သတင်း

နေ့စဉ်သတင်း အကျဉ်း

ဖေဖော်ဝါရီလ – ၂၄ – ၂၀၂၂

 

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ်  စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၇၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၃၈၆)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆင့်ခေါ်တဲ့အတိုင်း SNLD အနေနဲ့ နေပြည်တော်ကို ​ငွေစာရင်း သွား ရောက်အစစ်ခံမှာ မဟုတ်ဘူးသိရပါတယ်။ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အနေနဲ့ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ် သလို နေပြည်တော်အထိ လည်း သွားရောက်အစစ်ခံမှာ မဟုတ်ဘူးလို့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

 

  • ပန်ဝါပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန့်ယိန်းက စစ်ကောင်စီကို မတိုက်ခိုက်ရန်နှင့် မြစ်ဆုံ စီမံကိန်းပြုလုပ်သင့်ကြောင်း ချီဖွေမြို့တွင် နှစ်ရက်တာ ကျင်းပခဲ့သည့် “ဘာသာစကားတူ လူမျိုးနွယ် စုများ တွေ့ဆုံပွဲ”တွင်ပြောကြားခဲ့ကြောင်းသိရပါတယ်။ ဦးဇခုန်တိန့်ယိန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို တိုက်ခိုက်ခြင်းများ မလုပ်မိစေရန် လူမျိုးစုများ တိတ်တဆိတ်နေဖို့ ဝါဒဖြန့် ဟောပြောစည်း ရုံးခဲ့ကြောင်း The 74 Media တွင်ဖော်ပြထားပါတယ်။ မြန်မာတစ်နိုင်ငံလုံး ကန့်ကွက်နေသည့် မြစ်ဆုံ ရေကာတာကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း “မြစ်ဆုံရေကာတာလုပ်တာ အကျိုးဖြစ်ထွန်း တယ်။ မြစ်ဆုံရေကာတာက လုပ်ရင်လည်းကောင်းတယ် ဆိုပြီးပြောဆိုခဲ့ကြောင်းသိရပါတယ်။

 

  • ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ ဒုဥက္ကဌ-၁၊ KIA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် ရဲ့(၇၁)နှစ်ပြည့်  မွေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ဆုတောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက် ရေးအတွက် ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဟု ပါရှိပါတယ်။

 

  • ဖားကန့်သွားလမ်း ကားမိုင်းမြို့အဝင် စစ်တပ်ဂိတ်တွင် ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ ထား ကြောင်းသိရပါတယ်။ စစ်တပ်ဂိတ်တွင် ခရီးသွားလာသည့် ပြည်သူများထံမှငွေကြေး ကောက်ခံ မှုနှင့် စစ်ဆေးရေးတင်းကြပ်မှုများပြုလုပ်နေသဖြင့် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်အစောပိုင်းက သွာရောက်တိုက်ခိုက်ခဲ့သောကြောင့် နာရီဝက်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

 

  • အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြုကာ ဖယ်ခုံမြို့နယ်ကို ယနေ့ နံနက်တွင် ၇ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိတွင် ကရင်နီပြည် နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားအလွန်အကျွံ သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၉ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

 

  • ကလေးမြို့နယ်၊ သံဖိုကျေးရွာအနီး တောင်ယာတဲတစ်ခုတွင် စကစတပ်မှ မီးရှို့သတ်ဖြတ်သည့် အရိုးစုများယနေ့တွေ့ရှိပြီး ချောင်းခွကျေးရွာမှပျောက်ဆုံးသွားသည့် သားအမိ ၃ ယောက်၏ အရိုးစုများဖြစ်နိုင်တယ်လို့ CDF-KKG က ထုတ်ပြန်ပါတယ်။ ချောင်းခွကျေးရွာမှ သားအမိ ၃ ဦးကို စကစတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးသွားခဲ့ရာ ယခုချိန်ထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဒေသခံပြည်သူအချို့နှင့် မျက်မြင်သက် သေအချို့၏ ပြောကြားချက်အရ သံဖိုကျေးရွာ အရှေ့ဘက် ယာတောအတွင်းရှိ တဲအိမ်တစ်ခု အတွင်းမှ သေနတ်သံ (၃) ချက်ကြားရပြီးနောက် တဲအိမ်ကို စကစတပ်ဖွဲ့ဝင်များမှ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ သားအမိ (၃) ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် တဲအိမ်နှင့်အတူ တပါတည်း မီးရှို့သတ် ဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း CDF-KKG ကဆိုပါတယ်။

 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာနေ ကိုယ်ဝန် ၇ လ လွယ်ထားရသူ မသူဇာဝင်းထွေး ကို ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် မတရားဖမ်းဆီးသွားပြီး မနက်ဖြန်တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးမည်ဟု သိရှိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပစ္စည်းများ ထောက်ပံ့ပို့ဆောင်ပေးနေသည်ဟု အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ကော့ကရိတ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်သိန်း က မတရားစွပ်စွဲပြီး ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီ၌ လှိုင်ဝကျေးရွာရှိ နေအိမ်တွင် မသူဇာဝင်းထွေး ကို စစ်ကောင်စီ အင်အား ၄၀ ခန့်ဖြင့် လာရောက် ဖမ်းဆီ သွားခဲ့ခြင်းဖြစ်ပါတယ်။

 

  • တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး နိုင်ငံရေး ရည်မှန်းချက် မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်ရမည်ဟု ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP/SSA)၏ နာယကဖြစ်သူ ဗိုလ်ချုပ်ကြီး ဆေထင်က ပြောကြားခဲ့ပါတယ်။ ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်)တွင် SSPP/SSA ၏ ဌာနချုပ် ဝမ်ဟိုင်း၌ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး အထူးကြပ်မတ်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲမှာ မိန့်ခွန်းပြောစဉ်မှာ ထည့်တွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CDM Siyin နှင့် PDF Zoland မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားသေဆုံးထိခိုက်မှုရှိနိုင် ကြောင်း CDM Siyin က သတင်းထုတ်ပြန်ပါတယ်။ နံနက် ၁၁ နာရီကျော်တွင် ကလေးမှ ချင်းပြည်နယ် မြောက်ပိုင်းသို့ ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၄ နာရီကျော်တွင် စစ်ကား ၁၈ စီးပါသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီး သေဆုံးထိခိုက်မှု များနိုင်ကြောင်း သိရှိရပါတယ်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်းက လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးလူငယ် အဖွဲ့ SSRY (Eagle Force)ဟာ ပွဲဦးထွက်တိုက်ပွဲအဖြစ် မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာရှိနေတဲ့ လူငယ်တွေ စုစည်းဖွဲ့စည်းထားတာဖြစ်ပေမဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်း တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံး ဝင်းအတွင်းက ရေချောင်းအနီးမှာ သေဆုံးနေတဲ့ အသက်(၄၀) ဝန်းကျင် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိတယ်လို့ သိရပါတယ်။ သေဆုံး သွားတဲ့ အဲဒီအမျိုးသားရဲ့ အချက်အလတ်တွေကို မသိရှိရသေးသလို သေဆုံးသူရဲ့ မိသားစုတွေနဲ့လည်း အချိတ်ဆက်မရသေးဘူးလို့ မိုးသောက်ကြယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

  • ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းက စစ်ကောင်စီ ထုတ်ကုန်ဖြစ်သော မြန်မာဘီယာများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ညောင်ပင်ခွရွာ မြောက်ဘက် ရှိ လမ်းပိုင်း တစ်နေရာတွင် လူတစ်စုက မြန်မာဘီယာ တင်ဆောင်လာသော မော်တော်ယာဉ်ကို မီးရှိ့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

  • ယခုရက်ပိုင်းအတွင်း ကရင်နီ(ကယား) ပြည်နယ် လွိုင်လင်လေးမြို့နယ်အနီး တိုက်ပွဲ ပြင်းထန် သည့်အတွက် ဆီဆိုင်မြို့နယ်အတွင်းသို့ တိုက်ပွဲရှောင်သူ နှစ်ထောင်ခန့်ရောက်ရှိလာကြောင်း သိရပါတယ်။ တိုက်ပွဲတိမ်းရှောင် လာသူများသည် လွိုင်လင်​လေး မြို့နယ်နှင့် အနီးနားရှိ ကျေးရွားမှဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ မှစတင်ပြီး ယနေ့ထိတိမ်းရှောင်လာသူ နှစ်ထောင်ခန့်ရှိပြီ ဖြစ်ပါတယ်။

 

  • ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၁၉)ရက်နေ့က လူနှစ်ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးမှာ အကြမ်းဖက် အဖွဲ့စည်းများကို ပြည်သူတို့ထံမှ ငွေကြေးအလှူခံ၍ ထောက်ပံ့ပေးနေသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက DMG သတင်းဌာသို့ ပြောကြားချက်အရသိရသည်။

 

  • စစ်တွေမြို့ရှိ Lutheran World Federation Myanmar(LWF)အဖွဲ့တွင် Training Officer ရာထူးဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိသော ကိုလှိုင်မျိုးအောင်(ခ)ကိုလှိုင်ဆိုသူအား ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ “အွန်လိုင်းပေါ် မှာ တင်ထားတဲ့ သတင်းနဲ့ပတ်သက်ပြီး အမှုဖွင့်တာ။ အွန်လိုင်းပေါ်မှာကလည်း စောင့်ကြည့်ရေးအဖွဲ့ တွေရှိတယ်။ အခုအကြမ်းဖက်နဲ့ပတ်သက်ပြီးတော့လည်း ဖွင့်တာတွေရှိတယ်။ အမှုဖွင့်ပြီးပြီဆိုတော့ စစ်ဆေးတာတွေဘာတွေတော့လုပ်နေတယ်”ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကပြောဆိုခဲ့ ကြောင်း DMG သတင်းဌာနတွင် ဖော်ပြချက်အရသိရပါတယ်။

 

  • ထားဝယ်ခရိုင် လောင်းလုံမြို့နယ် သဗျာကျေးရွာမှ လူငယ် ၂၄ ဉီးအား နှစ်ခြောက်လုံး နေ့၌ မွေးနေ့ပွဲ ကျင်းပနေစဉ် စစ်ကောင်စီ မှ အကြောင်းမဲ့ ရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့ရာ ၎င်းတို့အနက်မှ အများစုကို နေ့ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ငါးဉီးအား ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ပြန်လွှတ်လာသူ တွေက တစ်ယောက်ငွေသုံးသောင်းခွဲစီ ပေးခဲ့ရကာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး အာမခံနဲ့ပြန်လည် လွှတ်ပေး လိုက်တာဖြစ်ကြောင်းသိရပါတယ်။

 

  • ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းစစ်ဘေးရှာင်စခန်းတွင် စားနပ်ရိက္ခာထောင်ပံ့မှုမရသည်မှာ ၁ နှစ် ခန့်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ စညှင်းစစ်ရှောင်စစ်ရှောင်စခန်းမှာ ယခင် အနယ်နယ်အရပ်ရပ်က အလှူရှင်အဖွဲ့အစည်းများမှ လာရောက်လှူဒါန်းမှုများရှိခဲ့သော်လည်း လက်ရှိတွင် လာရောက် လှူဒါန်း ခြင်းမရှိတော့သည့်အတွက် စားသောက်ရေး အခက်ကြုံနေရသည်ဟု စညှင်းစစ်ရှောင်စခန်းတာဝန်ခံ ဦးဇင်းသုဝဏ္ဏစက္က(ကိုယ်တော်နှင်းခါး)က Western News ပြောကြားခဲ့ကြောင်းသိရပါတယ်။

 

  • ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ လမ်းဝတံတားပေါ်တွင် “တရားမဲ့အုပ် ချုပ်နေသော စစ်အာ ဏာရူးကိုတော်လှန်ကြ” ဘန်နာချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြောက်ဥက္ကလာကျောင်း သားများသမဂ္ဂ(ဗကသအဖွဲ့ချုပ်)က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြု လုပ်ကြပါတယ်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

– အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၄ ရက် ယနေ့တွင် ၃၈၂ ရက်မြောက် သပိတ်စစ် ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • စစ်တိုင်းတိုင်း ၊ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပျောက်ကြားသပိတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။ ဒါ့အပြင် စုန်းချောင်းရွာ ပြည်သူများကလည်း စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို ယနေ့ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြုလုပ်ခဲ့သည်။

 

  • မုံရွာလူငယ်များ စည်းရုံး၊ မုံရွာမြို့အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် ရပ်ကွပ် သပိတ် စစ်ကြောင်းက တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် အနောက်မြောက်လွင်ပြင် လက်ပံတောင်းတောင်ဒေသလူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် “တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှ တပါး အခြားမရှိ” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

 

#FederalJournal_Myanmar

#Daily_Ethinc_News_Collection

Related Articles

Back to top button