သတင်း

စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ချင်းလူမျိုးများအပါအဝင် နိုင်ငံသူနိုင်ငံသားများ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံ ငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည့်အခြေအနေ မရှိကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ထုတ်ပြန်

 

ဖက်ဒရယ်ဂျာနယ် (ဖေဖော်ဝါရီ /၂၀ )

 

 

ဖေဖော်ဝါရီ (၂၀) ရက်နေ့ ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ချင်းလူမျိုးများအပါအဝင် နိုင်ငံသူနိုင်ငံသားများ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံ ငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည့် အခြေအနေမရှိကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကထုတ်ပြခဲ့ပါသည်။

 

ထို့အပြင် ချင်းအမျိုးသား နေ့ဆိုတာဟာ ချင်းတစ်မျိုးသားလုံး၏ သမိုင်းဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ပြောင်မြောက်သော သမိုင်းမှတ်တိုင်များကို အခြေခံထားခြင်းဖြစ်ပြီး ယခုအချိန်သည် ချင်းလူမျိုး များအတွက် အလွန်အရေးကြီးသည့်သမိုင်းအချိုးအကွေ့ကြီးတစ်ရပ်ကို ကြုံတွေ့ ရင်ဆိုင်ဖြတ်ကျော် နေရချိန်ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်က နိုင်ငံတော် အာဏာကို ထပ်မံလုယူလိုက်ချိန်မှ စပြီး ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး စစ်အာဏာရှင်စနစ်ကို နည်းလမ်း ပေါင်းစုံဖြင့် ဆန့်ကျင်ခုခံတော်လှန်ကြလျက်ရှိပါသည်။ မိမိတို့ ချင်းတစ်မျိုးသားလုံးသည် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ချင်း နယ်မြေများလွတ်မြောက်ရေးအတွက် ပြတ်ပြတ်သားသား ခုခံတွန်းလှန်ကြရ မည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများ လွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် နိုင်ငံရေးအရ တန်းတူညီမျှမှုအပြည့်အဝရှိသည့် ချင်းပြည်ကို ခိုင်မာစွာတည်ဆောက်မည် ဖြစ်ကြောင်း ထုတ်ပြန်တွင် ဖော်ပြထားပါသည်။

Related Articles

Back to top button