သတင်း

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

နိုဝင်ဘာလ – ၂၅ – ၂၀၂၁

 

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ နိုဝင်ဘာလ ၂၅ ရက်နေ့ အထိ နွေဦးတော်လှန် ရေးတွင် အသက် သေဆုံးသူ (၁၂၉၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၄၇၅)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

 

  • ထားဝယ်မြို့လူငယ်များမှ နိုဝင်ဘာလ ၂၅ ရက်နေ့ “ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်”ခေါင်းစဥ်ဖြင့် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဖဲကြိုးအဖြူကမ်ပိန်းအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် နိုဝင်ဘာလ ၂၅ ရက်တွက် ၂၉၁ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်‎ရေး အိမ်တွင်းသပိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • မန္တလေးတွင်”စစ်ကျွန်မခံ_”ဘူး” ငြင်းဆန် အမျိုးသားနေ့ အဓိဌာန်” စာတန်းကိုင်ဆောင်ကာ စစ်တပ်ထုတ်ကုန ်များဖြစ်သော Mytel ဖုန်းကဒ်၊ မြန်မာဘီယာ၊ Ruby၊ ANDAMAN GOLD ပစ္စည်းများကို မီးရှို့ကာ ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ်တော်လှန်ရေး စိန်ပန်း သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် “တိုင်းပြည်ကအမှောင်ကျနေတာလူလိုနားလည်ကြ” စာတန်းများ ကိုင်ဆောင်ကာ အ ကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ်တော် လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့အပြင် ပြည်ကြီးတံခွန်ဆရာတော် ဦးဆောင်ကာ နိုဝင်ဘာလ ၂၅ က ည၌ ညသပိတ်ပြုလုပ်ကာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြကြသည်။

 

  • မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကျွန် ပညာရေး သင်ကြားနေသည့် ဂုဏ်သိက္ခာကင်းမဲ့သော Non – CDM ကျောင်းသားများအား စျာပနာပွဲပြုလုပ်ကာ အမိန့်ပြန်တမ်းစာထုတ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ နှမ်းရိတ်တောင်သူများ သည် နိုဝင်ဘာလ ၂၅ ရက်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (ဖဲကြိုးဖြူကမ်ပိန်း) ပြုလုပ်ကာ အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြကြသည်။
  • ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများဦးဆောင်ကာ ယနေ့ နိုဝင်ဘာ လ ၂၅ ရက်နေ့၌ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

 

  • လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့် ကျင်သော ‘စစ်ကျွန်မခံ “ဘူး” ငြင်းဆန် အမျိုး သားနေ့ အဓိဋ္ဌာန်’ ကြွေးကြော်သံများဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြပါသည်။

 

  • ယင်းမာပင်အရှေ့ခြမ်းနှင့်ဆားလင်းကြီးမြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ၂၆၀ ရက်မြောက်နေ့အဖြစ် ‘ပြည်သူ့အာဏာပြည်သူပြန်သိမ်း’စာသား ကိုင်ဆွဲကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖက်ဆစ်စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ကျေးရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျရွော သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် တန့်ဆည် ပြည်သူများက နိုဝင်ဘာလ ၂၅ ရက်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (ဖဲကြိုးဖြူကမ်ပိန်း) ပြုလုပ်ကာ အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြကြသည်။

 

  • ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အရာတော်မြို့နယ်နယ်မှ ရဲရဲတောက်အမျိုးသမီးများသည် ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ကြွေး ကြော်ကာ ညနေဆည်းဆာသပိတ် ချီတက်ခဲ့ကြပါသည်။

 

  • အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ထောက်ခံကြိုဆိုကြောင်း ကြွေးကြော်ပြီး ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာတွင် နိုဝင်ဘာလ ၂၅ ရက်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြကြသည်။

 

  • ဖဲကြိုးဖြူ တပ်ဆင်ခြင်းဖြင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ပြီး ဖဲကြိုးဖြူ လှုပ်ရှားမှုမှာ ရှမ်းတောင် ဖယ်ခုံ PDF ရဲ့ တပ်ဖွဲ့ဝင်တွေကလည်း ပါဝင်ခဲ့ကြပါတယ်။

 

  • ချင်းပြည်နယ်၊ မတူပီမြို့မှာအခြေစိုက်တဲ့ ခမရ ၃၀၄ တပ်ရှေ့ကင်းချထားတဲ့စခန်းကို ဒီကနေ နေ့လည်ပိုင်းတွင် CDF-Matupi က သွားရောက်ပစ်ခတ်ရာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရရှိထတယ်လို့ သိရပါတယ်။

 

  • ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါလရှေးရွာနှင့် ဆော်ခီးဒေါကျေးရွာအတွင်းရှိ ဓာတ်အားပေး တာဝါတိုင်ကြီး ၂ ခု ယနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းက ဖျက်စီးခံရကြောင်း သိရသည်။ အဆိုပါ ပျက် စီးသွားသည့် ဓာတ်အား ပေး တာဝါတိုင်ကြီး ၂ ခုသည် ကယားပြည် နယ်၊ လောပီတ အမှတ် ( ၁ ) ဓာတ်အားပေးစက်ရုံမှ နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး စသည့် မြို့နယ်များသို့ ဓာတ်အား ပေးပို့နေသည့် တာဝါတိုင်ကြီး ၂ ခုဖြစ်ကြောင်းလည်း သိရသည်။

 

  • ထန်တလန်မြို့တွင် နိုဝင်ဘာ ၂၄ ရက်က ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၄၉ လုံး ထပ်မံလောင်ကျွမ်းပြာကျခဲ့သည်။

Related Articles

Back to top button