သတင်း

နေ့စဉ်သတင်း အကျဉ်း

မတ်လ – ၈ – ၂၀၂၂

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ ၈ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၆၂၃) ဦး ရှိခဲ့ပြီဖြစ်ပါ တယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၅၆၀)ဦးရှိပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ ၄ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၆၀၃) ဦး ရှိခဲ့ပြီဖြစ်ပါ တယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၅၃၄)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • “သွေးကြွေးအတွက် သွေးမအေးဘူး”ဆိုသည့် မြစ်ကြီးနား လူငယ်တချို့ က ယနေ့ မတ်လ ၈ ရက် နေ့ မြစ်ကြီးနား စစ်အာဏာရှင် ဆန့်ကျင် သပတ်စစ်ကြောင်းတွင် ရဲနဲ့ စစ်သားများ ပစ်ခတ်ဖြိုခွဲမှု ကြောင့် သွေးမြေကျ ၁ နှစ်ပြည့်နေ့တွင် KSCM လူငယ်များ လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်းသိရသည်။

 

  • အင်တာနက်ဖြတ်တောက်ခံရမှု ၇ လ နီးပါးရှိလာပြီဖြစ်သည့် ဖားကန့် မြို့တွင် ပြည်သူ ၃၀၀ ခန့်က ယ​​နေ့ မတ်လ ၈ ရက် နေ့တွင် Ukarine ပြည်သူများနှင့်အတူရပ်တည်ပြီး အာဏာရှင် ပူတင် ဆန့်ကျင်ပွဲ ၊ စစ်အာဏာရှင် မင်းအောင်လှိုင် ဆန့်ကျင်ပွဲနှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။ ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “ “Stop Russia Save Ukarine “ “ Myanmar with Ukarine “ “ Murder Putin ,Killer Putin” ဆောင်ပုဒ်များကိုင် ဆောင်ကာ Ukarine ပြည်သူများနှင့် အတူရပ်တည်ကြောင်း ကြွေးကြော်ပြီး KIA PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပါက်ရေးဒို့အရေး ၊ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးဒို့အရေး ၊ ပြန်လည်ရုံးကြွ သပိတ်စုံထ ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေ ဆိုးနဲ့ သေပါစေ ဟု ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။

 

  • ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေး ရွာကို ယနေ့ မတ်လ ၈ ရက် မနက် ၂ နာရီအချိန်ခန့်က စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆောင်ဒူလာကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် နေအိမ်တချို့ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ ထုတ်ပြန်ထား သည်။  ဒီးမော့ဆိုမြို့ အနောက်ဘက် ၅မိုင်အကွာတွင် တည်ရှိသည့် ဆောင်ဒူလာကျေးရွာသည် စစ်ဘေးရှောင်ပြည်သူအများအပြား နေထိုင်ရာ ရွာတရွာဖြစ်ပြီး အဆိုပါရွာတွင် တိုက်ပွဲ ဖြစ်ပွား နေခြင်းလည်း မရှိကြောင်း သိရသည်။

 

  • ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မတ်လ ၈ ရက် ယနေ့နံနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော မိုးညှင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ပြီး ဗိုလ်အဆင့်ရှိသူ အပါအဝင် ၁၂ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ ယမန်နေ့ မိုးညှင်းနှင့် နန်းမားကြားတိုက်ပွဲတွင် ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ကြောင်း အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့၏ စစ်အာဏာရှင်ဆန့်ကျင်သပိတ် ဖြိုခွဲခံရခြင်း (၁) နှစ်ပြည့် အဖြစ် ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ဟိုပုံးပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး မင်းအောင်လှိုင် နာမ်နှိမ်သပိတ်အဖြစ် ပြုလုပ်ခဲ့ကြသည်။

 

  • လိုင်ဇာမြို့အနီး KIO ထိန်ချုပ်နယ်မြေ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးနှင့်လူငယ်များက “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်” ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတခုမှာ ယနေ့ နံနက်ပိုင်း၌ ချီတက်လာပြီး “မတရားမှုက တံခါးဝ ရောက်ပြီ” ဟူသော ဗီနိုင်းစာသား ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တော်လှန်တက်ကြွ အမျိုးသမီးများဦးဆောင်ကာ ယနေ့ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၌ ၃၉၄ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။

 

  • ရန်ကုန်မြို့မှာ ဒီနေ့ကျရောက်တဲ့ အမျိုးသမီးနေ့အတွက် ရည်ရွယ်ပြီးတော့ အမျိုးသမီးတွေဦးစီးပြီး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ “တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ” ဆိုတဲ့ စာသားတွေအပြင် “ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ်” ဆိုတဲ့ စာသား တွေကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသပိတ်ကို Yangon Revolution Force – YRF (Soft Strike Community)၊ Rangoon Empire – RGE နဲ့ အခြေခံကျောင်းသားရေးရာအဖွဲ့ခွဲ အင်အားစု လူငယ်တွေ ပါဝင်တာတွေ့ရပါတယ်။

 

  • နွေဦးတော်လှန်ရေးတွင် ကျရာအခန်းမှ ပါဝင်နေသည့် တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ယနေ့ မတ်လ ၈ ရက် (နိုင်ငံတကာအမျိုးသမီးများနေ့)၌ သပိတ် စစ်ကြောင်းများ ပူးပေါင်း၍ စစ်အာဏာရှင်ညဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည်။ အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို Women Alliance Burmaမှ ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များသမဂ္ဂ (Youth Union) ၊ Revolution Force (RF)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေး မကုန်တောင်ဒဂုံ သပိတ်အင်အားစုတို့မှ ပူးပေါင်း၍ “ဣတ္ထိယတွေရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်း ကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

 

  • မန္တလေးမြို့တွင် အစစ်အဆေး၊ ဖမ်းဆီးမှုများရှိသော်လည်း သံဃသမဂ္ဂ (မန္တလေး) ဆရာတော် များက ယနေ့ (မတ်လ ၈) ညနေပိုင်း၌ ပြည်သူများ စစ်ကျွန်ဘဝမှ လွတ်မြောက်ရန် ပရိတ်ရွတ် မေတ္တာပို့ခဲ့သည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းမှ အမြန်ဆုံး ပျောက်ကင်းစေရန်၊ စစ်ကျွန်မှလွတ်​မြောက်ရန် တိုက်ပွဲဝင်နေကြသည့် ကဏ္ဍအသီးသီးမှ တော်လှန်ရေးတပ်သား များ၊​ အကျဥ်းထောင်တွင်းက ရဲ​ဘော်​များ၊ ပြည်သူ့တပ်သား PDF ရဲဘော်များနှင့် ပြည်သူများ ကျန်းမာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း မေတ္တာပို့ဆုတောင်းပေးခဲ့သည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ယနေ့ မတ်လ ၈ ရက်နံနက်တွင် ဆားလင်းကြီးမြို့နယ်ရှိ တော်လှန်ပြည်သူများသည် ၃၆၃ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်းဖြင့် ချီတက်ကြပြီး ‘တောင်ယာခုတ်ဓါး ညီစေသား’ စာသားကိုင်ဆောင် ဆန္ဒပြကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၈ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ လက်ပံတောင်း တောင်ပင်မသပိတ်နှင့် ယင်းမာပင် ဆားလင်း ကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်းကိုင်ဆွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဝန်းရံပြီး နိုင်ငံရေးတရားများ ဟောပြောခဲ့ကြသည်။

 

  • လက်ပံတောင်းတောင်ဒေသအမျိုးသမီးသပိတ်စစ်ကြောင်းမှ “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက် မှုကို အမြစ်ဖြတ်မည်” စာသားဖြင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • အမျိုးသမီးများအပေါ် ဘက်လိုက်မှုချက်ချင်းရပ်၊ ခွဲခြားမှုများအမြှစ်ဖြတ်ရန်ခေါင်းစဥ်ဖြင့် မောက်မယ်မြို့နယ် ကတူးကြီးဒေသ ဗန်းမက် ပအိုဝ်းအမျိုးသမီးရေးရာကော်မတီ (PWAC) က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မတ်လ ၈ ရက်နေ့မှာ ဒေသခံအမျိုးသမီးများနှင့် စုပေါင်းပြီး PNLO ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။ မတ်လ ၈ ရက်နေ့သည်ကျရောက်သည့် တကမ္ဘာလုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဗန်းမက်ဒေသရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ခွဲခြားမှုများနှင့် ပတ်သက်ပြီး နံပါတ်စဥ်အလိုက်ခွဲပြီး အုပ်စုလိုက်ဆွေးနွေးကြကြောင်းသိရသည်။

 

  • ယနေ့ မတ်လ ၈ ရက် နေ့လယ် ၁၂ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီက ရမ်းကားပစ်ခတ်သော လက်နက်ကြီး ကျည် ၁ လုံးသည် လွိုင်ကော်မြို့နယ်၊ လွယ်ထွဲရွာအတွင်း ကျရောက်ပေါက်ကွဲပြီး မိသားစု ၁ စုမှ ကလေးငယ် ၃ ဦးသေဆုံးကာ ၎င်းတို့၏ ဖခင်ဖြစ်သူနှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ လက်နက်ကြီးထိမှန် သေဆုံးသွားသည့် ကလေးငယ်များ သည် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်နှင့် ၇ နှစ်အရွယ် ယောကျာ်း လေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အနီးတွင်ရှိနေသည့် ၎င်းတို့၏ ဖခင်ဖြစ်သူနှင့် အသက် ၁၅ နှစ် အရွယ် မိန်းကလေး ၁ ဦးမှ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

 

  • ယခင် စစ်အစိုးရ‌လက်ထက် ဖြတ်လေးဖြတ်ခေတ်ကာလတွင် ရွာသူကြီးအဖြစ် တာ၀န်ယူဖူးခဲ့သူ ဒေသခံကရင်အမျိုးသမီးကြီး ၃၄ ဦးကို ယနေ့ ကေအဲန်ယူ ဖားအံခရိုင် နဘူးမြို့နယ် သာယာကုန်း ကျေးရွာတွင် ပြုလုပ်သော နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ဂုဏ်ပြုမှု ပြုလုပ်ခဲ့ သည်။ အပြည့်အစုံ ဖတ်ရန်- https://bit.ly/3MzL6gw

 

  • ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂ နှစ်ခန့်ကြာဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ နှစ်သိန်းကျော်ထဲတွင် အမျိုးသမီးနှင့် ကလေးအများစု ပါဝင်ခဲ့သည်။ ၎င်းတို့မှာ စစ်ဘေးရှောင်စခန်းများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာမလုံခြုံမှုများစွာဖြင့် နေထိုင်နေကြရသည်။ တိုက်ပွဲငြိမ်သက်ခဲ့သော တစ်နှစ်ကျော်ကာလ အတွင်း စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိသော်လည်း စစ်ဘေးရှောင်ရှစ်သောင်းခန့်မှာ စစ်ဘေးရှောင်စခန်းများတွင် ကျန်ရှိနေသေးသည်။

 

  • ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ခူမီးအမျိုးသားပါတီနှစ်ခု၏ စာရင်းဇယားနှင့် မှတ်တမ်းမှတ်ရာ များကို မတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွင် လာရောက် စစ်ဆေးခံဖို့ စာထုတ်အကြောင်းကြားထားသည်ဟု ပါတီမှတာဝန်ရှိသူများကပြောသည်။ ပါတီ၏ ရန်ပုံငွေနှင့် စာရင်းဇယားများကို မတ်လ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပြည်နယ် ကော်မရှင်ရုံးတွင် လာရောက်စစ်ဆေးခံဖို့ အကြောင်းကြားထားပြီး ပြည်နယ်ရုံးတွင် သွားရောက်စစ်ဆေးခံမည် မဟုတ်ဘဲ မိမိတို့ရုံးတွင် လာရောက် စစ်ဆေးလိုလျှင် စစ်ဆေးနိုင်သည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက Western News ကိုပြောဆိုထားကြောင်း သိရသည်။

 

  • ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၆ မှ အပတ်စဉ် (၁) မွမ်းမံ သင်တန်း ဆင်းပွဲပြုလုပ်ခဲ့တဲ့ မှတ်တမ်းဓါတ်ပုံများနှင့်အတူ ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

 

  • ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် ရောက်ရှိလာသည့် စစ်ဘေးရှောင်များအတွက် လက်ရှိအလှူရှင်များ နည်းပါးလျှက်ရှိပြီး ဆန်၊ ဆီနှင့် စားစရာများလိုအပ်နေလျှက်ရှိကြောင်းသိရသည်။ ဆိုက်ခေါင် စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်သူ ၉၀၀ ခန့်ရှိနေပြီး ယခင်ကအလှူရှင်များသော်လည်း လက်ရှိ တွင်အလှူရှင်နည်းပါးပြီး လိုအပ်ချက်များရှိနေခြင်းဖြစ်ကြောင်းသိရသည်။ “တချို့စစ်ဘေးရှောင် တွေက အိမ်ပြန်ဖို့အိမ်မရှိတော့ဘူး မီးထဲပါသွားပြီ ဒီမှာနေတော့လည်း အလုပ်မရှိဘူး အိပ်စား လည်းမလုပ်ချင်ဘူး အလုပ်လိုချင်ကြတာပေါ့နော် စစ်ရှောင်စခန်းမှာလည်း အစပိုင်းတုန်းက ဝိုင်းလှူ ကြလို့ အဆင်ပြေပေမဲ့ ခုနောက်ပိုင်းအလှူရှင်တွေလည်း အဆင်မပြေလို့ထင်တယ် မလှူကြတော့ဘူး ဒါကြောင့်လိုအပ်ချက်တွေအများကြီးပါပဲ” ဟု ဆိုက်ခေါင်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့တင် ခွန်လွန်း ကပြောသည်ဟု ဒေသအခြေစိုက် သတင်းဌာတစ်ခုတွင် ဖော်ပြ ထားသည်။

 

  • စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်မည်ဆိုပါ လက်ရှိအခြေအနေရာ ပြန်နိုင်ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။ သို့သော် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာနှင့် ရသေ့တောင်မြို့နယ်မှ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းစသည့်ကျေးရွာများမှအပ ကျန်ကျေးရွာများမှ စစ်ဘေးတိမ်း ရှောင်နေကြသူများသာ ပြန်၍ရမည်ဟုလည်းပြောသည်။ တင်းမ၊ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်း စသည့်ကျေးရွာများအနီး၌ နှစ်ဖက်တပ်များနီးကပ်စွာရှိနေသည့်အတွက် အဆိုပါ ကျေးရွာများမှဒေသခံများ နေရပ်ပြန်ရေးမဖြစ်နိုင်သေးဟု ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ယနေ့ မတ်လ ၈ ရက်နေ့တွင် စစ်တွေမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

  • မတ်လ ၈ရက်နေ့တွင်ကျရောက်သော အ​ပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီး ထု၏ ​လေးစား အတုယူဖွယ်ကောင်းသော ပညာဂုဏ် ၊ ဇာတိဂုဏ် ၊ အမျိုးဂုဏ် ၊ တင့်တယ်လှသော သိက္ခာ အလှတရား ၊ ရဲဝံ့သော ရဲရင့်သော သတ္တိတို့အား ချီးကျူး ဂုဏ်ယူသောအားဖြင့် အမျိုးသား တို့သည် ထဘီခေါင်းပေါင်း ၊ ထဘီဝတ်လျက် ထဘီအလံထူကာ အမျိုးသမီးတို့သည် စာအုပ်တစ် ဖက် မီးဖိုဆောင် ပစ္စည်းတစ်ဖက်တို့ဖြင့် ဓာတ်ပုံရိုက် ကာ ကမ်ပိန်းတစ်ရပ်ပြုလုပ်ခဲ့ သည်။ အမျိုးသမီးတို့သည် မီးဖိုဆောင် အတွင်း၌သာ တည်ရှိနေရမည်မဟုတ်၊ ကမ္ဘာအရပ်ရပ်တွင် ခေါင်းဆောင်နိုင်သူ ပညာရှိသူများ လည်း ဖြစ်သောကြောင့် ဂုဏ်ပြုခြင်းအားဖြင့်လုပ်ခဲ့သည့် ကမ်ပိန်းဖြစ်သည်။

#Federal_Journal_Myanmar 

#Daily_Ethnic_News_Collection

Related Articles

Back to top button