တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 92, November 17, 2023)

၁။ စောနယ်ဒါးဘိုမြ ဦးဆောင်ပြီး ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ကြေညာ
    November 17, 2023

ကော်သူးလေ ပြည်နယ်အတွင်းရှိ နိုင်ငံသားများအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူ များ၏ တိုက်တွန်းမှုအရ သမာဓိရှိ ကရင်ခေါင်းဆောင်များက ကော်သူးလေအစိုးရကို တရားဝင် ဖွဲ့စည်းထားခြင်းဖြစ် သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါဖွဲ့စည်းလိုက်သော ကော်သူးလေအစိုးရတွင် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြ က ပြည်နယ်ဥသျှောင် သမ္မတ အဖြစ် တာဝန်ယူပြီး ဒုသမ္မတများအဖြစ် စောဘာဝါးနှင့် စောဆာဂေဖိုးတို့ အပါအဝင် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ သစ်တောနှင့်စိုက်ပျိုးရေး၊ လယ်ယာနှင့် ရေလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ တရားရေး၊ ဘဏ္ဍာရေး၊ သတ္တုတွင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်ခြားရေးရာ၊ ကျန်းမာရေး၊ သာသနာရေး၊ အဖွဲ့အစည်းအရေးနှင့် မဟာမိတ်ရေးရာ စသည့်ဌာနဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စောနယ်ဒါးဘိုမြ က နိုင်ငံရေးအရ တခြားတိုင်းရင်းသားများနှင့် နိုင်ငံတကာကို ချိတ်ဆက်ဆက် သွယ်နိုင်ရန် ကော်သူးလေအစိုးရကို ဌာနအလိုက် ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း ယခုလို ပြန်လည်ပြောဆိုသည်။ ၎င်းက “ကော်သူးလေ တပ်မတော်မကပဲ ကော်သူးလေအစိုးရကို တည်ထောင်လိုက်တာဖြစ်တယ်။ ဖွဲ့စည်းလိုက်တဲ့ ဌာနတချို့က ကျနော်တို့ မလုပ်တတ်ပေမယ့်လည်း တခြားတိုင်းရင်းသားတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်လို့ရတယ်။ ကေအဲန်ယူက ကျနော်တို့ ကို အသိအမှတ်မပြု ဘေးဖယ်ထားပေမယ့်လည်း လူထုတွေက ကျနော်တို့ကို အားပေးထောက်ခံရင် ကျနော်တို့ဆက်သွားရ မှာပဲ။ မလုပ်ရင် ရှေ့ဆက်သွားဖို့ ခက်မယ်။ အများက ကျနော်တို့ကို ဘာနိုင်ငံရေး ရည်မှန်းချက်မှမရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ မြင်တယ်။”ဟု ပြောသည်။

 “ဒီအဖွဲ့အစည်းဟာ လူထုကို ဆန့်ကျင်မှာမဟုတ်ဘူး၊ ရန်သူကိုပဲတိုက်မှာဖြစ်တယ်။ ဒါက ဒီမိုကရေစီစနစ် ပြန်လည်ထူ ထောင်ဖို့ပဲ ဖြစ်တယ်။ ကျနော်တို့ ဒီလိုမလုပ်ရင် အစည်းအဝေးပွဲကြီးတွေဆိုရင် ဘယ်သူမှ ကျနော်တို့ကို ခေါ်မှာမဟုတ်ဘူးဆို တာ သိတယ်။ ကျနော်တို့ကို သူများ ဘေးပဲဖယ်ထားမယ်။ ကျနော်တို့ အမြဲပြောတယ်။ စည်းလုံးဖို့ အတွက်က လူထုတွေ့ဆုံ ဆွေးနွေးပွဲ လုပ်ရမယ်။ ကေအဲန်ယူ ဦးဆောင်ပြီးခေါ်တဲ့ ဆွေးနွေးပွဲ မဟုတ်စေရဘူး။”ဟု စောနယ်ဒါးမြဘိုမြက ပြောသည်။ ၎င်း အပြင် ကေအဲန်ယူက လက်မှတ်ရေးထိုးလိုက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် လည်း NGO တစ်ချို့ ဆွဲဆောင်မှုနှင့် စစ်အစိုးရတပ် လိုလားသည့် တစ်ဝက်တစ်ပျက် စာချုပ်သာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး မဟုတ်ပေဟု ကြေညာချက်တွင် ဆိုထားသည်။ ထို့ကြောင့် ဝါရင့်တော်လှန်ရေးခေါင်းဆောင်တချို့က အများ ပြည်သူ အကျိုးစီးပွားရရှိရန်နှင့် နိုင်ငံရေးဦးဆောင်လမ်း ညွှန်မှုပေးရန်အတွက် လွတ်မြောက်နယ်မြေတွင်အခြေစိုက်သည့် အစိုးရတစ်ရပ် ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပြောဆိုထားသည်။ ကော်သူးလေအစိုးရဖွဲ့စည်းခြင်းအပေါ် အမည်မဖော်လိုသူ နိုင်ငံခြားရောက် ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက “ကရင်တွေရဲ့ အစွန်းရောက်စိတ်က ကြောက် ဖို့ ကောင်းပါတယ်။ လက်ရှိအခြေအနေအရ ဒါက မလုပ်သင့်တဲ့အ ရာ ဖြစ်ပါတယ်။ လက်တွေ့ကျကျ သုံးသပ်ရရင် အနှစ်သာရ ဘာမှရှိမှာ မဟုတ်ပါဘူး။ ထိန်းချုပ်နယ်မြေ၊ နိုင်ငံရေးကို ဦးဆောင်မှုတွေလည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။”ဟု သုံးသပ် ပြောဆိုသည်။ https://www.facebook.com/photo/?fbid=699 962522231357&set=a.568142278746716

၂။  ကျိုက်မရောမြို့နယ် ခြောက်ရက်တာ တိုက်ပွဲအတွင်း စစ်သား ၂၂ ဦးသေဆုံးပြီး၊ တော်လှန်ရေးရဲဘော် ၃ဦးကျဆုံး
     November 16, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ခြောက်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးပြီး၊ တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်နေ့အထိ မုဒုံမြို့နယ်မှ အင်အား ၅၄ ဦးပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျိုက်မ ရောမြို့နယ် ချောင်းနှစ်ခွကျေးရွာသို့ စစ်ကူလာရာ၌ KNLA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်တွင် ချောင်းနှစ်ခွကျေးရွာရှိ နယ်မြေ ရဲစခန်းနှင့် တံတားဂိတ်စခန်းကို ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်၊ ယင်းစခန်းများသို့ စစ်ကူလာသည့် တပ်မ-၂၂ လက်အောက်ခံ ခလရ-၈၁ စစ်ကြောင်းကို ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုစခန်းနှစ်ခုသို့ စစ်ကူလာ သော မုဒုံမြို့နယ် တပ်မ-၂၂ လက်အောက်ခံ ခလရ-၈၁ စစ်ကြောင်းနှင့် S.O.F စစ်ကြောင်း (၂)တို့ နိုဝင်ဘာ (၁၁)ရက်နေ့ ည ၁၂ နာရီခန့်တွင် ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အဖွဲ့၏ တာဝန်ခံကပြောသည်။ “စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ နိုဝင်ဘာ ၁၁ ရက်၊ ည ၁၂ နာရီမှာ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်း ကုန်းအနီးမှာ တိုက်ပစ်တယ်။ တစ်ညလုံး ပစ်ကြတာ၊ မိုးလင်းတော့ ပြန်ဆုတ်သွားတယ်၊ သူတို့(စကစ)အလောင်း ၃ လောင်းရလိုက်တယ်။ ပြင်းထန်ဒဏ်ရာရတာ ၇ ယောက်လောက်ရှိတယ်။ လက်နက်ခဲယမ်းအချို့ရလိုက်တယ်”ဟု S.O.F အဖွဲ့၏ တာဝန်ခံ က ပြောသည်။

ထို့ပြင် အဆိုပါစစ်ကြောင်းကို နိုဝင်ဘာ ၁၂ ရက် မနက် ၈နာရီ ၊ မိနစ် ၃၀ တွင် ဘုရားကုန်းအနီး  KNLA၊ S.O.F၊ နဂါးနီ စစ်ကြောင်း၊ Lion စစ်ကြောင်းတို့က လိုက်လံ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး   ဗိုလ်မှုးတစ်ဦး၊ ဒုဗိုလ်တစ်ဦး စနိုက်ပါထိမှန် သေဆုံးခဲ့ ကြောင်းသိရသည်။ ယင်းအပြင် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ နှစ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ဦး ထပ်မံသေဆုံးပြီးနောက်၊ ကျန်ရှိနေသည့် စစ်သား ၂၈ ဦးသည် လက်နက်ချအညံခံခဲ့ကြောင်း S.O.F ၏ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။ “ဗိုလ်တစ်ဦး၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၄ယောက်သေထားတာ၊ အားနည်းလာတော့ ကျန်တဲ့ ၂၈ယောက်က လက်နက်ချ အညံခံတယ်။ ကျန် ၁၀ ဦးကတော့ ဆုတ်ခွာလွတ်မြောက်သွားတယ်”ဟု ၎င်းကပြောသည်။ “နိုဝင်ဘာ ၁၄ ရက်နေ့ မှာ နယ်မြေရှင်းလင်းရေးလုပ်တယ်။ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ လွတ်မြောက်သွားတဲ့ ၁၀ယောက်နဲ့ ထိတွေ့တိုက်ပွဲဖြစ် တယ်။ ၅ ဦးသေတယ်။ လက်နက်ခဲယမ်းအချို့ရတယ်”ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အထက်ပါ ၆ ရက် တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံးကာ၊ လက်နက်ချအညံခံသူ ၂၈ ဦး၊ လက်နက် မျိုးစုံ ၅၅လက်၊ သိမ်းဆည်း ရမိခဲ့ပြီး၊ တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးကာ၊ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://www.facebook.co m/photo/?fbid=900630898092966&set=pcb.900630994759623

၃။ မိုးဗြဲ-ဖယ်ခုံရှိ စစ်ကောင်စီ၏ဗျူဟာကုန်း ၁ ခုနှင့် တပ်စခန်း ၈ ခုကိုသိမ်းပိုက်နိုင်ပြီဟုတော်လှန်ရေးတပ်ပေါင်းစု        ကြေညာ
   November 16, 2023

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲ- ဖယ်ခုံရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း ၁ ခုနှင့် တပ်စခန်း ၈ ခုကို သိမ်းပိုက် နိုင်ဟု တော်လှန်ရေးတပ်ပေါင်းစုက    မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F)မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ မိုးဗြဲ၊ ဖယ်ခုံ ဒေသများအတွင်းရှိ စစ်တပ်ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ စစ်တပ် ခြေကုပ်စခန်းများဖြစ်ကြသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများအတွင်းရှိ တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိရသည်။ စစ်တပ်က  လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀၀ ကျော်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် လာ ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်းရှိ  အရပ်သား (၄) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မိုးဗြဲတွင် ၁ နှစ်ကျော်ကြာ စက်တော်ရာတောင်ကုန်းတွင်နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ ၅၁၈ တပ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊  အဆိုပါ စက်တော်ရာတောင်ကုန်းသည် ရန်သူစစ်ကောင်စီ ၏ ပင်မ စစ်ရေးအချက်အချာနေရာတစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

မိုးဗြဲတွင်  ၁၁.၁၁ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှနိုဝင်ဘာလ  ၁၅ ရက်နေ့အတွင်း  စစ်ကောင်စီ ဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၆)ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တရက်တည်းတွင် စစ်ကောင်စီ၏ လွိုင်လင်လေးတပ်က လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ  ၁၅  ကြိမ်နှင့် ဖယ်ခုံတပ်က အကြိမ်ရေ (၅၀) ဝန်းကျင် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်းတွင် စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းများကို စွန့်ပြေးကာ ခြေဦးတည့် ရာထွက်ပြေးတိမ်းရှောင်ကြသောကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများမှ နယ်မြေရှင်းလင်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးထိန်းသိမ်းထား မှုအခြေအနေများကို စစ်ဆင်ရေးပြီးဆုံးသည့်အချိန်တွင်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ မိုးဗြဲ ဖယ်ခုံဒေသတွင် တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ် ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင် ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ် ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) အပါ အဝင် တော်လှန်ရေးအင်အားစုများက  မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက် နေ့တွင် စတင်ခဲ့ကြောင်းသိရှိရသည်။ https://www.facebook.com/photo/?fbid=700067222220887& set=pcb.70006734 8887541

၄။ ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲ CNA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ငွန်လဲထန်ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ဟု အသိပေး
    November 16, 2023

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ငွန်လဲထန် ကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း Chinland Information Ceter က သတင်းထုတ်ပြန် အသိပေးသည်။ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်စုများဖြစ်ကြသော CDF-Hualngoram ၊ PDA ၊ CDF-Zaniatram ၊ CDF-Thantlang တို့သည် နိုဝင်ဘာ ၁၃ရက်နှင့် ၁၄ရက်တွင် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့အနီးရှိ စစ်တပ်စခန်း ၂ ခုစလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။  အဆို ပါ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၇ ဦး အလင်းဝင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများ အပြား အိန္ဒိယ နိုင်ငံဘက်ထွက်ပြေးသွားကြောင်း CNA ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။ လက်နက် ခဲယမ်းများစွာလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။

 စီးပွားရေးအချက်အခြာကျသည့် ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သော ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားအလံစိုက်ထူးကာ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း CIC က ထုတ်ပြန်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြခဲ့ရာ ရိဒ်ခေါဒါရ်မြို့ အနီး ချင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့မှု၊ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ ရသည့် CNA စစ်ဦးစီးချုပ်၊ အလင်းဝင်လာသူများကို CNA က ဆုငွေချီးမြှင့်ခဲ့မှု ဓာတ်ပုံမှတ်တမ်းများကို တွေ့ရသည်။ ဖလမ်းမြို့ နယ်ရှိ သီးဘွလ်တပ်စခန်းကိုလည်း ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF)ကနိုဝင်ဘာ ၁၅ ရက်မနက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ https://www.facebook.com/photo?fbid=67940 5857591543&set=pcb.679406490924813

၅။ ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု စစ်ကောင်စီပြော
    November 17, 2023

ရက္ခိုင့်တပ်တော် AA ဝင်ရောက်ခဲ့သည့် ရခိုင်ပြည် ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဝါဒဖြန့်မီဒီယာ မြဝတီကတစ်ဆင့် ပြောဆို ထားသည်။  နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပေါက်တောနယ်မြေရဲစခန်းကို AA ဝင်ရောက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပြန်လည်ဝင်ရောက်မှုကြောင့် AA ပြန်လည်ဆုတ်ခွာသွားကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြေသည်။ “ပေါက်တောတစ်မြို့လုံးကိုထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်တာရှိတယ်။ တပ်မတော်အနေနဲ့ တပ်မ တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့အနေနဲ့ ဒီနေ့နေ့ခင်းပိုင်းမှာ ပေါက်တောကို ရောက်ရှိပါတယ်။ ရောက်ရှိသွားတဲ့အခါ မှာ တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ် ဖွဲ့ရောက်ရှိတာနဲ့ ရန်သူများပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ်။ ပေါက်တောကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်” ဟု ပြောသည်။

ပေါက်တောမြို့မရဲစခန်းတစ်ခုလုံးကိုတော့ AA က သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။  လက်နက်ချ အညံ့ခံလာသော ရဲတပ်ဖွဲ့ဝင်များကို အသက်ချမ်းသာပေးပြီး တစ်ဦးကို ငွေကျပ် ၁၀ သိန်းစီပေးကာ ၎င်းတို့ သွား လိုရာသို့ လုံခြုံစွာ ပို့ဆောင်ခဲ့သည်ဟု AA က ပြောသည်။ သို့သော်လည်း နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်အထိသာ AA က ပေါက်တောမြို့မရဲစခန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီက ရေတပ်၊ လေတပ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာတွင် AA က ပြန်လည်ဆုတ်ခွာသည်ဟု စစ်ကောင်စီက ပြောဆိုနေခြင်းဖြစ်သည်။ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၆၀ ကျော်ဖြင့် ပေါက်တောမြို့၌တပ်စွဲကာ ပြန်လည်ထိန်းချုပ်ထားခြင်းဖြစ်သည်။ တပ်စွဲရန်ပြန်လည်ဝင် ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါက်တောမြို့ရှိ အရပ်သားပြည်သူများကို သတ်ဖြတ်မှုရှိနေပြီး ၎င်းတို့ အတွက် AA က များစွာဝမ်းနည်းကြောင်းနှင့် အရပ်သားပြည်သူများအား သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သော စစ်ကောင်စီ တပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမည်ဟု AA က သတိပေး ပြောဆိုထားသည်။ https://www.facebook.com/p hoto/?fbid=78310100716 2661&set=a.682731967199566

၆။ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးမှူး ထုတ်ပယ်ခံရ၊ ဗိုလ်မှူးချုပ် တစ်ဦးနဲ့ အစားထိုး
    November 16, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စစ်တပ် လက်အောက်ခံ ကိုးကန့် အုပ်ချုပ်ရေးမှူးကို မနေ့က ထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးချုပ် တစ်ဦးနဲ့ အစားထိုးလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ ဦးစီး ဥက္ကဌ ဖြစ်သူ ဦးမြင့်ဆွေကို မနေ့က ထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးချုပ် အဆင့်ရှိသူ ထွန်းထွန်းမြင့် ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာတော့ ကိုးကန့် အုပ်ချုပ်ရေးမှူး မြင့်ဆွေ ဟာ ကိုးကန့်ဒေသတွင်း တရားမဝင် လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတာ၊ လုပ်ကိုင်ခွင့်တွေ ပေးထားတာကြောင့် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရေးသားနေပါတယ်။

လောက်ကိုင်ဒေသအတွင်း ကျားဖြန့် လုပ်ငန်း အဓိက ဦးဆောင် လုပ်ကိုင်နေတဲ့ စစ်တပ် နောက်ခံ ကိုးကန့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်ဟောင်းဖြစ်သူ မင်ရွှေချမ်း၊ ကိုးကန့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး မင်ကိုဖျင် အပါအဝင် ကိုးကန့်ပြည်သူ့စစ်နဲ့ ဆက်နွယ် သူ ၄ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဆုကြေးငွေယွမ် ၅ သိန်းအထိ ထုတ်ပြီး နိုဝင်ဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=369666582086459&set=a.2859 00490463069

၇။ စစ်ရေးအခြေအနေများကြောင့် ကဇူးယန်နေရပ်ပြန်စစ်ရှောင်များ ဒုတိယအကြိမ်ထပ်မံတိမ်းရှောင်ရ
    November 16, 2023

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ကဇူးယန်ကျေးရွာမှာရှိနေတဲ့ နေရပ်ပြန်စစ်ရှောင်ဒေသခံတချို့ နိုဝင်ဘာလ ၁၅ ရက်နေ့က စပြီး မြို့ဘက်ကိုဒုတိယအကြိမ် ပြန်လည်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ကဇူးစစ်ကောင်စီတပ်စခန်းက လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုတွေအပြင် လေကြောင်းပစ်ခတ်မှုတွေပါ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် မနေရဲကြတော့တာကြောင့် အခုလို တိမ်းရှောင်လာကြတာဖြစ်တယ်လို့ ကဇူးယန်ဒေသခံတစ်ဦးက ပြောပါတယ်။ “ခွန်အားရှိတဲ့သူတွေကတော့ စပါးတွေရိတ်သိမ်း ယူပြီး သတိနဲ့ရွာထဲနေ။ အားနွဲ့တဲ့ သက်ကြီးရွယ်အိုနဲ့ မိခင်တွေ၊ကလေးတွေတော့ ပြောင်းနှင့်ကြရအောင်လို့ ပြောထားကြပြီ။” လို့ ဒေသခံက ဆိုပါတယ်။ တချို့ရွာသားတွေဟာ အရင်က မိမိနေထိုင်ခဲ့တဲ့ မြစ်ကြီးနားကစစ်ရှောင်စခန်းနဲ့ ဝိုင်းမော်က စစ်ရှောင် စခန်းတွေမှာ ပြန်အကူညီတောင်းခံပြီး ယာယီခိုလှုံကြမှာဖြစ်သလို တချို့ရွာသားတွေကတော့ အောင်မြေ(၂) KBC ဘုရားကျောင်း နဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီ အကူညီတောင်းခံပြီး ယာယီခိုလှုံကြဖို့အတွက် ပြင်ဆင်ထားတယ်လို့လည်း ဆက်လက်ပြောပါတယ်။

အခုလိုတိုက်ပွဲပြန်ဖြစ်ပွားလာတဲ့အတွက် ဒေသခံကျေးရွာသားတွေအားလုံးက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ရွာကိုပြန် လည် စွန့်ခွာခဲ့ရင် ကဇူးယန်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေ၊ ကျောင်းဆောင်တွေ၊ ဆေးပေးခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ၊ ဘုရားကျောင်းတွေ ပြန်လည်ပျက်စီးသွားမှာ ကိုလည်း စိုးရိမ်နေကြပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က ရွာမြေတွေကို သိမ်းယူတာတွေ လုပ်လာကြတဲ့အပြင် ရွာသားတွေ မနေတဲ့ အိမ်တွေနဲ့ ခြံဝင်းတွေကို မီးရှို့ပစ်မယ်၊ မိုင်းထောင်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာမျိုး ရှိနေတယ်လို့လည်း ဒေသခံ တစ်ဦး ကပြောပါတယ်။ “အဲဒီလိုတွေဖြစ်သွားရင် ရွာထဲမှာ ရွာသားတွေဘယ်သူမှမရှိရင် မဖြစ်ဘူးဆိုပြီး အရမ်းကို အကြိတ် အနယ်ဖြစ်လာရင်လည်း လူကြီးတွေတစ်ယောက်နှစ်ယောက်တော့ ရှိနေအောင်ဆိုပြီး ညှိနှိုင်းကြတယ်။ တကယ်လို့ နှစ်ဖက်တပ် က ပစ်ခတ်လာကြရင်လည်း ရှိနေရမယ်လို့ ပြောတယ်။”လို့ ဆိုပါတယ်။ အခုချိန်ဟာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်လည်းဖြစ် တာကြောင့် မရိတ်သိမ်းနိုင်မှာကိုစိုးရိမ်နေကြရပေမဲ့ ဒေသခံတွေဟာအသက်လုံခြုံရေးကို အခင်းတွေကိုအဆုံးရှုံးခံပြီး တိမ်းရှောင် ကြရမှာပါ။ အခုချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကဇူးစခန်းသာမက ဆေးပေးခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဝင် ရောက်နေထိုင်နေကြပြီဖြစ်ပြီး စစ်တပ်ဧရိယာတွေအပြင် ဘုရားကျောင်းနဲ့ စာသင်ကျောင်းလမ်းတစ်ဝိုက်မှာ ညဆိုရင် မိုင်ထောင် ထားပြီးတော့ မနက်ကြရင် ပြန်ဖြုတ်တာမျိုးတွေ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။ https://www.facebook.com/photo/?fbid=3574 10493632617&set=a.266001999440134

၈။ လွိုင်ကော်တိုက်ပွဲ၌ KNDF ရဲဘော် ၁ ဦး ကျဆုံး၊ စစ်တပ်လက်နက်ကြီးကြောင့် ကလေး အပါအဝင် ၃ ဦးသေဆုံး
    November 16, 2023

ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်မှာ ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၈ က ရဲဘော် ဟင်နရီ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ရဲဘော်ဟင်နရီဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လွိုင်ကော်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရဲ့ လေကြောင်းရန်ကြောင့် ကျဆုံးခဲ့ရတာလို့ သိရပါတယ်။ ရဲဘော်တဦးက “ကံတရားက အသက်ငယ်တာ၊ ကြီးတာတွေကို မရွေးဘူး။ ဒါပေမဲ့ ကောင်းနေရင် ကံက ပိုကြိုက်တတ်တယ်။ ကောင်းရာဘုံဘဝကို ရောက်ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြော ပါတယ်။ ရဲဘော်ဟင်နရီဟာ ရှေ့တန်းတိုက်ပွဲများစွာမှာ စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့သူတဦးဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် အသက်ကို ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီကိုတိုက်ထုတ်ရင်း မြင့်မြတ်စွာ ကျဆုံး ခဲ့ရတဲ့ ကွန်မန်ဒိုရဲဘော် ဟင်နရီကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော်တချို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်မှာ လွိုင်ကော်ရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၀ မမ ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် နမ့်ကွတ်မှ စစ်ရှောင်လာတဲ့ အသက် ၁၇ နှစ်အရွယ်တဦး လက်နက်ကြီးကျည်စ နံရိုးထိဖောက်ဝင်ကာ သေဆုံးခဲ့ပါတယ်။ ဒါ့အ​ပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုင်းလုံးရပ်ကွက်မှာ သားအမိ ၂ ဦး သေဆုံးခဲ့ပြီး ကလေးတဦး ပြင်းထန် စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က သွားလာနေတဲ့ ပြည်သူတွေ ကို ပစ်ခတ်တာတွေ၊ မြို့အဝင်အထွက် လမ်းတွေကို ပိတ်ပင်ထားတာ၊ လေကြောင်း၊ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီး လူထုတွေကို ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ် သားပြည်သူ သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေပြီး နိုဝင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း ထိခိုက်သေဆုံးသူ ၃၈ ဦးနဲ့အထက် ရှိနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ https://burmese.dvb.n o/post/625309

၉။ ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဂိတ်ထိုင်ပြီး သွားလာခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေအခက်တွေ့နေ
    November 16, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ထိုင်ပြီး အရပ်သား ဖြတ်သန်းသွား လာခွင့်ကိုတားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲနှင့် စစ်သားတွေဟာ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူရှေ့ ဖားကန့်– ဆယ်ဇင်း– ဟောင်ပါးကားလမ်းမပေါ်မှာ လွန်ခဲ့တဲ့ အပတ် ကတည်းကနေ အရပ်သားပြည်သူတွေ ဖြတ်သန်းသွားလာခွင့်ကို လုံးဝတားမြစ်ထားတာကြောင့် ဆယ်ဇင်းကျေးရွာအပါ၊ ဟောင်ပါးဘက်ခြမ်းက ဒေသခံပြည်သူတွေသွားရေးလာရေးခက်ခဲနေတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက ပြော ပါတယ်။“အခုနဲ့ဆို နှစ်ပတ်လောက်ရှိပြီရှင့် သွားလာလို့မရတာ အရင်ကတော့သူတို့ဂိတ်ထိုင်တယ်ဆိုပေမယ့် တစ်ပတ်ကို သုံး၊ လေးခေါက်လောက်တော့ သွားခိုင်းတယ်အခုက လုံးဝကိုမသွားခိုင်းတာရှင့်။ ဖားကန့်ဘက်ကိုလည်းတက်လို့မရ ဖားကန့်ဘက် ကလည်း ဒီဘက်ကိုလာလို့မရဖြစ်နေတာရှင့်”လို့ အသက် ၄၀ ကျော် အရွယ်ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးကပြော ပါတယ်။ ဆယ်ဇင်းကျေးရွာအနီးစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်က အသွားအလာပိတ်ထားတာကြောင့် လက်ရှိ ဆယ်ဇင်း ကျေးရွာ အပါ၊ ဟောင်ပါး၊ နန့်စဘိန်း၊ခိုမ၊ ရွှေတောင်ကျော်စတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင်ကျေးရွာတွေဟာ သွားလာရေးခက်ခဲ ပြီး ကုန်စျေးနှုန်းတက်တာတွေနဲ့၊ စီးပွားရေးထိခိုက်လာတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ကျွန်မတို့က တိုင်းရင်းဆေးတွေဘာတွေလည်းဖြန့်တယ်ရှင့် အခုလမ်းပိတ်နေတော့ ခါတိုင်းဆိုဟိုပင်တို့ မိုးကောင်းတို့ ထိဖြန့်တယ်အခုက သွားလာလို့မရတော့ ပစ္စည်းလည်းပို့လို့မရ အခုစားသောက်ကုန်တွေလည်း လမ်းပိတ်တော့ အဝင်နည်းပြီး စျေးတွေတက်နေတာ”လို့ ဟောင်ပါးကျေးရွာ နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ပုံမှန်အားဖြင့် ဆယ်ဇင်း၊ ဟောင်ပါး ဘက်ကို ဆန်၊ အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်တွေကို ကားနဲ့တင်ပို့တာဖြစ်ပြီး အခုလိုလမ်းပိတ်ထားတာကြောင့် ဆန်၊ အခြေခံ စားသောက်ကုန်နှင့်လူသုံးကူန်တွေကို ဆိုင်ကယ်ကယ်ရီသမားတွေက ဖြတ်လမ်းအသုံးပြုပြီးတင်ပို့ရတာကြောင့် တန်ဆာခ စျေး များပြီး ကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့လည်းသိရပါတယ်။ အခုလိုလမ်းပိတ်ဆို့ထားတာ ကြောင့်ဆယ်ဇင်း၊ ဟောင်ပါးဘက်မှာ ဆန်တစ်အိတ်ကျပ် ၁၆၀၀၀၀ကနေ ကျပ် ၁၈၀၀၀၀ ကျပ်ထိရှိပြီး ခရမ်းချဥ်သီးတစ်ပိသာကျပ် ၁၀၀၀၀၊ ကြ က်သွန်နီ/ဖြူ တစ်ပိသာကျပ် ၆၀၀၀ ကနေ ကျပ် ၇၀၀၀ လောက်အထိစျေးတက် နေတယ်လ်ို့လည်းဒေသခံတွေကဆိုပါတယ်။ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူအနီးစစ်ဆေးရေးဂိတ်မှာတော့ စစ်တပ်နဲ့ရဲတွေပူးပေါင်းတပ်ထိုင် နေတာဖြစ်ပြီး အင်အား ၅၀ ကနေ ၈၀ ကြားပုံမှန်ရှိတယ်လို့သိရပါတယ်။ https://burmese.kachinnews.com/2023/11/16/zz1-20/

၁၀။ မော်လမြိုင် ရတခစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး အရာရှိစစ်သည်များ သေဆုံးဒဏ်ရာရ
     November 17, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို  နိုဝင်ဘာ ၁၆ ရက်ညနေ ၅ နာရီခွဲ လောက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ ဒုဗိုလ်မှူးကြီး အဆင့်အပါအဝင်အများအပြားဒဏ်ရာရပြီး ဒုအရာခံဗိုလ် တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တပ်တွင်းနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ဝင်းထဲမှာ တိုင်းစစ်ဌာနချုပ် နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ် ရှားထူးဝေါ်နည်းပညာ တပ်ဖွဲ့ ၊ Alpha Bats တပ်ခွဲနဲ့ နယ်ခံ ERO တပ်ဖွဲ့တို့ ပူးပေါင်းပြီး Kamikaze Drone နှစ်စင်းနဲ့ တိုက် ခိုက်ခဲ့တာလို့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ ရတခ တိုင်းခန်းမလျှောက်လမ်းနဲ့ ယာဉ်ရပ်နားဝင်းအတွင်းသို့  ဒရုန်း ကျရောက် ပေါက်ကွဲ ရာ စစ်ကောင်စီတပ်က နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ (နဗဟ၂) မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း (စိုးရိမ်ရ)၊ ခမရ ၅၅၇ မှ ဒုဗိုလ်မှူးကြီး ခန့်နောင် (စိုးရိမ်ရ) တို့ ပြင်းထန်ဒဏ်ရာရခဲ့သလို  ခမရ ၅၅၆ မှ ဒုဗိုလ်မှူးကြီး ဝင်းနောင်ထွန်း (မစိုးရိမ်ရ)၊ ခလရ ၁၉ မှ ဒုဗိုလ်မှူးကြီး ကျော်မင်းထွန်း (မစိုးရိမ်ရ) ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ခမရ ၃၄၁ မှ ဧည့်ခံရေးတာဝန်ကျ တပ်သား ဟိန်းလွင်စိုး နဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ ခွဲ၂/ ၉၁၈) မှ ဒုအရာခံဗိုလ် ဝင်းထိန်တို့ သေဆုံးခဲ့တယ်လို့  တပ်တွင်းနဲ့ နီးစပ်သူက ပြောပါတယ်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းနှစ်ပတ်လည် အခမ်းအနားကို ရတခတိုင်းမှူး အပါအဝင် တိုင်းလက်အောက်ခံ တပ်မတွေ၊ စကခတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက အရာရှိအရာခံတွေ တက်ရောက်ကြပြီး DKBA နဲ့ BGF တပ်ဖွဲ့တွေလည်းတက် ရောက်ကြတယ်လို့ သိရပါတယ်။ အရှေ့တောင်တိုင်းဌာနချုပ်အတွင်းကို ဒရုန်းနဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်တာရှိပါတယ်။“လက်နက်ကြီးက တိုင်းစစ်ဌာနချုပ်ထဲကိုတစ်လုံးကျတယ်။ ရခိုင်ကုန်းဈေးအနီးမှာ ထပ်မံတစ် လုံးကျပါတယ်”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ မော်လမြို့ဒေသခံကပြောပါတယ်။ တိုက်ခိုက်မှုအပြီး တိုင်းစစ်ဌာန ချုပ်ရှေ့မှာ လမ်းသွားလမ်းလာတွေကို  စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ရက်ညကလည်း အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ကို ပထမအကြိမ် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရထားပါတယ်။ လက်ရှိတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးမှာ ဗိုလ်ချုပ် မြတ်သက်ဦး ဖြစ်ပြီး ဩဂုတ်လ လလယ်ပိုင်းကစတင်ပြီး စစ်ကောင်စီကအသစ်ခန့်ထားတာဖြစ်ပါတယ်။ https://burmese. dvb.no/post/625406

၁၁။တစ်ရက်အတွင်း လွိုင်ကော်မှာ ကလေး ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးကာအမည်မသိအမျိုးသား       ရုပ်အလောင်း တစ်လောင်းတွေ့ရှိ
     November 17, 2023

၁၁.၁၁ စစ်ဆင်ရေး ၆ ရက်နေ့မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကရင်နီပြည် လွိုင်ကော်မြို့ မှာ ကလေး ၂ ဦး အပါအဝင် အရပ်သား ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး အမည်မသိ အမျိုးသားရုပ်အလောင်းတစ်ခုကိုလည်း တွေ့ခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။“၅ ယောက် ပြည်သူလူထုတွေ ထိခိုက်မှုရှိတယ်၊ အဓိက အထူး သဖြင့် မနေ့က ညနေ၊ နေ့ခင်း၊ နေ့ခင်းကနေ ည ၁၁နာရီ အထိ ပေါ့နော် စစ်ကောင်စီကနေ လေယာဥ် ကော ဗုံးကောပေါ့နော် တကယ့် အကြီးတွေ လာချသွားတာပေါ့။ ဆက်တိုက်ပေါ့နော် ဆယ်စက္ကန့် တစ်လုံးနီးပါးတောင် အဲ့လို ပစ်ခတ်တာရှိတာပေါ့။ အဲ့တော့ ကျနော်တို့ ပြောချင်တာက မနေ့က တိုက်ပွဲ အရမ်းပြင်းထန်တယ်။ နောက် စစ်ကောင်စီက အလွန်အကျွံလက်နက်ကြီး ရော နောက်ပြီးတော့ လေယာဥ်တွေကောပေါ့ ကျနော်တို့ မြို့ပေါ် ရပ်ကွက်တွေကို ဗုံးကြဲ သွားတယ်ဆိုတာတော့ ကျနော်တို့ သိရ တယ်” လို့ ဦးဗညားက ဆိုပါတယ်။ သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၅ ဦးဟာ လွိုင်ကော်မြို့ပေါ် နေအိမ်အတွင်း လက်နက်ကြီး ကြောင့် သေဆုံးသွားတာဖြစ်ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုး သမီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ အသက် ၈ နှစ်အရွယ် ကလေးလည်းပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၆ ရက်‌နေ့မှာပဲ လွိုင်ကော်မြို့ ထေးငှားလျားဖက်မှာ ပိတ်မိနေတဲ့ စစ်ရှောင်လူထုကို သွားရောက်ကယ်ထုတ် ရင်း ရုပ်အလောင်းတစ်ခုကို တွေ့ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ အလောင်းဟာ လက်နှစ်ဖက် ကြိုးတုတ်ခံရပြီး နှိပ်စက် ညှင်းပန်းခံရတာဖြစ်တယ်လို့ မြေပြင် ကယ်ဆယ်ရေးဆောင်ရွက်တဲ့အဖွဲ့တခုဖြစ်တဲ့ KHAI အဖွဲ့က တင်ပြဖော်ပြထားတာလည်း ရှိပါတယ်။“ထေးငှားလျားဖက်မှာ ရတာပေါ့နော်။ အဓိကကတော့ ဒီ ကျနော်တို့ ထင်တာကတော့ ဖြစ်နိုင်ခြေအများဆုံးကတော့ ဒီဖမ်းဆီးပြီးတော့မှ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးသွားတယ်ပေါ့။”လို့ ဦးဗညားက ဆက်ပြောပါတယ်။ လွိုင်ကော်မှာ တိုက်ပွဲတွေ ကြာရှည်နိုင်ပြီး လက်ရှိအချိန်ထိ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိနေသေးတာကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုများလာ နိုင်သလို ရေရှည် စားဝတ်နေရေး အတွက် နဲ့ ဆေးဝါးအခက်အခဲတွေလည်း ပိုများလာနိုင်တယ်လို့ ဦးဗညားက သုံးသပ်ပြောဆို ထားပါတယ်။ ၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၇ရက်အတွင်း လွိုင်ကော်မြို့ပေါ်မှာ သေဆုံးသွားတဲ့ အရပ်သား ပြည်သူ စုစုပေါင်း ၄၀ ကျော် ထိရှိလာပြီး အများစုက လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးကြတာဖြစ်ပါတယ်။ https://www.kan tarawaddytimes.org/%e1%80%90%e1%80%85%e1%80%ba%e 1%80%9b%e1%80%80 

၁၂။ ခုတ်ထန်စစ်ကောင်စီစခန်းကို ခြောက်နာရီကြာတိုက်ခိုက်ပြီးနောက် MNDAA သိမ်းယူနိုင်ခဲ့
     November 17, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသ ခုတ်ထန်မှာရှိနေတဲ့ စစ်ကောင်စီစခန်းကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ခြောက်နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကိုးကန့် ခရိုင် တုန်းရှမ်းဒေသ ခုတ်ထန်မှာရှိတဲ့ စစ်ကောင်စီစခန်းကို မနေ့က နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီခွဲမှာ ကိုးကန့်တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီခွဲဝန်းကျင်မှာ အပြီး သတ်သိမ်းယူနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်လာတဲ့ နိုဝင်ဘာ ၁၆ ရက်အထိ ၂၁ ရက်တာကာလအတွင်း ကိုးကန့်တပ် မတော် (MDAA) ၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီခန်းပေါင်း ၁၅၀ ကျော် သိမ်းယူထားနိုင် ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄  ရက်က ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့နယ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီး စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ https://www.facebook.com/p hoto/?fbid=73401346210 0679&set=a.477257421109619

၁၃။ ဗန်းမော်မြို့တွင် စစ်တပ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၃ ဦးကို ပစ်သတ်
     November 17, 2023

ကချင်ပြည်နယ် ဗန်းမော်မြို့အထွက် နှစ်မိုင်အောင်သာ အလယ်တန်းကျောင်းပတ်ဝန်းကျင်မှာ နိုဝင်ဘာ ၁၆ ရက် မနက် ၄ နာရီဝန်းကျင်လောက်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၃ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ပြည်သူ ၃ ဦးက ဆိုင်ကယ်နဲ့ သွားလာတဲ့အချိန် စစ်ကောင်စီက ရပ် တန့်ဖို့ ပြောဆိုရာကနေ သေနတ်နဲ့ ပစ်ခတ်လိုက်တာလို့  ဒေသခံတဦးကပြောပါတယ်။“မနက် ၄ နာရီလောက်ဖြစ်မယ်၊ အစက တော့ ကားတစီးဖြတ်သွားတဲ့ အသံကြားတယ်၊ ကင်းပုန်းဝပ်နေတဲ့ စစ်သား (စကစ) တွေထင်တယ်။ ဆိုင်ကယ်ဖြတ်လာ တော့ ရပ်ဖို့အောင်ဆဲ တာကြားရတယ်၊ နောက်တော့ သေနတ်သံတွေ ဆူညံသွားတာပဲ။ ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့သူတွေကို ပစ်လိုက် တာထင်တယ်၊ အလောင်းလည်း မနက်စောကြီး ကားနဲ့ သယ်သွားတယ်။ မိုးလင်းတဲ့ အချိန်ပြန်ကြားရတာက သုံးယောက် ပစ်သတ်ခံရတယ် လို့ ကြားတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ပြည်သူ ၃ ဦးက ဘယ်သူတွေဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။ ပြည်သူ ၃ ဦး ပစ်ခတ်ခံရတဲ့ သေနတ်သံတွေ ထွက်ပေါ်ပြီးနောက် သုံးမိုင် လေယောဉ်ကွင်းစောင့်တဲ့ စစ်ကောင်စီတပ် သားတွေကလည်း ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွား ပြီးနောက် စစ်ကောင်စီတပ်သားတွေက နှစ်မိုင်အောင်သာ အလယ်တန်းကျောင်းရှေ့မှာ အတား အဆီးတွေ ပြုလုပ်ပြီး လမ်းသွား လမ်းလာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကနေ ညစဉ်ညတိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ https://burmese.dvb.no/post/625362

၁၄။ လားရှိုးမြို့နယ်၊ အလက ခွဲ ၆ ကျောင်းတွင်တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်စီးလာသည့်ပြည်သူ ၂ ဦးကို ပစ်        သတ်
      November 17, 2023

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် ၆ အလက ခွဲ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ် စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီခန့်အချိန် လားရှိုးမြို့နယ်၊ အမှတ် ၆ အလက ခွဲ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်တန့်ပေးခြင်း မရှိဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။ “လားရှိုး အလက ခွဲ ၆ ကျောင်းရှေ့မှာ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ပြည်သူ ၂ ဦးကို စစ်ခွေးတွေက မရပ်ပေးလို့ ဆိုပြီး ပစ်သတ်လိုက်တယ်။ သေဆုံးသွားတဲ့ ပြည်သူ ၂ ဦးက ဘယ်မှာ နေထိုင်ပြီး ဘယ်သူတွေ ဆိုတာတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဆိုင်ကယ်စီး ပြည်သူ ၂ ဦးကို ပစ်သတ်ပြီးနောက် အလောင်းများကိုလည်း စွန့်ပစ်ထားခဲ့ကြောင်း၊ မိသားစုဝင် များမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းသိရှိရခြင်းမရှိသေးဟု ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။ https://www.faceb ook.com/photo/?fbid=700426875518255&set=pcb.700426948851581

၁၅။ ပဲခူးတိုင်း၊ ရွှေကျင်တွင် ခမရ ၃၅၁ ၏ စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်၊ လက်နက်ခဲ        ယမ်းများရရှိပြီး
      November 17, 2023

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ခမရ ၃၅၁ ၏ စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများရရှိကာ စခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ထံမှ သိရှိရသည်။  နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော် (BPLA)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က ပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ကျူချောင်ရွာအနီးရှိ တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊  မိနစ် ၂၀ ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွား ခဲ့ကြောင်းသိရှိရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း စခန်းတစ်ခုလုံးကို မိမိတို မဟာ မိတ်ပူးပေါင်းအဖွဲက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများမှာ ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jumper ၁ ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ RPGသီး ၂၂ လုံး၊ RPG ပိုယမ်း ၁၆ ခု၊ တင့်ဖျက် ၃ခု၊ ၄၀ မမသီး ၁၂ လုံး၊ မြေမြှုပ်မိုင်း ၉ လုံး နှင့် ၅.၅၆ ကျည် ၁၁၂၈ တောင့်တို့ဖြစ်ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=700554538838822&s et=pcb.700554822172127

၁၆။ ထားဝယ်တွင် ယာဥ်ထိန်းရဲနှင့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရ
      November 17, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်၊ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်အနီးမှာ စစ်ကားနဲ့ ရွေ့လျားပုံစံ ယာဥ်စစ်ဆေးနေတဲ့ ယာဥ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက် မနက် ၁၀ နာရီခွဲက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပကဖ DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အိမ်ရှေ့ပြင်ဂိတ်အနီး နေထိုင်သူတဦးက “၅ မိနစ်လောက် အပြန်အလှန်ပစ်ကြပြီး လမ်းပိတ်ချလိုက်တယ်။ ကားမှာတော့ တော်တော်ထိသွားတယ်။ လူထိမထိတော့ အတိ အကျပြောမရဘူး” လို့ ပြောပါတယ်။ DGRF ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်သားနဲ့ ယာဥ်ထိန်း စုစုပေါင်း ၆ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုအပြီးမှာ ဂိတ်ကို မိနစ် ၃၀ ခန့် ပိတ်ပြီးနောက် အိမ်ရှေ့ရပ်ကွက်က အမျိုးသမီး ၂ ဦးနဲ့ အမျိုး သား ၂ ဦးကို လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ထားဝယ်မြို့အတွင်း လမ်းဆုံလမ်းခွတွေမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ဦးဆောင်ကာ ယာဥ်ထိန်းရဲတပ် ဖွဲ့က ရွေ့လျားပုံစံနဲ့ စစ်ဆေးလေ့ရှိပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအထဲမှာ မပါဝင်တဲ့ အချက်တွေနဲ့လည်း ဖမ်းဆီး အရေးယူ ငွေညှစ်လေ့ရှိကြောင်း မြို့ခံတွေက ပြောပါတယ်။ အခုတိုက်ခိုက်ခံရတဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ဟာ ကိုဗစ်ကာလ က ကျန်းမာရေးစစ်ဆေးတဲ့ဂိတ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီဂိတ်ဖြစ်လာကာ အဲဒီဂိတ်မှာ စစ်ကောင်စီ၊ ရဲ၊ လ.ဝ.က၊ ထွေအုပ်နဲ့ သစ်တောဝန်ထမ်းတွေ ဂိတ်ထိုင်စစ်ဆေးလေ့ ရှိပါတယ်။ https://burmese.dvb. no/post/625351

၁၇။ မော်ချီးဒေသမှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးမှုတွေရှိနေ
      November 16, 2023

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ဆေးဝါးတွေပြတ်လပ်နေပြီး ဝယ်ယူလို့မရတော့တာကြောင့် အသက် ဆုံးရှုံးသွားရသူတွေရှိနေတယ်လို့ မော်ချီးဒေသမှာ ဆေးခန်းဖွင့်ထားတဲ့ ဆေးဆရာမ တဦးကပြောပါတယ်။ “ဆေးဝါးအခက်ခဲကတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ မှာယူလို့ မရတာတွေရှိတယ်။ အများအားဖြင့် မှာယူလို့ကို မရတော့ဘူး။ ဆေးဝါး တွေပြတ်တယ်။ အရေးနဲ့အကြောင်းဆိုရင် တိုက်နယ်ဆေးရုံလွှတ်ရတယ်။ လွှတ်လို့မရရင် ဖားဆောင်း ဆေးရုံလွှတ်ရတယ်။ ဒါပေမဲ့ အဲ့မှာလည်းဆေးတွေမရှိဘူးလို့လည်း ကြားတယ်။ တချို့ကျတော့ ဆေးမရှိတော့လည်း အချိန်မီမကုနိုင်ဘူးပေါ့” လို့ အဆို ပါ ဆေးဆရာမ ဆိုပါတယ်။ အများအားဖြင့် ခဲကျင်း လုပ်ကွက်တွေအတွင်းမှာဖြစ်ပွားတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ အခါ တွေမှာ ဆေးရုံကိုအချိန်မီမပို့နိုင်တာတွေကြောင့် လမ်းမှာ အသက်ဆုံးရှုံးတာတွေများတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတဲ့ မော်ချီးဒေသမှာ ကျန်းမာရေး အတွက်ဆေးကုသစရိတ်ကလည်း မြင့်မားနေတယ်လို့ ဆေးဆရာမ တဦးကပြောပါတယ်။ “လှည်းတွန်းတဲ့သူ (ခဲကျင်းတွင်လှည်းတွန်းသူ) ဆို တရက်မှ (၁၅၀၀၀) အများဆုံး (၂၀၀၀၀)လောက်ပဲရတယ်။ ဆေးကုတဲ့တန်ဖိုးကတော့ အနိမ့်ဆုံးကတော့ (၁၀၀၀၀)ပဲ။ အဲ့ထက်လျော့တာတွေတော့ မရှိဘူး။ ဆေးထိုး ဘာထိုး အကြောဆေးတွေ ဘာတွေထိုးရင်တော့။ ဆေးသုံးရက်စာနဲ့ ဆေးတချောင်းထိုးမယ်ဆိုရင် အများဆုံး က (၁၅၀၀၀) လောက်တော့ကျပြီးသားပဲ အဲ့လောက်တော့ရှိတယ်”လို့ အဆိုပါ ဆေး ဆရာမက ပြောပြပါတယ်။ မော်ချီးဒေသမှာ ကျန်းမာရေးအရ အရေးပေါ်အခြေအနေဖြစ်နေရင် လိုခါးလို တိုက်နယ်ဆေးရုံကို ပို့ဆောင်ရပြီး၊ လိုခါလို တိုက်နယ်ဆေးရုံမှာ မကုသနိုင်ရင်တော့  ဖားဆောင်း ဆေးရုံသို့ပို့ဆောင်ရတယ်လို့ ဆိုပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ် ရေးအခက်ခဲ၊ ဆရာဝန်/ဆရာမ မလုံလောက်မှုနဲ့  ကုန်ဈေး နှုန်းမြင့်တက်မှုတွေကြောင့် ဖားဆောင်းမြို့ မော်ချီးဒေသမှာ မသေဆုံး သင့်ပဲ သေဆုံးနေသူ အရေအတွက်ကို စာရင်းအတိအကျ မသိရပေမဲ့ အများကြီးရှိနေတယ်လို့ ဆေးဆရာမ က ပြောပါတယ်။ https://www.kantarawaddyti mes.org/s9q7

၁၈။ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီပြောင်းလဲမှုကြောင့် ဖျားနာသူ ၆၀၀ ကျော်ရှိနေ
     November 17, 2023

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) စခန်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် နှာစေး၊ ချောင်းဆိုးနဲ့ ဖျားနာမှုတွေအဖြစ်များနေပြီး၊ အသက် ၅ နှစ် ကနေ ၁၇၊ ၁၈ နှစ် အရွယ်မှာ ပိုဖြစ်များနေတယ်လို့ ကရင်နီ ကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောက ပြောပါတယ်။“ ၅ နှစ် ၁၇ ၊ ၁၈ နှစ် အရွယ် မှာဖြစ်တာပေါ့နော်။ တပတ်အတွင်းမှာတော့ အားလုံးပြောမယ်ဆိုရင် တပတ်ထဲမှာ ၆၄၇ ဦး ဖြစ်တာပေါ့နော်။ အဲ့ထဲမှာအများဆုံးက ဖြစ်များတာ ၅ နှစ်ကနေ ၁၇ နှစ်အရွယ်ကလေးတွေပေါ့” လို့ နော်ခူဖော ကပြောပါတယ်။ အောက်တိုဘာလ အကုန်နဲ့ နိုဝင်ဘာလ အစောပိုင်းမှာ ဖျားနာမှုတွေစတင်ဖြစ်ပွားလာတယ်လို့ သိရပါတယ်။“ကိုယ်ပူတယ် ပြီးတော့ ချောင်း ဆိုးတယ်။ ချောင်းဆိုးတာ ကြာပြီပေါ့နော်။ အမြဲငိုတယ်။ အသက်ရှူကြပ်တယ်။ ပြီးတော့ ကိုယ်ပူလည်းပါတယ်ပေါ့‌နော် အရမ်းခက်ခဲတာပဲ။”လို့ အသက် ၄ နှစ်အရွယ် ကလေးငယ်ရဲ့ မိခင်တဦးက ပြောပြပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းတွင်းက ဆေးပေးခန်းမှာ လူနာတွေများနေတာကြောင့် လူနာအိပ်ဆောင်တွေ နေရာပြည့်နေသလို နေရာတွေတိုးချဲ့ ပြီး လုပ်ဆောင်နေရတယ်လို့ နော်ခူဖော က ပြောပါတယ်။“ အရမ်းဖျားနာနေတဲ့ လူနာဆိုရင် ဆေးခန်း မှာပေးအိပ်ရတယ်။ ဆေးခန်းထဲမှာ နေရာတွေက အရမ်းနဲ့ ပြည့်နေပြီပေါ့ အရင်က အပြင်လူနာနေရာက ကျမတို့အနီး ကပ် ကြည့် လူနာအဖြစ်နဲ့ထားပြီး ကျမတို့ ဆေးခန်းနေရာကို ထပ်ချဲ့ရတာပေါ့နော် “ လို့ နော်ခူဖော ကပြောပါတယ်။ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာတည်ရှိပြီး လူဦးရေ ၁ သောင်းဝန်းကျင်ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%b%e1%80%84 %e1%80%ba%e1%80%94%e1%80

၁၉။ တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်
     November 16, 2023

စစ်ကောင်စီကတပ်စွဲထားသည့် တနိုင်းမြို့နယ်၊ တရုံကျေးရွာရှိ တပ်စခန်းက ယမန်နေ့ည ၁၀ နာရီခန့်မှစတင်ကာ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း သိရသည်။  တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တစ်နာရီခန့်ကြာ တစ်ဖက်သတ်ရမ်းသမ်းပစ်ခတ်နေခဲ့ခြင်းဖြစ်သည်ဟု တရုံကျေးရွာနေ ဈေးသည်တစ်ဦးက ပြောသည်။ “စစ်တပ်က သူတို့ဖာသာပစ်နေတာ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့။ ၁၀ နာရီလောက်ကနေ စပစ်တာ ၁၁ နာရီခွဲထိ ပစ်တာ။ ရွာသား တွေကို ခြောက်နေတာလား၊ သူတို့ဖာသာ ကြောက်ပြီးပစ်နေတာလားတော့ မသိဘူး”ဟု ပြောသည်။ တရုံကျေးရွာအဝင် တံတား အနီးရှိ စစ်ကောင်စီတပ်စခန်းက ညစဉ် သေနတ်ပစ်ဖောက်လေ့ရှိသော်လည်း ယမန်နေ့ညက လက်နက်ကြီးပစ်ခတ်ခဲ့ ခြင်းဖြစ် ကြောင်း တရုံကျေးရွာနေ လယ်သမားတစ်ဦးက ပြောသည်။“ခါတိုင်းလည်း သူတို့(စစ်ကောင်စီတပ်)က ပစ်နေတာပဲ၊ ဒါပေမဲ့ မနေ့ညကတော့ လက်နက်ကြီးလည်းထုတယ် သေနတ်လည်းဖောက်တယ်။ ရွာထဲပြည်သူထိတာတော့ မရှိပါဘူး။ အဝေးကြီးကို ပစ်တာဆိုတော့။ တရုံမှာတော့ ဘာမှမဖြစ်ဘူး၊ KIA တွေ စခန်းသိမ်းတယ်လို့လည်း မကြားဘူးနော်” ဟုပြောသည်။

အဆိုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ယမန်နေ့က တိုက် ခိုက်သိမ်းပိုက်ခဲ့သည်ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း အသက် ၄၄ နှစ်အရွယ် တရုံဒေသခံအမျိုးသားက အတည်ပြု ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း တနိုင်းမြို့နယ်၊ နန်ဖြတ်ယာန်ကျေးရွာရှိ စစ်ကောင်စီခြေမြန် တပ်ရင်း ခ.မ.ရ (၃၉၀) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က သွားရောက်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ခေတ္တထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။ https://www.facebook.com/photo?fbid=6601318463144 87၏&set=a.535867405407599

၂၀။ စစ်ဆင်ရေးဆောင်ရွက်နေစဥ်အတွင်း ခေတ္တတိမ်းရှောင်ပေးကြဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ထပ်မံတောင်းဆို
     November 17, 2023

၁၁.၁၁ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ လွိုင်ကော်မြို့ခံတွေကို နေရပ်ကို ခေတ္တစွန့်ခွာ ရှောင်တိမ်းပေးကြဖို့ တော်လှန် ရေးခေါင်းဆောင်တွေက ထပ်မံတောင်းဆိုထားပါတယ်။ မြို့တွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်နေတာပါ။ တိမ်းရှောင်လို့ ရနိုင်သေးတဲ့ အခြေအနေမှာ ထပ်မံတိမ်းရှောင်ပေးကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။“ရှောင်ဖို့ အခြေအနေ၊ အခွင့်အရေး ရသေးရင် အမြန်ဆုံး ရှောင်လိုက်ကြပါ။ တစ်သက်သာ ငြိမ်းချမ်းဖို့၊ လွတ်လပ်ဖို့၊ မျှတတဲ့ လူမှုအသိုက်အဝန်းသစ် ဖြစ်လာဖို့ ခေတ္တစွန့်ခွာလိုက်ပါ”လို့ စစ်ရေးချုပ် ခူးရီးဒူ က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ အသိပေးထားပါတယ်။

လက်ရှိမှာတော့ တိမ်းရှောင်သူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ပရဟတိတ အသင်းအဖွဲ့တွေလည်း ရှိနေပြီး ကိုယ်ပိုင် အစီအစဥ်နဲ့ တိမ်းရှောင်ကြသူတွေလည်း ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါ တယ်။“ဒီနေ့တော့ အများကြီး ရှောင်ကြပြီ။ စိတ်မကောင်းစွာဘဲ မြို့ကို စွန့်ခွာကြတာ။ အမြန်ဆုံး ပြန်ငြိမ်းချမ်းပြီး အမြန်ပြန် လာရဖို့ ဆုတောင်းပါတယ်။ အားလုံးလည်း ဘေးကင်းကြဖို့ဘဲ ဆုတောင်းပေးပါတယ်။” လို့ ဒီကနေ့မှာ တိမ်း ရှောင်တဲ့ မြို့ခံ တစ်ဦးက ပြောပါတယ်။“မရှောင်ဘူးလို့ တွေးထားတာ။ မရတော့ဘူး။ ပတ်ရမ်းပြီး ပစ်တာ။ သေသူသေ၊ အိမ်တွေလည်း အကုန် ထိတာ။ ရှောင်လိုက်ရင်လည်း ကိုယ်ကူညီရာ ရမလားလို့ တွေးမိတာဘဲလေ။ ဆုတောင်းပြီး ရှောင်နေတာ။”လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။ မြို့ပြစစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်က နေ့စဥ်လေကြောင်းသုံး တိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီးတွေကိုလည်း ရမ်းသန်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.kantarawaddytimes.or g/%e1%80%85%e1%80%85%e1%80% ba%e1%80%86%e1%80%84%e1%80

၂၁။ တက္ကသိုလ်ကျောင်းသား ၈ ဦးကို စစ်ကောင်စီကဖမ်းဆီးခြင်းသည် လူမဆန်သောလုပ်ရပ်ဟု ရက္ခိုင်ပြည် ကျောင်း       သားသမဂ္ဂ ဝေဖန်
     November 17, 2023

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စာမေးပွဲဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ်ကျောင်းသား ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးခြင်းမှာ လူမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဝေဖန်ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီးတွင် အဝေးသင်တက္ကသိုလ် ကျောင်းသား ၈ ဦးအား စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောသည်။“စစ်ကောင်စီတပ်သားတွေ ဘယ်နေရာကို ဖမ်းဆီးသွားလဲ မသိရဘူး။ အခုလိုလုပ်တာဟာ လူမဆန်တဲ့ လုပ်ရပ်လို့ မြင်တယ်။ ကျောင်းသား/သူတွေကို ပိုပြီး အကြောက်တရားဖြစ်စေတဲ့သဘော သက်ရောက်တယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူက ပြောသည်။ ဖမ်းဆီးခံကျောင်းသားများ၏ အသေးစိတ်အချက်အလက်များကို ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက စုံစမ်းနေကြောင်း ဆိုသည်။

ရခိုင်တွင် တတိယအသုတ် တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲ စတင်ဖြေဆိုသည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင် ကာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ “စာမေးပွဲသာဖြေနေရတာ စိတ်က မလုံ ခြုံဘူး။ လမ်းသွားရင်လည်း စစ်သားတွေကို မြင်နေရတယ်။ ဖမ်းဆီးတာတွေလည်း ရှိနေတော့ အရမ်းစိုးရိမ်တယ်။ ကျောင်းကို အသွားအပြန်လုပ်တာတောင် ရင်တမမနဲ့ သွားနေရတယ်”ဟု မင်းပြားမြို့မှ စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူတစ်ဦးက ပြောသည်။ တက္ကသိုလ်ကျောင်းသား လူငယ်များအား သံသယဖြင့် ပစ်မှတ်ထားဖမ်းဆီးနေခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပြီး ထိုကဲ့သို့လုပ်ရပ်မျိုးအား ရှုတ်ချကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။“အပြစ်မဲ့ကျောင်းသားတွေကို ဖမ်းဆီးခြိမ်းခြောက်တာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ တခြား ကျောင်းသား/သူတွေရဲ့ စိတ်အာရုံကို ထွေပြားအောင်လုပ်တာ။ အခုလို စာမေးပွဲကာလမှာ ကြောက်လန့်အောင် သွတ်သွင်းနေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရခိုင်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသူတစ်စုကိုလည်း ကျောင်းအနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများက ရိုင်းစိုင်းစွာဆဲဆိုပြီး ခြိမ်းခြောက်စကားများ ပြောဆိုခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=7341 86608754938&set=a.64320 9801185953

၂၂။ လားရှိုးတက္ကသိုလ်ရှိ အဝေးသင်စာမေးပွဲများ အားလုံး ရပ်ဆိုင်း
     November 16, 2023

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့‌‌ရှိ လားရှိုးတက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ၂၀၂၃-ပညာသင်နှစ် အဝေးသင်တက္က သိုလ် တတိယအသုတ် မြန်မာစာနှင့်သမိုင်းအထူးပြုသင်တန်းများအားလုံး၏ စာမေးပွဲကိုရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္က သိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ ဌေးအောင် မှ လက်မှတ်‌ရေးထိုး ထုတ်ပြန်ခဲ့ပြီး ပြန်ဖွင့်မည့်ရက်စွဲ မပါပေ။ “ဘယ်လို ဆက်လုပ်မလဲတော့ မသိဘူး ပေါ့နော် ညီမတို့က ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရင်း လာဖြေရတာ စာကျက်မှတ်ရတာတော့ အခက်အခဲ အများကြီးရှိ တာပေါ့ မာရှယ်လောကလည်း ထုတ်ခံထားရတာဆိုတော့ သူငယ်ချင်းတွေဆီ စာ‌သွားလုပ်ဖို့လည်း မလွယ်ဘူး‌ ပိတ်လိုက်တော့ လည်း ကောင်းတာပါဘဲ”ဟု စစ်ဘေးရှောင် တက္ကသိုလ်ကျောင်း သူတစ်ဦးမှ ပြောသည်။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လားရှိူးမြို့တွင် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး လူငါးဦးထက် ပိုမိုစုဝေးခြင်း မပြုရန်လည်း တားမြစ်ထားသည်။

သျှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ စခန်းကုန်း တစ်ရာကျော် လက်လွှတ်ဆုံးရှူံးထားပြီး တပ်ရင်းတပ်ဖွဲ့များမှလည်း လက်နက်ချ အညံ့ခံမှုများဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်ပိုင်း တိုက်ပွဲ များဖြစ်ပွားရာ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များကိုလည်း လားရှိုးမြို့နှင့်အတူ စစ်အုပ်ချုပ်ရေး မာရှယ်လောကို စစ်ကောင်စီမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကလည်း ကရင်နီ (ကယားပြည်) လွိုင်ကော်တက္ကသိုလ်တွင် ဖြေဆိုမည့် အဝေးသင်တက္ကသိုလ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ကြောင်းလည်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ https://burmese.sh annews.org/archives/38096

၂၃။ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ           ထွက်ပြေး တိမ်းရှောင်
     November 16, 2023

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ပြည်နယ်စစ်ကောင်စီ နီးစပ်သူများနှင့်သတင်းရင်းမြစ်များထံမှသိရသည်။ ထွက်ပြေးတိမ်းရှောင်သူများ မှာ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးတင်လှ တို့အပြင် သတင်းပြန်ကြားရေးကို တာဝန်ယူထားသည့် ဥပဒေချုပ် ဦးလှသိန်းလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းဆိုရင် မနေ့ကတည်းက နေပြည်တော်သို့ ထွက်သွားပြီ လို့ ပြောတယ်။ နောက် တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနဲ့ စီးပွားရေးရာဝန်ကြီးတွေလည်း ဒီနေ့ ထွက်သွားပြီလို့ သိရပါတယ်။ ဘယ်ကိုတိမ်းရှောင်သွားတာလဲ ကျနော်တို့လည်းမသိဘူး”ဟု ပြောသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးအောက်တွင် ရက္ခိုင့်တပ်တော် AA သည် ရခိုင်ပြည်အတွင်း စစ်ကောင်စီကို တိုက်ထုတ်နေပြီး ယနေ့အချိန်အထိလည်း တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေသည်။ “ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန် လာတော့။ ရဲတပ်ဖွဲ့တွေကလည်း လက်နက်ချတာတွေရှိနေတော့။ ဝန်ကြီးတွေကလည်း သူတို့ကိုပါ AA က ဖမ်းဆီးလာမှာကို စိုးရိမ်နေကြတယ်။ ဒါ့ကြောင့် တိမ်းရှောင်နေတယ်လို့ပဲ ထင်ပါတယ်။ ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးကတော့ စစ်တွေမှာ ရှိပါသေး တယ် ” ဟု ပြောသည်။

ဥပဒေချုပ် ဦးလှသိန်းက ပြည်နယ်စစ်ကောင်စီအဖွဲ့တွင် သတင်းထုတ်ပြန်ရေးကို အဓိက တာဝန်ယူရသူဖြစ်ပြီး ၎င်း လည်း စစ်တွေမြို့မှ နေရပ်ဇာတိသို့ တိမ်းရှောင်သွားကြောင်း သိရသော်လည်း တစ်ချို့ သတင်းများအရ နေပြည်တော်သို့ တိမ်း ရှောင်သွားကြောင်း အဆိုပါ နီးစပ်သူများက ပြောသည်။ ပြည်နယ်စစ်ကောင်စီထဲက ဝန်ကြီးချုပ် ဦးထိန်လင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့က စစ်တွေမြို့တွင် ကျန်ရှိနေသေးကြောင်း သိရသေးလည်း လုံခြုံသည့်နေရာများသို့ တိမ်းရှောင်းသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ရဲ အရာရှိတစ်ဦးက ပြောသည်။ စစ်တွေမြို့အတွင်း လုံခြုံရေးယူပေးနေရသည့် အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက “ဝန်ကြီး ချုပ် ဦးထိန်လင်းရယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို ပုံမှန် လုံခြုံရေးလိုက်ပေးရတယ်။ ဒါပေမယ့် နှစ်ရက်လောက်ရှိနေပြီ။ ရန်ကုန်သွားမယ့်ဝန်ကြီးဝန်ကြီးတစ်ချို့ လိုက်ပို့တယ်။ ဒီမှာက ဝန်ကြီးအနည်းလောက်ပဲ ကျန်တယ်။ တပ်မတော်က စစ်တွေမြို့အတွင်းမှာနေရာတိုင်းမှာ ကျနော်တို့ လုံခြုံရေးယူထားတာရှိတယ်”ဟုပြောသည်။ ယခု AA ၏ ထိုးစစ် များကို ၎င်းတို့ ၃ ဦးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထင်လတ်ဦးတို့က နေပြည်တော်စစ်ရုံးချုပ်၏ ကွက်ကဲမှုဖြင့် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြည်နယ်စစ်ကောင်စီနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။  အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရခိုင်တိုင်းရင်းသားများအားလုံး AA ၏ ၁၀၂၇ စစ်ဆင်ရေးအောက်တွင် ပူးပေါင်းပါဝင်သင့်ပြီး ယခုအချိန်တွင် နုတ်ထွက်သင့်ပြီဖြစ်ကြောင်း ရခိုင်နိုင်ငံရေးပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက ထောက်ပြထားသည်။ https://www.facebook.co m/photo/?fbid=700083955552547&set=a.568142255413385

၂၄။ မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းများ ရန်ကုန်၊ မန္တလေးသို့ တိမ်းရှောင်
     November 16, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့ ပြောင်းရွေ့နေကြောင်း ဌာနဆိုင်ရာဝန်ထမ်းတစ်ချို့ထံမှ စုံစမ်းသိရှိရသည်။ မြစ်ကြီးနားမြို့ပေါ်၌ တိုက်ပွဲ များဖြစ်ပေါ်လာနိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းအများစုသည် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ပြောင်းရွှေ့မှုများပြုလုပ်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြောင်းရွှေ့နေသည့် ဌာနအများစုသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဌာန၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သစ်တောဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တို့ဖြစ်ပြီး၊ စစ်တပ်နှင့် နှီးနွယ်သည့်ဌာနများမှာ မူလနေရာများ ၌သာ တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။ “တပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်တဲ့ ဝန်ထမ်းတွေဆီကနေ အဲဒီ့ သတင်းကထွက်လာတာ၊ အဲ့ဒီမှာတင်အကုန်လုံး ပြောင်းကြရွေ့ကြတာတွေဖြစ်ကုန်တာ၊ အပြောင်းအရွေ့များဆုံးကတော့ ရန်ကုန်နဲ့ မန္တလေးပဲ”ဟု မြစ်ကြီးနားမြို့ မြေစာရင်းရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပြောင်းရွှေ့မှုများပြုလုပ်သည့် ဝန်ထမ်းများသည် ကိုယ့်အစီအစဉ်ဖြင့် ရွှေ့ပြောင်းရပြီး၊ မြစ်ကြီးနားမြို့ပေါ်၌ ဝန်ထမ်းအနည်းငယ်သာကျန်ရှိတော့ကြောင်းလည်း သိရသည်။ “ဘယ်က ဘယ်လိုစဖြစ်မှန်းမသိဘူး။ ၁၅ ရက်နေ့မှာ မြစ်ကြီးနား မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုပြီး သတင်း ထွက်လာတာ၊ ဝန်ထမ်းတွေကြားထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ရုံး လည်း မသွားကြတော့ဘူး။ အကုန် ရှောင်ကုန်ကြတယ်” ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။ ထို့ပြင် လက်ရှိ မြစ်ကြီးမြို့ ပေါ်၌ အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး၊ ဖုန်းသာဆက်သွယ်ရ ရတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ “အရင်နေ့တွေကမှ တယ်လီနောက အင်တာနက်ရသေးတယ်။ ၁၀ ရက်နေ့နောက်ပိုင်းမှာ ဘယ်ဆင်းကဒ်မှ အင်တာနက်မရ တော့တာ၊ Wifi တွေရောပဲ”ဟု မြစ်ကြီးနား၊ မြို့သစ်ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင်လည်း ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု များရှိကြောင်းလည်း သိရသည်။ https://www.fac ebook.com/photo/?fbid=900605028095553&set=a.776968600459197

၂၅။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကော်ဖီစိုက်ပျိုးသူတွေထံ ကုန်ကြမ်းသွားဝယ်ဖို့ ခက်ခဲနေ
     November 16, 2023

လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့် ကော်ဖီစိုက်ပျိုးရာဒေသတွေကို ကုန်ကြမ်းသွားရောက်ဝယ်ယူ ရန်အခက် ခဲဖြစ်နေပြီး ပြည်တွင်းစားသုံးရန်အတွက်ပါ ဝယ်ယူမရဘူးလို့ ကော်ဖီလုပ်ငန်းရှင်များထံက သိရပါတယ်။ ရှမ်းပြည်နယ်မှာ အများ ဆုံးစိုက်ပျိုးတဲ့ ကော်ဖီကို တိုက်ပွဲအခြေနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန် ရပ်တန့်ထားရပြီး ကုန်လက် ကျန်များ ဈေးတက်နေပြီး လက်ရှိမှာ ကော်ဖီစတင်ထွက်ချိန်မှာ ကော်ဖီစိုက်ဒေသတွေကို သွားရောက်ဝယ်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။“ပြည်တွင်းစားသုံးဖို့အတွက်တောင် ဝယ်ယူဖို့အဆင်မပြေဘူး၊ လက်ကျန်တွေထုတ်ရောင်းနေရတာ၊ တောင်သူတွေကလည်း ရောင်းချင်တယ်။ ပြည်ပဝယ်လိုအားရှိတော့ ဈေးကကောင်းမယ့်အနေ အထားရှိတယ်၊ လမ်းပန်းဆက် သွယ်ရေးက အကုန်လုံးပိတ်နေတာ၊ ထွက်ရှိရာဒေသရဲ့လုံခြုံရေးအခြေနေက လုံးဝစိတ်မချရတော့၊ ကုန်သည်တွေကမသွားဘူး” လို့ ကော်ဖီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကော်ဖီကို ပြည်ပတင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့ခဲ့ပြီး ထိုင်းနဲ့တရုတ်ကို အဓိကတင်ပို့ကာ ဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။ ကော်ဖီကို ဈေးကွက်သစ်များရှာဖွေထားတာကြောင့် ပြည်ပဝယ် လိုအားမြင့်တက်ပြီး ကော်ဖီထွက်ရာသီမှာ အခုလိုလမ်းပန်းဆက်သွယ်ရေး လုံခြုံရေးအခက်ခဲတွေကြောင့် ကော်ဖီစိုက် တောင်သူ တွေထိခိုက်နိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ ပြည်တွင်းမှာနှစ်စဉ် ကော်ဖီတန်ချိန် ရှစ်ထောင်ကနေ တစ်သောင်းအကြား ထွက်ရှိပြီး အခုနှစ်ကော်ဖီဈေးနှုန်းက‌ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၅,၅၀၀ ကနေ ၈,၃၀၀ လောက်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ကော်ဖီ ကိုရှမ်းပြည်နယ်တွင် ၉၀ ရာခိုင်းနှုန်းနီးပါး စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိုက်ဧက ငါးသောင်းကျော်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ စာရင်း အင်းတွေအရ သိရပါတယ်။ https://www.facebook.com/photo/?fbid=369648922088225&set=pcb.369649068754877

၂၆။ ကရင်နီတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ KRU တပ်ပေါင်းစုက နှုတ်ထွက်ပြီး ကလလတ နဲ့ ပူးပေါင်း
     November 16, 2023

ကရင်နီတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ဟာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု-KRU က နှုတ်ထွက်ပြီး ကရင်နီပြည် လူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ နဲ့ ပူးပေါင်းခဲ့တယ်လို့ KRU ကွန်မန်ဒိုတပ်ရင်းက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ GZ-21 PDF (လွိုင်ကော်)၊ KRU ကွန်မန်ဒိုတပ်ရင်း၊ ဒီးမော့ဆိုဆေးတပ်၊ Federal Democracy Brotherhood Force တို့က KNPLF တပ်ရင်းအမှတ် (၉၄၂၅) အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။ ဘာကြောင့် အခုလို‌ပြောင်းလဲ တာ၀န်ထမ်းဆောင်တယ် ဆိုတာကိုတော့ ထုတ်ပြန်ချက် မှာ မဖော်ပြထားပါဘူး။ KNPLF တပ်ရင်း (၉၄၂၅) အနေနဲ့ နိုင်ငံအနှံ့က တော်လှန် ရေး အင်အားစုတွေနဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/ photo/?fbid=369694655416985&set=pcb. 369694852083632

၂၇။ စစ်တွေတွင် သင်တန်းလာတက်သည့် ဆရာ ဆရာမ ၁၃၀ ကျော် ဘူးသီးတောင်၌ပိတ်မိနေ
     November 17, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ စစ်တွေကို စနစ်သစ်သင်ရိုး သင်တန်းသွားတက်ကြတဲ့ ဆရာ ဆရာမ ၁၃၀ ကျော် ဘူးသီတောင်မှာ ပိတ်မိနေကြောင်း ဆရာ ဆရာမတွေထံက သိရပါတယ်။ ပိတ်မိနေတဲ့ ဆရာမတဦးက “ကျမတို့ မနေ့က ည ၁၁ နာရီမှ ဘူးသီးတောင်ကိုရောက်ကြတယ်။ ဘူးသီးတောင်မြို့ အထက ၂ မှာနေရာချပေးထားတယ်။ မောင်တောကိုသွားဖို့ ထွေအုပ် ကတဆင့် ဗျူဟာထိ စာတင်ထားတယ်လို့တော့ သိရတယ်။ ဘယ်အချိန်သွားခွင့်ရမလဲ မသိတော့ဘူး။ အခုထိ ဘာမှ အကြောင်း မပြန်သေးဘူး။ ဘူးသီးတောင်-မောင်တောလမ်း လုံခြုံမူမရှိဘူးလို့တော့ ပြောနေကြတယ်”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ကားလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ထားလိုက်တဲ့အတွက်  စစ်တွေကို  စနစ်သစ်သင်ရိုး သင်တန်းလာတက်တဲ့ ဆရာ ဆရာမ ထောင်နဲ့ချီပြီး အိမ်မပြန်နိုင်ဘဲ စစ်တွေမြို့မှာ ပိတ်မိနေခဲ့ကြ တာပါ။ စစ်တွေမှတဆင့် ဘူးသီးတောင်နဲ့ မောင်တောမှ ဆရာ ဆရာမတွေ နိုဝင်ဘာ ၁၆ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နယ်လုံခွင့်ပြုချက်အရ စက်လှေကြီးတစင်းနဲ့ ဘူးသီးတောင်ကို ညအချိန် ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက “မောင်တောက ဆရာ ဆရာမတွေ မောင်တောကိုပြန်လာဖို့ အခက်အခဲ ရှိနိုင်တယ်ဗျ။ ကျနော်တို့ ကြားထားတာကတော့ ဘူးသီးတောင်ကနေ မောင်တောကို စစ်ကူလာမရအောင် တံတား ၂ စင်းလောက် ဖျက်ခံထား ရတယ်လို့တော့ သိထားတယ်။ ဒါပေမဲ့ သွားရောက်မကြည့်နိုင်တဲ့အတွက် အတိအကျတော့ ပြောမရသေးဘူး” လို့ ပြောပါတယ်။ နိုဝင်ဘာ ၁၅ ရက် မနက်အရုဏ်က ဘူးသီးတောင်မှ မောင်တောကို လက်နက်ထောက်ပို့လာတဲ့ စစ်ကား ၃ စီးကို မောင်တော ၆ မိုင်တံတားအကျော်မှာ အေအေက စီးနင်းတိုက်ခိုက်ရာ လက်နက်တွေနဲ့ ကား ၂ စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ကား ၁ စီး ထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့နေ့ကစပြီး မောင်တော-ဘူးသီးတောင်လမ်း ဆက်သွယ်ရေး ပြတ်တောက်ပြီး ဒီနေ့အထိ သွားလာလို့ မရသေးပါဘူး။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ စစ်တွေကို စနစ်သစ်သင်ရိုး သင်တန်းသွားတက်ကြတဲ့ ဆရာ ဆရာမ ၁၃၀ ကျော် ဘူးသီတောင်မှာ ပိတ်မိနေကြောင်း ဆရာ ဆရာမတွေထံက သိရပါတယ်။ ပိတ်မိနေတဲ့ ဆရာမတဦးက “ကျမတို့ မနေ့က ည ၁၁ နာရီမှ ဘူးသီးတောင်ကို ရောက်ကြတယ်။ ဘူးသီးတောင်မြို့ အထက ၂ မှာ နေရာချပေးထားတယ်။ မောင်တောကိုသွားဖို့ ထွေအုပ်ကတဆင့် ဗျူဟာထိ စာတင်ထားတယ်လို့တော့ သိရတယ်။ ဘယ်အချိန်သွားခွင့်ရမလဲ မသိတော့ဘူး။ အခုထိ ဘာမှ အကြောင်းမပြန်သေးဘူး။ ဘူးသီးတောင်-မောင်တောလမ်း လုံခြုံမူမရှိဘူးလို့တော့ ပြောနေကြတယ်”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစတင်ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ကားလမ်း၊ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ထား လိုက်တဲ့အတွက်  စစ်တွေကို  စနစ်သစ်သင်ရိုး သင်တန်းလာတက်တဲ့ ဆရာ ဆရာမ ထောင်နဲ့ချီပြီး အိမ်မပြန်နိုင်ဘဲ စစ်တွေမြို့မှာ ပိတ်မိနေခဲ့ကြတာပါ။ https://burmese.dvb.no/post/625428

၂၈။ ကချင် – စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီး ၂ ဖက် စစ်တပ် သွားလာခွင့်ပိတ်ဆို့ထား
     November 17, 2023

ကချင်ပြည်နယ်ကနေ စစ်ကိုင်းဘက်ကိုဆင်းတဲ့ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် စစ်တပ်ဂိတ်နေရာနဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့  ၂ ဖွဲ့စလုံးက နိုဝင်ဘာလ ၁၆ ရက်နေ့စပြီး သွားလာခွင့်ပိတ်ဆို့လိုက်တာဖြစ် တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပေ မယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက ပင်ဝယ်၊ နဘား၊ မော်လူးတစ်လျှောက် ဖြတ် သန်းသွားလာခွင့် ပိတ်ဆို့ထားလိုက်ပြီးနောက်  ညနေပိုင်း စစ်ကောင်စီတပ်ဘက်ကနေ မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ နန့်ဆီးအောင် စစ်တပ်ဂိတ်ကို ပြန်ပြီး ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ မော်ဟန်ဒေသခံ တစ်ယောက်က အခုလိုပြောပါတယ်။“အခုချိန်ထိ ဘာလို့ပိတ်တယ်ဆို တာကို မသိရသေးဘူးဖြစ်နေတာ။ တခြားနေရာတွေမှာက တိုက်ပွဲဖြစ်လို့ ပိတ်တယ် ထားပါတော့ အခုက ဒီဘက်မှာဆို တိုက်ပွဲ ဖြစ်တာလေး မရှိဘူး။ တာဝန်ရှိတဲ့ သူတွေကို လိုက်စုံစမ်းကြည့်ရင်လည်း ဘယ်မှ မသိကြဘူးတဲ့။ အားလုံးက အဖြေရှာမရဖြစ်နေ ကြတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့ နန့်စီးအောင် စစ်တပ်ဂိတ်တစ်ခုကိုသာ ပိတ်လိုက် ပေမယ့် နိုဝင်ဘာလ ၁၇ ရက် ဒီနေ့မှာ မြစ်ကြီးနားအဝင် ၂၁ မိုင်ဂိတ်နဲ့ ထီချိုင့်စစ်ဆေးဂိတ်တွေပါ ထပ်ပြီးပိတ်ထားလိုက်ပြီဖြစ် တယ်လို့ သိရပါတယ်။

စစ်တပ် ၂ ဖက်စလုံးက သွားလာရေးပိတ်ဆို့လိုက်တာဖြစ်တဲ့အတွက် ရန်ကုန်ဘက်ကနေတက်လာတဲ့ ခရီးသည်ယာဉ်နဲ့ ကုန်တင်ကားတွေက ရွှေကူနဲ့ အင်းတော်နေရာတွေမှာ ကားအစီး ၁၀၀ ကျော်ထက်မနည်း သောင်တင်နေကြပြီးတော့ မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ယာဉ်တွေက မော်ဟန်၊ မော်စဲ နေရာတွေမှာ ပိတ်ဆို့ ခံထားရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။“ကျနော်ပြည်သူတွေအတွက်က ဆက်သွယ်ရေးနဲ့ သွားလာရေးက အရမ်းအရေးကြီးတာဖြစ်တယ်။ အခုက ဆက်သွယ် ရေးလည်းပိတ်တယ်။ နောက် သွာလာရေးပါ ပိတ်ဆို့လာတာက ပြည်သူတွေအတွက် ဒီထက် ကြပ်တည်းတာနဲ့ ရင်ဆိုင်ကြဖို့ပဲရှိ တော့တယ်။ အင်တာနက်ပိတ်လိုက်ရင်တောင်မှ သွားလာရင်းနဲ့ လုပ်စားလို့ရသေးတယ် အခုက လမ်းပါပိတ်လိုက်တယ်ဆိုတော့ ဘယ်လောက်ထိ ခက်ခဲလာမလဲဆိုတော တွေးကြပေတော့”ပြောပါတယ်။ လက်ရှိ မြို့သိမ်း တိုက်ပွဲနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်၊ ကသာစတဲ့မြို့နယ်တွေမှာ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်း သတိထားနေထိုင်ကြဖို့ ကြေညာပြောဆိုထားတာတွေရှိ ပေမယ့် အခုလို ပြည်ထောင်စုလမ်းမကြီးကို သွားလာခွင့်ပိတ်ဆို့ သွားဖို့နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီနဲ့ KIA ၊ PDF တို့က တစ်စုံတစ်ရာ အသိပေးပြောဆိုထားခြင်းမရှိဘဲ ပိတ်ဆို့လိုက်တာကြောင့် ပြည်သူလူထုတွေအတွက် ပိုမိုခက်ခဲသွားစေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ https://burmese.kachinnews.com/2023/11/17/yl1-136/

၂၉။ စစ်ကောင်စီပစ်ခတ်မှုကြောင့် ပေါက်တောမြို့တွင် သေဆုံး၊ ဒဏ်ရာရသူ အနည်းဆုံး ၂၀ ဦးခန့်ရှိ
    November 17, 2023

ရခိုင်ပြည်၊ ပေါက်တောမြို့ပေါ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးခန့်ရှိကြောင်း DMG က စုံစမ်းသိရသည်။ နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လောကထိပ်ပန်ဘုရားအနီးတွင် ကျရောက်ပေါက် ကွဲကာ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။“ဖြစ်တာကတော့ မနေ့က ၅ နာရီလောက်မှာ လက်နက်ကြီးပစ်လို့ ဝမ်းဗိုက်မှာ ကျည်ထိသွားတာ။ မြို့ထဲမှာလည်း စစ်သားတွေ ရမ်းပစ်နေကြတော့ ဆေးရုံကိုလည်း ပို့လို့မရ လိုက်ဘူး။ မနေ့ည ၁၁ နာရီလောက်မှာ ဆုံးသွားတယ်။ အခုထိလည်း မသင်္ဂြိုလ်ရသေးဘူး။ လူတွေလည်း ရှောင်နေကြတယ် ဆိုတော့ ဒီအတိုင်းထားရတယ်” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။ ယမန်နေ့ နေ့လယ် ၂ နာရီကစပြီး စစ်ကောင်စီက ရဟတ် ယာဉ်အပါအဝင် နေဗီသုံးစီးကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ပေါက်တောမြို့နေ လူဦး ရေ သောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ယင်းအထဲမှတချို့မှာ လောကထိပ်ပန်ဘုရားရင်ပြင် တွင် ခိုလှုံနေစဉ် စစ်ကောင်စီတပ်သားများ ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁၀ ဦး ထက်မနည်း သေဆုံးသွားခဲ့ ကြောင်း မျက်မြင်အမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။

“မြို့ပေါ်က တစ်ချို့လူတွေက လောကထိပ်ပန်ဘုရားရင်ပြင်မှာ ခိုလှုံနေကြတာတွေရှိတယ်။ ဒါကို စစ်သားတွေလာပြီး တော့ ပစ်သွားတာ။ သေတာကတော့ ၁၀ ယောက်ထက်များမယ်။ ကျမတို့လည်း ခပ်လှမ်းလှမ်းက မြင်ရတယ်။ အနားကို မသွားရဲတော့ အတိအကျမသိဘူး။ ကျမတို့လည်း အဲဒီနေရာကနေ ထွက်ပြေးလို့ လွတ်လာတာ” ဟု ပြောသည်။ လတ်တ လော တွင် စစ်ကောင်စီတပ်ဖွဲ့က မြို့နေရာအနှံ့အတွင် နေရာယူထားပြီး နေဗီမှလည်း လက်နက်ကြီးပစ်ခတ်မှုများရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။“အခု စစ်သားတွေ မြို့ဝင်၊ မြို့ထွက်နေရာတွေမှာ နေရာယူထားတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတာ။ မနေ့ကတော့ အပြန်အလှန်ပစ်ပြီးတော့ တိုက်ပွဲဖြစ်တာတွေ ရှိတယ်”ဟု မြို့တွင်းပိတ်မိနေသူ တစ်ဦး က ဆိုသည်။ https://www.facebook.com/photo?fbid=7341320387603 95&set=a.643209801185953

၃၀။ တရုတ်က ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်
      November 16, 2023

ကျားဖြန့် ခေါ် အွန်လိုင်း လိမ်လည်မှု သံသယ နဲ့ တရုတ်အစိုးရက အလိုရှိနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးမြီရှောက်ချန်း ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွား ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဦးမြီရှောက်ချန်း ကို ဝင်ရောက်ဖမ်းဆီးစဥ် ကိုယ့်ကိုယ် သေနတ်နဲ့ အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်ဒဏ်ရာ နဲ့ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ ဦးမြီရှောက်ချန်းရဲ့ ရုပ်အလောင်းကို တရုတ်ထံ လွှဲပြောင်းပေးမှုမရှိပဲ လောက်ကိုင်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရက ဦးမြီရှောက်ချန်း နဲ့ သားဖြစ်သူ မင်ကော်ဖျင်၊ သမီးဖြစ်သူ မင်ကျွီလန် နဲ့ မြေးဖြစ်သူ မင်ကျိန်းကျိန်း တို့ကို နိုဝင်ဘာ (၁၂) ရက်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

နိုဝင်ဘာ (၁၆) ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှာ ဦးမြီရှောက်ချန်း ရဲ့ သားဖြစ်သူ မင်ကော်ဖျင် နဲ့ မြေးဖြစ်သူ မင်ကျိန်းကျိန်းတို့ကို မြန်မာ – တရုတ်နယ်စပ် ရန်လုံကျိုင်းနယ်စပ်မှ တစ်ဆင့် ယူနန်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဦးမြီရှောက်ချန်းဟာ ဦးသိန်းစိန် အစိုးရခေတ် လက်ထက်က ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) သျှမ်းပြည်နယ် လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးမြီရှောက်ချန်းရဲ့ သားဖြစ်သူ မင်ကော်ဖျင် ကလည်း ကိုးကန့်ဒေသပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ https://burmese.shannews.org/archives/38112

၃၁။ မင်းတပ်မြို့ပေါ်ကို ရေ၊ မီး ဖြတ်တောက်ထားမှုမှ အမြန်ဆုံးပြန်ပေးရန် မြို့ခံများ တောင်းဆို
     November 17, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က (၅) လကျော်ကြာ ရေမီးဖြတ်တောက်ထားမှု ကို အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မင်းတပ်မြို့ပေါ်ပြည်သူများက တောင်းဆိုနေကြသည်ဟု သိရသည်။ နိုဝင်ဘာလ ၅ ရက် က မြို့မစည်ပင်ခန်းမတွင် မင်းတပ်မြို့ပေါ် ရေမီး အမြန်ဆုံးပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေး ၂၀၀၀ ကျော် မြို့ခံလူထုက နိုဝင်ဘာလ ၁၅ ရက်က သဘောထား ထုတ်ပြန်သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “ရေမီးရရှိရေးကအကြိမ်ကြိမ် မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆီမှာလည်း မြို့မိမြို့ဖနဲ့ ဘာသာရေးခေါင်း ဆောင်းတွေက သွားရောက်ညှိနှိုင်းပါတယ်။ သူတို့က တစ်ပတ်ဆို အစည်းအဝေးလုပ်မယ်၊ တစ်လဆိုရင် အစည်းအဝေးလုပ် မယ်။ တစ်လကြာပေးမယ်နဲ့ မျှော်နေရတာ ကြာပြီ။ မင်းတပ်က မိဘများပဲ နေကြပါတယ်။ သားတို့သမီးတို့ သနားကြပါဆိုပြီး ဘုန်းဘုန်းက အစ တောင်းဆိုကြပေမယ့် ဘာမှ မရဘူး။ မရတဲ့အတွက်ကြောင့် ပြည်သူလူထုက ဆန္ဒတောင် ပြချင်တာ။ ဆန္ဒပြ တာတော့ မလုပ်ပါနဲ့ဆိုပြီး လူထုအစည်းအဝေးကို စည်ပင်ခန်းမမှာ စည်းဝေးကြပြီးတော့ ရေမီးရရှိဖို့ ဖော်ထုတ်ချင်ဖြစ်ပါတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ မြို့ရွာအနှံတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် ငွေကြေးခက်ခဲ၍ မိမိ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး နေထိုင်ရာတွင် မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံရှိ လူနာများ၊ သာရေး နာရေး အချိန်များ တွင် ထင်း၊ မီးသွေး၊ ရေများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည်ဟု မင်းတပ်မြို့ခံလူထုက သဘောထားထုတ်ပြန်သည်။

ပွင့်လင်းနွေရာသီ ရောက်ရှိလာပြီးဖြစ်သောကြောင့်လည်း သောက်သုံးရေ ဝယ်ယူသုံးစွဲရန် ခက်ခဲလာမည်ဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့ခံ လူထုသည် ယခင်က လျှပ်စစ်မီးနှင့်သောက်သုံးရေးများကို အဆင်ပြေစွာ ရရှိခဲ့ပြီး နိုင်ငံအနှံရှိ မြို့များ၏ တိုက်ပွဲများတွင်လည်း မြို့များကို ရေ/မီးကို ဦးတည်ဖြတ်တောက်မှု မရှိသည့်အတွက် မင်းတပ်မြို့ပေါ်ကိုလည်း ရေမီး အမြန်ဆုံး ပြန်လည် ပေးစေချင်သည်ဟု သိရသည်။ မင်းတပ်မြို့ခံ ၂၀၀၀ ၏ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ CDF မင်းတပ်နှင့် မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။ https://www.fac ebook.com/photo/?fbid=831988962263492&set=a.723151 876480535

၃၂။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါနိုးကူးစစ်ရှောင်တွေ ထိုင်းနိုင်ငံအတွင်းကို တတိယအကြိမ်ပြန်ပြေး       လာ
     November 17, 2023

ထိုင်းနိုင်ငံ နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် ဆိုတရှားမြို့နယ်ထဲက ဒေါနိုးကူး စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ  ၁၅ ရက်နေ့က  စစ်ကောင်စီရဲ့ တပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်လာတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို တတိယအကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ ၃ လုံး ထက်မနည်း ပစ်ခတ် လာပြီး စစ်ရှောင်နေအိမ်ကို ထိမှန်တာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ လူအထိအခိုက် မရှိပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် ဒေါနိုးကူး စစ်ရှောင်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာကြပါတယ်။“အဲ့မှာနေတော့ ကြောက်တယ် အဲ့လိုမျိုးတွေ ပစ်တာ ည အချိန်ဆို အိမ်မပျော်တော့ဘူး။ နေ့ခင်းဆို သက်သာသေးတယ်။ ညအချိန်ဆို အိပ်မပျော်ရဲတော့ဘူး။ အိပ်ပျော်နေချိန်မှာ ပစ်လာခဲ့ မယ်ဆိုရင် မကြားရဘူး။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ခူးဦးရယ်က ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသူဦးရေက လက်ရှိမှာ ၃၀၀ ဝန်းကျင်ရှိနေပြီး ရုတ်တရက် ထပ်မံတိမ်း ရှောင်ခဲ့ရတာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို မသယ်ယူခဲ့နိုင်ဘူးလို့ဆိုပါတယ်။“ဘာမှ ယူမလာဘူးပေါ့နော် အစက ကြားရင် စောင်တွေ အိုးတွေ ယူလာလို့ရတာပေါ့နော် ဆန်တော့ယူလာတယ် အိုးတော့ ပါမလာပြန်ဘူး “ လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးဖြစ်တဲ့ မော်စိုးမြာ ကပြောပါတယ်။ အဆိုပါ ဒေါနိုးကူး စစ်ရှာင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ နေ့က ထိုင်းအာဏာပိုင် တွေရဲ့ ဖိအားပေးမှုကြောင့် ကရင်နီပြည်တွင်းကို ပြန်သွားခဲ့ကြတာဖြစ်ပြီး ၁၀ ရက်အကြာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ် ခတ်မှုကြောင့် ထိုင်းနိုင်ငံအတွင်းကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=7444 21114391130&set=pcb.744421284391113

၃၃။ တောင်ကြီးခရိုင်အတွင်း စစ်ဘေးရှောင်တွေ လက်မခံဖို့ စစ်ကောင်စီ ညွှန်ကြား
     November 16, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း စစ်ဘေးရှောင်တွေကို လက်မခံဖို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်သီ လက်အောက်ခံ ရဲ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပအိုဝ်းပြည်သူ့စစ်-PNA က တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ အေးသာယာမြို့၊ ညောင်ရွှေမြို့၊ အင်းလေး ဒေသ အပါအဝင် ကျေးရွာတွေကို အခုလို  ညွှန်ကြားထားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။“ထွေအုပ်က ရွာလူကြီးကို ဖုန်းဆက်လာတယ်။ စစ်ဘေးရှောင်တွေကို လက်မခံရဘူး။ လက်ခံရင်အရေးယူမယ်တဲ့။ ဘယ်သူမှ လက်မခံရဲကြဘူး”လို့ တောင်ကြီးမြို့နယ် အတွင်း ရှိ ကျေးရွာမှာ နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ လက်ရှိ တောင်ကြီးမြို့ အ၀င် စစ်ဆေးရေးဂိတ်တွေမှာ ကရင်နီပြည် မှတ်ပုံတင်နဲ့ ဖယ်ခုံမြို့နယ်  မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ဝင်ခွင့်ပိတ်ထားပြီး ဆွေမျိုးသားချင်းတွေလည်း လက်ခံလို့ မရဘူးလို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။

“မနေ့ညက ကျောင်းကြီးစု ရပ်ကွက်ရုံးကတော့ စစ်ဘေးရှောင်ဆို ဧည့်စာရင်းမပေးဘူး ‌ပြောလွှတ်တယ်”လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။ တောင်ကြီးဒေသခံတွေဟာ စစ်ဘေးရှောင်တွေကို လက်ခံလိုပေ မယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဧည့်စာရင်းမပေးတာကြောင့် စစ်ကောင်စီတပ်က ရှောင်တခင် ဧည့်စာရင်း စစ်ဆေး ဖမ်းဆီးမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ တောင်ကြီးမြို့ခံ တစ်ဦးက “စစ်တပ်က တွေးထားတာက တန်ဆောင်တိုင်နီးပြီ ဆိုတော့ စစ်ရှောင်တွေထဲ PDF ရောပါလာပြီး ဗုံးဝင်ခွဲမှာ ကြောက်တာပေါ့။ စစ်တပ်က လက်မခံပေမယ့် ပြည်သူတွေက လက်ခံ ကြပါတယ်။ တချို့ကြတော့လည်း စဉ်းစားရတာပေါ့လေ။ စစ်ရှောင်တွေ လက်ခံလိုက်လို့ ချိပ်ပိတ်ခံရရင် စီးပွားရေးက ရပ်ရတော့ မှာလေ” လို့ ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင်တွေဟာ ကလော၊ အောင်ပန်း၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ သွားရောက် ခိုလှုံနေကြပြီး လူဦးရေ စုစုပေါင်း ၂၀,၀၀၀ ကျော်ခန့် ရှိနိုင်တယ်လို့ စုံစမ်း သိရပါတယ်။ https://www.facebook. com/photo/?fbid=369690708750 713&set=a.285900490463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button