သတင်း

နေ့စဉ်သတင်း အကျဉ်း

ဖေဖော်ဝါရီလ – ၂၈ – ၂၀၂၂

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ ၁ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၈၉) ဦး ရှိခဲ့ပြီဖြစ်ပါ တယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၄၅၅)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ အိမ်​ခြေ (၁၀၁)အိမ် ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၇ ရက်မှာ ထပ်မံ မီးလောင်ခဲ့ပြီး ၆ လအတွင်း အိမ်ခြေ (၁,၀၅၈)အိမ် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါ တယ်။ စစ်ကောင်စီ တပ်သားတွေရဲ့ (၂၆)ကြိမ်​အထိ မီးရှို့မှုကြောင့် နေအိမ် ၁ ထောင်ကျော် မီးလောင် ကျွမ်းခဲ့တယ်လို့ Thantlang Placement Affairs Committee (TPAC) က ဒီနေ့ည နေမှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာကနေ စတင်ပြီးတော့ ထန်တလန်မြို့ထဲ က နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့တယ်လို့ TPAC က ဆိုပါတယ်။

  • ကချင်ပြည်နယ်၊ ဖားကန့်ပြည်သူ ၄၀၀ ခန့်က မတ်လ ၁ ရက်နေ့တွင် စစ်အာ ဏာရှင် ဆန့် ကျင်ရေး ၊KIA PDF NUG ထောက်ခံပွဲ နှင့် ယူကရိန်း ပြည်သူများ နှင့် အတူရပ်တည်ပြီး ရှရှား သမ္မတ ပူတင်ကို ဆန့်ကျင် ရေး ပြုလုပ်ကြသည်။ ဆန္ဒပြ ပြည်သူများက “NO WAR NO PUTIN “ “ We stand with Ukarine “ God Bless Ukarine “ Murder Putin Killer Putin “ ဆိုင်းပုဒ် များ ကိုင် ဆောင်ကာ ရရှား သမ္မ ပူတင်ဆန့်ကျင် ကြောင်း နှင့်KIA PDF တိုက်ပွဲ တိုင်းမှာ နိင်ပါစေ NUG အစိုးရ ဒို့အစိုးရ ၊ဖပ်ဆစ်စစ်တပ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ ၊ စစ်ဖိနပ် အောက်ဒူး မထောက်ဘူး ဟု ကြွေးကြော်ချီတက်ခဲ့ကြသည်။

  • ပြည်သူအချင်းချင်းမျှဝေမှုဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားကန်ပေးရန်အပါအဝင် စားနပ်ရိက္ခာ ဆိုင်ရာ စီမံမှု အထူးပန်ကြားလွှာကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)က ယနေ့ ထုတ်ပြန်လိုက်သည်။ ကရင်နီပြည်နယ်အတွင်း ၂၀၂၁ မေလမှစ၍ တိုက်ပွဲ များဖြစ်ခဲ့ပြီးနောက် လူဦးရေ ၁၇၀,၀၀၀ ထက်မနည်းသော ပြည်သူများ စစ်ဘေးရှောင်ဘ၀ အဖြစ် ထွက်ပြေး ခိုလှုံလျက်ရှိနေသည်။ ထို အခြေအနေတွင် လူသားချင်းဆိုင်ရာ စာနာထောက် ထားမှု လွှမ်းခြုံနိုင်မှု ယခင်ကာလထက် ပိုမိုကြပ်တည်းလာသည့်အပြင် ၂၀၂၂ နှစ်ဦးပိုင်းကာလ ထောက်ပံ့မှုများ ပိုမိုလျော့နည်းလာသည်ကို တွေ့ရှိရ၍ KSCC က စားနပ်ရိက္ခာဆိုင်ရာ အစီအမံ အတွက် အကြံပြုချက်များအား လိုက်နာရန် ပန်ကြားခဲ့ခြင်းဖြစ်သည်။

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် ပျူစောထီးတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (ပုလော) ပူးပေါင်းတပ်ဖွဲ့ကြား ကြား ယနေ့ မတ်လ ၁ ရက် နံနက် ၇ နာရီမှ ၈ နာရီ ၄၀ အထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ပလောက်အခြေစိုက် စစ်ကောင်စီ၏ တိုင်းဗဟို ၁၂ မှ စစ်သား အင်အား ၃၀ ခန့်သည် အရပ်ဝတ်များဖြင့် လာရောက် ပြီး အင်အားဖြည့်တင်းမှုကြောင့် ပုလော PDF နှင့် တိုက်ပွဲထံမံ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (ပုလော) က သတင်းထုတ်ပြန်သည်။ တိုက်ပွဲ ၂ ကြိမ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (ပုလော) က ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

  • ဖားကန့်မြို့၊ မမုံကျေးရွာနဲ့ မနကျေးရွာကြားက YTT လုပ်ကွတ်ဟောင်းမှာ မြေစာပြိုကျလို့ ရေမဆေးရှာဖွေသူ ၅၀ နီးပါး မျှောပါသွားမှု ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ဖြစ်ပွား ခဲ့တယ်လို့ ဒေသခံပရဟိတအသင်းကနေ သိရပါတယ်။ မြေစာပုံပြိုကျတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လယ်ပိုင်းအချိန်ထိ သေဆုံးသူ ရုပ်အလောင်း ၁၅ လောင်းကိုရှာဖွေ ကယ်ဆယ်နိုင်ခဲ့ တယ်လို့လည်း ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးဌာနကနေ သိရပါတယ်။ ” သေဆုံးသူ အရေအတွက် အတိအကျတော့ မသိရသေးဘူး ၊ မြေတူးစက်နဲ့ မြေသယ်ယာဥ် ဒါဇင်ဝက်လောက် ပျောက်ဆုံးနေတာပါ ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်နေပါတယ် ၊ ၁၅ လောင်း ရရှိထားပါတယ် “လို့ အဲ့ဒီ ​မြေစာပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်နေ တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ မတ်လ ၁ ရက်နေ့တွင် ၃၈၇ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

  • ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေမှာ ဒေသခံတွေက စစ်ကောင်စီထောက်ခံစာယူပြီး ပြန်လည်နေထိုင်သူ တချို့ရှိနေတယ်လို့သိရပါ တယ်။ အခြေ အနေကို ကြည့်ပြီး မတ်လအတွင်း ပြန်လာမယ်လို့ ပြောကြသူတွေလည်းရှိနေ ပြီး မိုင်းလုံးရပ်ကွက်က နေရပ်ပြန်လည်နေထိုင်သူတစ်ဦးက “ထူးမထူးတော့ မသိဘူး။ အိမ်ပြန် လာတော့ အကုန်အမွေခံရတယ်။ တချို့အိမ်ကျတော့ အမွေမခံရပါဘူး။ ဒါပေမယ့် သူတို့ပြော တာကတော့ ထောက်ခံစာယူပြီး ပြန်လာနေ ရပြီတဲ့ သူတို့ ဧည့်စာရင်းစစ်မှာပေါ့နော။ ဧည့်စာ ရင်း စစ်ရင် အဲ့လက်မှတ်က ရှိရမယ်ပြောမယ်။ ပြီးတော့ ပြန်လာနေတာ နှစ်အိမ်သုံးအိမ် လောက်ပဲ ရှိသေးတယ်။ တချို့လူတွေက အဲ့သတင်းကြားပြီ ဆိုတော့ ပြန်လာနေဖို့ အစီအစဉ် နေတယ်” ဆိုပြီး ကရင်နီအခြေစိုက် သတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) တွင် ဖော်ပြလ ထားပါတယ်။

  • ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က မိုင်းရယ်မြို့နယ် ကောင်မောင်းကျေးရွာအုပ်စု ကြူဝင်းရွာ မှာ တာဝန်ထမ်းဆောင်တဲ့ TEI ရဲ့ ကိုယ်ထူကိုယ်ထကျောင်းဆရာဖြစ်သူ မိုင်းရဲထက်မြင့်ကို SSPP တပ်ဖွဲ့က ၂၆ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး မနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၁ နာရီ ဝန်းကျင်မှာ ပြန်လွတ်ပေးခဲ့ပါတယ်။ ကျောင်းဆရာကို ပြန်လွှတ်ပေးရာမှာ ၅ ရက်အတွင်း မိုင်းရယ်မြို့နယ်ကနေထွက်ခွာသွားပေးဖို့ မထွက်သွားပါက အသက်အန္တရာယ် တာဝန်မယူဘူး လို့ ဒေသတွင်း လှုပ်ရှားတဲ့ SSPP အဖွဲ့ခေါင်းဆောင်တစ်ဦးက ကျောင်းဆရာကိုခြိမ်းခြောက် ပြောဆိုခဲ့ကြောင်းသိရပါတယ်။

  • မန္တလေး ခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ချမ်းအေးသာစံ မြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ အလက ၁၂ ထခွဲ အခြေခံပညာကျောင်းသား များ သမဂ္ဂ မဟာအောင်မြေမြို့နယ်တို့ ပူးပေါင်းကာ ယနေ့ မတ်လ ၁ရက်နေ့တွင် “စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” စာတန်းကိုင်ဆောင်ကာ အကြမ်း ဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ကျဆုံးရေးအတွက် အလုံးစုံစီးပွားရေး ပိတ်ဆို့မူ Sanction သည် စစ်အာဏာရှင်၏ ငွေကြေးယန္တရားကို ရပ်တန့်စေနိုင်သည့် နည်းလမ်း တစ်ခုဖြစ်သည့်အတွက် “အလုံးစုံစီးပွားရေးပိတ်ဆို့မှုကို Comprehensive Economic Sanctions ကို ပြည်သူများ ပိုမိုပါ၀င် လူံဆော်မှုများပြုလုပ်ရန် သံဃသမဂ္ဂမှ ဆရတော်များ စုပေါင်း၍ ယနေ့ မတ်လ ၁ ရက်နေ့တွင် တိုက်တွန်းသည့် ဆန္ဒပြ လှုံ့ဆော်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ကျေးရွာတွေက ဒေသခံပြည်သူ လူထုစုပေါင်းပါဝင်တဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ဒီကနေ့ (မတ်လ ၁ရက်) မနက်ပိုင်းမှာ “လေကြောင်းမှ အပြစ်မဲ့ပြည်သူတွေအား တိုက်ခံနေခြင်းကို ပြင်းထန်စွာရှုတ်ချပါ၏” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၃၅၆ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြ ပါတယ်။

  • မုံရွာ-အမြင့်လမ်း ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁ရက်နေ့တွင် “အရှေ့ကမ်း အနောက်ကမ်း ဆိုတာနေရာဒေသပဲ တော်လှန်လိုစိတ်က တသားတည်း” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

  • မုံရွာပင်မသပိတ်ကော်မတီအဖွဲ့ဝင်၊ LGBT ဦးဆောင်သူ တစ်ဦးမှ လက်ပံတောင်းတောင်ဒေသ လူထု သပိတ်စစ်ကြောင်းကို ပူးပေါင်းခဲ့ပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ယနေ့ မတ် ၁ ရက်နေ့ တွင် ချီတက်ခဲ့သည်။

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ဆားလင်းကြီး အရှေ့ခြမ်းကျေးရွာ ၁ ရွာမှ တောင်သူများသည် မတ်လ ၁ ရက်နေ့တွင် လယ်ကွင်းထဲ၌ ကြွေးကြော်ဆန္ဒပြကြသည်။

  • စစ်ကိုင်းတိုင်း တန့်ဆည်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ခြင်းကို ယနေ့ မတ် ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

  • ကယား (ကရင်နီ) ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဖေဖော်ဝါရီ ၂၇ ရက်က လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့် လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာသည်။ ဦးအယ်ဖောင်းရှို အနေဖြင့် ၂၀၁၇၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တို့တွင် ပြည်နယ်အတွင်း ဝန်ထမ်းအိမ်ယာ တည်ဆောက် ခြင်း၊ လွိုင်ကော်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းများတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ထံမှ ငွေကြေး ၁၉၂ သိန်းကျပ်အား တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

  • စစ်ပွဲများကြားတွင် အသက် ဆုံးရှူံးခဲ့ရသော လူငယ်များနှင့် ပြည်သူများအတွက် ဝမ်းနည်း သည့် အနေဖြင့် သော်လည်းကောင်း၊ အမှောင်ထုကြား ရောက်ရှိနေသော ရှမ်းလူငယ်ထု အနာဂတ်အတွက် သော်လည်းကောင်း ပြည်သူများအနေဖြင့် Tai Youth Day Campaign တွင် ပါဝင် ဆောင်ရွက်ကြရန် Tai Youth Yangon က ယနေ့ မတ်လ ၁ ရက်တွင် တိုက်တွန်း နှိုးဆော်ထားသည်။ မတ်လ ၁ ရက်သည် Tai Youth Day သျှမ်းလူငယ်များနေ့ ဖြစ်ပြီး လူမှု ကွန်ယက်အကောင့် Profile များကို Black profile ပုံများ ပြောင်းလဲခြင်း နှင့် ည ၆ နာရီခွဲ အချိန်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်း မေတ္တာပို့သခြင်းများ ပြုလုပ်ရန်နှင့် Black profile များ ပြောင်းလဲရာတွင် နှစ်သက်ရာ စာသားမျာနှင့် အတူ #StopthewarinShanStae ဟူသော hsatag ကို ထည့်သွင်းကာ ပြောင်းလဲချင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကို ရည်ရွယ်၍ Youth Day Campaign တွင် ပါဝင်ရန် တိုက်တွန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

  • တနင်္သာရီမြို့နယ် ပဝရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ မီးရှို့ ဖျက်ဆီးရာတွင် ကျေးရွာအတွင်းရှိ NLD ပါတီရုံးကို စစ်တပ်က စတင်မီးရှို့ဖျက်ဆီးပြီးနောက် ပါတီရုံးအနီးအနားရှိ ပြည်သူ နေအိမ်များပါ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃ လုံး ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

  • ချင်းပြည်နယ်နှင့် မီဇိုရမ်နယ်စပ် အိုင်နက်ကျေးရွာမှာ အာသံရိုင်ဖယ်တပ်ဖွဲ့မှ ဖောက်ခွဲရေး ပစ္စည်းအများအပြားဖမ်းမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်သည်။ အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်တဲ့ ကား ၂ စီးနှင့်အမျိုးသား ၂ ဦး လည်းဖမ်းဆီးခံခဲ့ရပြီး  “ယင်းဖောက်ခွဲရေးစ္စည်းများသည် မြန်မာဖက်ခြမ်း CDF ထံသို့ ပို့ဆောင်ရန်စီစဉ်ထားတာဖြစ်ပြီး သတင်းအရလိုက်လံစုံစမ်းရာ ဖမ်းမိခဲ့‌ခြင်းဖြစ်တယ်” လို့ အသံရိုင်ဖယ်တပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

  • ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ဖာပွန်(မူတြော်) ခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေနဲ့ ကေအဲန်ယူတို့ကြားက တိုက်ပွဲကြောင့် ဖာပွန်မြို့ဒေသခံတွေဟာ သံလွင်မြစ်တစ်ဖက်ကမ်းက မြိုင်ကြီးငူဘက်ကို ထွက်ပြေးတိမ်းရှောင် လာနေကြတယ်လို့ သိရပါတယ်။

  • လင်းခေးခရိုင်မိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စု ပင်ပီး(မိုင်းပုတ်)ရွာသားခွန်ငဲအား သတ်ခဲ့ သည့် လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ လူသတ်မှုကျူးလွန်သူကို RCSS/SSA အဖွဲ့ ကဖမ်းဆီးပြီး မိုင်းပန်ရဲလက်ထဲသို့အပ်ခဲ့ကြောင်း သိရသည်။ “ပင်ပီးဘုန်းကြီး ကျောင်းနဲ့ လမ်းတွေလုပ်တဲ့အခါမှ ကျောက်ခွဲတဲ့သူပေါ့ ဗမာပြည်ဘက်ကပဲ ဘယ်မြို့ကလည်း တော့မသိဘူး သူက ခွန်ငဲ နဲ့ လည်းခင်တယ် ခွန်ငဲ မိန်းမနဲ့ဖောက်ပြန်ပြီး ခွန်ငဲ ကိုသတ် လိုက်တာ ခုတော့ ခွန်ငဲမိန်း မလည်း မိုင်းပန်ရဲတွေက ခေါ်ထားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရင်စိန်ပုဂ္ဂလိကဆေးရုံတွင် အလုပ်ချိန်နာရီတိုးမြှင့်ခြင်း၊ လုပ်ခ လစာတိုးမပေးခြင်းတို့ကြောင့် ဆေးရုံရှိ သူနာပြု ၅၀ ကျော်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြ နေကြောင်းသိရသည်။ “ဖေဖေါ်ဝါရီလ ၁၄ ကစပြီး အလုပ်ချိန် ၂၄၀ ကနေ ၃၀၀ တိုးခဲ့ပေမဲ့ လစာ မတိုးခဲ့ဘူး။ အဲဒါ အလုပ်ချိန်ပြန်လျှော့ပေးဖို့ အသနားခံစာတင်လည်း မရဘူး။ မလုပ်ချင် ထွက် ကျန်တဲ့လူနဲ့ လုပ်မယ်လို့ ပြန်ပြောတယ်” ဟု သူနာပြုတစ်ဦးကပြောတဲ့အကြောင်း BAP သတင်းဌာနတွင် ဖော်ပြထားသည်။ ရင်စိန် ပုဂ္ဂလိက ဆေးရုံသည် ၂၀၂၁ ဇွန်လ တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်တွင် အကြီးတန်းသူနာပြုတစ်ဦးအတွက် တစ်လ နာရီ ၂၄၀ အား လုပ်ခလစာ ကျပ်ငါးသိန်းဖြင့်လည်းကောင်း အငယ်တန်းသူနာပြုများအား လစာ လေးသိန်းကျပ်ဖြင့်လည်းကောင်း သဘောတူခန့်အပ်ခဲ့သည်ဟု ဆန္ဒပြသူနာပြုများက ပြောသည်။

  • ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက်(၂)နေ အမျိုးသား ၂ ဦးဟာ ဒီနေ့မနက် ‌၁၁ နာရီခွဲမှာ ငါးဖမ်း ဖို့ သွားရာကနေ နားခေါ်ကျေးရွာအနီးရှိ ချောင်းတစ်ခုမှာ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ တယ်လို့ သိရပါတယ်။ မိုင်းနင်းမိသူ ၂ ဦးဟာ စိုင်းလာဟူး (၂၀)နှစ်နဲ့ စိုင်းအောင်မိန်း (၂၂ နှစ်) တို့ ဖြစ်ပြီး စိုင်းလာဟူးဟာ ခြေထောက်ဒဏ်ရာ ပြင်းထန်တာကြောင့် ဖြတ်ရမယ့် အနေအထားမှာ ရှိတယ်လို့ နမ့်ခုံး ရှမ်းများပရဟိတအသင်း (ကျောက်မဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောတဲ့အ ကြောင်း ရွှေဖီမြေသတင်းဌာနတွင်ဖော်ပြထားပါတယ်။

  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စု၊ ကန်မြင့်ကန်ကျေးရွာအနီးတွင် ယနေ့ (မတ်လ ၁ ရက်) နံနက် ၁၀ နာရီခန့်က ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူပင့်ဆောင်လာသည့် ဆယ်ဘီးကား တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ လူ(၄)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကန်မြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ အဆိုပါယာဉ်မှာ နေပြည်တော်မှ ရခိုင်ပြည်နယ်၊ ကမ်းထောင်းကြီးမြို့သို့ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ပင့်ဆောင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါ လာသူများထဲတွင် ဘုန်းတော်ကြီးတစ်ပါးနှင့် သီလရှင်တစ်ပါးပါဝင်ကြောင်းသိရသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection 

Related Articles

Back to top button