သတင်း

အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးအတွက် အလွတ်သဘော ဆွေးနွေးလိုကြောင်း ရခိုင့်တပ်တော် AA ထံသို့  NUG စာပေးပို့

#Photo_Crd

ဖက်ဒရယ်ဂျာနယ် ( မတ်လ – ၂၆ )

အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ် များ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံလိုကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေး ကော်မတီက စာပေးပို့ခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက် နေ့စွဲပါ အဆိုပါဖိတ်ကြားစာကို ရခိုင်ဒေသအခြေစိုက် Border News Agency က ယနေ့ ညနေပိုင်း၌ ဖော်ပြလာခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ၊ အင်အားများနှင့်အတူ ပူးပေါင်းလက်တွဲ၍ အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန်များစွာ ဆန္ဒပြင်းပြထက်သန်လျက်ရှိသည်ဟု ဖိတ်ကြားစာ၌ ဖော်ပြထားသည်။ ထို့ကြောင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် အဆင်ပြေသင့်လျော်မည့် အချိန်နေ့ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ် ဆက်ဆံရေး ကော်မတီအနေဖြင့် မိတ်ဆက် အလွတ်သဘော တွေ့ဆုံလိုကြောင်းအဆိုပြု ဖိတ်ကြားအပ်သည်ဟု ဖိတ်ကြားစာ၌ ပါရှိသည်။

Related Articles

Back to top button