သတင်း

မတူပီနယ်က သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မတူပီနယ်က သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီ

ဖက်ဒရယ်ဂျာနယ် (စက်တင်ဘာ-၂၅)

 

မတူပီမြို့နယ် ငလိုင်ကျေးရွာမှ သင်းအုပ်ဆရာတစ်ပါးကို စစ်ကောင်စီတပ်များ က စက်တင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ငလိုင်ကျေးရွာတွင် CDF မတူပီတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်ကရွာအတွင်း လိုက်လံဖမ်းဆီးမှုများလုပ်ရာ ထန်ဘဲလ်အသင်း တော်မှ သင်းအုပ်ဆရာ ငိုင်ကုန်း (Ngai Kung) ၏ တယ်လီဖုန်းထဲတွင်သေ နတ်ပုံများကို မြင်တွေ့ပြီးနောက် ဖမ်းသွားခြင်းဖြစ်သည်ဟုဆိုသည်။

”လူငယ်တွေနဲ့တပ်တွေတိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ငလိုင်ရွာထဲက လူတစ်ချို့ ဖမ်းသွားတာ၊ဆရာငိုင်ကုန်း အပါအဝင်ဆိုရင် ငါးဦးဖြစ်မယ်။ အဲဒီမှာသူတို့ လက်ထဲကဖုန်းတွေကို စစ်ပြီး ကျန်တဲ့ သူလေးဦးရဲ့ဖုန်း တွေထဲမှာဘာမှ မရှိတော့ ပြန်လွှတ်ပေးလိုက်တယ်။ သင်းအုပ်ဆရာရဲ့ဖုန်းထဲမှာ သေနတ်နဲ့ သူအမဲလိုက် ရင်းရိုက်ထားတဲ့ပုံတွေတွေ့လို့ (၁၄၀)တပ်ရင်းကပဲဖမ်းခေါ်သွားတာ”ဟု ငလိုင်ရွာသား တစ်ဦးကပြောသည်။

မတူပီမြို့တွင် နှစ်ဖက်တပ်များ ထိတွေ့မှုများ ဖြစ်ပွားပြီးနောက် ဖနိုင်ကျေးရွာနှင့် လိုင်ကျေးရွာရှိ ရွာသားတချို့ နီးစပ်ရာ တောထဲ သွားရောက်တိမ်းရှောင်နေကြရသည်။

Related Articles

Back to top button