အန္တရာယ်ကင်းမဲ့ဇုံထဲမှာပဲ
အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။
လျှာပေါ်မှာပေါက်နေတဲ့ မြက်တွေရဲ့
ကတိက၀တ်တွေကြောင့် ရတနာတွေတန်ဖိုးမဲ့ခဲ့
“တရားမျှတလွတ်လပ်ခြင်း” စတဲ့
နိုင်ငံတော်သီချင်းလည်း
သူ့ဈာပနနဲ့သူကျဆုံး
ကမ္ဘာကြီးဟာရွားကြီးသဖွယ်ပါဆိုတဲ့
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲ
လူသတ်သမားတွေလွတ်နေဆဲ
ရာဇ၀တ်မှုတွေရှိနေဆဲ။
ပညာရှင်တွေကျိန်စာသင့်နေဆဲ
ရေမှာရေးတဲ့အရုပ်တွေ
တိုင်းပြည်ထဲပေါ်ပေါ်လောလောရှိနေတော့
လောင်းရိပ်မိအနင်းခံတွေ
မော့မကြည့်ဝံ့ကြတဲ့အဖြစ်
“ခွင့်တူညီမျှ ၀ါဒဖြူစင်” ဆိုတဲ့
နိုင်ငံတော်သီချင်းထဲကမြေသားပေါ်
မြေမြှုပ်မိုင်းတွေမထောင်ထားတဲ့တစ်နေ့
ကတုတ်ကျင်းတွေတူးမထားတဲ့တစ်နေ့
စိုးရိမ်စိတ်ကင်းကင်းနဲ့လျှောက်ကြည့်ချင်တယ်။
ညီဆောင်းဦး