အယ်ဒီတာ့အာဘော်

အယ်ဒီတာ့ အာဘော်

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပ္လေပေးထားချက် ကန့်သတ်ချက်များနှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် နိုင်ငံရေးအင်အားစုများအကြား ကြီးကြီးမားမား ဝိဝါဒကွဲပြားစရာဖြစ်ခဲ့ကြောင်းအများသိပြီးသားဖြစ်ပါသည်။ အပြောင်းအလဲကိုဖော်ဆောင်မည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ရေးနှင့် ငြင်းပယ်ရေး အငြင်းအခုန်အကျိုးဆက်အနေဖြင့် နိုင်ငံရေးအင်အားစုများအကြားအကွဲအပြဲကိုဖြစ်ပေါ်စေခဲ့သည်။ အဆိုပါအကွဲအပြဲသည် တိုင်းရင်သားနိုင်ငံရေးအင်အားစုများကိုပါ ရိုက်ခက်ခဲ့ကြောင်း လူမျိုးတူပါတီများ အများအပြားပေါ်ပေါက်လာခြင်းက သတ်သေပင်ဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲရလဒ်ကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားပါတီများအပေါ် ကြီးကြီးမားမား ရိုက်ခက်မှုမရှိဟု ထင်ရသော်လည်း၂၀၁၅ရွေးကောက်ပွဲရလဒ် ကို ကြည့်မည်ဆိုပါက တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးပါတီများ အပေါ်တွင်လည်း ရိုက်ခက်မှုပြင်းထန်ခဲ့ကြောင်းတွေ့ရမည်ဖြစ်သည်။ ၂၀၁၅ရွေးကောက်ပွဲရလ္လ်က တိုင်းရင်းသားနိုင်ငံရေးအင်အားစု နှင့် နိုင်ငံရေးပါတီများကို အကွဲအဲပြဲအဆုံးသတ်ပြီး ပြန်လည်စုစည်းရန်တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။

ထို့ကြောင့် ၂၀၁၅ရွေးကောက်ပွဲအလွန်တွင် တိုင်းရင်းသားပါတီများအနေဖြင့် နိုင်ငံရေးမူဝါဒ မတူညီမှုများကိုဘေးဖယ်ပြီး မိမိတို့သဘောအလျောက်အင်အားကြီးပါတီအဖြစ်ရပ်တည်ရေးမျှော်မှန်းကာ ပါတီများပေါင်းစည်းရေးဘက်ကို ဦးတည်နေကြောင်းတွေ့ရသည်။ တိုင်းရင်းသားများအမေဖြင့် ၁၉၄၈ ပင်လုံကတိကဝတ်အတိုင်း ဖက်ဒရယ်ပြည်ထောင်စုကိုပြန်လည်တည်ဆောက်နိုင်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ်ချမှတ်ထားကြသည်ဖြစ်ရာ ၂၀၂၀ရွေးကောက်ပွဲတွင် ရလဒ်ကောင်းများရရှိရေးကိုဦးတည်လာမည်မှာမလွဲပေ။

၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စု လွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် အထိုက်အလျှောက်နေရာရလာမည်ဆိုပါက တိုင်းရင်းသားများမျှော်လင့်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လမ်းပွင့်နိုင်မည်လားဆိုသည်ကိုမူစောင့်ကြည့်ရမည်ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button