်းမင်း (အဆိုတော်)၊ ကိုထွန်းမင်း(သစ်တော)နှင့် ကိုအောင်ထွန်းစိုးတို့ဖြစ်ကြသည်။
- တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့တွင် စစ်ကောင်စီများကင်းပတ်နေသည့်ကြားက ဧပြီလ ၅ တွင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှဦးဆောင်ပြီး CDM ကျောင်းသား၊သူများ၊ CDM ဆရာ၊မများနှင့် လူငယ်များပူးပေါင်းပြီး “စစ်ကျွန်ပညာရေး အလို မရှိ”၊”စစ်ကျွန်ပညာရေးဖြိုဖျက်ကြ ပြည်သူ(သခင်)ပညာရေးထူထောင်ကြ”ဆိုသည့် ဘန်နာများ ကိုင်စွဲကာ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
- ထားဝယ်မြို့တွင် လူငယ်များမှ ဧပြီလ ၅ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့် ကျင်ရေးကို အိမ်တွင်းညသပိတ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
- စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကျောင်းသားပြည်သူများ စုပေါင်းပါဝင်သည့် ကလေးမြို့ သပိတ် စစ်ကြောင်းသည် ပြည်သူများအနေဖြင့် ယခုနှစ် သင်္ကြန်ပွဲတော်တွင် ပျော်ပွဲ၊ရွှင်ပွဲများ မပြုလုပ် ကြရန် ယနေ့ (ဧပြီ ၅) နံနက်ပိုင်း၌ ဆန္ဒပြတောင်းဆိုခဲ့သည်။ ဆန္ဒပြ ပြည်သူများက “အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဆိုသည့် စာသားများကို ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ကာ ချီတက်ခဲ့ကြသည်။ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် အကြမ်းဖက် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ဆန္ဒပြလျက်ရှိပြီး ယနေ့ ရက်ပေါင်း (၄၂၂) မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၅ရက်နေ့တွင် “ငြိမ်ခံနေသ၍ တဖြည်းဖြည်းနဲ့ ဒုက္ခဝေမယ် တွန်းလှန်နေသ၍ အောင်ပွဲကြီးနဲ့နီးလာမယ်” ခေါင်းစဉ် ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေးတွင် ပြည်ကြီးတံခွန်ဆရာတော် ဦးဆောင်ကာ ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီနှင့် မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ သပိတ် စစ်ကြောင်း ဟာ ” အပျော်သင်္ကြန်တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ ” စာတန်းကို ကိုင်စွဲပြီး မုံရွာ-အမြင့်လမ်းတနေရာမှာ ယာယီအထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ အထိုင်သပိတ်မှာ မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုသန်းကျော်ဦးနှင့် မုံရွာ-အမြင့်လမ်း သပိတ် ကော်မတီမှ အဖွဲ့ဝင်တို့ဟာ ပြည်သူလူထုကိုသပိတ်တရားများဟောပြောခဲ့ကြောင်းသိရပါတယ်။
- မုံရွာတွင် လက်ပံတောင်းတောင် ဒေသပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်သည့် အနေနှင့် “တောင်တန်းမြေပြန့်အတူချီတက် ဖက်ဆစ်ဝါဒအမြစ်ဖြတ်” စာသားနှင့် ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
- စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်တွင် ရုန်းထတော်လှန် ရွာငယ်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင် မြို့နယ်တွင် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၅ရက်နေ့တွင် ထောင်တွင်း သပိတ်များကို ဝန်းရံကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၉၁ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၅ ရက်တွင် ပြုလုပ်ခဲ့သည်။
- ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာ နှင့် အနီးတဝိုက်နေရာများသို့ စစ်ကောင်စီ တပ်က အင်အားစုနေပြီး ဆက်လက်လှုပ်ရှားဝင်ရောက်လာပါက တိုက်ပွဲများဖြစ်ပွားမည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောကြား သည်။ “မနေ့က နန်ဆန်ယန်ဘက်မှာရောက်ပါတယ်။ ဒီ ဗန်းမော်ကနေ တက်လာတဲ့ စစ်ကြောင်းတွေ ဖြစ်ပါတယ်။ ဘာကိစ္စနဲ့ ဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာ ရှင်းရှင်း လင်းလင်းတော့ မသိပါဘူး”ဟု ပြောဆိုသည့်အကြောင်း People’s Spring တွင်ဖော်ပြထားသည်။
- စစ်ကောင်စီအနေနဲ့ ရက္ခိုင့်တပ်တော်(ULA/AA)က လုပ်ဆောင်နေတဲ့ ဒေသတွင်း အုပ်ချုပ်ရေး တရားစီရင်ရေး ကိစ္စတွေကို ဝင်ရောက်နှောက်ယှက်မှုပုံစံတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် နှစ်ဖက်လက်နက်ကိုင်ကြား မလိုလားဘဲ စစ်ပွဲတွေဖြစ်သွားနိုင်တယ်လို့ ယနေ့ မတ်လ၅ရက် သတင်းစာရှင်းလင်းပွဲတွင် အေအေပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကပြောဆိုခဲ့ပါတယ်။
- အမျိုးသားညီညွှတ်ရေး အစိုးရ NUG က အလွတ်သဘောနှင့် တွေ့ဆုံခွင့် တောင်းထားသည့်ကိစ္စကို ရခိုင်တပ်တော်၏ တပ်တော်နေ့ အခမ်းအနားပြီးမှ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်သွား မည်ဟု AA ဖက်က ပြောသည်။ ယနေ့ မတ်လ ၅ ရက်နေ့ ပြုလုပ်သည့် AA ၏ သတင်းစာ ရှင်းလင်းပွဲမှာ NUG ၏ တွေ့ဆုံးမှုကမ်းလှမ်းချက်ကို တပ်တော်နေ့ နောက်ပိုင်းမှသာ ဗဟိုကော်မတီ တွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။
- မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအား သတင်းပေးနေသည့် ဒလန်များနှင့် စစ်ကောင်စီအလိုကျပါဝင်ဆောင်ရွက်ပေး နေသူများအနေဖြင့် စစ်ကောင်စီ အလိုကျ မည်သည့် ဆောင်ရွက်မှုမျိုးကိုမျှ ပါဝင်ဆောင်ရွက်ပေးခြင်းမပြုရန် နောက်ဆုံးအနေဖြင့် အလေးအနက် ထပ်မံ သတိပေးလိုက်ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ် (PDF) က သတိပေးထုတ်ပြန်သည်။ အဆို ပါစစ်ကောင်စီ သတင်းပေးဒလန်များ၏ အမည်စာရင်းများ ရရှိနေပြီဖြစ်ကြောင်း၊ သတိပေးချက် ကို မလိုက်နာပါကထိုက်တန်သည့် လုပ်ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
- ရှမ်းပြည်နယ်တောင်ပိုင်း တိုင်းရင်းသားပေါင်းစုံသပိတ်တွင် တက်ကြွစွာပါဝင်ခဲ့သည့် အောင်ပန်းမြို့ ရှိ ကိုအောင်မြင့်ထွန်းကို ယမန်နေ့ ဧပြီ ၄ ရက်နေ့တွင် စစ်ကောင်စီက ထောင်ဒါဏ် ၁၈ နှစ်ချမှတ် လိုက်ကြောင်းသိရသည်။ ကိုအောင်မြင့်ထွန်းအား လွန်ခဲ့သည့် စက်တင်ဘာ ၂၅ ညတွင် PDF များ ထောက်ပံ့မှုဟုစွပ်စွဲခံရပြီး သစစ်ဆေးရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
- ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် ကိစ္စအား အင်တာဗျူးဖြေကြားမှု ကြောင့် စစ်တပ်က တရားစွဲဆိုခဲ့သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင် ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချခံလိုက်ရကြောင်းသိရသည်။ ယနေ့ ဧပြီလ ၅ ရက်နေ့ရုံးချိန်တွင် ပလက်ဝမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီးတော့ ချုပ်ရက်ကို တစ်ပေါင်းတည်းခံစားခွင်ရှိသည်ဟု မိသားစုဝင် တစ်ဦးကပြောသည်။
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ ရွာမထဲရှိ တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ယနေ့ နံနက် ၄ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Kani People’s Defense Force-KLG က ယနေ့ ထုတ်ပြန်သည်။
- ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ထူလွီးဘီလာ ကျေးရွာ တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် တပ်ရင်း(၁)က ရဲဘော် မိုင်ကယ် ရဲ့ ဈာပန ကို ဒီကနေ့ ဧပြီ ၅ ရက် နေ့မှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
- ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အပါအဝင် အမှု ၃ မှုအတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ ဧပြီ ၅ ရက်က ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု တစ်မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု နှစ် မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် http://burmese.dvb.no/archives/526065