မတ်လ – ၂၆ – ၂၀၂၂
မြန်မာနိုင်ငံအတွင်း ဒေသအသီးသီး နေစဉ်ဖြစ်ပေါ်နေသည့် အသင်အချက်အလက်များ ဖက်ဒရယ်ဂျာနယ် စုစည်းတင်ပြခဲ့ပါသည်။
- ဖရူဆိုမြို့ပေါ်က စစ်ကောင်စီရဲ့ ၄၂၈အခြေစိုက်စခန်းကို ကရင်နီပူးပေါင်းတပ်တွေဖြစ်တဲ့ ဖရူဆို PDF KA, KNDF တပ်ရင်း ၄တို့ပေါင်းပြီး ဒီနေ့ မတ် ၂၆ရက် မနက် ၁၁နာရီခန့်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဖရူဆို PDF က ဖော်ပြပါတယ်။ တစ်နာရီကျော်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကော်စီဘက်က အကျအဆုံးရှိနိုင်ပေမယ့် ကရင်နီပူးပေါင်းတပ်ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
- KNU ကအကြမ်းဖက်စစ်တပ်က တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကြောင်းတိုးချဲ့နေတာကြောင့် မြဝတီ-ကော့ကရိတ်လမ်းနှင့် မြဝတီ-ဝေါလေလမ်းမကြီးများကို မနက်ဖြန် မတ်လ ၂၇ ရက်နေ့က စပြီး အသုံးမပြုရန် ယနေ့ကြေညာသည်။ အများပြည်သူရဲ့ ကူးသန်းရောင်းဝယ်ရေး အခက်အခဲကို စာနာနားလည်ပေမယ့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းတိုးချဲ့လာမှု မရပ်တန့်တာကြောင့် တန်ပြန် တုံပြန်ဖို့ပြုလုပ်ရတာဖြစ်တယ်လို့ ကြေညာချက်တွင်ဖော်ပြထားသည်။
- ချင်းပြည်နယ်ကို စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့် ချင်းပြည် ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ သံချပ်ကာ နှစ်စီး နှင့် စစ်ကား အစီး ၈၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ မတူပီမြို့ကို ယမန့်နေက စတင်ထွက်လာပြီး ချင်းပြည်ကာကွယ်ရေးတပ်များနှင့် ယနေ့ မနက်ကတည်းက တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
- ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရခိုင် အမျိုးသားအဖွဲ့ချုပ်(ULA) ထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေး ကော်မတီက စာပေးပို့ခဲ့ကြောင်းသိရသည်။ မတ်လ ၂၄ရက် နေ့စွဲပါ အဆိုပါဖိတ်ကြားစာကို ရခိုင် ဒေသအခြေစိုက် Border News Agency က ယနေ့ ညနေပိုင်း၌ ဖော်ပြလာခြင်းဖြစ်သည်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်လုံးဆိုင်ရာမှော်ပေါင်းစုံသပိတ်စစ်ကြောင်းက ဖက်စစ် စစ်မိစ္ဆာတွေ အပြီးတိုင်ကျဆုံး ပျောက်ကွယ် သွားစေဖို့ ဒီနေ့မှာကြွေးကြော် ချီတက်ခဲ့ကြကြောင်းသိရပါတယ်။
- အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် မတ်လ ၂၆ ရက်တွင် ၄၁၂ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
- ရန်ကုန်မြို့ရဲ့ တော်လှန်လူငယ်တွေက ဒီနေ့မနက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ ကြပါတယ်။ တော်လှန်လူငယ်တွေ့ “ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍန် ဘယ်အခါ တည့်ရိုး ထုံးစံမရှိ” ဆိုတဲ့ စာတန်း တွေကို ချိတ်ဆွဲမှု ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု တွေပြုလုပ်ခဲ့ကြတာပါ။ ဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)က ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုအဖြစ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
- စစ်ကောင်စီမှကျင်းပမည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းနားတက်ရောက်ရန် ရုရှား ဒုဝန်ကြီး မြန်မာနိုင်ငံထဲ ရောက်ရှိနေချိန်တွင် ယူကရိန်းအလံကို ပင့်မြှောက်လာ၍ | ယူကရိန်း- မြန်မာ | အဖိနှိပ်ခံလူတန်းစားများအားလုံး တစ်သားတည်းရှိနေကြောင်းနှင့်ဖမ်းဆီးထိန်းသိမ်းခံ ကိုမောင်ကျော် ( ကိုဖြိုးဇေယျာသော် ) မွေးနေ့အထိမ်းအမှတ် အဖြစ်လည်း “ အားလုံးစုစည်းနေရင် ဘာမှမဖြစ် “ စာတန်းကို ကိုင်မြှောက်ကာ ရန်ကုန်မြို့လမ်းမအထက်၌ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည် ။
- လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မန္တလေးမြို့ တစ်နေရာတွင် ယနေ့ (မတ်လ ၂၆) ညနေပိုင်း၌ ရဟန်းရှင်လူ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မန္တလေးသပိတ်အင်အားစုက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အား အများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းသပိတ်စစ်ကြောင်းတွင် “တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုသည့် ခေါင်းစည်းဘန်နာကို ကိုင်ဆောင်ပြီး တောင်တန်းမြေပြန့် ညီညိီညာညာဖြင့် စစ်အာဏာရူးများကို တွန်းလှန့်ဖိုရာ နှိုးဆော် ရင်း ချီတက်ခဲ့ကြသည်။
- နေပြည်တော် ပျဉ်းမနားမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ပျဉ်းမနား အချုပ်ထောင် ကင်းတဲရှေ့၌ “တပ်မတော် အလင်းဝင်ပါ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
- မုံရွာတွင် မြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့ တွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် အကသ ကျောင်းသား ရဲဘော် ကောင်းဆက်ဟိန်း ကျဆုံးခြင်း ရှစ်လပြည့် အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
- အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၈၁ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၂၆ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။
- ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရ သည်။ ဒါ့အပြင် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ ယနေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ပဲခူးတိုင်း လက်ပံတန်းမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) ဦးဆောင်ကာ “လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ် ဒို့တော်လှန်မှ ရလိမ့်မယ်” ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး စာတန်းချိတ်ဆွဲ ခဲ့ကြောင်းသိရသည်။
- မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ် ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် “တောင်တန်းမြေပြန့်အတူချီတက် ဖက်ဆစ်ဝါဒအမြစ်ဖြတ်” စာတန်းကိုင် ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ဆားလင်းကြီးတွင် လက်ပံတောင်းတောင်ဒေသ ပင်မ သပိတ် ကော်မတီဝင်များနှင့် ဒီပဲယင်းမြို့နယ် သပိတ် ကော်မတီတို့ ပူးပေါင်းကာ ယနေ့ မတ် လ ၂၆ ရက်နေ့တွင် “ဖိရမှာက မင်းတို့တာဝန်ဆို ကြွရမှာကငါတို့ဝတ္တရားပဲ” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ ကြောင်း သိရသည်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာ မြစ်ကြောင်းတစ်လျှောက်တွင် ရွှေတူးဖော်နေ သည့် ပြည်သူများထံ စစ်ကောင်စီတပ်သားများနှင့် ရဲများ ယမန်နေ့က ရောက်ရှိလာပြီး စက်ပစ္စည်း များ သိမ်းဆည်းသွားကြောင်း သိရသည်။ ရဲနှင့် စစ်သားအယောက်(၂၀)ဝန်းကျင် ရုတ်တရက် ရောက်ရှိလာပြီး ကုမ္ပဏီ ယန္တရားလုပ်ကိုင်သူများနှင့် တစ်နိုင်တပိုင် ရွှေတူးဖော်နေသည့် ရွှေဆိုင်း များမှ စက်ပစ္စည်းများ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ထံသို့ ပြောသည်ဟုဆိုသည်။
- ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်ကရင်နီပြည် ဒီမောဆို အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်များကို သွားရောက် လှူဒါန်းသည့် ပရဟိတလုပ်ဆောင်နေသည့် လူငယ်ခြောက်ဦးကို မတ်လ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသိရသည်။ ဖမ်းဆီး ခံရသူများမှာ အာယုပါလ သွေးလှူရှင် အသင်း ခေါင်းဆောင် ကိုမင်းမင်းထွန်း၊ ကိုဇွဲ၊ မလင်းလက်ခိုင်၊ မထက်ထက်နှင့် လူငယ် ၂ ဦးတို့ ဖြစ်ပြီး စစ်ဘေးရှောင်များကို လှူဒါန်းပြီး ရှမ်းပြည် ဆီဆိုင်အပိုင် နောင်ထော်တွင် ဖမ်းဆီးခံရ ခြင်းဖြစ်သည်။
- ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်သားကို CDF – မင်းတပ်က နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေ သိန်း (၅၀) ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
- ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါ်ဒါရ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ချင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၂၆ ရက်နံနက်၌ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် CNDF တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
- စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဒီနေ့မနက် ၆ နာရီကနေ ၉ နာရီခွဲအထိ KLG-PDF, GTF-PDF၊ ရွှေသမင်မုဆိုး PDF၊ ကနီတပ်ရင်း(၂)၊ မင်းကင်းတပ်ရင်း(၂)၊ TD-PDF နဲ့ ဒေသခံ ပ.က.ဖတို့က စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF က ထုတ်ပြန်ထားပါတယ်။
- ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ စုကလိမြို့အနီး ထီးကပလယ်ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေသခံပြည်သူ ၃၀၀ ကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
- ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာသားတစ်ဦးကို အချိန် တစ်နှစ် ကျော်ကြာ သည့်တိုင် မိသားစုမှတွေ့ခွင့်မရသေးကြောင်း သိရသည်။
#Federal_Journal_Myanmar
#Daily_Ethnic_News_Collection